ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ (၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်)၁။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့်အတူ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို ပျိုးထောင်ရန် လိုအပ်လာပါသည်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရန် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို စုစည်းညီညွတ်စွာဖြင့် စနစ်ပြောင်းတော်လှန်ရေး ကြိုးပမ်းနေသော အချိန်အခါ ဖြစ်ပါသည်။၂။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာ၌ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ်တွင် မူတည်မှုမရှိစေပဲ တိုင်းရင်းသားညီနောင်မောင်နှမ အဖွဲ့အစည်းများအားလုံး အချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း အရေးကြီးပါသည်။၃။  ယခု စတင်ဖွဲ့စည်းမည့် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီသည် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပညာရေး စီမံခန့်ခွဲပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြရန် မျှော်ရည်ပါသည်။ နိုင်ငံရေးအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့်အတူ ပညာရေးတွင် ကိုယ်ပိုင်ပြဌာန်းဆောင်ရွက်ခွင့် အပြည့်အဝရရှိရန် လိုအပ်ပါသည်။ ထို့အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွင်းရှိ ပညာရေးစနစ်များ ဆက်စပ်ထားရှိပြီး  ပူးပေါင်းဆောင်ရွက် ကြရပါမည်။ ၄။ သို့ဖြစ်ပါ၍ တိုင်းရင်းသားညီနောင်မောင်နှမ နိုင်ငံရေး အင်အားစုများနှင့် ပညာရေး အဖွဲ့အစည်းများ အားလုံးက ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာစေရေးအတွက် ကြိုးစားဆောင်ရွက် ပေးကြပါရန်နှင့် ညီညာဖျဖျ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ဒူဝါလရှီးလနိုင်ငံတော်ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိဇွန် ၁၄ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက ၃ နှစ်တာအတွင်း ဆေးရုံ ၊ ဆေးခန်း နှင့် ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်တွင်ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်အတွင်း ဆေးရုံ ၇၇ရုံ ၊ ဆေးခန်း ၃၇၇ ခု နှင့် ရွေ့လျား ဆေးခန်း ၂၅၀ခု  စုစုပေါင်း ၇၀၄ ခုတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ခဲသည်။ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ကဏ္ဍတွင်  အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ခွဲစိတ်ခြင်းနှင့် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပြီး ပဏမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး အဖြစ်ပြင်ပလူနာ (ဆေးခန်း ၊ ရွေ့လျားဆေးခန်း) ၊ မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ(TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်း ၊ ကျန်းမာရေးပညာပေးခြင်း တို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ၂၀၂၁ ခုနှစ် မတ်လ မှ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ ၁,၁၅၈,၃၇၇ ၊ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ ၊ လူနာလွှဲပြောင်း ပို့ဆောင်မှု ၄၁၄၀ တို့ လုပ်ဆောင်ခဲ့သည်။ ယခုဖော်ပြထားသော အချက်အလက်များမှာ ကျန်းမာရေး ဆေးရုံ ၊ ဆေးခန်း ၇၀၀ ကျော်အနက် ၂၂၁ ခုထံမှ သတင်းပေးပို့သည့် အစီရင်ခံစာများကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။မြေပြင်တွင် အမှန်တကယ်ကုသမှုခံယူခဲ့သော လူနာအရေအတွက်သည် ၃ ဆကျော် ပိုမိုများပြားနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။ပုံ - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇွန်လ  (၁၃) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုတွေကလည်း ဖြစ်နိုင်သမျှ စိုးမိုးနယ်မြေချဲ့ထွင်ရေးကို အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေကိုပဲ ပိုမိုဦးစားပေး လုပ်ဆောင်ပေးဖို့ကို အလေးအနက် ညွှန်ကြားလိုပါကြောင်း။ (၂၀၂၄)က နှစ်ဝက်ရောက်လာပြီ ဖြစ်တာ ကြောင့် ကျွန်တော်တို့အတွက် ဆောင်ရွက်ရမယ့်ကိစ္စတွေကို ညီညီညွတ်ညွတ်နဲ့ အရှိန်မြှင့် လုပ်ဆောင်ကြရမယ့် အချိန်လည်းဖြစ်ပါကြောင်း။ နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေနဲ့ အခြားဝန်ကြီးဌာနအလိုက် လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း။ မြို့နယ်တွေနဲ့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း  မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို မူဝါဒပိုင်းတွေသေချာနားလည်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာအကောင်အထည်ဖော်‌ဆောင်ဖို့၊ လက်ရှိ တော်လှန်ရေးအခြေအနေနဲ့ မြို့နယ်တွင်း အခြေ အနေတွေ ချိန်ဆလုပ်ဆောင်နိုင်ဖို့ကို သေချာလမ်းညွှန်စေချင်ပါကြောင်းပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၀/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဇွန် (၁၁) ရက်• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ လက်ရှိ ကျွန်တော်တို့ အားလုံးဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေး အတွင်းမှာ “မဟာမိတ်စုဖွဲ့မှုရဲ့ အခန်းကဏ္ဍ” အကြောင်းကို အထူးပြု ပြောကြားချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ဟာ မဟာမိတ်ဆိုတဲ့ သဘောတရားနဲ့ မိတ်ဖက်ဆိုတဲ့ သဘောတရားကို သေချာ သဘောပေါက် နားလည်ထားဖို့ လိုတယ်လို့ ယူဆပါတယ်။ • နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးအင်အားစုတွေ အချင်းချင်းစုဖွဲ့မှုဟာ “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုတဲ့ မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ အထူးလိုအပ်ပါတယ်။ • မဟာမိတ်စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာလည်း အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် ဆက်ဆံရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့်စွာ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် “မဟာမိတ်စုဖွဲ့မှု” ကို ခိုင်မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ • မဟာမိတ်စုဖွဲ့မှုမှာ အရေးအကြီးဆုံးက ယုံကြည်မှုဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့ အတွက် အလုပ်နဲ့သက်သေပြပြီး ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်။ မဟာမိတ်စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိထားချည်းကပ်ရမယ့် ကိစ္စ တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအလိုက် နောက်ကွယ်ကနေ မမြင်နိုင်တဲ့ hidden agenda တချို့ ဖြစ်ပါတယ်။ • နိုင်ငံရေးရဲ့ သဘော ၊ သဘာဝအရ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ကိုယ်စီကိုယ်စီ ဆွဲကိုင်ထားတဲ့ ဆွဲကိုင်ချက်တွေ ရှိစမြဲဖြစ်တာ တွေ့ရပါတယ်။ ဒါတွေဟာ သက်ဆိုင်ရာ လူမျိုးစုအလိုက် မတူညီတဲ့ ပန်းတိုင်တွေ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိထားတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး သတိချပ်ဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ အားလုံးမှာ ဘုံအားဖြင့် တူညီတဲ့အချက်ကတော့ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး” ကိစ္စပဲ ဖြစ်ပါတယ်။ • ဒါ့ကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက်တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလိုအပ်ပါတယ်။  အဲဒါဟာ ဘာ့ကြောင့် အရေးတကြီး လိုအပ်နေတာလဲ ဆိုရင်၊ ကျွန်တော်တို့ဟာ ယခုတည်ဆဲရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ • ကျွန်တော်တို့ဟာ “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် “ပန်းမဝင်ခင် တက်မထောင်ဘဲ” လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ အားထုတ်လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ အရေးတော်ပုံ မုချအောင်မြင်ရမည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၈/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၈/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၈/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇွန်လ (၁၁) ရက်ပထမဦးစွာ ဇွန်လ (၄) ရက်နေ့နဲ့ (၅) ရက်နေ့တွေမှာ ရခိုင်ပြည်နယ် တောင်ဘက်ပိုင်း သံတွဲမြို့မှာရှိတဲ့ ဆင်ခေါင်းကျေးရွာကို စစ်အုပ်စုရဲ့ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှု၊ ကြည်းတပ်နဲ့ ရေတပ်တို့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယနေ့ထိဆိုရင် သေဆုံးသူရာနဲ့ချီပြီး ရှိနိုင်ကြောင်း ကြားသိရတဲ့အတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့က ဗျိုင်းဖြူကျေးရွာဖြစ်စဥ်၊ မင်းကင်းမှာ‌ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဥ် တွေဆိုရင်လည်း တော်တော်လေး  အရုပ်ဆိုး အကျည်း တန်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ကျွန်‌တော် အမြဲပြောခဲ့သလိုပဲ သူတို့လုပ်နိုင်သမျှ အကြမ်းဖက် လုပ်ငန်းစဥ်တွေကို အဆုံးစွန်ဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူတွေမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဖက်က ပိုမို စုစုစည်းစည်းနဲ့ တုန့်ပြန်နိုင်ကြဖို့ လိုပါတယ်။ အခု ရက်ပိုင်းအတွင်းမှာဆိုရင်လည်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူလူထု ကြုံ တွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ်ရာဇဝတ်ကျူးလွန်မှု များကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေတာကို အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက် ပြီးလည်း အစိုးရအနေနဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုကို ဇွန်လ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်စွာနဲ့ ဒီနှစ်ကို ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ တစ်ဘက်က အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ကြရင်း တစ်ဘက်က အုပ်ချုပ်ရေး တည်ထောင်ဖို့ ကြိုးပမ်းရတာလည်း တကယ့်ကို မလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေက လည်း ရှိခဲ့တာကြောင့် ကျွန်တော်တို့ တော်လှန်ရေးဦးဆောင်အစိုးရတစ်ရပ်အနေနဲ့ ပိုမို အား ထုတ်ကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှု လုပ်ငန်းစဥ်တွေကလည်း ပြည်သူတွေအတွက် မလုပ်မဖြစ် လုပ်ကြရမယ့် အရေးကိစ္စတွေ ဖြစ် တာကြောင့် ဒီလုပ်ငန်းစဥ်တွေ လုပ်ရင်း ကြုံတွေ့လာရမယ့် အခက်အခဲတွေ၊ စိန်ခေါ်ချက် တွေကိုတော့ ဒီတော်လှန်‌ရေးအတွင်းမှာ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းအကောင်အထည်‌ ဖော်နိုင်ဖို့ လည်း လိုအပ်လာမှာပါ။                     ဒီ၂၀၂၄ ခုနှစ်ဟာ ကျွန်တော်တို့အတွက် အတော်လေး အရေးကြီးပါတယ်။ ဒီကနေ့ ဒီအချိန်ထိ ၃ နှစ်ကျော် ကြိုးစားရုန်းကန်လာကြတာ အ‌ရွေ့တွေအများကြီးရှိခဲ့ပေမယ့် ဒီနှစ်ကတော့ ကြီးမားတဲ့အရွေ့ကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဦးစားပေးလုပ်ဆောင် ရမယ့် အရာတွေကို တွန်းတွန်းတိုက်တိုက် ကြိုးစားအားထုတ် ပေးကြဖို့ တိုက်တွန်းပြော ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် ◼ယခုထက် ပိုလွန်အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ယာယီသမ္မတပြောကြားဇွန် ၁၁  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ ဒီနေ့ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ လက်ရှိ ကျွန်တော်တို့ အားလုံး ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေး အတွင်းမှာ “မဟာမိတ်စုဖွဲ့မှုရဲ့ အခန်းကဏ္ဍ” အကြောင်းကို အထူးပြု ပြောကြားချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ဟာ မဟာမိတ်ဆိုတဲ့ သဘော တရားနဲ့ မိတ်ဖက်ဆိုတဲ့ သဘောတရားကို သေချာ သဘောပေါက် နားလည်ထားဖို့ လိုတယ်လို့ ယူဆပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးအင်အားစုတွေ အချင်းချင်းစုဖွဲ့မှုဟာ “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုတဲ့ မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ် စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာ လည်း အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် ဆက်ဆံ ရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့်စွာ ချိတ်ဆက် ထားတဲ့ ဆက်ဆံရေးဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် “မဟာမိတ်စုဖွဲ့မှု” ကို ခိုင်မာကျစ်လစ် အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ်စုဖွဲ့မှုမှာ အရေးအကြီးဆုံး က ယုံကြည်မှုဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့ မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့ အတွက် အလုပ်နဲ့သက်သေပြပြီး ယုံကြည်မှုတည် ဆောက်ဖို့ အရေးကြီးပါတယ်။ မဟာမိတ်စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိထား ချည်းကပ်ရမယ့် ကိစ္စတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ လက်နက်ကိုင်  အဖွဲ့အစည်းအလိုက် နောက်ကွယ်ကနေ မမြင်နိုင်တဲ့ hidden agenda တချို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “နိုင်ငံရေးရဲ့ သဘော ၊ သဘာဝအရ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ကိုယ်စီကိုယ်စီ ဆွဲကိုင်ထားတဲ့ ဆွဲကိုင်ချက်တွေ ရှိစမြဲဖြစ်တာ တွေ့ရပါတယ်။ ဒါတွေဟာ သက်ဆိုင် ရာ လူမျိုးစုအလိုက် မတူညီတဲ့ ပန်းတိုင်တွေ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိထားတယ်ဆို တာလည်း ကျွန်တော်တို့ အားလုံး သတိချပ်ဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ အားလုံးမှာ ဘုံအားဖြင့် တူညီတဲ့အချက်ကတော့ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး” ကိစ္စပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက်တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလို အပ်ပါတယ်။  အဲဒါဟာ ဘာ့ကြောင့် အရေးတကြီး လိုအပ်နေတာလဲ ဆိုရင်၊ ကျွန်တော်တို့ဟာ ယခုတည်ဆဲရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေး ရည်မှန်းချက် တွေကိုအကောင်အထ ည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စု ဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် “ပန်းမဝင်ခင် တက်မထောင်ဘဲ” လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ အားထုတ်လုပ် ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ဇွန်လ (၄) ရက်နေ့နဲ့ (၅) ရက်နေ့တွေမှာ ရခိုင်ပြည်နယ် တောင်ဘက်ပိုင်း သံတွဲမြို့မှာရှိတဲ့ ဆင်ခေါင်းကျေးရွာကို စစ်အုပ်စုရဲ့ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှု၊ ကြည်းတပ်နဲ့ ရေတပ်တို့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယနေ့ထိဆိုရင် သေဆုံးသူရာနဲ့ချီပြီး ရှိနိုင်ကြောင်း ကြားသိရတဲ့အတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့က ဗျိုင်းဖြူကျေးရွာဖြစ်စဥ်၊ မင်းကင်းမှာ‌ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဥ် တွေဆိုရင်လည်း တော်တော်လေး  အရုပ်ဆိုး အကျည်း တန်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ကျွန်‌တော် အမြဲပြောခဲ့သလိုပဲ သူတို့လုပ်နိုင်သမျှ အကြမ်းဖက် လုပ်ငန်းစဥ်တွေကို အဆုံးစွန်ဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူတွေမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဖက်က ပိုမို စုစုစည်းစည်းနဲ့ တုန့်ပြန်နိုင်ကြဖို့ လိုပါတယ်။ အခု ရက်ပိုင်းအတွင်းမှာဆိုရင်လည်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူလူထု ကြုံ တွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ်ရာဇဝတ် ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေတာကို အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက် ပြီးလည်း အစိုးရအနေနဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုကို ဇွန်လ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်စွာနဲ့ ဒီနှစ်ကို ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။  ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “တစ်ဘက်က အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ကြရင်း တစ်ဘက်က အုပ်ချုပ်ရေး တည်ထောင်ဖို့ ကြိုးပမ်းရတာလည်း တကယ့်ကို မလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေက လည်း ရှိခဲ့တာကြောင့် ကျွန်တော်တို့ တော်လှန်ရေးဦးဆောင်အစိုးရတစ်ရပ်အနေနဲ့ ပိုမို အား ထုတ်ကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှု လုပ်ငန်းစဥ်တွေကလည်း ပြည်သူတွေအတွက် မလုပ်မဖြစ် လုပ်ကြရမယ့် အရေးကိစ္စတွေ ဖြစ် တာကြောင့် ဒီလုပ်ငန်းစဥ်တွေ လုပ်ရင်း ကြုံတွေ့လာရမယ့် အခက်အခဲတွေ၊ စိန်ခေါ်ချက် တွေကိုတော့ ဒီတော်လှန်‌ရေးအတွင်းမှာ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းအကောင်အထည်‌ ဖော်နိုင်ဖို့ လည်း လိုအပ်လာမှာပါ။” လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် ၂၀၂၄ ခုနှစ်ဟာ အတော်လေး အရေးကြီးကြောင်း၊ ၃ နှစ်ကျော် ကြိုးစားရုန်းကန် လာ ကြတာ အ‌ရွေ့တွေအများကြီးရှိခဲ့ပေမယ့် ဒီနှစ်ကတော့ ကြီးမားတဲ့အရွေ့ကို လိုအပ်နေပြီ ဖြစ် ကြောင်း၊ ဒါကြောင့် ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေကို တွန်းတွန်းတိုက်တိုက် ကြိုးစားအား ထုတ်ပေးကြရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေမူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတည်ပြုချက် ရယူတာ ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက မဟာမိတ်ဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://www.nugmyanmar.org“အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်”၂၀၂၄ ခုနစ်၊ ဇွန်လ (၇) ရက်အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်း သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ သည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၃)၊ ပုဒ်မ (၂၄) ပါ “ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝခံစားခွင့် ရှိရမည်” ဟူသည့် အခြေခံမူဝါဒနှင့်အညီ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းသိပိုင်ခွင့် တို့ကို လေးနက်စွာ အသိအမှတ်ပြုပါသည်။ ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက် အပိုဒ် (၆) ပါ “ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်” ဟူသည့် ကတိ ကဝတ်အတိုင်းလည်း ရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပြီး တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် (၁၃) ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင်နေရကာ မြို့နယ်ပေါင်း (၈၀) ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရပါသည်။ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ် ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနှင့်   ဖြတ်တောက်ခြင်းများကို  လက်နက်သဖွယ် အသုံးပြုလာနေပါသည်။ ထို့အပြင် အကြမ်းဖက်အုပ်စုသည် ပြည်သူအများသုံးစွဲနေသော ကမ္ဘာသုံး လူမှု ကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ကို ပိတ်ပင်ကာ သုံးစွဲသူ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ၊ ဖုန်း အတွင်းရှိ ဆက်သွယ်ရန်နံပါတ် (Contact) များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှု သိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက် အသုံးပြုနိုင်သော၊ Application ကို မသုံးစွဲသည့် အချိန်တွင်ပင် သုံးစွဲသူ၏ ဒေတာအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်ထားသော လူမှုကွန်ယက်စာမျက်နှာတခုကို တီထွင်၍ ပြည်သူလူထု၏  ပုဂ္ဂလိကဆိုင်ရာလုံခြုံမှု (Privacy) ကို အတိအလင်း ချိုးဖောက်ရန် ကြိုးစား လာသည်ကို တွေ့ရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ် ပိတ်ဆို့ရန်ကြိုးစားသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချပြီး အကြမ်းဖက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ အများ၏ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့် စသည်တို့ကို ပြန်လည် ရယူထိန်းသိမ်းနိုင်ရန်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ရေးက အဓိကကျသည့်အတွက် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့်လည်း လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ယခုထက် ပိုမို ထောက်ခံ အားပေး ပံ့ပိုး ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တို့တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တို့တွေ့ဆုံ

သတင်းထုတ်ပြန်ချက် (၂၀၂၄၊ ဇွန်လ၊ ၇ ရက်)အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC၊ the honourable John Fulbrook တို့နှင့်တွေ့ဆုံ၁။ ၂၀၂၄ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည်  တောင်သြစတြေးလျပြည်နယ်လွှတ်တော်၌ တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison၊  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် the Honourable Tung Ngo MLC နှင့် the Honourable John Fulbrook တို့အား ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေးချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြသည်။၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန်မာနိုင်ငံပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုကိုလည်း အလေးပေး ပြောကြားခဲ့သည်။ The Honourable Tung Ngo MLC နှင့် the honourable John Fulbrook တို့ကလည်း ၄င်းတို့သည် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။၃။ တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပြည်နယ်အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison  တို့က နေ့လည်စာဖြင့် ပြည်နယ်လွှတ်တော် အဆောက်အဦတွင် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လယ်စာစားပွဲတွင် ဝန်ကြီး H.E. Zoe Bettison  က တောင်သြစတြေးလျပြည်နယ်၏ ရိုးရာယဉ်ကျေးမှုစနစ်၊ အကောင်အထည်ဖော်မှုဆိုင်ရာများနှင့်ပတ်သက်၍   သူမ၏အတွေ့အကြုံများကို မျှဝေခဲ့သည်။ ယဉ်ကျေးမှုပေါင်းစုံစနစ်ကို တောင်ဩစတြေးလျ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နေသည့် အတွေ့အကြုံများက အနာဂတ်တွင် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေနိုင်မည့် အတွေးအခေါ်ကောင်းများ ရရှိနိုင်မည်ဟု လည်း H.E. Zoe Bettison က ပြောကြားခဲ့သည်။၄။ နေ့လယ်စာသုံးဆောင်ပြီးနောက်တွင် H.E. Zoe Bettison က ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပါလီမန်ကျင်းပချိန်တွင် ဝင်ရောက်လေ့လာနိုင်ရန် ဖိတ်ကြားခဲ့သည်။    တောင်သြစတြေးလျ ပါလီမန်၊ အောက်လွှတ်တော် သဘာပတိ the Honourable Leon Bignell က ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်အဖွဲ့ကို ကြိုဆိုခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပါလီမန် ကျင်းပနေပုံနှင့် လုပ်ထုံးလုပ်နည်းများအား လေ့လာခဲ့ကြသည်။၅။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခရီးလမ်းကို ပံ့ပိုးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဒီမိုကရေစီ မဟာမိတ်များ၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့ပြီး တောင်သြစတြေးလျပြည်နယ်ပါလီမန်က နွေးထွေးစွာ ဧည့်ခံခဲ့ခြင်းနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။