အမျိုးသားညီညွတ်ရေးအစိုးရ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း တသားတည်းရပ်တည်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားအောက်တိုဘာ ၃၁ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “အခုချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ စွန့်လွှတ်ပေးဆပ်သွားကြတဲ့ သူရဲကောင်းများအားလုံးကို ကျွန်တော်တို့အားလုံး ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ်ဂုဏ်ပြုနေမှာဖြစ်ပါတယ်။ စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿ ဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ် ဆက်ဆံရေး ဒီ့ထက်ပိုပြီး အားကောင်း ခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တံပိုး အားထုတ်သွားရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်  PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်။နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးကဏ္ဍမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲက အဓိက ဝန်ကြီးဌာနဖြစ်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်း တာဝန်တွေ ကြီးမားများပြားလှပါတယ်။ ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို  ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း မှတ်မှတ်ရရ ပြောလို ပါတယ်။ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြဖို့ သတိပေးလိုပါတယ်။ အခုဆိုရင် တော်လှန်ရေးရဲဘော်တွေ စစ်မြေပြင်မှာ ထိုးစစ်ဆင်တာတွေ/ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကနေ စစ်ရေးအောင်မြင်မှုအပေါ် အတော် လေး အထောက်အကူ ပြုလာနိုင်သလို ထုတ်လုပ်မှု အပိုင်းမှာလည်း အဆင့်မြင့်လာတာ တွေ့ရပါတယ်။ အားရဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာက ရပ်တန့်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန်မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုက သိမြင်ပြီး ထောက်ပံ့လာအောင် သတင်းစကားပါးရမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် တော်လှန်ရေးကာလမှာ ‘တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်’ ဆိုတဲ့ ခံယူချက်နဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တည်ဆောက်တယ်ဆိုတဲ့နေရာမှာ လူအင်အား၊ လက်နက်အင်အား၊ နည်းပညာနဲ့ စွမ်းရည်အပြင် စိတ်ဓာတ်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း တည်ဆောက်ရမှာဖြစ်ကြောင်းနဲ့ တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုပြီးတော့ ဟန်ချက်ညီညီ လုပ်ဆောင်ပြီး တော်လှန်ရေး အရှိန်ကို မြှင့်တင်ကြဖို့အတွက်လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ရက်ပေါင်း ၁၀၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့တော်လှန်ရေးကြီးဟာ ခိုင်မာတဲ့စိတ်ဓာတ်များနဲ့အတူ အဆုံးသတ်အောင်ပွဲ အတွက် ယုံကြည်မှုအပြည့်နဲ့ ဆက်လက် အားကောင်းနေဆဲ ဖြစ်တာကြောင့် ဒီခရီး ဒီလမ်းကို မယိုင်မလဲ အတူလျှောက်လှမ်းခဲ့ကြသော ပြည်သူတရပ်လုံးကို လေးစားဦးညွှတ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ယခုရက်ပိုင်းတွေအတွင်းမှာလည်း မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုဟာ ပြည်သူတရပ်လုံးကို စိတ်အား အလွန်တက်ကြွစေခဲ့ပြီး ရှေ့ဆက်ကြရမယ့် အဆုံးသတ်တိုက်ပွဲ ခရီးအတွက်တော့ အတော့်ကို အင်အားရှိစေခဲ့တဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ စစ်ဆင်ရေး ကာလ ၄ ရက်အတွင်းမှာပင် စခန်းကြီး၊ စခန်းငယ်ပေါင်း ၅၇ ခုကျော် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ရာချီကျဆုံးကာ မြို့များကိုပါ ထိန်းချုပ် ဝိုင်းပတ်နိုင်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။  ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးကြီးမှာ MNDAA, TNLA, AA တို့နဲ့အတူ နွေဦးတော်လှန်ရေးက မွေးထုတ်ပေးလိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းစစ်ဆင်တယ် ဆိုတာဟာ ကျွန်တော်တို့ ပြည်သူတွေမျှော်လင့်ကြတဲ့ Symbolic လို့ပြောရမယ့် ကြီးမားတဲ့ မဟာမိတ်စုဖွဲ့မှုကို အပြောသက်သက်မဟုတ်၊ အလုပ်နဲ့သက်သေပြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအနေနဲ့ မဟာမိတ်တပ်မတော်များဟာ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံအားပေးမှုကို အလွန် တန်ဖိုးထားတယ်ဆိုတာလည်း ၎င်းတို့ထုတ်ပြန်ကြေငြာချက်မှာ အထင်းသား မြင်ရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူနဲ့အတူ နွေဦး တော်လှန်ရေးရဲ့ မဟာမိတ်တပ်ပေါင်းစုကို အဖက်ဖက်က ဝိုင်းဝန်းထောက်ခံအားပေး ဝန်းရံပေး ကြဖို့ အလွန်အရေးကြီးပါတယ်။ ယခုလို စုပေါင်းစစ်ဆင်ရေးတွေကနေတဆင့် အရှိန်အဟုန် တင်ကာ တစ်လှိုင်းပြီးတစ်လှိုင်း အကြမ်းဖက်စစ်ကောင်စီကို မိမိတို့ ဒေသအသီးသီးမှ ဝိုင်းဝန်း သုတ်သင်ကြပါက အောင်စည်အောင်မောင်းတီးနိုင်ဖို့ အခြေအနေဟာ များမကြာမီမှာ ရောက်ရှိ လာမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ အလစ်အငိုက် ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ကျွန်တော်တို့ အားလုံး နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်အရေးတို့ကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြပါက မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာ ပြည်သူ့အောင်ပွဲကို ရရှိသွားနိုင်ပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “စစ်ကောင်စီဟာ ပြည်သူ့ထံက အာဏာလုခဲ့တဲ့ ရက်ပေါင်း ၁၀၀၀ အတွင်း အုပ်ချုပ်ရေး ကဏ္ဍဘက်လည်း ကောင်းစွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိ၊ စီးပွားရေးကဏ္ဍဘက်မှာလည်း အခြေခံ ပြည်သူတွေ ဒုက္ခအတိရောက်ရတဲ့အထိ ကမောက်ကမတွေဖြစ်နေပြီး နိုင်ငံခြားရေးကဏ္ဍ ဘက်မှာလည်း နိုင်ငံတကာ အစည်းအဝေးတစ်ခု တက်နိုင်ဖို့တောင် ကန့်ကွက်မှုတွေ ရင်ဆိုင်ရတဲ့အထိ ဘက်ပေါင်းစုံမှာ လဲပြိုနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ တစ်ခုတည်းသော ထောက်တိုင်ဖြစ်တဲ့ စစ်ရေးကဏ္ဍဘက်မှာတောင် အခြေအနေတွေ အလွန် ဆိုးဝါးနေပြီမို့ ဒီအခြေအနေ အခွင့်ကောင်းကို ကျွန်တော်တို့ လက်မလွှတ်လိုက်ဘဲ ဆက်လက် အားကုန်ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနကလည်း လတ်တလော စစ်ရေးအရှိန်မြှင့်တင်မှု အခြေအနေတွေ တင်ပြမှာဖြစ်လို့ စစ်ရေးအရှိန်မြှင့်တင်မှုရဲ့ နောက်ဆက်တွဲအဖြစ် လုပ်ဆောင် ကြရမယ့် ကဏ္ဍတွေအတွက်လည်း တပါတည်း ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အခုဆိုရင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဘက်မှလည်း မြောက်ပိုင်းက စစ်ရှောင်စာရင်းတွေ ရသလောက်စုစည်းနေပြီး ကူညီထောက်ပံ့မှု တွေ ပြုလုပ်နိုင်အောင် စီမံနေတယ်လို့ သိရပါတယ်။ အဲဒီအတွက်လည်း မြန်မြန်ဆန်ဆန်နဲ့ ပြည်သူကို ကူညီပေးနိုင်ဖို့ စီမံဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း ချိတ်ဆက်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုုဆိုင်ရာ ကိစ္စတွေအတွက် အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရတာကြောင့် စစ်ရှိန်မြင့်လာမှု နောက်မှာ လိုအပ်တဲ့ လိုအပ်ချက်အသီးသီးအတွက်၊ ကြိုတင်ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီး အတွက် ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ရက်ပေါင်း ၁၀၀၀ ပြည့်ခဲ့သည်အထိ တော်လှန်ရေးတာဝန်တွေကို မိမိတို့တတ်နိုင်တဲ့ ကဏ္ဍဘက်မှ ပါဝင်ကာ တစ်ရက်မှမနားဘဲ တစိုက်မတ်မတ် ထမ်းဆောင် နေကြတဲ့ တော်လှန်ရေးရဲ ဘော်များအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ၊ မကြာခင်မှာ အဆုံးသတ်အောင်ပွဲ တက်လှမ်းနိုင်တော့မယ်ဆိုတာ အပြည့်အဝ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က နှစ်သောင်းကျပ်တန် တားဆီးရေးကြေညာချက် တင်ပြတာ ၊ ကာကွယ်ရေး ဝန်ကြီးဌာနက လက်တလောစစ်ရေးအရှိန်မြှင်တင်မှုတွေကို တင်ပြတာ ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက NCA စာချုပ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ သဘောထားထုတ်ပြန်ကြေညာ ရန် တင်ပြတာ ၊ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ “ကလေးသူငယ် အကာအကွယ်ပေးရေးမူဝါဒ” အကြောင်းတင်ပြတာ နဲ့ သမ္မတရုံးအတွင်းဝန် က Strategic Communication and Public Realtions Unit ဖွဲ့စည်းတာနဲ့ အဖွဲ့ဝင်များ အတည်ပြု နိုင်ရန် တင်ပြတာ အစရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org"စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်"၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၁။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ၊ ဘူတာစုရပ်ရှိ၊ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ်မှ အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်ရှိ ကျေးရွာအခြေပြုပြည်သူ့ပညာရေး စာသင်ကျောင်းဆောင်၌ စာသင်ကြားနေသည့် ဆရာမ(၁)ဦး နှင့် ကလေးငယ်(၂၁)ဦး၊ စုစုပေါင်း (၂၂)ဦး လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ် (၂၁)ဦးတွင် အသက် (၇) နှစ်အရွယ် (၆) ဦး၊ အသက် (၈) နှစ်အရွယ် (၅) ဦး၊ အသက် (၁၀) နှစ်အရွယ် (၄) ဦး၊ အသက် (၁၁) နှစ်အရွယ် (၃) ဦး၊ အသက် (၁၂) နှစ်အရွယ် (၂) ဦး၊ အသက် (၁၄) နှစ်အရွယ် (၁) ဦး ပါဝင်ပြီး စုစုပေါင်းကလေးငယ် ကျား (၁၂) ဦး နှင့် မ (၉) ဦး ဖြစ်သည်ကို တွေ့ရှိရသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းများအပေါ် အခြေခံ၍ ပြုစုထားသော စာရင်းများအရ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုသည် မတရားအာဏာသိမ်းယူခဲ့သည့် နေ့မှစ၍ ယနေ့အချိန်အထိ ကျူးလွန်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့်  အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၉၁) ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းပေါင်း (၁၁၉) ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဖျက်အားပြင်းလက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး စာရင်းဇယားများအရ ဖျက်အားပြင်းလက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု (၂၃၅၁) ကြိမ်ရှိခဲ့သည်။၃။ အကြမ်းဖက်စစ်အုပ်စုသည် အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှုမရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေများနှင့်စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ Rome Statue တို့ကိုချိုးဖောက်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းခဲ့ပြီးဖြစ်ပါသည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါကျူးလွန်မှုများတွင်ပါဝင်သော တာဝန်ရှိသူ၊ လက်ရောက်ကျူးလွန်သူ နှင့် အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (UN Security Council Resolution 2669) ‌နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဥ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ပါဝင်သော ဆုံးဖြတ်ချက်သစ်နှင့် အရေးယူဆောင်ရွက်မှုများ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် အချိန်ကျရောက်နေပြီဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် တောင်းဆိုပါသည်။  အမျိုးသားညီညွတ်ရေးအစိုးရ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ခြင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့"ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ဆိုသည့်ခေါင်းစဉ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ မြန်မာစံတော်ချိန်မွန်းတည့် (၁၂) နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ “အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်းစာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။အဆိုပါနှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြု တက်ရောက်ကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြေပြင်သပိတ်အင်အားစုများအပါအဝင် လူဦးရေစုစုပေါင်း (၂၀၅) ဦး  တက်ရောက်ခဲ့ကြပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး (Inclusive Humanitarian Conference Myanmar - 2023) ကျင်းပဆောင်ရွက်လျက်ရှိ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး (Inclusive Humanitarian Conference Myanmar - 2023) ကျင်းပဆောင်ရွက်လျက်ရှိ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို “ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ခေါင်းစဉ်ဖြင့် (၂၃.၉.၂၀၂၃) ရက်နေ့မှ (၂၆.၉.၂၀၂၃)ရက်နေ့အထိ Zoom Video Conferencing System ဖြင့် ကျင်းပလျက်ရှိပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတဝှမ်းရှိ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားနေရသော ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရာတွင် ဆက်စပ်နှီးနွယ်သည့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် အများသဘောတူ လက်ခံနိုင်သည့် Position Paper (၁) ခု ထွက်ပေါ် လာစေရန်၊ ဆက်စပ်အဖွဲ့အစည်းများအကြား ကွန်ယက် ချိတ်ဆက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် မြေပြင်တွင်လုပ်ငန်းများ အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှုများ တည်ဆောက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်စေရန်နှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိပါသည်။အဆိုပါ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ် ပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-HA)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နှင့် အခြားသောတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲ (၄) ရက်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင် ပြည်သူများ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် တော်လှန်ရေးကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်/ကျဆုံး သူရဲကောင်းများဟူ၍ နေ့တနေ့ ခေါင်းစဉ်တစ်ခု ချင်းစီအလိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲအတွင်း တင်ပြချက်မှုများနှင့် တက်ရောက်လာသူများ၏ အတွေ့အကြုံဆွေးနွေးချက်များ၊ အတွေးအမြင်များကို အခြေခံပြီး ထွက်ပေါ်လာသည့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုလည်း နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်ချသူများနှင့် အလှူရှင်များထံမှ အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေး နည်းလမ်းကောင်းတွေကို အဖြေရှာသွားကြမှာလည်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ နှီးနှောဖလှယ်ပွဲ ပထမရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ “အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်း စာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖိတ်ကြားထားသည့် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြုကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိသည့် တိုင်းများမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြေပြင်သပိတ် အင်အားစုများအပါအဝင် လူဦးရေ (၂၀၅) ဦး တက်ရောက်ခဲ့ပြီး၊ ဒုတိယရက်တွင်လည်း (၂၀၂)ဦးတတ်ရောက်ခဲ့ကြပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgမြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်၁။ မြန်မာနိုင်ငံတွင် လက်နက်အားကိုး အဓမ္မ အာဏာသိမ်းယူရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူလူထုတရပ်လုံးက ရရာနည်းလမ်းမျိုးစုံဖြင့် ပြန်လည်ခုခံ တိုက်ပွဲဝင်လျက်ရှိပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပြဋ္ဌာန်းဖော်ပြထားသည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသော ပြည်ထောင်စု မျှော်ရည်ချက်အတိုင်း ပြည်သူအားလုံးက မမှိတ်မသုဉ် ရှေးရှု၊ ဦးတည်ချီတက်နေကြပါသည်။၂။ အာဏာသိမ်းရန် အဓမ္မ ကြံစည်ပြီးနောက် စစ်အုပ်စုသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ရွေးကောက်ခံ ပြည်သူ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အများအပြားကို အကြောင်းမဲ့ဖမ်းဆီး အကျဉ်းချထားပါသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသခဲ့သည့် ပြည်သူများကိုလည်း လူမဆန်သော နည်းလမ်းပေါင်းစုံဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အကျဉ်းချခြင်းစသည့် အဓမ္မ အကြမ်းဖက်လုပ်ရပ်များစွာ ကျူးလွန်ဆောင်ရွက်လျက်ရှိပါသည်။ စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်မှု ဖြစ်ရပ် များတွင် ဆန္ဒပြသမားများ၏ ဦးခေါင်းကိုချိန်ရွယ်၍ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဆန္ဒပြလူထုအတွင်း မော်တော်ကားဖြင့် အတင်းဝင်တိုက် ဖမ်းဆီးရုံသာမက သေကြေဒါဏ်ရာ ရစေခြင်း၊ ဆန္ဒပြပွဲခေါင်းဆောင်များကို ညဘက်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီး တညလုံး ညှင်းပန်းနှိပ်စက်လျက် မနက်တွင်မိသားစုအား အလောင်းကိုပြန်ပေးခြင်း၊ အချို့ အလောင်း များကို လမ်းဘေးတွင် စွန့်ပစ်ထားခြင်း စသောဖြစ်ရပ်များပါဝင်သည်။၃။ ဖေဖော်ဝါရီ (၁) ရက်၊ ၂၀၂၁ ခုနှစ်မှ ဩဂုတ်လလယ် ၂၀၂၃ ခုနှစ်ထိ အချိန် (၂) နှစ်ခွဲအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက--အဓမ္မ ဖမ်းဆီးခဲ့သူ ဦးေရ (၂၄,၀၀၀) ကျော်-လက်ရှိ ဖမ်းဆီးထားသူ ဦးေရ (၁၉,၄၆၀) ဦး-အဓမ္မ သတ်ဖြတ်ခဲ့သူ ဦးေရ (၄,၀၇၈) ဦး-သေဒဏ်ချမှတ်ခံထားရသူ ဦးေရ (၁၄၆) ဦးထိ ရှိခဲ့ပြီဖြစ်သည်။၄။ ထို့အပြင် အာဏာသိမ်းစစ်အုပ်စုသည် တစ်နိုင်ငံလုံး နေရာအနှံ့အပြား၌ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုမျိုးစုံကိုလည်း ကျူးလွန်ပြုကျင့်လျက်ရှိပါသည်။ ထို့သို့      စစ်အုပ်စု၏ အကြမ်းဖက်မှုမျိုးစုံအနက် ထင်ရှားပြီး အတွေ့ရများသည့် ပုံစံများမှာ အရပ်သား ပြည်သူနေ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့အိုးအိမ် ပစ္စည်းများကို လုယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နှိပ်စက် ခြင်း၊ စစ်ကြောင်းများတွင် လူသားဒိုင်းသဖွယ် အသုံးချခြင်း၊ စားနပ်ရိက္ခာ ဆေးဝါး သတင်းနှင့် ဆက်သွယ်ရေး စသည်တို့ ဖြတ်တောက်ခြင်း စသည်တို့ဖြစ်သည်။၅။ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ချိန်မှ ယခုကာလထိ အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့်--ပျက်စီးခဲ့သည့် နေအိမ်ပေါင်း (၇၅,၀၀၀) ကျော်-သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၄,၅၅၂) ဦး-ထိခိုက်ဒါဏ်ရာရခဲ့သည့် အရပ်သားပြည်သူ (၃,၉၂၆) ဦး-နေရပ်စွန့်ခွာထွက်ပြေးရသည့် ပြည်သူ (၁.၉ သန်း) ကျော် အထိရှိခဲ့ပြီဖြစ်သည်။၆။ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို စစ်ရေး ပစ်မှတ်သဖွယ် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းမှတဆင့် တိုက်ခိုက်မှု များစွာလည်း ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း (၁၂၆၁) ရှိခဲ့ပြီး ထိုသို့သော လေကြောင်းတိုက်ခိုက်မှု များကြောင့် ယခုချိန်ထိ--ပျက်စီးခဲ့သည့်နေအိမ်ပေါင်း (၁,၀၈၀) လုံး-သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၅၄၁) ဦး-ထိခိုက်ဒါဏ်ရာရခဲ့သည့် အရပ်သားပြည်သူ (၄၃၃) ဦး-အရပ်သား သေဆုံးမှု (၆၀၇) ဦး-အရပ်သား ထိခိုက်ဒဏ်ရာရသူ (၆၅၁) ဦး -စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှု (၃၉)​ ကျောင်း -ဆေးရုံ (၂၂) ရုံ-ဘာသာရေးအဆောက်အအုံ (၅၄) လုံးအထိ ရှိကြောင်းလည်း လေ့လာ တွေ့ရှိရပါသည်။ ၇။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် တက်ရောက်သဘောတူညီခဲ့သော အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus) ၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှု မရှိဘဲ ပြည်သူ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်များစွာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ကျူးလွန်လျက် ရှိနေပါသည်။၈။ ယခုအခါ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာလူထု တရပ်လုံးသည် လူမှုဘဝဘေးဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေပါသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်းကူညီမှု အများစုကို အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ကိုင်တွယ်နေခြင်း၊ အဆိုပါ အကူအညီများသည် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ မရောက်ရှိဘဲ စစ်အုပ်စုက လိုသလို စီမံခန့်ခွဲနေခြင်း၊ နိုင်ငံတကာမိသားစု၏ အကူအညီများစွာကို ဟန့်တားနှောက်ယှက် နေခြင်းတို့ ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရပါသည်။၉။ သို့ဖြစ်သောကြောင့် အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပေါင်းများစွာကို ဆက်တိုက်ကျူးလွန်နေသည့်အပြင် မြန်မာလူထုအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖျက်ဆီး၊ ဟန့်တား၊ နှောက်ယှက် နေသော အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အမျိုးသားညီညွတ်ရေး အစိုးရသည် ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချလိုက်သည်။ ၁၀။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ရန်အတွက် ပြည်သူလူထု၏ သဘောထားဆန္ဒနှင့်အညီ “ပြည်သူ့ကာကွယ်ရေးတပ်မတော်” (PDF) ကို ဖွဲ့စည်းတည်ထောင်ကာ တရားမျှတသော ခုခံစစ်ကို ဆင်နွှဲလျက်ရှိပါသည်။ PDF တပ်မတော်၏ ပင်မတာဝန်တရပ်မှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ရန်ပင်ဖြစ်သည်။၁၁။ ပြည်သူ့ကြားမှ ပေါက်ဖွားလာသော PDF တပ်မတော်ကို အဆင့်ဆင့်သော အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ခိုင်မာအားကောင်းသလို စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များလည်း ကောင်းမွန်မှန်ကန်သည့် တပ်မတော်တရပ် ဖြစ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူနှင့်အတူ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။၁၂။ PDF တပ်မတော် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင်ရှိသော အဖွဲ့အစည်းနှင့် တာဝန်ရှိလူပုဂ္ဂိုလ်အားလုံးသည် မိမိပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတို့ကို လုံးဝပြုကျင့်မည်မဟုတ်သလို အထက်ပါ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုလည်း အပြင်းအထန် ဆန့်ကျင်ရှု့ံချပါသည်။ PDF တပ်မတော်တွင် စစ်ရုံးချုပ်အဆင့်မှသည် တပ်ရင်း/စစ်ကြောင်းအဆင့်ထိ အဆင့်တိုင်းတွင် “ပြည်သူလူထု လုံခြုံရေး” ဟူသော ဌာန (သို့မဟုတ်) တာဝန်ခံကို ထည့်သွင်းဖွဲ့စည်းထားပြီး မိမိတို့ တပ်မတော်၏ စစ်ဖက်ဆိုင်ရာ ဆောင်ရွက်မှုအားလုံးတွင် အရပ်သားပြည်သူ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။၁၃။ ထို့အပြင် PDF တပ်မတော် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲ အုပ်ချုပ်မှုအောက်တွင်ရှိသော အဖွဲ့အစည်းများသည် ပြည်သူလူထုအတွက် ဘေးအန္တရာယ် လုံခြုံမှုအစီအမံများ၊ စစ်အုပ်စု၏ လေကြောင်းရန်နှင့် လက်နက်ကြီးရန်စသည့် အန္တရာယ် များမှ ကာကွယ်နိုင်ရေး လိုအပ်သော စီစဉ်ဆောင်ရွက်မှုများကို အစွမ်းကုန် ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။၁၄။ PDF တပ်မတော်အပါအဝင် ပြည်သူ့နွေဦးတော်လှန်ရေးတွင် လက်နက်စွဲကိုင် တိုက်ပွဲ ဝင်နေကြသော အင်အားစုအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ၊ ဂျီနီဗာ သဘောတူစာချုပ် (Geneva Convention) တို့နှင့် သတ်မှတ်ထားသော ကျင့်ဝတ်စံနှုန်းများကို အပြည့်အဝ လိုက်နာ ကျင့်သုံးရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကျင့်ဝတ်စံနှုန်းများကို ကျူးလွန်ချိုးဖောက်သူများကိုလည်း ထိရောက်စွာ အပြစ်ပေး အရေးယူသည့် Zero Tolerance Policy မူဝါဒကို ကျင့်သုံးလျက်ရှိပါသည်။၁၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် မိမိစိုးမိုးနယ်မြေများတွင် အရပ်ဖက် တရားစီရင် ရေးမဏ္ဍိုင်ကို စနစ်တကျဖော်ဆောင်၊ လည်ပတ်နေပြီဖြစ်ပါသည်။ ထို့ပြင် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် PDF တပ်မတော်တို့တွင်လည်း အဆင့်ဆင့်သော စစ်ဖက်တရားစီရင်ရေး စနစ်ကို ဖော်ဆောင်နေပြီး တရားဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်လျက် ရှိပါသည်။၁၆။ သို့ဖြစ်သောကြောင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံကို အချိန်နှင့်အမျှ ကျူးလွန်နေသော အာဏာသိမ်းစစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရသည် ပြည်သူနှင့်လက်တွဲကာ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထပ်လောင်းသံန္နိဋ္ဌာန် ပြုအပ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယခုထက် ပိုမိုထိရောက်၍ လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာ အကူအညီများ၊ ဝန်းရံအားပေး ကူညီမှုများ ပြုကြပါရန် လေးနက်စွာ တိုက်တွန်း ပန်ကြားအပ်ပါသည်။မှတ်ချက်။ ။ အပိုဒ် (၃)၊ အပိုဒ် (၅)၊ အပိုဒ် (၆)ပါ အချက်အလက်များကို AAPP အပါအဝင် ခိုင်လုံသော သတင်းအရင်းအမြစ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မှတ်တမ်းများအရ သိရှိရပါသည်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Statement on Situation in Myanmar (September 20, 2023)

Statement on Situation in Myanmar (September 20, 2023)

Republic of the Union of MyanmarNational Unity Governmenthttps://gov.nugmyanmar.org/September 20, 2023.Statement on Situation in Myanmar Since the coup of February 2021, the people of Myanmar have rejected the military rule and come together around a collective vision: “a peaceful federal democratic union will be built ensuring freedom, justice and equality,” as laid out in the Federal Democracy Charter.  Not only have the National Unity Government (NUG), its ethnic allies, and the people of Myanmar are preventing the military from re-imposing its rule and building a new Myanmar from the disaster created by the coup. The atrocities of the Myanmar military are well-documented. Since February 2021, nearly 25,000 people have been arrested, of whom over 19,000 remain in prison. More than 4,000 civilians have been confirmed killed by the military. The total death toll is likely much higher. The military has destroyed over 75,000 civilian homes, displacing over 1.9 million people. Ground troops burn villages and food stocks. The military air force systematically bombs schools, hospitals, villages, and civilian gatherings. The military council continue disregarding both the ASEAN 5 Points Consensus and to the UN Security Council Resolution 2669 on Myanmar.Amid these horrors, the NUG and its allies are not only fighting the military, but also working for systemic change. The Myanmar military views civilians as dispensable. The Myanmar military believes soldiers can always behave with impunity. We are educating the soldiers of our People’s Defense Forces (PDFs) and enforcing a code of conduct. One of the primary duties of NUG staff, including PDFs, is to protect people’s lives and property. Despite very limited resources, the Ministry of Humanitarian Assistance and Disaster Management (MOHADM) not only distributes food to the displaced, but also materials on how to survive military attacks, including early warning and building bomb shelters. The PDF help evacuate civilians and constructs shelters. The Ministries of Health and Education build capacity development and supply schools and clinics. The NUG collaborates with civil society and its ethnic revolutionary allies, who also deliver aid and services to communities. To minimize harm to civilians from military council’s operations, the PDF has established public security teams at every level of operation, from headquarters to squadron. The NUG and the PDF forces under its command are founded on opposition to military council’s violence and the bullying against civilians. The NUG and revolutionary forces are working hard to make this commitment a reality and ensure that civilians are treated with respect and protected. The NUG and its allies are working to strengthen the chain of command nationwide. The NUG has created and trained the PDF the military Code of Conduct to which all PDF members must adhere. The code follows international humanitarian law and the Geneva Convention. The training in international humanitarian law is provided to PDF  members. The NUG is implementing a Zero Tolerance Policy, which punishes those who violate these standards. In areas under its control, the NUG has created a judicial infrastructure. The Ministry of Defense and the PDF are developing military judiciary system. Myanmar has suffered multiple coups and long periods of military rule. The NUG, the PDFs, our allies, and the people of Myanmar are collectively committed to ensuring this is not our future. Even as we work to end military rule, we are building a new system of freedom and justice for everyone. We urge the international community to join us in building this new Myanmar, through practical political, economic, and diplomatic assistance for the people of Myanmar. National Unity Government

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

၂၂ စက်တင်ဘာ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် ယမန်နေ့ နံနက် နယူးယောက် စံတော်ချိန် (၁၁း၃၀) နာရီအချိန် တွင် The Elders ဥက္ကဋ္ဌ  အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊  မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား  နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း ၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၀) ရက် ဒီကနေ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး (FSCC) ကို တက်ရောက်လာကြတဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့်တကွ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနဲ့ FSCC ကော်မရှင်အဖွဲ့ဝင်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ FSCC ကော်မရှင်အစည်းအဝေးဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ပြုလုပ်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါ့ကြောင့် ယခင် FSCC ကော်မရှင်အစည်းအဝေး ပထမအကြိမ် ကျင်းပတုန်းက ကျွန်တော် ပြောခဲ့ဖူးတဲ့ အခြေခံမူတွေနဲ့ပတ်သက်ပြီး ထပ်မံ ပြောကြားချင်တာ ရှိပါတယ်။ ဒီနေ့ ကော်မရှင်အစည်းအဝေး agenda က နိုင်ငံရေးအရ သော်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအရသော်လည်းကောင်း အရေးကြီးတဲ့ နိုင်ငံရေးပိုင်းတွေ ပါဝင်နေတယ်လို့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောချင်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ FSCC ကော်မရှင်အနေနဲ့ ရှေ့ရှုရမယ့် အခြေခံသဘောထား၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကိစ္စအပြင် KNU နဲ့ တွေ့ဆုံရေးကိစ္စတို့မှာ ကျွန်တော်တို့ သတိချပ်ရမယ့် အချက်တချို့ကို ပြောကြားချင်ပါတယ်။ ဒီနေ့ FSCC ကော်မရှင်အနေနဲ့ မိမိတို့ ပြုသမျှ / ပြောသမျှ / လုပ်သမျှ ကိစ္စအားလုံးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံမူထားပြီး လုပ်ဆောင်ရလိမ့်မယ်လို့ ကနဦး ပြောကြားလို ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေရင်း တစ်ဖက်မှာလည်း တိုင်းပြည် တည်ဆောက်ရေးလို့ ခေါ်တဲ့ Nation Building ကိစ္စကို လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စဟာ FSCC ကော်မရှင်ရဲ့ အခြေခံအုတ်မြစ် သဘောထား အဖြစ် ခိုင်ခိုင်မာမာ အုတ်မြစ်တည်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နဲ့ (၂)” အပေါ်မှာ ဆုံချက်ထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေနဲ့ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို အထူးသတိပြု ရှောင်ရှား ကြဖို့ လိုပါတယ်။ ယခု ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ ပူးတွဲတည်ဆောက်နေတဲ့ nation building ကိစ္စကို (တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူမျိုးစုလွတ်မြောက်ရေး) စတဲ့ အခြေခံ အချက် (၃) ရပ်နဲ့ အစဉ်တစိုက် ယှဉ်တွဲတည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ နောက်ထပ် ပြောကြားချင်တဲ့ကိစ္စကတော့ စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး ကိစ္စ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဧရိယာကို ကြည့်ရင် နယ်မြေအရ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီအနေအထားကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာကြီးတစ်ခုအဖြစ် ပါဝင် နေတာတွေ့ရပါတယ်။ တော်လှန်ရေးဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကို ဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်။ လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံ တဲ့အခါမှာ မိမိရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုနဲ့ မိမိတို့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ ကျွန်တော့်အနေနဲ့ အထူး တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစုကြီးတွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ် တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေ ပါတယ်။ KNU က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ကျွန်တော်တို့ဟာ အမြော်အမြင်ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျွန်တော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာကနေ ဦးဆောင် ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..