ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ဆိုရင် ဒေသအသီးသီးက တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ လုပ်ဆောင်နိုင်မှသာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို မြန်မြန်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ အဲ့ဒီလိုလုပ်နိုင်ဖို့ကလည်း နိုင်ငံရေးသဘောတူညီမှုတွေ အပြီးပြတ် ဖြစ်မှသာပဲ လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုးဖြစ်တာကြောင့် သက်ဆိုင်တဲ့ Stakeholder များအကြားမှာ နိုင်ငံရေးသဘောတူညီချက်တွေရဖို့ကို ကျွန်တော်တို့ အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက် နေပါကြောင်း၊ တော်လှန်‌ရေးကာလ ရှည်ကြာလာတာမို့ ပြည်သူများရဲ့ တောင့်ခံနိုင်မှု အခြေအနေကို လည်း အားလုံးသိရှိနားလည်ပြီး တော်လှန်ရေးအရှိန်ကို ဆက်တွန်းကြရမှာ ဖြစ်ပါကြောင်း၊ ဒေသတစ်ခုတည်း လွတ်လပ်တာနဲ့ မပြီးဘဲ တစ်နိုင်ငံလုံး လွတ်လပ်မှသာ နောက်ကျောလုံလုံနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးခရီးကို ဆက်ပြီးလျှောက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း" တိုက်တွန်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၆/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံး[email protected]"အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ"၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်(၁) ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပနေကြသည့် ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများအားလုံး မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း နှုတ်ခွန်းဆက်သ လိုပါသည်။ (၂)  ချင်းအမျိုးသားများသည် နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ကာ ကချင်၊ ဗမာ၊ ရှမ်း စသော ခေါင်းဆောင်ကြီးများနှင့်အတူ ပင်လုံစာချုပ်ကို ရေးထိုးပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပူးပေါင်း တည်ထောင်ခဲ့ကြသည့် လူမျိုးများဖြစ်ကြသည်။ (၃)  ထိုနယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် နေ့ထူးနေ့မြတ်များနှင့် မြေရှင်ပဒေသရာဇ် ကို ဖျက်သိမ်းကာ ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်ဖြစ်၍ နယ်ချဲ့ကိုလိုနီဝါဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို မြတ်နိုးသည့် ချင်းအမျိုးသားများ၏ နေ့ထူးနေ့မြတ်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါသည်။(၄)  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာ ကို မတရားသိမ်းယူလိုက်သည့်အချိန်တွင်လည်း ချင်းအမျိုးသားများအနေဖြင့် တူမီးသေနတ်ကို စွဲကိုင်ကာ စစ်အာဏာရှင်ကို ရှေ့ဆုံးမှ တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးတွင် စွမ်းစွမ်းတမံ အားတက်သရော ပါဝင်နေကြတာ တွေ့မြင်နေရပါသည်။ (၅) ထို့ကြောင့် နယ်ချဲ့ ကိုလိုနီစနစ် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီစနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ဖက်ဒရယ်) ကို မြတ်နိုးသော ချင်းလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း နှင့် ကမ္ဘာတည်သရွေ့ ချင်းအမျိုးသားများ အဓွန့်ရှည်ကာ ချင်းအမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာ ပေးပို့ အပ်ပါသည်။ ဒူဝါလရှီးလနိုင်ငံတော်ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြားဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ကျွန်တော်တို့ဟာ စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ဖို့ ကြိုးစားရာမှာ၊ နိုင်ငံရေး စဉ်းစားချက် ဆိုတာထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင် ဟန့်တားရာ ရောက်နေပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့က ဟန့်တားဖို့ အထူး လိုအပ်နေပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ်စရှိတဲ့ လူငယ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိပါတယ်။  ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည်ဆောက်ရေးအတွက် တည်ဆောက်ရေးအမြင်ကိုပါ ပေါင်းထည့်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။  ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ ကျွန်တော်တို့ နိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း အသွင်အမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေတဲ့ လူဦးရေ အရွေ့ကို ကြုံတွေ့နေရပါတယ်။ အဲသည့်ထဲမှာ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက် အဓိက မောင်းနှင်အားဖြစ်တဲ့ လူငယ်မျိုးဆက် သစ်တွေရဲ့ လူဦးရေ အရွေ့ဟာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ထွန်းနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ ကျွန်တော်တို့ဟာ တော်လှန်ရေး အလုပ်နဲ့အတူ နိုင်ငံအတွင်းမှာ လူငယ်တွေအတွက် ရေခံမြေခံကောင်း ဖြစ်ထွန်းရေး / ပတ်ဝန်းကျင် ကောင်း ဖြစ်ထွန်းရေးကို တွဲဖက် လုပ်ဆောင်ဖို့ လိုနေပါတယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ပြုန်းတီးအောင် / ပျက်စီးအောင် လုပ်ခြင်းဟာ အနာဂတ်ပြည်ထောင်စု သစ် တည်ဆောက်ရေးအတွက် ထိခိုက်နိုင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် နိုင်ငံအတွင်းမှာ ရေခံ မြေခံကောင်း ဖြစ်ထွန်းရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာတာ တွေ့ရကြောင်း၊ လူငယ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေ လွတ်လပ်စွာ ရှင်သန်ကြီး ထွားနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးကြဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီတပတ်အတွင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းနိုင်ရေး ကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလာမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အတော်လေး စိတ်ပူပန်သောကရောက်နေကြရတဲ့ အခြေအနေတွေကို ကြားသိရပါတယ်။ ကျွန်တော်တို့အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ် မေးမြန်းလာကြတာတွေလည်း အတော်များပါတယ်။ တချို့ မဟာမိတ် တော်လှန်ရေးအင်အား စုများကလည်း ပြည်သူထံကို အသိပေးစာတွေ ထုတ်ပြန်လာကြတာရှိသလို အမျိုးသားညီညွတ်ရေး အစိုးရကို ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ဆက်လက် ကိုင်တွယ်ဆောင်ရွက်မယ့် အစီအမံတွေကို မေးမြန်းလာကြတာတွေ ရှိပါတယ်။ မြေပြင်မှာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုပြုနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကိုလည်း သတင်းစကားတွေ အမျိုးမျိုး ရောက်ရှိမေးမြန်း နေကြတာတွေ ရှိတာမို့ ဝန်ကြီး များအားလုံးလည်း ဒီကိစ္စရပ် အတွက် အချိန်ပေးဆွေးနွေး နေကြပြီး၊ ဌာနအလိုက် စီမံခန့်ခွဲမှု တွေလည်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စဉ်းစားသုံးသပ် အလုပ်လုပ်ကြတဲ့ အခါမှာ လက်ရှိစစ်အုပ်စုရဲ့ အခြေအနေနဲ့ နောက်ခံအကြောင်းတရားတွေကိုလည်း သေချာသုံးသပ်ကြဖို့ လိုသလို အမျိုးသား ညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေ၊ တော်လှန်ရေးရဲ့ အရွေ့ စတာတွေကိုလည်း သေချာသုံးသပ် လေ့လာကြပြီး အစီအမံတွေ ပြုလုပ်ကြရမယ်လို့ ထင်ပါတယ်။ တကယ်တော့ စစ်အုပ်စုဟာ တောက်လျှောက် ထိခိုက်ဆုံးရှုံးမှုတွေ များလာပြီး စစ်အင်အား အင်မတန်ချိနဲ့နေပြီ ဖြစ်တဲ့အတွက် သူတို့ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် ဒီဥပဒေကို တရားမဝင် အတည်ပြုလာတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးကို စစ်နွံအတွင်းကျရောက်စေဖို့ စဉ်းစားဆင်ခြင် နိုင်စွမ်းပင် မရှိတော့ပဲ လုပ်ဆောင် လာတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို အကောင်အထည် ဖော်ဖို့ လုပ်ဆောင်လာခြင်းကြောင့် တိုင်းပြည်ကသောင်းကနင်း ဖြစ်မှာကို ကြိုသိလျက်နှင့် သူတို့ရှင်သန် နိုင်ရေးအတွက် တိုင်းပြည်ကို ချနင်းတဲ့လုပ်ရပ်အပေါ် ပြည်သူတရပ်လုံးကလည်း နားလည်စွာနဲ့ မိမိတို့တတ် စွမ်းသမျှ တော်လှန်ရေးနည်းနာပေါင်းစုံ အသုံးပြုပြီး တော်လှန်ရေးကို အရှိန်မြှင့်ကြရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ စစ်အုပ်စုရှိနေသရွေ့တော့ ဒီလို ကိစ္စမျိုးတွေဟာ တခုမဟုတ် တခု အမြဲပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးဟာ တစိုက်မတ်မတ်နဲ့ စစ်အာဏာရှင်တွေ အပြီးတိုင် ကျဆုံးစေရေးအတွက် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုကိစ္စမှာလည်းတစ်ဦး တစ်ယောက်တည်းအတွက် စဉ်းစားရုန်း ကန်ခြင်းထက် တနိုင်ငံလုံးစာ ဝိုင်းဝန်းရုန်းကန်ကြ ရမယ့် အချိန်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တော်လှန်ရေးရဲ့ အရှိန်ကို မြှင့်စေနိုင်ဖို့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လက်တွဲအရှိန်မြှင့် ဆောင်ရွက် သွားမှာဖြစ်သလို လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေးအတွက်လည်း ပိုမို ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်။ လူငယ်များ အနေနဲ့လည်း မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ နည်းနာပေါင်းစုံနဲ့ တရားမဝင်စစ်အုပ်စုက တရားမဝင်ပြဌာန်းလာတဲ့ ဒီအဓမ္မစစ်သားစုဆောင်းခြင်း အမိန့်အပေါ်ကို ဆန့်ကျင်တိုက်ဖျက် သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီတော်လှန်ရေးမှာ Generation Z လို့ခေါ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်ဟာ အံ့ဩစရာကောင်းလောက်အောင် တီထွင်ကြံဆနိုင်ကြ တာမို့ မျိုးဆက်သစ်လူငယ် တွေကို ပစ်မှတ်ထားလာတဲ့ ဒီအမိန့်ကို တုန့်ပြန်ကြမယ့် နည်းလမ်း တွေလည်း ရှိမယ်လို့ ယုံကြည်ပါတယ်။ မတရားတဲ့ အမိန့်အာဏာဟူသမျှကို လက်ချင်းချိတ်ပြီး တွန်းလှန်သွားနိုင် ကြမှသာ တော်လှန်ရေးခရီးဆုံးပန်တိုင်ကို ရောက်ကြမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေကို တော်လှန်ရေး အောင်မြင်မှုအတွက် အင်အားတွေ အဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလို အစီအမံတွေ စဉ်းစားကြတဲ့အခါမှာတော့ အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဉ်း စားပြီး စီမံကြဖို့လိုမှာ ဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် ရုံးအနေနဲ့ ဆက်လက်စီမံဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေကို တပတ်လုံးလုံး ဝန်ကြီးများ၊ ကော်မတီများမှာ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး မူကြမ်းတရပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆက်လုပ်ရမှာတွေ၊ အင်အားစုအသီးသီးနဲ့ ပေါင်းစပ်လုပ်ရမှာတွေကို ဝိုင်းဝန်းအကြံပြုပြီး အလုပ်စတည် လုပ်လိုက် ကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “နောက်တစ်ချက် ပြောကြားလိုတာတော့ အခုဆိုရင် မဟာမိတ် ဆက်ဆံရေးက တိုးတက်ကောင်းမွန်နေပြီး စစ်ရေးနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးတက်နေတာ အားလုံးလည်း သတိထားမိမယ် ထင်ပါတယ်။ အခုအချိန်မှာ တိုင်းရင်းသား ဒေသများမှာ လည်း လွတ်မြောက်နယ်မြေများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာဖို့ အလားလာ ကောင်းနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖက်ဒရယ်ယူနစ်/ပြည်နယ်များဟာ အသွင်ကူး ပြောင်းရေးကာလအတွက် အခြေခံဥပဒေများလည်း ပြင်ဆင်လျက်ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တိုင်းတွေမှာတော့ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာ နေသော်လည်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရစဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့အသာစီးမရနိုင်တဲ့ နယ်မြေများကို စွန့်လွတ်ပြီး ၎င်းတို့ နိုင်မည်ထင်သည့် ဒေသများကို ယခုနှစ်ပိုင်းမှာ ပိုမို ထိုးစစ်ဆင်လာဖွယ်လည်း ရှိပါတယ်။ သို့သော် ဒါဟာလည်း အခိုက်အတန့်သာ ဖြစ်နိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ သူတို့အသာစီး ရလာပြီထင်ရင် ပြည်နယ်တွေဘက်ကို ပြန်ပြီး ထိုးစစ်ဆင်အုံးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တို့ လုပ်လေ့ရှိတဲ့ အဖန်တရာကျေနေတဲ့ ဗျူဟာသာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ တော်လှန်ရေးအင်အားစုများ အားလုံးအတွက် စစ်အာဏာရှင်တို့ လုံးဝပြုတ်ကျသွားမှသာ ထာဝရ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ကျနော်တို့ အားလုံးနားလည်ပြီး အပြန် အလှန်ကူညီနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။ အညာဒေသနဲ့ ပြည်နယ်တွေဟာ ဟန်ချက် ညီညီဆက်လက် ပူးပေါင်းစစ်ဆင်ရေးဆင်နွဲနေမှသာ စစ်ကောင်စီ အလုံးစုံပြုတ်ကျမှာဖြစ်ပါတယ်။ နောက်တစ်ချက်က စစ်ကောင်စီဟာ နိုင်ငံအနှံ့ အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာ အကြီးအကျယ် စစ်ရှုံးနေတာဖြစ်ပါတယ်။ သို့သော် အကြမ်းဖက် သမားတို့ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်မှုကို ဗျူဟာအဖြစ်အသုံးချကာ မိမိတို့ ပြည်သူနဲ့ တော်လှန်ရေးသမားများကို စိတ်ဓါတ်စစ်ဆင်ရေးအကြီးအကျယ် ဆင်နွဲနေတာကို သတိပြု ကြစေလိုပါတယ်။ ဥပမာအားဖြင့် မြောက်ခင်ရန်းရွာဖြစ်စဉ်မှာကဲ့သို့ မိမိတို့သူရဲကောင်း ရဲဘော်နှစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြ၊ ကောလင်းကို အင်အားအလုံးရင်းနဲ့ တိုက်ခိုက်ပြီး စစ်နိုင်နေတဲ့ မိမိတို့ လူထုနဲ့ တော်လှန်းရေး သမားများကို ထိုးနှက်ပါတယ်။ စစ်ရှုံးနေတဲ့ အကြမ်းဖက်သမားများဟာ အဆိုပါ အကြမ်းဖက်မှု မျိုးကို ပိုမိုကျူးလွန်လာဖွယ်ရှိပြီး မိမိတို့ ဘက်မှ ၎င်းတို့ကျူးလွန်သလို ဥပဒေမဲ့ သတ်ဖြတ် ခြင်းမျိုးမပြုမိရန်၊ တစ်ဖက်မှာလည်း အလွန် အမင်း စိတ်ထိခိုက်မသွားပဲ အောင်ပွဲကိုသာရရှိဖို့ အာရုံစိုက်ကြဖို့လိုပါတယ်။ ဒါ့အပြင် စစ်ပွဲ တိုင်းရဲ့သဘောမှာ အထိခိုက်ကျရှုံးတဲ့အခါရှိတတ်ပြီး အဆိုပါ ထိခိုက်ရသမျှမှ မိမိအားနည်း ချက်များကို မှန်ကန်စွာသုံးသပ်ပြီး ပြန်လည်ပြင် ဆင်နိုင်ခြင်းကသာ အောင်မြင်မှုအတွက် အာမခံချက်ဖြစ်တာကို သတိပြုကြဖို့လိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ၂၀၂၄ ဟာ ပိုမို ရုန်းကန်ကြရမယ့်နှစ် ဖြစ်ကြောင်း၊ ပိုပြီး အလုပ်တွေလုပ်ကြရမယ့် နှစ်လည်း ဖြစ်ကြောင်းနဲ့  အားလုံး ပင်ပန်းနေကြတာ အမှန်ဖြစ်ပင်မယ့် တော်လှန်ရေးအောင်မြင်မှု မရမချင်း အသက်၊ သွေး၊ ချွေးပေးဆပ် သွားကြတဲ့ ပြည်သူတွေအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သား စုဆောင်း မှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေး အောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက်ပြောင်းလဲနိုင်ရေးစီမံချက် တင်ပြတာ ၊ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ စုံစမ်းရေးကော်မရှင် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ့် ဦးဆောင်အုပ်ချုပ်ရေးအဖွဲ့ (Governing Body) သို့ပေးပို့မယ့် အကြံပြုစာတင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်• ကျွန်တော်တို့ဟာ စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ဖို့ ကြိုးစားရာမှာ၊ နိုင်ငံရေး စဉ်းစားချက် ဆိုတာထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင် ဟန့်တားရာ ရောက်နေပါတယ်။ • စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့က ဟန့်တားဖို့ အထူး လိုအပ်နေပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ်စရှိတဲ့ လူငယ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိပါတယ်။  • ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည်ဆောက်ရေးအတွက် တည်ဆောက်ရေးအမြင်ကိုပါ ပေါင်းထည့်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ • ကျွန်တော်တို့ နိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း အသွင်အမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေတဲ့ လူဦးရေ အရွေ့ကို ကြုံတွေ့နေရပါတယ်။ အဲသည့်ထဲမှာ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက် အဓိက မောင်းနှင်အားဖြစ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ လူဦးရေ အရွေ့ဟာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ထွန်းနေပါတယ်။ • လက်ရှိ ဖြစ်ပေါ်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ ကျွန်တော်တို့ဟာ တော်လှန်ရေး အလုပ်နဲ့အတူ နိုင်ငံအတွင်းမှာ လူငယ်တွေအတွက် ရေခံမြေခံကောင်း ဖြစ်ထွန်းရေး / ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းရေးကို တွဲဖက် လုပ်ဆောင်ဖို့ လိုနေပါတယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ပြုန်းတီးအောင် / ပျက်စီးအောင် လုပ်ခြင်းဟာ အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ထိခိုက်နိုင်ပါတယ်။ • ဒါ့ကြောင့် နိုင်ငံအတွင်းမှာ ရေခံ မြေခံကောင်း ဖြစ်ထွန်းရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာတာ တွေ့ရပါတယ်။ ဒီ့အတွက် လူငယ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေ လွတ်လပ်စွာ ရှင်သန်ကြီးထွားနိုင်ရေးကို ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးကြဖို့ ပြောကြားရင်း တိုက်တွန်းလိုက်ပါတယ်။ အရေးတော်ပုံမုချအောင်မြင်ရမည်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org“မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်”၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ကိုတွေ့ရသည်။ထိုသို့ ထုတ်ပြန်ခဲ့ခြင်းအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက် ဝမ်းသာစွာ ဂုဏ်ပြု ကြိုဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အား မွန်တော်လှန်ရေးသမိုင်းတွင် မော်ကွန်းသစ် ရေးထိုးလိုက်သည့် နေ့တနေ့အဖြစ် လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင် ပပျောက်ပြီး  အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လေးနက်စွာ ကတိပြုပါသည်။ တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ဖိတ်ခေါ်လိုက်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အခုဆိုရင် တိုင်းအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တွေနဲ့ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းလာကြတာ တွေရှိ တယ်လို့ သိရပါကြောင်း။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်စီမံနိုင်ဖို့ စီမံချက် တခု ရေးဆွဲပြင်ဆင်နေတာ ရှိပါကြောင်း" ဟုပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

"အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း"၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ယနေ့ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့ အားလုံး “ညီညွတ်သော ပေါင်းစည်းခြင်းနဲ့ ကျစ်လစ်သော စုဝေးခြင်း” ကို ပြည်ထောင်စုနေ့ အမှတ်သင်္ကေတ အနေနဲ့ တွေ့ရ၊ မြင်ရလို့ ကျွန်တော့်အနေနဲ့ အထူး ဝမ်းသာ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ ယနေ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များမှ ခေါင်းဆောင်ကြီးများ၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီမှ လွတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ခံကောင်စီ (NUCC) မှ အဖွဲ့ဝင်များနှင့် ယနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဒီနေ့ အခမ်းအနားဟာ ကျွန်တော်တို့အားလုံးရဲ့ အညီအညွတ် စုဝေးခြင်းနဲ့ တစ်စုတစ်စည်းတည်းဖြစ်မှု၊ တစ်သားတည်းဖြစ်မှုကို အထင်အရှားပြသတဲ့ အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အတိတ်က ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ညီညွတ်ခဲ့ကြသလို၊ ယခု လက်ရှိမှာလည်း ကျွန်တော်တို့ဟာ ညီညွတ်ခြင်းနဲ့ စုဝေးရောက်ရှိနေကြတယ်ဆိုတာကို လက်တွေ့ ပြသခြင်းလည်းဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာခြင်းရဲ့ အနှစ်သာရကို ကြည့်ရင်၊ ကျွန်တော်တို့ဟာ အတူတကွ စုပေါင်းနေထိုင်ခြင်းရဲ့ ကောင်းကျိုးကို လေးနက်စွာ သိမြင်ခဲ့ကြတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးကို ကောင်းစွာ သိမြင်ခဲ့ကြတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့်လည်း တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူဖို့ ပင်လုံစာချုပ်ရယ်လို့ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ပင်လုံစာချုပ်ဟာ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံတော်ရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့ ကောင်းချီးတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပင်လုံစာချုပ်ကို အကြောင်းပြုပြီး ထင်ရှားလာတဲ့ ပြည်ထောင်စုဖွဲ့တည်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လေးနက်သော အတိတ်သမိုင်းနောက်ခံအဖြစ် ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုလေးနက်တဲ့ အတိတ်သမိုင်းနောက်ခံကို အစဉ်အမြဲ အောက်မေ့ သတိရခြင်းနဲ့ ညီညွတ်သော တော်လှန်ရေးခရီးကို ရှေ့ဆက်ကြရမယ်လို့ ပြောချင်ပါတယ်။ ကြီးမြတ်သော ကောင်းချီးတွေတိုင်းကို ဖျက်လိုဖျက်ဆီး လုပ်တဲ့ အကြောင်းတရားတွေဟာ အမြဲတမ်း လိုလို ရှိနေတတ်ကြပါတယ်။ ပင်လုံအနှစ်သာရကို ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စရိုက်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားအောက်ကို ထပ်မံ ကျရောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတွေထဲမှာလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးအောင် နှောက်ယှက်ခံခဲ့ရပါတယ်။ တန်းတူညီမှုနဲ့ အတူတကွ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ခြင်းဆိုတဲ့ အနှစ်သာရဟာ စစ်အာဏာရှင်အစိုးရ လက်အောက်မှာ ပျက်သုဉ်းခဲ့ကြရပါတယ်။ ဒါ့အပြင် လူမျိုးရေး ခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်ခံရမှုတွေကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲမှာ လူမျိုးရေးခွဲခြားမှုဟာ ကြီးမားသထက် ကြီးမားလာခဲ့တာတွေ့ရပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာ ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ပြန်လည် သုတ်သင် ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးက ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအတွက်လည်း အားထုတ်ကြရမှာ ဖြစ်သလို၊ တည်ဆောက်ရေးအတွက်လည်း မြော်မြင် တွေးခေါ်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုသစ်အတွက် ကြိုတင် လုပ်ဆောင်ထားရမယ့် အရေးအရာတွေ အများကြီး ရှိနေတာကို မမေ့သင့်ဘူးလို့ ထင်ပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ယနေ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့အတွက် ထပ်မံ အလေးအနက်ထားရမယ့်ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တဲ့ [K3C] လို့ခေါ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း စတဲ့ တော်လှန်ရေးအင်အားစုကြီးတွေနဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အညီအညွတ် သဘောထားရပ်တည်ချက်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ဘုံသဘောထား ရပ်တည်ချက်အဖြစ် ကျွန်တော်တို့ ပြည်သူလူထုကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများနဲ့ ကျွန်တော်တို့အစိုးရအကြား ခိုင်မာ အားကောင်းတဲ့ နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်နိုင်ခြင်း လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ ဒီဘုံသဘောထားရပ်တည်ချက်ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ အပိုင်း (၂) တွေကို အခြေခံမူထားပြီး တော်လှန်ရေးအလွန်ကာလမှာ ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံရေးလမ်းပြမြေပုံကို ဖော်ဆောင် ထားခြင်းလည်းဖြစ်ပါတယ်။ ဒီလိုမျိုး တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းကြီးတွေနဲ့ ဘုံသဘောထား ရပ်တည်ချက် ရရှိနိုင်အောင် ကြိုးစားလာခဲ့တာ အခု (၃) နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသား ပြည်သူလူထုအပေါင်းကလည်း ဝိုင်းဝန်း ခွန်အားပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို မသွေဖီတဲ့ လုပ်ဆောင်ချက်တွေ သဘောတူညီချက်တွေကို ညီညီညွတ်ညွတ် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ လူထုကို ရှေ့ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေ/ အဖွဲ့အစည်းတွေအနေနဲ့ “ငါ ပါမှ ဖြစ်မယ်၊ ငါ လုပ်မှ ဖြစ်မယ်” ဆိုတဲ့ အရာတွေကို အထူး ရှောင်ကြဉ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ တော်လှန်ရေးကာလဟာ အရေးပေါ်ကာလလည်းဖြစ်တယ်။ပြည်သူလူထုရဲ့ အသက်နဲ့ အိုးအိမ်ကို ရင်းနှီးမြှုပ်နှံပြီး ရှေ့ဆက် လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် လက်ရှိ မြှုပ်နှံပေးဆပ်မှုတွေဟာ အရင်းအနှီး သိပ်ကြီးပါတယ်။ ဒါ့ကြောင့် မိမိတို့အတ္တကို ဇက်ပိုး မသပ်နိုင်ဘဲနဲ့ တော်လှန်ရေးကို နှောင့်နှေးစေမည့်လုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးသတိ အမြဲ ရှိနေဖို့ လိုပါတယ်။ အခုအချိန်မှာ တော်လှန်ရေး ရှေ့ခရီး ခပ်မြန်မြန် / ခပ်သွက်သွက် လျှောက်နိုင်ဖို့ဟာ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ လုပ်ရပ်မျိုး တွေကို ပြည်သူလူထုက လုံးဝ လိုလားမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ ကောင်းစွာ သဘောပေါက် နားလည်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလနဲ့ အသွင်ကူးပြောင်း ရေးကာလအတွင်းမှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင် နိုင်အောင် ဘုံသဘောတူညီချက်အနေနဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်တစ်ခုအဖြစ် ပေါ်ပေါက် လာမှုကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုလက်ကမ်းရမှာ ဖြစ်ပါတယ်။ ဒီဘုံသဘောထားရပ်တည်ချက်ကနေ ဆက်လက် တိုးချဲ့ စုရုံးသွားရမယ့်ကိစ္စတွေလည်း ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အလေးအနက်ထားပြီး အတူတကွ ပေါင်းစည်း ဖြစ်တည်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်တပ်တစ်အား ပါဝင်အားဖြည့်မှုကို ကျွန်တော်တို့ အလေးအနက်ထား ကြိုးစားဖို့ လိုပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အားဖြည့်မှုကိုလည်း အထူး လိုလားစွာ ကြိုဆိုကြောင်း တင်ပြချင်ပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ကျွန်တော်တို့ဟာ ယခုအချိန်မှာ အတိတ်က ကြုံဆုံခဲ့တဲ့ သင်ခန်းစာဟောင်းတွေကို ပြန်လည် ဆင်ခြင်ကြဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ချီပြီး ကြည့်မြင်နားလည်နိုင်တဲ့ မိမိတို့ရဲ့ နိုင်ငံရေး အမြော်အမြင်ကိုလည်း ဆန့်ထုတ်ဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်ခုမှာ ကျွန်တော်တို့ ရင်တွင်းက သဘောထားကြီးမှုကို မဖော်ထုတ်နိုင်ရင် ကျွန်တော်တို့ဟာ ငြိမ်းချမ်းသော / စည်းလုံးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရင်တွင်းမှာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ကိန်းအောင်း ဖြစ်တည်စေဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးအိမ်ထဲမှာ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေ ရှိခဲ့ရင်လည်း ဒါတွေကို စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာ ပဋိပက္ခအသစ်တွေကို ထပ်မံ မကြုံတွေ့စေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုဟာ စစ်ဘေး ဒုက္ခတွေကို အလူးအလဲ ခံနေကြရပါတယ်။ ဒါတွေကို အမြန်ဆုံး ပပျောက်စေဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အထူးလိုအပ်ပါတယ်။ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ပြည်သူလူထုရဲ့ မျက်ရည်ကို ဆင်ခြေတွေနဲ့ နှစ်သိမ့်ပေးတာမျိုး လုံးဝ လုပ်လို့ မရဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ ဒီတာဝန်ကို ကျေပွန်ကြောင်း ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမှာ ဖြစ်ပါတယ်။ လက်တွေ့ အားဖြင့် အကောင်အထည်ဖော်ပြီး ပြသနိုင်ရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အားဖြင့်‌ပြောကြားချင်တဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အထွေထွေသော ဘေးဒုက္ခတွေကို ရင်နှင့်အမျှ ကိုယ်ချင်းစာနာစိတ် အပြည့် ရှိထားဖို့ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သဘောထား သေးသိမ်မှုကြောင့် ပြည်သူလူထု ခံစားရမယ့် အေးငြိမ်းချမ်းသာခြင်းကို ထိပါးစေလို့ မရပါဘူး။ ဒါ့အပြင် မိမိတို့ရဲ့ နိုင်ငံရေးအမြော်အမြင်ဟာ တိုင်းပြည်ရဲ့ ဆယ်စုနှစ်သော အနာဂတ်တွေအထိ စဉ်းစားရမှာဖြစ်သလို ရာစုနှစ်အတိုင်းအတာအထိ ကျော်လွန် စဉ်းစားနိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရေးပြည်ရေးကို စဉ်းစားလုပ်ဆောင်ကြတဲ့နေရာမှာ ရေတိုကိုပဲ ကြည့်လို့ မရပါဘူး / ရေရှည်ကိုလည်း မျှော်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်နဲ့ လူထုရဲ့ အနာဂတ်ရေးကို စဉ်းစားလုပ်ဆောင်တဲ့နေရာမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အသေးအမွှား ပြဿနာတွေ / အခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ အထူးအရေးကြီး ပါတယ်။ တိုင်းပြည်ဟာ “ဦးနင်း ပဲ့ထောင် / ပဲ့နင်း ဦးထောင်” မဖြစ်ဖို့ အထူးလိုအပ်ကြောင်း သတိပြု စေချင်ပါတယ်။ကျွန်တော်တို့ဟာ ပြည်ထောင်စုသစ်ကို တည်ဆောက်တဲ့နေရာမှာ အာမခံချက်ရှိသော တန်းတူညီမျှမှုနဲ့ အာမခံချက်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထား တည်ဆောက်မှသာ အောင်မြင်နိုင်ကြောင်း သတိပြုစေချင်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအခွင့်အရေးတွေနဲ့ အာမခံချက် ရှိသော နိုင်ငံသားလွတ်လပ်ခွင့်တွေကိုလည်း အလေးအနက်ထားပြီး တည်ဆောက်မှသာ စစ်မှန်တဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….အရေးတော်ပုံမုချအောင်ရမည်... ဒူဝါလရှီးလနိုင်ငံတော် ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိပါ။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုပါ။ နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထုကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည် ဖြစ်သည်။စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင်မည်ဖြစ်၍ ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ