သုတေသနနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန


ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးလုပ်ငန်းစဉ်၊ ဖက်ဒရယ်ပညာပေးလုပ်ငန်းစဉ်နှင့် ပြည်ထောင်စုနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်အညီ ပြည်ထောင်စုကို ပြန်လည်တည် ဆောက်ရေးလုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။ မိမိတို့တိုင်းပြည်တွင် ကျင့်သုံးခြင်းမရှိဖူးသေးသော ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို စတင်ကျင့်သုံးခြင်းဖြစ်သောကြောင့် မိမိတို့တိုင်းပြည်အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသင့်လျော်သော ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်များကို စနစ်တကျဖော်ဆောင်ရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်များကို ဖြည့်စွက် ပေးနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် သုတေသနနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနကို ဖွဲ့စည်းတာဝန် ပေးခြင်းဖြစ်ပါသည်။


(က) Federal Paper : Volume one (ဖက်ဒရယ်စာစောင် အတွဲ- ၁)
 
(၁) ဖက်ဒရယ်စနစ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
(၂) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အင်္ဂါရပ်များ
(၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူများ
(၄) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ လွတ်လပ်မှု အခြေခံသဘောတရားများ
(၅) ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်ပြည်ထောင်စုနှင့်ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ) အာဏာ ခွဲဝေကျင့်သုံးခြင်း။
(ခ) Federal Paper : Volume two (ဖက်ဒရယ်စာစောင် အတွဲ- ၂)
 
(၁) ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်သူနှင့်ပတ်ဝန်းကျင်ကို ကာကွယ်မည့်ဒိုင်း
(၂) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်
(၃) ဖက်ဒရယ်စနစ်တွင် တာဝန်ခံမှုအပြည့်အဝရှိသော ပြည်နယ်များ
(၄) ဖက်ဒရယ်ဘဏ္ဍာရေးစနစ် - အခြေခံမူများနှင့် ကျင့်သုံးပုံများ
(၅) စုံလင်ကွဲပြားမှုမှသည် ညီညွတ်ခြင်းဆီသို့
(၆) ဖက်ဒရယ်စနစ်အတွင်းရှိ အစိုးရအလွှာများအကြား ဆက်ဆံရေး
(၇) ဖက်ဒရယ်စနစ်အတွင်းရှိ ဒေသန္တရအစိုးရများ၏ အခန်းကဏ္ဍ
(ဂ) စာအုပ်ထုတ်ဝေခြင်း
  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ “ဖက်ဒရယ်ပြည်ထောင်စုစနစ်” (ဖက်ဒရယ်ရေးရာပညာပေး စာစဉ် အမှတ်- ၁) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယမြန်မာနယ်စပ်တွင်သော်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လ တွင် ထိုင်း-မြန်မာနယ်စပ်တွင်သော်လည်းကောင်း ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါသည်။

သုတေသနနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန၏ လုပ်ဆောင်ချက်များကို အပြည့်အစုံ ဖတ်ရှုရန် အောက်ပါ link များကို နှိပ်ပါ။
 
(၁) ဖက်ဒရယ်စာစောင်များ
(၂) ထုတ်ဝေပြီးသော စာအုပ်များ
(၃) ကိုးကားရမည့် စာအုပ်စာတမ်းများ
 
(က) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) [FCDCC]
(ခ) “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေး ကြိုးပမ်းမှု မှတ်တမ်းများ”
(ဂ) ဒီမိုကရေစီကျင့်စဉ်တရားများ
(ဃ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးအခြေခံမူများ
(င) ဖက်ဒရယ်စနစ်၏အင်္ဂါရပ်များ