ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုတွေကလည်း ဖြစ်နိုင်သမျှ စိုးမိုးနယ်မြေချဲ့ထွင်ရေးကို အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေကိုပဲ ပိုမိုဦးစားပေး လုပ်ဆောင်ပေးဖို့ကို အလေးအနက် ညွှန်ကြားလိုပါကြောင်း။ (၂၀၂၄)က နှစ်ဝက်ရောက်လာပြီ ဖြစ်တာ ကြောင့် ကျွန်တော်တို့အတွက် ဆောင်ရွက်ရမယ့်ကိစ္စတွေကို ညီညီညွတ်ညွတ်နဲ့ အရှိန်မြှင့် လုပ်ဆောင်ကြရမယ့် အချိန်လည်းဖြစ်ပါကြောင်း။ နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေနဲ့ အခြားဝန်ကြီးဌာနအလိုက် လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း။ မြို့နယ်တွေနဲ့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို မူဝါဒပိုင်းတွေသေချာနားလည်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာအကောင်အထည်ဖော်ဆောင်ဖို့၊ လက်ရှိ တော်လှန်ရေးအခြေအနေနဲ့ မြို့နယ်တွင်း အခြေ အနေတွေ ချိန်ဆလုပ်ဆောင်နိုင်ဖို့ကို သေချာလမ်းညွှန်စေချင်ပါကြောင်းပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၀/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။