မိုင်းဝင်းထူး

မိုင်းဝင်းထူး


ဒုတိယ၀န်ကြီး

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးသည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် မွေးဖွားသည့် တအာင်း တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ၂၀၀၀ခုနှစ်တွင် AGTI – MT ဒီပလိုမာ နှင့် ၂၀၁၃ တွင် ဥပဒေ ပညာဘွဲ့ (L.L.B) ကို ရရှိခဲ့သည်။

၂၀၀၉ - ၂၀၁၀ တွင် တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO) တွင် တွဲဖက်အတွင်း ရေးမှူး (၂) အဖြစ်လည်းကောင်း၊ ၂၀၁၂ - ၂၀၁၄ တွင် မြန်မာနိုင်ငံ တအာင်းလူငယ်များ အစည်းအရုံး (TYA) ၏ ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ ၂၀၁၆ မှ ၂၀၂၀ထိ နမ့်ဆန်မဲဆန္ဒနယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်စဉ် လွတ်တော်အမြဲတမ်း ကော်မတီဖြစ်သည့် အစိုးရ၏ အာမခံချက်များ ဂတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ကာကွယ်ရေး ဘတ်ဂျတ် စိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ခဲ့ပြီး၊ တအာင်း (ပလောင်) အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်အား ၂၀၁၅ မှ ၂၀၂၀ အထိ အသီးသီး တာဝန် ယူ ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း နမ့်ဆန် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိ ထားသူလည်းဖြစ်သည်။ ယခုချိန်တွင် တအာင်းနိုင်ငံရေးတိုင်ပင်ခံကော်မတီ (TPCC)၏ ကော်မတီ ဝင်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်နေပါသည်။