ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် ရုံးလုပ်ငန်း၊ ဝန်ထမ်းရေးရာများနှင့် IT လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရုံးအဖွဲ့အဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ ယခုလက်ရှိအချိန်အထိ အောက်ပါအတိုင်း ကဏ္ဍများခွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့မှာ-

(က) စီမံအုပ်ချုပ်မှု နှင့် ဝန်ထမ်းရေးရာဌာနခွဲ

(ခ) ဘဏ္ဍာရေးဌာနခွဲ

(ဂ) CDM ထောက်ပံ့ရေးဌာနခွဲ

(ဃ) ပြည်သူ့ဆက်ဆံရေးနှင့် IT ရေးရာဌာနခွဲ