အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ
ဇွန် ၁၄ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက ၃ နှစ်တာအတွင်း ဆေးရုံ ၊ ဆေးခန်း နှင့် ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်တွင်ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်အတွင်း ဆေးရုံ ၇၇ရုံ ၊ ဆေးခန်း ၃၇၇ ခု နှင့် ရွေ့လျား ဆေးခန်း ၂၅၀ခု စုစုပေါင်း ၇၀၄ ခုတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ခဲသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ကဏ္ဍတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ခွဲစိတ်ခြင်းနှင့် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပြီး ပဏမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး အဖြစ်ပြင်ပလူနာ (ဆေးခန်း ၊ ရွေ့လျားဆေးခန်း) ၊ မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ(TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်း ၊ ကျန်းမာရေးပညာပေးခြင်း တို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။
ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ၂၀၂၁ ခုနှစ် မတ်လ မှ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ ၁,၁၅၈,၃၇၇ ၊ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ ၊ လူနာလွှဲပြောင်း ပို့ဆောင်မှု ၄၁၄၀ တို့ လုပ်ဆောင်ခဲ့သည်။ ယခုဖော်ပြထားသော အချက်အလက်များမှာ ကျန်းမာရေး ဆေးရုံ ၊ ဆေးခန်း ၇၀၀ ကျော်အနက် ၂၂၁ ခုထံမှ သတင်းပေးပို့သည့် အစီရင်ခံစာများကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။
မြေပြင်တွင် အမှန်တကယ်ကုသမှုခံယူခဲ့သော လူနာအရေအတွက်သည် ၃ ဆကျော် ပိုမိုများပြားနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။
ပုံ - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ