အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဇွန် (၄) ရက်• ဒီနေ့အစည်းအဝေးမှာ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး တွန်းတွန်းတိုက်တိုက် ဆော်ဩဖို့ လိုနေတဲ့ကိစ္စတစ်ခုကို အလေးအနက်ထား ပြောချင်ပါတယ်။ အဲသည့်ကိစ္စကတော့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့ကိစ္စပဲ ဖြစ်ပါတယ်။ • အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ်နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။ • ကျွန်တော်တို့ ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်နေချိန်မှာ၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူလူထုတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်ခံကြဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ပြည်သူနဲ့အတူ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အထူးလိုအပ်နေပါတယ်။ • အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွေမှာ အရပ်သား ပြည်သူလူထုကို စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်နေမှုတွေနှင့် အရပ်သားတွေကို လေကြောင်းမှ နေ့စဥ်ဗုံးကြဲ သတ်ဖြတ်နေမှုတွေဟာ အင်မတန်မှ ယုတ်ညံ့လွန်းပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူရွာရှိ ဒေသခံရွာသား (၅၁) ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာကို စိတ်မကောင်းစွာ ထပ်မံ မြင်တွေ့ရပါတယ်။ • အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို  ကျွန်တော်တို့ဟာ ပြည်သူတွေဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ • ကျွန်တော်တို့ အားလုံးဟာ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ လူသားဆန်စွာနဲ့ စစ်ရေးကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုး လုပ်ဆောင်နေတာ ဖြစ်ပေမယ့် စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့်မထားပါဘူး။ ဒါတွေကို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ဖို့လိုသလို၊ ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ အကူအညီတွေကိုလည်း ကြိုးစားရယူဖို့  ဝိုင်းဝန်းကြိုးစား အားထုတ်နေရမှာ ဖြစ်ပါတယ်။ • ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်။ • ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးဟာ “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။အရေးတော်ပုံမုချအောင်ရမည်....

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇွန်လ (၄) ရက်ပထမဦးစွာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နာယကကြီးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်သွား တယ်လို့ ကြားသိရလို့ အင်မတန်ကို စိတ်မကောင်းဖြစ်ရပြီး ဝမ်းနည်းကြေကွဲရပါတယ်။ သူရဦးတင်ဦးဟာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူစဥ်ကတည်းက ပြည်သူလူထု ချစ်ခင်လေး စားခဲ့ရသူ တစ်ဦးဖြစ်သလို ၈ လေးလုံး လူထုအရေးတော်ပုံကြီးတွင်လည်း ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူလူထုဘက်မှ ရပ်တည်လာခဲ့ပြီး ဘဝတစ်လျှောက်လုံး ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ ရှေ့ကခေါင်းဆောင်ကြီးများရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများကို အလဟသ မဖြစ် ရအောင် အစွမ်းကုန်ဆက်လက် ကြိုးစားတိုက်ပွဲ ဝင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်း လိုပါတယ်။တော်လှန်ရေးရဲ့ ဦးဆောင်အစိုးရလည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နှစ် (၇၀) ကျော် ပြည်တွင်းစစ်နဲ့အတူ အာဏာရှင်အဆက်ဆက်ရဲ့ သွေးခွဲဖိနှိပ်အုပ်ချုပ်မှု ဒဏ် ကို ဘက်ပေါင်းစုံကနေ ခံခဲ့ကြရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း ကြတဲ့အခါမှာ ရှုထောင့်ပေါင်းစုံကနေ သေချာစွာလေ့လာသုံးသပ်ပြီး ဖြေရှင်းဖို့လိုအပ်မှာ ဖြစ် သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ခေတ်အဆက်ဆက် ကျင့်သုံးတတ်တဲ့ ဗျူဟာတွေကိုလည်း သတိကြီးကြီးထားပြီး စောင့်ကြည့်ကြဖို့ လိုပါတယ်။ ၃ နှစ်ကျော် ကာလ အတွင်းမှာ စစ်အုပ်စု အနေနဲ့လည်း သူတို့ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့နည်းလမ်းတွေ အလုပ်မဖြစ်တော့ပဲ ပြည်နယ်တွေဘက်မှာလည်း စစ်အင်အားတွေပြိုလဲ၊ နယ်မြေတွေ ဆုံးရှုံးနေရတဲ့ အခြေအနေ တွေနဲ့ ပြည်မဘက်မှာလည်း မမျှော်မှန်းထားတဲ့ PDF အင်အားကြီးထွားလာမှုတွေကို ရင်ဆိုင် နေရပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကလည်း တောက်လျှောက်ကို အားကောင်းနေတဲ့အတွက် သူတို့ နောက်ထပ်ကျင့်သုံးနိုင်ဖွယ်ရှိတဲ့ နည်းဗျူဟာတွေကို ကြိုတင် မှန်းဆပြီး ကျွန်‌တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မနှောင့်နှေးစေပဲ စီစဥ်လုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ သူတို့ရဲ့ လက်ရှိဖြစ်နိုင်ချေရှိတဲ့ အားသာချက်တွေကို အားနည်းချက်တွေဖြစ်သွား အောင် ကြိုးစားကြရမှာဖြစ်ပြီး အားနည်းချက်တွေကို အဆုံးထိရောက်အောင် တွန်းချပစ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ ကောင်းစွာ ယုံကြည်ပြီး အားထုတ်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ “တိုင်းပြည် စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်း ဆီသို့” သတင်းစာရှင်းလင်းပွဲ မှာတင်ပြခဲ့သလို စီးပွား‌ရေးအခြေအနေတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ကျဆုံးခန်းဆီသို့ ရောက်အောင်တွန်းပို့နေပြီ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ သုံးပြီး ပြည်သူကို သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာရေးကဏ္ဍဘက်မှာ ပြိုလဲပြီဆိုရင်တော့ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွေပါ နလန်ထူဖို့ လွယ်ကူတော့မှာ မဟုတ်တဲ့အတွက် ဒါဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိရှိပြီး ဖြစ် မှာပါ။ ကျွန်တော်တို့အားလုံးက ဟန်ချက်ညီညီ ရှေ့ဆက်နိုင်ကြဖို့ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သလို အားနည်းချက်တွေကိုလည်း အားသာချက်ဖြစ်လာအောင် ကြိုးစား ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုအပ်တာက ကဏ္ဍတစ်ခုတည်း အားကောင်း နေရုံနဲ့တော့ မဟာဗျူဟာကျကျ အောင်ပွဲဆင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ကဏ္ဍပေါင်းစုံက ဟန်ချက်ညီညီ ချိတ်ဆက်မိနေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးဆွဲအတည်ပြု ခဲ့ကြတဲ့ ၂၀၂၄ မဟာဗျူဟာနှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ထပ်မံတိုက်တွန်းလို ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဖြတ်သန်းလာကြရတဲ့ တော်လှန်ရေး သမိုင်းတစ်လျှောက်မှာ ဒီတော်လှန်ရေးလောက် ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ရရှိတဲ့ တော်လှန်ရေးမျိုး မရှိခဲ့တာမို့ ဒီအင်အားတွေကို သေသေချာချာ တန်ဖိုးထားပြီး အစွမ်းကုန် ကြိုးစားလျက် ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် ◼ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန် နေချိန်မှာ၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူ လူထုတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်ခံကြဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတပြောကြားဇွန် ၄  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “  ဒီနေ့အစည်းအဝေးမှာ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး တွန်းတွန်းတိုက်တိုက်ဆော်ဩဖို့ လိုနေတဲ့ကိစ္စတစ်ခုကို အလေးအနက်ထား ပြောချင်ပါ တယ်။ အဲသည့်ကိစ္စကတော့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သား ပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့ကိစ္စပဲ ဖြစ်ပါတယ်။ အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ်နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန်နေချိန်မှာ၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူ လူထုတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်ခံကြဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ပြည်သူနဲ့အတူ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အထူးလိုအပ်နေပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “  အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တွေမှာ အရပ်သား ပြည်သူလူထုကို စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်နေမှုတွေနှင့် အရပ်သားတွေကို လေကြောင်းမှ နေ့စဥ်ဗုံးကြဲ သတ်ဖြတ်နေမှုတွေဟာ အင်မတန်မှ ယုတ်ညံ့လွန်းပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူရွာရှိ ဒေသခံရွာသား (၅၁) ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာကို စိတ်မကောင်းစွာ ထပ်မံ မြင်တွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို  ကျွန်တော်တို့ဟာ ပြည်သူတွေ ဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ လူသားဆန်စွာနဲ့ စစ်ရေးကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုး လုပ်ဆောင်နေတာ ဖြစ်ပေမယ့် စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့်မထားပါဘူး။ ဒါတွေကို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ တော်လှန်ရေး အင်အားစု အချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ဖို့လိုသလို၊ ပြည်ပနိုင်ငံတွေရဲ့ အထောက် အပံ့ အကူအညီတွေကိုလည်း ကြိုးစားရယူဖို့  ဝိုင်းဝန်းကြိုးစား အားထုတ်နေရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘော ပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေး ကိစ္စရပ် တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာ ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးဟာ “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထု ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရမှာ ဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နာယကကြီးဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ် ဟောင်း သူရဦးတင်ဦး ကွယ်လွန်သွားတယ်လို့ ကြားသိရလို့ အင်မတန်ကို စိတ်မကောင်းဖြစ်ရပြီး ဝမ်းနည်းကြေကွဲရပါတယ်။ သူရဦးတင်ဦးဟာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူစဥ်ကတည်းက ပြည်သူလူထု ချစ်ခင်လေး စားခဲ့ရသူ တစ်ဦးဖြစ်သလို ၈ လေးလုံး လူထုအရေးတော်ပုံကြီးတွင် လည်း ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူလူထုဘက်မှ ရပ်တည်လာခဲ့ပြီး ဘဝတစ်လျှောက်လုံး ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားခဲ့ပေမယ့် ကျွန်တော်တို့ အနေနဲ့ ရှေ့ကခေါင်းဆောင်ကြီးများရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများကို အလဟသ မဖြစ် ရအောင် အစွမ်းကုန်ဆက်လက် ကြိုးစားတိုက်ပွဲ ဝင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်း လိုပါတယ်။ တော်လှန်ရေးရဲ့ ဦးဆောင်အစိုးရလည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နှစ် (၇၀) ကျော် ပြည်တွင်းစစ်နဲ့အတူ အာဏာရှင်အဆက်ဆက်ရဲ့ သွေးခွဲဖိနှိပ်အုပ်ချုပ်မှု ဒဏ် ကို ဘက်ပေါင်းစုံကနေ ခံခဲ့ကြရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း ကြတဲ့ အခါမှာ ရှုထောင့်ပေါင်းစုံကနေ သေချာစွာလေ့လာသုံးသပ်ပြီး ဖြေရှင်းဖို့လိုအပ်မှာ ဖြစ် သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ခေတ်အဆက်ဆက် ကျင့်သုံးတတ်တဲ့ ဗျူဟာတွေကိုလည်း သတိကြီးကြီး ထားပြီး စောင့်ကြည့်ကြဖို့ လိုပါတယ်။ ၃ နှစ်ကျော် ကာလ အတွင်းမှာ စစ်အုပ်စု အနေနဲ့လည်း သူတို့ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့နည်းလမ်းတွေ အလုပ်မဖြစ်တော့ပဲ ပြည်နယ်တွေဘက်မှာ လည်း စစ်အင်အားတွေပြိုလဲ၊ နယ်မြေတွေ ဆုံးရှုံးနေရတဲ့ အခြေအနေ တွေနဲ့ ပြည်မဘက်မှာလည်း မမျှော်မှန်းထားတဲ့ PDF အင်အားကြီးထွားလာမှုတွေကို ရင်ဆိုင်နေရပြီး နိုင်ငံရေးလှုပ်ရှားမှု တွေကလည်း တောက်လျှောက်ကို အားကောင်းနေတဲ့အတွက် သူတို့ နောက်ထပ်ကျင့်သုံးနိုင်ဖွယ် ရှိတဲ့ နည်းဗျူဟာတွေကို ကြိုတင် မှန်းဆပြီး ကျွန်‌တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မနှောင့်နှေးစေပဲ စီစဥ်လုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ သူတို့ရဲ့ လက်ရှိဖြစ်နိုင်ချေရှိတဲ့ အားသာချက်တွေကို အားနည်းချက် တွေဖြစ်သွားအောင် ကြိုးစားကြရမှာဖြစ်ပြီး အားနည်းချက်တွေကို အဆုံးထိရောက်အောင် တွန်းချပစ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ ကောင်းစွာ ယုံကြည်ပြီး အားထုတ်ကြဖို့ထပ်မံတိုက်တွန်းလိုပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်း ဆီသို့” သတင်းစာရှင်းလင်း ပွဲ မှာတင်ပြခဲ့သလို စီးပွား‌ရေးအခြေအနေတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ကျဆုံးခန်းဆီသို့ ရောက်အောင်တွန်းပို့နေပြီဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေသုံးပြီး ပြည်သူကို သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာရေးကဏ္ဍဘက်မှာ ပြိုလဲပြီဆိုရင်တော့ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွေပါ နလန်ထူဖို့ လွယ်ကူတော့မှာ မဟုတ်တဲ့အတွက် ဒါဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ကျွန်တော်တို့အားလုံးက ဟန်ချက်ညီညီ ရှေ့ဆက်နိုင်ကြဖို့ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သလို အားနည်းချက်တွေကိုလည်း အားသာချက်ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုအပ်တာက ကဏ္ဍတစ်ခုတည်း အားကောင်းနေရုံနဲ့တော့ မဟာဗျူဟာကျကျ အောင်ပွဲဆင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ကဏ္ဍပေါင်းစုံက ဟန်ချက်ညီညီ ချိတ်ဆက်မိနေဖို့ အင်မတန် အရေးကြီး ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးဆွဲအတည်ပြု ခဲ့ကြတဲ့ ၂၀၂၄ မဟာဗျူဟာ နှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် လက်ရှိတော်လှန်ရေးဟာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု အပြည့်အဝရရှိထားတဲ့ အတွက် အဲဲဒီအင်အားတွေကို သေသေချာချာ တန်ဖိုးထားပြီး အစွမ်းကုန်ကြိုးစားကာ ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။                                 အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဒေါက်တာဇော်ဝေစိုးက Japan trip report တင်ပြတာ ၊ ဆက်သွယ်ရေး ၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနက IT and Website update တင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”၂၀၂၄ခုနှစ်၊ ဇွန်လ (၃)ရက်၂၀၂၄ခုနှစ်၊ မေလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ ပူးပေါင်းအင်အား (၁၇၀)ကျော်ပါဝင်သော စစ်ကြောင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဘေးရှိ ဗျိုင်းဖြူရွာကို အလုံးအရင်းဖြင့် ဝင်ရောက်ကာ တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး ကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်း၊ ရွာသူရွာသား စုစုပေါင်း (၅၁) ဦးကို သတ်ဖြတ်ခြင်း၊ ရွာထဲရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်စသည့် ပစ္စည်းများကို ခိုးယူခြင်း၊ ဇွန်လ (၁) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင်လည်း အဆိုပါဗျိုင်းဖြူကျေးရွာနှင့်ကပ်လျက် မင်းကင်းတောရွာသစ်၊ ရွာဟောင်းတို့အား အကြောင်းမဲ့မီးရှို့ခြင်းတို့ကို ကျူးလွန်ကာ နောက်ထပ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုနှင့် စစ်ရာဇဝတ်မှုများကို ရက်စက်စွာ ကျူးလွန်ခဲ့ကြကြောင်း သိရှိရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားများကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်နေမှုအပေါ် ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဝမ်းနည်းကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org“ဝမ်းနည်းကြောင်း သဝဏ်လွှာ”၂၀၂၄ခုနှစ်၊ ဇွန်လ ၁  ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏  နာယက၊ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ယနေ့နံနက် (၀၈:၄၅)နာရီ အချိန်တွင် လူကြီးရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူ မိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဦးတင်ဦးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲရယူထားချိန် ဖြစ်သည့် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင်လည်း ပြည်သူလူထု အထိအခိုက်နည်းစေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည့်အတွက် အများပြည်သူ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ ထိုမျှသာမက ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင်လည်း တပ်မှူးဟောင်းကြီးများပါဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်ဌာနအရှေ့တွင် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထုကြီးအား စည်းရုံးဟောပြောခဲ့ရာမှ ပြည်သူ့ထောက်ခံမှု ပိုမိုရရှိလာခဲ့ပါသည်။ဦးတင်ဦးသည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့် အတူ၊ အခြားသော ဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစတင်၍ ကွယ်လွန်ခဲ့သည့် အချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့်  ဦးဆောင်ပါဝင်ခဲ့မှု ကြောင့် စစ်အာဏာရှင်အဆက်ဆက်၏  ဖမ်းဆီးအကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပါသည်။ ဦးတင်ဦးသည် တပ်မတော်သားဘဝ အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာရာထူးကို ရယူထားသည့်အချိန်များတွင် ယင်းရာထူးအာဏာဖြင့် ပြည်သူအပေါ် အနိုင်အထက် ပြုကျင့်မှုမရှိဘဲ ပြည်သူ့တပ်မတော်သားကောင်းတစ်ဦးအဖြစ် ရပ်တည်ခဲ့ခြင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတစ်လျှောက်လုံးတွင်လည်း ပြည်သူနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက် ခဲ့ခြင်း  တို့ကြောင့် ပြည်သူလူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါသည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယက သူရဦးတင်ဦး ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ များစွာ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဦးတင်ဦး၏ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ယူ အသိအမှတ် ပြုကာ ယခု ပြည်သူ့နွေဦးတော်လှန်ရေးကိုလည်း အမြန်ဆုံး အောင်မြင်ပြီးမြောက်သည်အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို ထပ်လောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။     အမျိုးသားညီညွတ်ရေးအစိုးရ

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ မေလ  (၃၀) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တော်လှန်ရေးအောင်မြင်စေဖို့အတွက် ဘဏ္ဍာရန်ပုံငွေသည် အရေးကြီးတဲ့ကဏ္ဍဖြစ်သလို အင်အားစုတွေ စုစုစည်းစည်းနဲ့ အင်အားတွေ ကောင်းလာစေဖို့၊ အချင်းချင်းအကြား အချိတ်အဆက် ကောင်းမွန်စွာနဲ့ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်စေဖို့ ကဏ္ဍတွေဟာလည်း အလွန်အရေးကြီးတာဖြစ်လို့ စည်းစည်းလုံးလုံးနဲ့အလုပ်လုပ်နိုင်ကြစေဖို့ လမ်းညွှန်မှုတွေပြုလုပ်စေချင်ပါကြောင်း။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သိသာမြင်သာတဲ့ အချိုးအကွေ့ တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြရမှာဖြစ်ပါကြောင်း။ စစ်ရေး၊ စီးပွားရေး ဖိအားတွေရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသက်ရှူခွင့်မပေးဘဲ အပြီးတိုင် တိုက်ခိုက်ကြရမယ့် အချိန်ဖြစ်ပါကြောင်း။ ကျွန်တော်တို့အစိုးရအနေနဲ့ ကဏ္ဍစုံကနေ လစ်ဟာမှုမရှိစေအောင် ကြိုးပမ်းကြ ရမယ့်အချိန်ဖြစ်ပါကြောင်း။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအနေနဲ့ (၂) နှစ်ကျော် စီမံဆောင်ရွက်လာခဲ့တဲ့ လုပ်ငန်းတွေ အစီအမံတွေကို ပြင်ဆင် သင့်တာ ရဲရဲဝံ့ဝံ့ ပြင်ဆင်ဖို့၊ ပြောင်းလဲသင့်တာတွေကို ပီပီပြင်ပြင် ပြောင်းလဲဖို့ လိုအပ်ပါကြောင်း။ အုပ်ချုပ်ရေး ကဏ္ဍကို ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့၊ တော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အတွက် ပြုပြင်သင့်တာပြုပြင်၊ ပြောင်းလဲသင့်တာပြောင်းလဲပြီး ဆက်လက် ကြိုးစားကြဖို့ တိုက်တွန်းရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၈/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၁၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◼လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား မေ ၂၈   ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့် အနေနဲ့ လက်ရှိ ရက္ခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရေးကိစ္စတချို့ကို ပြောကြားလိုတာရှိပါတယ်။ အထူးသဖြင့် ရက္ခိုင်ပြည်နယ်အတွင်းမှာ၊ အကြမ်းဖက်စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှု  တွေကို အမြောက်အမြား တွေ့မြင်နေရပါတယ်။ ရက္ခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲ ခံနိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း၊ ရက္ခိုင်ပြည်နယ်မှာ အနောက်တံခါးပြဿနာလို့ ခေါ်တဲ့ ပထဝီနိုင်ငံရေးပြဿနာဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးအနေနဲ့ အခုအချိန်အထိ တတိတိ ခံစားနေရပါတယ်။ ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်း အာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ များသောအားဖြင့် လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စရပ်တွေကို အလေး အနက်ထားပြီး ရှုမြင် ချည်းကပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုပါတယ်။ ” လို့ ပြောကြား ပါတယ်။ဆက်လက်ပြီးတော့လည်း “လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူး ခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်အနေနဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကို အနည်းငယ် ပြောချင်ပါတယ်။ အခုတလော လူမှုကွန်ယက် စာမျက်နှာ အတော်များများမှာ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခပ်များများ တွေ့မြင်နေရ ပါတယ်။ ဒီလို ဝေဖန်မှုတွေထဲမှာ လက်တွေ့ အရှိတရားကို ထင်ဟပ်တဲ့ ထောက်ပြဝေဖန်မှုတွေကို တွေ့ရသလို၊ နိုင်ငံရေးအပုတ်ချတဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တဲ့ ဝေဖန်ရေးအရေ ခြုံတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူထုကြားမှာ အမှန်ရှာဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကို ရုပ်ဆိုးအကျည်း တန်အောင် ထိုးနှက်လာတဲ့ ပယောဂတွေနဲ့ ကြောင်သူတော်တွေရဲ့ လုပ်ဇာတ်ကိုလည်း သတိထား တုံ့ပြန်ပြီး၊ လူထုအတွင်းက အရှိတရားနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ အထူးလိုအပ်ပါတယ်။ လူထုထဲမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရှိပကတိတွေကိုသာ အမှန်တရားလို့ ယူဆပြီး ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်အောင် လုပ်ရမယ်လို့ ယုံကြည်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် လက်ရှိ အခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှု မရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြရမှာ ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် အစိုးရအဖွဲ့ တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ ဒီနှစ်အတွင်းမှာ အထူးအားစိုက်ကြရမယ့် ကဏ္ဍတွေအဖြစ် အုပ်ချုပ်ရေးကဏ္ဍ အပိုင်းကဆိုရင် အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍ နဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ရှင်းရှင်းလင်းလင်း ဖြစ်နေစေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီကဏ္ဍ ၃ ရပ်လုံးကိုလည်း အားစိုက်ဆောင်ရွက်နေကြ တယ်လို့လည်း သိရပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ် ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ် ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် နောက် ဆက်တွဲ မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လုပ်ဆောင်ရမှာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုရင် ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာလည်း တိုးတက်မှု တွေရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွဲကူးရေပါဆိုသလို မြို့နယ်တွေကို အသေးစိတ် လေ့လာသုံးသပ်ရင်း လိုအပ်နေတဲ့ တရားရေးဥပဒေစိုးမိုးရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်မှု အပိုင်းတွေကိုပါ လုပ်ဆောင်သွား ကြရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ အတွက်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အစိုးရဝန်ကြီးတွေ ဆက်တိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်ဘက်ကလည်း တွန်းတွန်း တိုက်တိုက် အားစိုက်ရမယ့် ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။  ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “စစ်ရေးကဏ္ဍကတော့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး နိုင်ငံခြားရေးကဏ္ဍဘက်ကတော့ အာရုံစိုက်စရာတွေပိုများလာမယ့်နှစ် ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံကြရတဲ့အခါမှာ နိုင်ငံတိုင်းဟာ သူ့ရဲ့ National Interest ရှိကြတာမို့ အဲ့ဒီ့အကျိုးအမြတ်တွေကြားကမှ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ တွေကို နည်းမှန်လမ်းမှန် အာရုံစိုက်ပြီး လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းရတာ တကယ်တော့ မလွယ်ပါဘူး။ ဒီကနေ့ ဒီအခြေအနေမျိုးထိရောက်အောင် စွမ်းဆောင်ပေးလာကြတဲ့ နိုင်ငံခြား ရေးဘက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူထုဝန်ဆောင်မှုပေးတဲ့ ကဏ္ဍဘက်ကတော့ တော်လှန်ရေးကာလအတွင်းကိုပင် အတော်လေးထိထိရောက်ရောက် အလုပ်နိုင်ဆုံးကဏ္ဍတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးတယ်ဆိုတာတောင် ပြည်သူတွေ ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့စာရင် တကယ့်ကို နည်းပါးလွန်းတာမို့ ပြည်သူတွေ ဒုက္ခမျိုးစုံက လွတ် မြောက်နိုင်အောင် ကြိုးစားရမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးပဲဖြစ်ပါတယ်။ ဒီအတွက်တော့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးကြပါ။ ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ချိန်ဆပြီး ထိထိရောက်ရောက် ဖြစ်စေမယ့် အလုပ်တွေကို လေ့လာဆန်းစစ်လုပ်ဆောင်ကြပါ။ ဒီနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအားလုံးအတွက် အချက်ပေးခေါင်းလောင်းထိုးနေတဲ့ နှစ်ဖြစ်တယ်လို့ ခံယူကြ ပြီး ကြိုးစားလုပ်ဆောင်ကြ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ ၁၁၂ ကြိမ်မြောက် အလုပ်သမားရေးရာ ညီလာခံနဲ့ ပတ်သက်ပြီး အလုပ် သမားဝန်ကြီးဌာန ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  မေလ (၂၈) ရက် ဒီနှစ်အတွင်းမှာ အထူးအားစိုက်ကြရမယ့် ကဏ္ဍတွေအဖြစ် အုပ်ချုပ်ရေးကဏ္ဍ အပိုင်းကဆိုရင် အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍ နဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်ရှင်းရှင်းလင်းလင်း ဖြစ်နေစေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီကဏ္ဍ ၃ ရပ်လုံးကိုလည်း အားစိုက်ဆောင်ရွက်နေကြ တယ်လို့လည်း သိရပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ် ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် နောက် ဆက်တွဲ မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လုပ်ဆောင်ရမှာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုရင် ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာလည်း တိုးတက်မှု တွေရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွဲကူးရေပါဆိုသလို မြို့နယ်တွေကို အသေးစိတ် လေ့လာသုံးသပ်ရင်း လိုအပ်နေတဲ့ တရားရေးဥပဒေစိုးမိုးရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်မှု အပိုင်းတွေကိုပါ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အစိုးရဝန်ကြီးတွေ ဆက်တိုက်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်ဘက်ကလည်း တွန်းတွန်း တိုက်တိုက် အားစိုက်ရမယ့် ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ စစ်ရေးကဏ္ဍကတော့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး နိုင်ငံခြားရေးကဏ္ဍဘက်ကတော့ အာရုံစိုက်စရာတွေပိုများလာမယ့်နှစ် ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံကြရတဲ့အခါမှာ နိုင်ငံတိုင်းဟာ သူ့ရဲ့ National Interest ရှိကြတာမို့ အဲ့ဒီ့အကျိုးအမြတ်တွေကြားကမှ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ တွေကို နည်းမှန်လမ်းမှန် အာရုံစိုက်ပြီး လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းရတာ တကယ်တော့ မလွယ်ပါဘူး။ ဒီကနေ့ ဒီအခြေအနေမျိုးထိရောက်အောင် စွမ်းဆောင်ပေးလာကြတဲ့ နိုင်ငံခြား ရေးဘက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူထုဝန်ဆောင်မှုပေးတဲ့ ကဏ္ဍဘက်ကတော့ တော်လှန်ရေးကာလအတွင်းကိုပင် အတော်လေးထိထိရောက်ရောက် အလုပ်နိုင်ဆုံးကဏ္ဍတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးတယ်ဆိုတာတောင် ပြည်သူတွေ ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့စာရင် တကယ့်ကို နည်းပါးလွန်းတာမို့ ပြည်သူတွေ ဒုက္ခမျိုးစုံက လွတ် မြောက်နိုင်အောင် ကြိုးစားရမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးပဲဖြစ်ပါတယ်။ ဒီအတွက်တော့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးကြပါ။ ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ချိန်ဆပြီး ထိထိရောက်ရောက် ဖြစ်စေမယ့် အလုပ်တွေကို လေ့လာဆန်းစစ်လုပ်ဆောင်ကြပါ။ ဒီနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအားလုံးအတွက် အချက်ပေးခေါင်းလောင်းထိုးနေတဲ့ နှစ်ဖြစ်တယ်လို့ ခံယူကြ ပြီး ကြိုးစားလုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။