စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်

စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၁၃/၂၀၂၄)၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်၁။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် (၃) ဦးသေဆုံးပြီး ပြည်သူ (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၂။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် (၄) ဦးထက် မနည်း သေဆုံးပြီး ပြည်သူ (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်းတို့သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။  စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေခြင်းစသည့် အကြမ်းဖက် တရားမဲ့ လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။၄။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များအတွက် နိုင်ငံတကာ အနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးသူငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေး အတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေပါသည်။ ၅။ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ပညာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်==================================၂၀၂၄ ခုနှစ်၊ ဇွန်လ(၃) ရက်နေ့၊ နံနက် (၈) နာရီခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောရွာသို့ မကွေးဘက်မှ တက်လာသည့်အကြမ်းဖက်စစ်အုပ်စု၏ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၃၃) ဦးသေဆုံးပြီး ဒဏ်ရာရသူပေါင်း (၆၄)ဦးရှိခဲ့သည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခံရ သောကြောင့် (၁)ဦး ထပ်မံသေဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ (၃၄)ဦး ရှိခဲ့သည်။ အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။ Junta drops 250-pound bombs over Mataw Village in Mingin Township, Kalay District in Sagaing RegionCan Explore detailed information and witness in the following Infograph. Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means. 

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇွန်လ  (၆) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုကဏ္ဍကို စတင်အကောင်အထည် ဖော်ခဲ့ကြတဲ့ (၂၀၂၁) ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလ ကစလို့ ယနေ့အချိန်အထိ ဖွဲ့စည်းခဲ့ကြတဲ့ မြို့နယ် အသီးသီးရဲ့လိုအပ်ချက်တွေဖြည့်ဆည်ရင်း၊ အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေ၊ တော်လှန်‌ရေးဆိုင်ရာ ပြဿနာတွေဖြေရှင်းကြရင်း ဖြတ်သန်းခဲ့ကြတာ ယခုဆိုရင် (၃)နှစ်နီးပါးကို ရောက်ရှိလာပြီ ဖြစ်ပါကြောင်း။ အခုဆိုရင်တော့ မြို့နယ်တမြို့နယ်ချင်းစီကိုပါ သေချာတွေ့ဆုံပြီး အုပ်ချုပ်ရေးကဏ္ဍ ပိုမိုအားကောင်းဖို့ တော်လှန်‌ရေးအတွက် ပိုမိုထိရောက်မှုရှိဖို့ လုပ်ဆောင်နေကြတာမို့ မြို့နယ် တမြို့နယ်ချင်းစီရဲ့ အခြေအနေတွေလည်း အတော်လေးသိရှိလာရကြပြီဖြစ်ပါကြောင်း။ လိုအပ်ချက်တွေ ပြဿနာတွေကို သိရှိပြီးပြီဆိုရင်တော့ ဝန်ကြီးဌာနတွေအနေနဲ့ ထိထိရောက်ရောက် အလုပ် ဆက်လုပ်ကြရမှာဖြစ်ပါကြောင်း။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်ကို ထူထောင်နိုင်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရမှာဖြစ်ပါကြောင်း။  ဒီလိုဖြေလျှော့တဲ့အခါမှာ မြေပြင်ရဲ့အားကောင်းတဲ့ ယန္တရားစနစ်တွေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေက ခိုင်မာနေဖို့၊ ထိုက်သင့်တဲ့ အတွေ့အကြုံတွေရနေဖို့က အင်မတန် အရေးကြီး လှပါကြောင်း။ အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေကို တစ်ဌာနချင်းစီဖြေရှင်းနိုင်တာကို တစ်ဌာနချင်းစီဖြေရှင်းရမှာ ဖြစ်ပြီး တစ်ဌာနတည်းအားနဲ့မရရင် ဝန်ကြီးဌာနများရဲ့စုပေါင်းအားနဲ့ ညီညီညွတ်ညွတ် ဝိုင်းဝန်း ဖြေရှင်းမှသာ ပြေလည်မှာဖြစ်ကြောင်း ပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၉/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၁၅)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar delegation တို့ တွေ့ဆုံဆွေးနွေးခြင်း

နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar delegation တို့ တွေ့ဆုံဆွေးနွေးခြင်း

နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar delegation တို့ တွေ့ဆုံဆွေးနွေးခြင်း၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်၊ ဝါရှင်တန်ဒီစီမြို့ Special Advisory Council for Myanmar အဖွဲ့ delegation သည် Washington D.C မြို့သို့ ရောက်ရှိစဥ် အမျိုးသားညီညွတ်ရေးအစိုးရ ၊ Washington D.C ရုံးသို့ လာရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် အဖွဲ့အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ Ms. Yanghee Lee နှင့် Mr. Chris Sidoti ခေါင်းဆောင်သော Delegation သည် ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် လက်ရှိ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ၊ မကြာသေးခင်က ထုတ်ပြန်ခဲ့သော SAC-M ၏ Briefing paper – Effective Control in Myanmar 2024 အကြောင်းနှင့် ပြည်တွင်း လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး H.E. the Hon Penny Wong တို့ ကင်ဘာရာမြို့တွင် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး H.E. the Hon Penny Wong တို့ ကင်ဘာရာမြို့တွင် တွေ့ဆုံ

သတင်းထုတ်ပြန်ချက်============အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး H.E. the Hon Penny Wong တို့ ကင်ဘာရာမြို့တွင် တွေ့ဆုံအရေးပါသည့် သံတမန်ရေးရာ ဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wong နှင့် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကင်ဘာရာမြို့တွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို အဓိကဆွေးနွေးနွေးခဲ့ကြပြီး၊ မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စရပ်များတွင် စိန်ခေါ်မှုများကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ရန်တို့အတွက် နိုင်ငံတကာအကူအညီများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်းကို အလေးထား ပြောကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ပံ့ပိုးကူညီနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးတို့ အပါအဝင် ဩစတြေးလျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူပြုသည့် ငြိမ်းချမ်း၊ သာယာဝပြောသော ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကတိကဝတ်အား ထပ်လောင်း အတည်ပြုခဲ့သည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ Website ကို အမြင်သစ်ဖြင့် မိတ်ဆက်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ Website ကို အမြင်သစ်ဖြင့် မိတ်ဆက်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ Website ကို အမြင်သစ်ဖြင့် မိတ်ဆက်ဇွန် ၅ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က အမျိုးသားညီညွတ်ရေးအစိုးရ ၏ website ကို အမြင်သစ်ဖြင့် မိတ်ဆက်လိုက်ပြီဟု ဝန်ကြီးဌာနဖွဲ့စည်းခြင်း (၃) နှစ်ပြည့်နေ့ဖြစ်သည့် ဇွန် ၅ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။အမျိုးသားညီညွတ်ရေးအစိုးရ၏ Website ဖြစ်သော nugmyanmar.org ၏အမြင်သစ်ပုံစံတွင် features အသစ်များ ထည့်သွင်းထားပြီး nugmyanmar.org မှ တဆင့် ဝန်ကြီးဌာနများ၏ websites များကိုသွားရာတွင် မူလ website ပုံစံမပြောင်းစေရန် Ministry Menu ကို ထည့်သွင်းထားပါသည်။ထို့အပြင် အပတ်စဉ် အင်္ဂလိပ်မြန်မာ နှစ်ဘာသာနှင့် ထုတ်ဝေလျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ်သတင်းထုတ်ပြန်ချက် (NUG weekly Update) ကို subscribe ပြုလုပ်ထားနိုင်သည့် Feature လည်းပါဝင်ပြီး မိမိ၏ Email ကို ထည့်သွင်း Subscribe လုပ်ထားခြင်းဖြင့် အပတ်စဉ် ထုတ်ပြန်ချက်နှင့် အခြားထုတ်ပြန်ချက်များကို ရရှိနေမည်ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်၁။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက် (၁၂း၀၆) နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပါသည်။ အသက် (၉) နှစ်ကျော်အရွယ် လူနာစောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ လူနာစောင့်များနှင့် ပြည်သူများ စုစုပေါင်း (၁၇) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အနက် (၃) ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါသည်။ ပြင်းထန်ဒဏ်ရာရရှိသူ (၃) ဦးထဲတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါသည်။၂။ ယနေ့ (၄-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၄၀) နာရီအချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ခင်ရှည်ကျေးရွာ ဆေးခန်းကို လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးခန်းမှာ များစွာ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသားကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။၃။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ၅။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းသည်။၆။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။၇။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေး နှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေး နှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး

"အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေး နှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး"====================================အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနတို့ ပူးပေါင်း၍ တပ်ရင်း ၅၁၀၁ မှရဲဘော်များ၊ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေသော တပ်သားအသစ်များကို လူ့အခွင့်အရေး (Human Rights) အခြေခံနှင့် စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) သင်တန်းကို ပေးအပ်ခဲ့သည်။ သင်တန်းကို ၃ ရက်ကြာ Hybrid ပုံစံဖြင့် မြေပြင်နှင့် အွန်လိုင်း ပေါင်းစပ်သင်ကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ International Humanitarian Laws/Geneva Convention နှင့် သက်ဆိုင်သည်များကို အခြေခံသဘောတရားများ သင်ကြားပို့ချပေးခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အ‌ရေးဆိုင်ရာဝန်ကြီးဌာန