ဖက်ဒရယ်ပညာပေးရေးရာဌာန


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုသော ပင်လုံစာ ချုပ်အရ ဖွဲ့စည်းထူထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေးရရှိ သည့်အချိန်မှ ယနေ့တိုင် ပင်လုံစာချုပ်တွင် သဘောတူချုပ်ဆိုခဲ့သော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ကြီးကို ထူထောင်နိုင်ခြင်း မရှိသေးပေ။
        စစ်အာဏာရှင်စနစ်သည် “ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးအတွက် အဓိကအဟန့် အတားဖြစ်ရုံ သာမက ဒီမိုကရေစီစနစ်၏ အဓိကရန်သူ ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီး တိုင်ဖယ်ရှားပြီး စစ်မှန် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးသည် မိမိတို့၏ အန္တိမပန်းတိုင်ဖြစ်ပါသည်။ ထိုပန်း တိုင်သို့ရောက်ရှိနိုင်ရေးအတွက် မိမိတို့တော်လှန်ရေးအင်အားစုအားလုံးသည် မမှိတ်မသုန်ကြိုးပမ်းလျက်ရှိကြသည်။ အထူးသဖြင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်နေ သော ဖက်ဒရယ်ပညာပေးလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
                ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် ဖက်ဒရယ်ပညာပေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ ယခုလက်ရှိအချိန်အထိ အောက်ပါအတိုင်း ကဏ္ဍခွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့မှာ-

(၁) Federal Dialogue (ဖက်ဒရယ်ဆိုင်ရာဆွေးနွေးဖလှယ်ပွဲများ ကျင်းပခြင်း)
(၂) Federal Training (ဖက်ဒရယ်ဆိုင်ရာသင်တန်းများ ကျင်းပခြင်း)
(၃) Federal Consultation (ဖက်ဒရယ်နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပ ခြင်း)
(၄) Federal Democracy Charter Promotion (ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဆိုင်ရာ အသိပညာ ဆွေးနွေး ဖလှယ်မှုများ လှုပ်ရှားဆောင်ရွက်ခြင်း)
မှတ်ချက်။ ။ ဤဖက်ဒရယ်ပညာပေးလုပ်ငန်းများနှင့်အနီးကပ်ပူးတွဲဆောင်ရွက်သော လုပ်ငန်းတခုမှာ ဖက်ဒရယ်ပညာပေးဆိုင်ရာ သုတေသနပြုလုပ်ခြင်း၊ စာတမ်းများ ထုတ်ဝေခြင်းဖြစ်သည်။ သို့ရာတွင် ယင်းကဏ္ဍကို သီးခြား ခေါင်းစဉ်အောက်တွင် ဖော်ပြထားပါသည်။

(က) Federal Dialogue (ဖက်ဒရယ်ဆိုင်ရာဆွေးနွေးဖလှယ်ပွဲများ ကျင်းပခြင်း)
  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ NUCC, CRPH, NUG နှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အတိုင်ပင်ခံကောင်စီများမှ ကိုယ်စားလှယ်များ ပါဝင်၍ Federal Dialogue Series များကို အွန်လိုင်းမှတဆင့် ကျင်းပလာ ခဲ့ပါသည်။ ယနေ့အထိ Federal Dialogue Series စုစုပေါင်း (၄၉) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
(ခ) Federal Training (ဖက်ဒရယ်ဆိုင်ရာသင်တန်းများ ကျင်းပခြင်း)
  CDM နိုင်ငံ့ဝန်ထမ်းများ၊ ပအဖ၊ ပကဖနှင့် ပလဖ များအတွက် တကြိမ်လျှင် (၄) ရက် ကြာမြင့်သည့် ဖက်ဒရယ် ဆိုင်ရာသင်တန်းများကိုလည်း အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပါသည်။ ယနေ့အထိ ဖက်ဒရယ်သင်တန်း စုစုပေါင်း (၃၅) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ လူဦးရေ (၁,၇၀၀) ကျော်ကို သင်တန်း ပို့ချနိုင်ခဲ့ပါသည်။
(ဂ) Federal Consultation (ဖက်ဒရယ်နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း)
  ဥရောပ (ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်၊ အင်္ဂလန်၊ ချက်)၊ ထိုင်း၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် တီမောနိုင်ငံတို့တွင် ပြည်ထောင်စုဝန်ကြီးမှ ခရီးစဉ်များ သွားရောက်ခဲ့ပါသည်။ ယင်းခရီးစဉ်များတွင် နိုင်ငံအကြီးအကဲများ၊ သံတမန်များ၊ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များနှင့် တော်လှန်ရေးအင်အားစုများကို တွေ့ဆုံ၍ နှီးနှောဖလှယ်ပွဲများကို လူချင်းတွေ့ဆုံ၍ ကျင်းပခဲ့ပါသည်။ လူချင်းတွေ့ဆုံသည့် နှီးနှောဖလှယ်ပွဲများ စုစု ပေါင်း (၁၀၀) ကြိမ်ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
(ဃ) Federal Democracy Charter Promotion (ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဆိုင်ရာ အသိပညာ ဆွေးနွေးဖလှယ်မှုများ လှုပ်ရှားဆောင်ရွက်ခြင်း)
  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MOIC) နှင့် ပူးပေါင်း၍ FDC Promotion Event များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ ကျင်းပလာခဲ့ပါသည်။ ပြည်တွင်း အင်အားစု များဖြစ်သော တိုင်း (၇) တိုင်းမှ ပအဖများ၊ သပိတ်အင်အားစုများ၊ ချင်း၊ တအာင်း၊ ပအိုဝ်းမှ အစုအဖွဲ့ များအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းများဖြစ်ကြသော ASEAN, US, EU တို့နှင့် FDC Promotion Events (၁၄) ကြိမ် ကျင်းပ နိုင်ခဲ့ပါသည်။