လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့တွေ့ဆုံ ============================================ဇွန်လ ၂၂ ရက် ၊၂၀၂၄ ခုနှစ်အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထိပ်တန်းအရာရှိတဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and  Labor ဖြစ်သူ Mr. Robert S. Gilchrist နှင့် ဇွန်လ (၂၂)ရက် နေ့ တွင် အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ဆိုးဝါးလာသည့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများအကြောင်းတို့ကို တင်ပြခဲ့ပါသည်။ အမေရိကန်နိုင်ငံအစိုးရ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ယခုထက်ပိုမိုသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့်  မြန်မာပြည်သူများအပေါ်  တိုက်ရိုက် အကျိုးရှိသော ကူညီမှုများ ပေးနိုင်ရန် တိုက်တွန်း ပြောဆိုခဲ့ပါသည်။ ထို့ပြင် အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်၍ ပိုမိုပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိသည့် စီးပွားရေးနှင့် လက်နက်တင်ပို့မှု ပိတ်ဆို့ခြင်း အပါအဝင် အရေးယူဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်အုပ်စုက စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသောသူများ ၊အဓမ္မ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်မျိုးဆက်သစ်များကို တိုက်ရိုက် ကူညီမှုများ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန်  ဆွေးနွေးခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ယခုထက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများနှင့် ကူညီမှုများ လုပ်ဆောင်သွားမည့် အကြောင်း ကတိပြု ပြောကြားခဲ့ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း

တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း

တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခြင်း၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ ဇွန်လ (၁၈) ရက်နေ့တွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ သမ္မတနန်းတော်၌ တီမောလက်စ်တီ သမ္မတ Jose Ramos Horta အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ (၂) နာရီခန့်ကြာအောင် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက "တီမောလက်စ်တီနိုင်ငံနှင့် သမ္မတနန်းတော်၌ ယခုလို ရောက်ရှိနေခြင်းသည် မိမိတို့အတွက် ဂုဏ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီးနှင့် ဂါရဝပြုတွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ ကျန်းမာရေး၊ ပညာရေးနှင့် တော်လှန်ရေးကိစ္စရပ်များအကြောင်း၊ ထိုဒေသရှိ ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း" ပြောကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း "မြန်မာပြည်သူများနှင့် မြန်မာ့တော်လှန်ရေး၏ ကိုယ်စား အသိပေးဆောင်ရွက်ပေးသည့် သမ္မတကြီးကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကို လုပ်ဆောင်ရန် ဆက်လက်တောင်းဆိုကြောင်း၊ မိမိတို့ စိုးမိုးထိန်းချုပ်နိုင်သော ဒေသများလည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်များ၌ လူသားချင်းစာနာမှုအကူအညီများကို NUG အစိုးရက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဓိကစိန်ခေါ်မှုမှာ အရပ်ဘက်ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။တီမောလက်စ်တီ သမ္မတ Jose Ramos Horta ကလည်း "မိမိအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အထူးသဖြင့် NUG ၏ သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့်ကျက်နိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ကတိပြုပြောကြားခဲ့ပါသည်။ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တီ နိုင်ငံခြားရေး၀န်ကြီး Mr. Bendito Freitas နှင့်လည်း ၄င်း၏ ရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇွန်လ  (၂၀) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အစိုးရအနေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျနဲ့ ကောင်းမွန်စွာ ထူထောင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလုပ်ဆောင်လျက် ရှိပါကြောင်း။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ် မှုလုပ်ငန်းစဉ်တွေဟာ များပြားရှုပ်ထွေးလှပြီး အင်မတန်လည်း အကဲဆတ်လှပါကြောင်း။ တစ်ခါတလေ မှာ ချမှတ်ထားတဲ့ မူဝါဒများနဲ့အညီ မလွဲမသွေ အကောင်အထည်ဖော်ဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ကြရမှာဖြစ်သလို ရံဖန်ရံခါမှာ ပြည်သူတွေရဲ့ လိုလားချက်တွေအပေါ်မှာ လိမ္မာပါးနပ်စွာ ဖြေရှင်းဖြည့်ဆည်းပေးကြရတာ ဖြစ်ပါကြောင်း။ ခရိုင်တာဝန်ရှိသူ၊ မြို့နယ်တာဝန်ရှိသူတွေဟာ အုပ်ချုပ်ရေးမှူးကောင်းတွေ၊ စီမံခန့်ခွဲမှုစနစ်ကျသူတွေ ဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ သင်တန်းတွေကို စီမံပေးတဲ့အခါမှာလည်း မြေပြင်ရဲ့ ပကတိ လက်ရှိအခြေအနေကို သိရှိနားလည်အောင် ဆောင်ရွက်ပြီးစီမံသင့်ကြောင်း။  အုပ်ချုပ်ရေးအဆင့်ဆင့် အပြန်အလှန် ဆက်ဆံ ပြောဆိုမှတွေဟာ  စည်းရုံးရေးကို အားဖြစ်စေသလို၊ ယုံကြည်မှုအတွက်လည်း အစပျိုးမှုဖြစ်ပါကြောင်း။ ဒါကြောင့် တာဝန်ရှိသူ အဆင့်ဆင့် ကြားမှာ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေ အားကောင်းစေဖို့ ဂရုတစိုက် ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း။ အခွန်ကောက်ခံမှုဆိုင်ရာလုပ်ငန်းတွေမှာ မူဝါဒတွေနဲ့ အညီ လုပ်ဆောင်ခြင်းမရှိပဲ၊ ဖောက်ဖျက်ကျူးလွန်နေတဲ့ကိစ္စတွေကိုလည်း စနစ်တကျစီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၁/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဇွန် (၁၈) ရက်• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အဓိက ပြောကြားချင်တဲ့အကြောင်း အချက် (၂) ခု ရှိပါတယ်။ အဲသည့်အထဲက ပထမအချက်အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြတ်သန်းနေတဲ့ စစ်ရေးမြေပုံ အရွေ့ တချို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို သတိချပ်စေချင်ပါတယ်။ • လောလောဆယ်အားဖြင့် ရက္ခိုင်ဒေသ၊ ကချင်ဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းတောင်၊ ကရင်နီဒေသနှင့် တနင်္သာရီဒေသတွေဟာ ခုခံတော်လှန်စစ်အရ စစ်ရေးအဟုန် မြင့်မားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားသော ခုခံတော်လှန်စစ်ဒေသတွေမှာတော့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ဦးစားပေး လျာထားချက်တွေအရ အနည်းငယ် ငြိမ်သက်နေတာမျိုးလည်း တွေ့မြင်ရပါတယ်။  • စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ “ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစု” ကို ဆိုလိုတာဖြစ်ပါတယ်။ • အဲသည့်အထဲမှာ တစ်ညီတစ်ညွတ်တည်းသော အမိန့်ပေးကွပ်ကဲမှု စနစ်ပါဝင်သလို၊ မဟာဗျူဟာမြောက် စုဖွဲ့ထားတဲ့ စစ်ရေးမစ်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းမီးကျောက်စတဲ့ စစ်ရေးရင်းမြစ်တွေကို ခွဲဝေ နေရာချထားနိုင်မှုနဲ့ ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ချိန်သားကိုက် လှုပ်ရှားနိုင်တဲ့ timing ဆိုတာတွေက အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ • ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ စနစ်တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ တပ်ရင်း၊ တပ်မတွေ အမြောက်အမြား ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အဲသည့်လို ပေါ်ထွက်လာနိုင်ဖို့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်း ရေးကို နိုင်ငံရေး နည်းအရ ကြိုးစားတည်ဆောက်နေသလို၊ စစ်ရေးနည်းအရလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ • ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒုတိယအချက်အနေနဲ့ ပြောကြားချင်တာ ကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့နဲ့ ထိရောက်တဲ့ ပေးဝေမှုတွေ ဖြစ်စေဖို့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထိထိရောက်ရောက် စီမံနိုင်ဖို့အတွက် International Aid Coordination Commission ဆိုတာကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီကော်မရှင်ကနေတစ်ဆင့် ထိရောက်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လုံလုံလောက်လောက်ရရှိဖို့ ထပ်မံ ကြိုးစားစေချင်ပါတယ်။ • ကျွန်တော်တို့ဟာ ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတာ ဖြစ်တာကြောင့်၊ လူထုထောက်ခံမှု ကျဆင်းမသွားရေးကို အထူးဂရုစိုက်ဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ တခါတရံ စစ်ရေးအရ အောင်နိုင်ဒေသတွေ ရှိပေမယ့် လူထုကို ဆုံးရှုံးရတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သို့သော အခြေအနေကို ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံးလို့ မရဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ် ဒေသတွေ အောင်နိုင်ဖို့ တစ်ခုတည်းကို အာရုံစိုက်ရမှာ မဟုတ်ဘဲ၊ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးနိုင်စေဖို့လည်း အထူး ဂရုစိုက်ရမှာဖြစ်ကြောင်း ပြောကြားအပ်ပါတယ်။. အရေးတော်ပုံမုချအောင်ရမည်...

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၉/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၉/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၉/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇွန်လ (၁၈) ရက်ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေးအခြေအနေဟာ တစ်ဘက်က ကောင်းမွန်တဲ့ အခြေအနေတွေ၊ တိုးတက်မှုတွေ ရှိနေသလို တစ်ဘက်မှာလည်း ရင်ဆိုင်ကြုံတွေ့ကြရမယ့်၊ ဖြတ်သန်းကြရမယ့် စိန်ခေါ်မှုတွေ ပိုများလာတဲ့ အနေအထားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ‌တော်လှန်ရေးက အချိန်ကြာမြင့်လာလေလေ‌၊ စစ်ရေးအရ အခြေအနေတွေ၊ နိုင်ငံရေးအရ ညှိနှိုင်းပြောဆိုရတဲ့ အခြေအနေတွေမှာ စိန်ခေါ်ချက်တွေက ပိုများလာမယ်ဆိုတာကတော့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အကန့်အ သတ်တွေကြားထဲကနေ တော်လှန်ရေးကို တတ်အားသရွေ့ အရွေ့ကြီးကြီးမားမားရှိအောင် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် အဆင့်ဆင့် တာဝန်ရှိသူတွေ၊  အင်အားအပြည့်နဲ့ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူများအားလုံးကို လေးစားကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက်ပြည်သူတွေအပေါ် လက်နက် အားကိုးအနိုင်ကျင့်ခဲ့တဲ့ အချိန်တိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဆန့်ကျင်တုန့်ပြန်ခဲ့ကြတဲ့ ပြည်သူတွေကို အချိန်တိုတို အတွင်းမှာပဲ အနိုင်ယူကာ ခေါင်းစဥ်မျိုးစုံပြောင်းလဲပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သလိုမျိုး ဒီတော်လှန်ရေးကိုလည်း ဒီလိုဖြစ်မယ်လို့ မျှော်လင့်ခဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် ဒီနွေဦး တော်လှန်ရေးမှာ သူတို့မျှော်လင့်သလိုမဖြစ်လာခဲ့ပဲ အာဏာ လုယူပြီး (၅)မြောက်နေ့မှာပင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းနိုင် သလို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုလည်း (၂)လအတွင်း  ထုတ်ပြန်ကြေညာ ကာ တော်လှန်ရေး အင်အားစုတွေစုစည်းပြီး အစိုးရကို လည်း ဖွဲ့နိုင်ခဲ့တာမို့ သူတို့ရဲ့ ပြည်သူ့ အာဏာလုယူမှုဟာ ယနေ့အချိန်ထိ အထမမြောက်နိုင်ပဲ မကြုံဖူးတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ ပြည်သူတွေရဲ့ ဇွဲသတ္တိတွေ၊ ရဲရင့်မှုတွေကို နေ့စဥ် ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမိုင်းမှာ မကြုံစဖူး ခိုင်မာပါတယ်ဆိုတဲ့ စစ်တပ် Institution ကြီးဟာ နေ့စဥ်နဲ့အမျှ အင်အားချိနဲ့နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအခြေအနေမှာပဲ ရပ်တန့်နေရာမှာမဟုတ်ပဲ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချိန်ကို ထိထိရောက်ရောက် အသုံးမချနိုင်ရင် အကြမ်းဖက်စစ်အုပ်စုကို ပြင်ဆင်ချိန်ပေးမိသလို ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးရဲ့ အချိန် အကန့်အသတ်ဟာ ကျွန်တော်တို့အတွက် ပိုအရေးကြီးကြောင်း ထပ်မံပြောကြား လိုပါတယ်။ ပိုမို အရေးကြီးလာတာနှင့်အမျှ အချိန်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊ ဘဏ္ဍာ ငွေစီမံခန့်ခွဲမှုတွေမှာ ပိုမိုဂရုတစိုက်စီမံဖို့ လိုအပ်ကြောင်းလည်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်◾️ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေတူးဖြိုပစ်ဖို့အတွက်ဆိုရင် တော်လှန်ရေး အင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲ ဆောင်ရွက်မှုဟာ အင်မတန် အရေးကြီးတယ်လို့ ယာယီသမ္မတပြောကြား ‌ဇွန် ၁၈ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၉/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “  ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အဓိက ပြောကြားချင်တဲ့အကြောင်း အချက် (၂) ခု ရှိပါတယ်။ အဲသည့်အထဲက ပထမအချက်အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြတ်သန်းနေတဲ့ စစ်ရေးမြေပုံ အရွေ့ တချို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို သတိချပ်စေချင် ပါတယ်။ လောလောဆယ်အားဖြင့် ရက္ခိုင်ဒေသ၊ ကချင်ဒေသ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရှမ်းတောင်၊ ကရင်နီဒေသနှင့် တနင်္သာရီဒေသတွေဟာ ခုခံတော်လှန်စစ်အရ စစ်ရေး အဟုန်မြင့်မားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားသော ခုခံတော်လှန်စစ်ဒေသတွေ မှာတော့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ဦးစားပေး လျာထားချက်တွေအရ အနည်းငယ် ငြိမ်သက်နေတာမျိုးလည်း တွေ့မြင်ရပါတယ်။  စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲ ဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ “ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစု” ကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲသည့်အထဲမှာ တစ်ညီတစ်ညွတ်တည်းသော အမိန့်ပေးကွပ်ကဲမှု စနစ် ပါဝင်သလို၊ မဟာဗျူဟာမြောက် စုဖွဲ့ထားတဲ့ စစ်ရေးမစ်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက် ခဲယမ်းမီးကျောက်စတဲ့ စစ်ရေးရင်းမြစ်တွေကို ခွဲဝေ နေရာချထားနိုင်မှုနဲ့ ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ချိန်သားကိုက် လှုပ်ရှားနိုင်တဲ့ timing ဆိုတာတွေက အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ စနစ်တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ တပ်ရင်း၊ တပ်မတွေ အမြောက်အမြား ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အဲသည့်လို ပေါ်ထွက်လာ နိုင်ဖို့ အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မဟာမိတ်စုဖွဲ့မှု ခိုင်မာအား ကောင်းရေးကို နိုင်ငံရေး နည်းအရ ကြိုးစားတည်ဆောက်နေသလို၊ စစ်ရေးနည်းအရလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒုတိယ အချက်အနေနဲ့ ပြောကြားချင်တာကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့နဲ့ ထိရောက်တဲ့ ပေးဝေမှုတွေ ဖြစ်စေဖို့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက် စီမံနိုင်ဖို့အတွက် International Aid Coordination Commission ဆိုတာကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီကော်မရှင်ကနေတစ်ဆင့် ထိရောက်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လုံလုံလောက်လောက်ရရှိဖို့ ထပ်မံ ကြိုးစားစေချင်ပါတယ် ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတာ ဖြစ်တာကြောင့်၊ လူထုထောက်ခံမှု ကျဆင်း မသွားရေးကို အထူးဂရုစိုက်ဖို့ အလေးအနက်ထား တိုက်တွန်းချင်ကြောင်း ၊ တခါတရံ စစ်ရေးအရ အောင်နိုင်ဒေသတွေ ရှိပေမယ့် လူထုကို ဆုံးရှုံးရတာမျိုး ဖြစ်တတ်ကြောင်း ၊ ဘယ်သို့သော အခြေ အနေကို ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံးလို့ မရဘူးဆိုတာ သတိချပ်စေချင်ကြောင်း နဲ့  ခုခံတော်လှန်စစ်ဒေသတွေ အောင်နိုင်ဖို့ တစ်ခုတည်းကို အာရုံစိုက်ရမှာ မဟုတ်ဘဲ၊ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးနိုင်စေဖို့လည်း အထူး ဂရုစိုက်ရမှာဖြစ်ကြောင်း ယာယီသမ္မတက ပြောကြား ခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေးအခြေအနေဟာ တစ်ဘက်က ကောင်းမွန်တဲ့ အခြေအနေတွေ၊ တိုးတက်မှုတွေ ရှိနေသလို တစ်ဘက်မှာလည်း ရင်ဆိုင်ကြုံတွေ့ကြရမယ့်၊ ဖြတ်သန်းကြရမယ့် စိန်ခေါ်မှုတွေ ပိုများလာတဲ့ အနေအထားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ‌တော်လှန်ရေးက အချိန်ကြာမြင့်လာလေလေ‌၊ စစ်ရေးအရ အခြေအနေတွေ၊ နိုင်ငံရေးအရ ညှိနှိုင်းပြောဆိုရတဲ့ အခြေအနေတွေမှာ စိန်ခေါ်ချက်တွေက ပိုများလာမယ်ဆိုတာကတော့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အကန့်အ သတ်တွေကြားထဲကနေ တော်လှန်ရေးကို တတ်အားသရွေ့ အရွေ့ကြီးကြီးမားမားရှိအောင် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် အဆင့်ဆင့် တာဝန်ရှိသူတွေ၊  အင်အားအပြည့်နဲ့ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူများအားလုံးကို လေးစားကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက်ပြည်သူတွေအပေါ် လက်နက် အားကိုးအနိုင်ကျင့်ခဲ့တဲ့ အချိန်တိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဆန့်ကျင်တုန့်ပြန်ခဲ့ကြတဲ့ ပြည်သူတွေကို အချိန်တိုတို အတွင်းမှာပဲ အနိုင်ယူကာ ခေါင်းစဥ်မျိုးစုံပြောင်းလဲပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သလိုမျိုး ဒီတော်လှန်ရေးကိုလည်း ဒီလိုဖြစ်မယ်လို့ မျှော်လင့်ခဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် ဒီနွေဦး တော်လှန်ရေးမှာ သူတို့မျှော်လင့်သလိုမဖြစ်လာခဲ့ပဲ အာဏာ လုယူပြီး (၅)မြောက်နေ့မှာပင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းနိုင်သလို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုလည်း (၂)လအတွင်း  ထုတ်ပြန်ကြေညာ ကာ တော်လှန်ရေး အင်အားစုတွေစုစည်းပြီး အစိုးရကို လည်း ဖွဲ့နိုင်ခဲ့တာမို့ သူတို့ရဲ့ ပြည်သူ့ အာဏာလုယူမှုဟာ ယနေ့အချိန်ထိ အထမမြောက်နိုင်ပဲ မကြုံဖူးတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ ပြည်သူတွေရဲ့ ဇွဲသတ္တိတွေ၊ ရဲရင့်မှုတွေကို နေ့စဥ် ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမိုင်းမှာ မကြုံစဖူး ခိုင်မာပါတယ်ဆိုတဲ့ စစ်တပ် Institution ကြီးဟာ နေ့စဥ်နဲ့အမျှ အင်အားချိနဲ့နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် အကြမ်းဖက်စစ်တပ် အင်အားချိနဲ့နေတဲ့ ဒီအခြေအနေမှာပဲ ရပ်တန့်နေရာမှာမဟုတ်ပဲ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း ၊ အချိန်ကို ထိထိရောက်ရောက် အသုံးမချနိုင်ရင် အကြမ်းဖက် စစ်အုပ်စုကို ပြင်ဆင်ချိန်ပေးမိသလို ဖြစ်နိုင်ကြောင်း၊  တော်လှန်ရေးရဲ့ အချိန် အကန့်အသတ်ဟာ ပိုအရေးကြီးကြောင်း နဲ့ ပိုမိုအရေးကြီးလာတာနဲ့အမျှ အချိန်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုတွေမှာ ပိုမိုဂရုတစိုက်စီမံဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ International Aid Coordination Commission (IACC) အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဆွေးနွေးတင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက စိုးမိုးနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိဇွန် ၁၄ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက ၃ နှစ်တာအတွင်း ဆေးရုံ ၊ ဆေးခန်း နှင့် ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်တွင်ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်အတွင်း ဆေးရုံ ၇၇ရုံ ၊ ဆေးခန်း ၃၇၇ ခု နှင့် ရွေ့လျား ဆေးခန်း ၂၅၀ခု  စုစုပေါင်း ၇၀၄ ခုတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ခဲသည်။ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ကဏ္ဍတွင်  အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ခွဲစိတ်ခြင်းနှင့် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပြီး ပဏမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး အဖြစ်ပြင်ပလူနာ (ဆေးခန်း ၊ ရွေ့လျားဆေးခန်း) ၊ မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ(TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်း ၊ ကျန်းမာရေးပညာပေးခြင်း တို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ၂၀၂၁ ခုနှစ် မတ်လ မှ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ ၁,၁၅၈,၃၇၇ ၊ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ ၊ လူနာလွှဲပြောင်း ပို့ဆောင်မှု ၄၁၄၀ တို့ လုပ်ဆောင်ခဲ့သည်။ ယခုဖော်ပြထားသော အချက်အလက်များမှာ ကျန်းမာရေး ဆေးရုံ ၊ ဆေးခန်း ၇၀၀ ကျော်အနက် ၂၂၁ ခုထံမှ သတင်းပေးပို့သည့် အစီရင်ခံစာများကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။မြေပြင်တွင် အမှန်တကယ်ကုသမှုခံယူခဲ့သော လူနာအရေအတွက်သည် ၃ ဆကျော် ပိုမိုများပြားနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။ပုံ - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇွန်လ  (၁၃) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုတွေကလည်း ဖြစ်နိုင်သမျှ စိုးမိုးနယ်မြေချဲ့ထွင်ရေးကို အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေကိုပဲ ပိုမိုဦးစားပေး လုပ်ဆောင်ပေးဖို့ကို အလေးအနက် ညွှန်ကြားလိုပါကြောင်း။ (၂၀၂၄)က နှစ်ဝက်ရောက်လာပြီ ဖြစ်တာ ကြောင့် ကျွန်တော်တို့အတွက် ဆောင်ရွက်ရမယ့်ကိစ္စတွေကို ညီညီညွတ်ညွတ်နဲ့ အရှိန်မြှင့် လုပ်ဆောင်ကြရမယ့် အချိန်လည်းဖြစ်ပါကြောင်း။ နယ်မြေစိုးမိုးမှု ခိုင်မာအားကောင်းမှ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေနဲ့ အခြားဝန်ကြီးဌာနအလိုက် လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း။ မြို့နယ်တွေနဲ့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း  မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို မူဝါဒပိုင်းတွေသေချာနားလည်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာအကောင်အထည်ဖော်‌ဆောင်ဖို့၊ လက်ရှိ တော်လှန်ရေးအခြေအနေနဲ့ မြို့နယ်တွင်း အခြေ အနေတွေ ချိန်ဆလုပ်ဆောင်နိုင်ဖို့ကို သေချာလမ်းညွှန်စေချင်ပါကြောင်းပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၀/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။