အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgအမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်၁။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၈၊၉၊၁၀) နေ့တို့တွင် ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကြာလာကျေးရွာ၌ ကယန်းမျိုးနွယ်စုများ၊ ကယန်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ကယန်းဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုဝေး၍ ကယန်းအမျိုးသား ညီလာခံ တစ်ရပ်ကို ကျင်းပနိုင်ခဲ့ကြသည်။ ထိုညီလာခံတွင်ပင် ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါ နှင့် ကယန်းကခေါင်းတို့သည် ကယန်းအမျိုးသား တစ်စုတစ်စည်းထဲအဖြစ် အမျိုးသားအလံတော် တစ်ခုအောက်တွင် ပေါင်းဆုံနိုင်ခဲ့ကြသည်။ ထိုနေ့ထူးနေ့မြတ်ကို အစွဲပြု၍ ကယန်းအမျိုးသားနေ့ အဖြစ် ကျင်းပလာခဲ့သည်မှာ ဒီကနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့သည် (၂၃) နှစ်မြောက်၊ နှစ်ပတ်လည်သို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။၂။ ဒီကနေ့ ကယန်းအမျိုးသားနေ့တွင် တစ်နိုင်ငံလုံးရှိ တိုင်းသူပြည်သားတိုင်းကို ဆယ်စုနှစ်ပေါင်း များစွာ ဆင်းရဲဒုက္ခပေးနေသည့် စစ်အုပ်စု၏ ဖိနှိပ်မှုများကို တောင်ပေါ်၊ မြေပြန့် ကျေးလက်၊ မြို့ပြ မကျန် တော်လှန်နေကြချိန်တွင် ကျန်တိုင်းရင်းသား သွေးချင်းညီနောင်များ နှင့်အတူ ဒိုးတူပေါင်ဘက် ညီညီညွတ်ညွတ် လက်တွဲတိုက်ပွဲ၀င်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ ကယန်းလူမျိုးများအားလုံးအား ဘေးအန္တရာယ်အပေါင်းမှ ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ လုံခြုံကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၃။  စစ်အုပ်စု၏ ဗိုလ်ကျစိုးမိုးဖိနှိပ်မှုများအောက်တွင် ကျန်တိုင်းရင်းသားများနည်းတူ ကယန်း လူမျိုးများသည်လည်း နှစ်ပေါင်းများစွာ ၎င်းတို့ ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများကို အသိအမှတ်ပြုခံရမှုများ၊ တိုးတက်ကောင်းမွန်သော လူမှုစီးပွားဘ၀ ခံစားရရှိမှုများကို ဆုံးရှုံးခဲ့ကြရသည်။၄။ ယနေ့အချိန်အခါတွင်လည်း ကယန်းလူမျိုးများ၏ ဒေသများတွင် စစ်အာဏာရှင်စနစ် အပါ အဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုး များ အားလုံးအတွက် တန်းတူညီမျှမှု၊ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးအတွက် တိုက်ပွဲများတွင် ပေးဆပ်အနစ်နာခံကာ စွမ်းစွမ်းတမံ ပါ၀င်နေကြသည့် မဟာ မိတ် ကယန်းအမျိုးသားများ၏ ကြိုးပမ်းအားထုတ်မှု ပေးဆပ်အနစ်နာခံမှုများကို များစွာ အသိအမှတ် ပြု လေးစားဂုဏ်ပြုအပ်ပါသည်။ ၅။ လက်ရှိအချိန်တွင် နိုင်ငံခြားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဖက်ဖက်မှ ဖိအားများကြောင့် အင်အားချိနဲ့နေပြီဖြစ်သော စစ်အုပ်စုကို နိုင်ငံရေးမှ အပြီးတိုင် စွန့်ခွာသွားအောင် ကြိုးပမ်းနိုင်မှသာ လျှင် တိုင်းရင်းသား ပြည်သူလူထုများ လိုလားတောင်းတနေသည့်  အမျိုးသားတန်းတူရေး၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ အာမခံချက်များကို ပြည့်ပြည့်ဝဝလေးစား လိုက်နာပြီး သာယာ၀ပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပန်းတိုင်သို့ ရောက်ရှိ အကောင်အထည်ဖော်နိုင်မည်ကို ကျွန်ုပ်တို့ အားလုံး သိရှိနားလည် လက်ခံကြပြီးဖြစ်ပါသည်။ ၆။ သွေးခွဲသပ်လျိုခြင်း၊ လူမဆန် ရက်စက်ကြမ်းကြုပ်ခြင်းစသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဗျုဟာများကို  မျက်ခြေပြတ်မခံပဲ ကယန်းအမျိုးသားများ၏ စုစည်းမှုနှင့် စည်းလုံးညီ ညွတ်မှု၊ ကယန်းအမျိုးသားများနှင့် ကျန်တော်လှန်အင်အားစုများကြား ယုံကြည်မှု၊ နားလည်မှု၊ စုစည်းမှုတို့ကို မထိခိုက်စေရန်လည်း အမြဲအထူးသတိရှိကြရမည် ဖြစ်ပါသည်။ ၇။ ထို့ကြောင့် တော်လှန်ခရီးတစ်လျှောက် ပေးဆပ်အနစ်နာခံမှုများ အလဟာသ မဖြစ်စေပဲ အားလုံးစည်းလုံးညီညွတ်ပြီး တန်းတူရေးအာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးတွင် ကယန်းလူမျိုးများနှင့် ညီနောင်တိုင်ရင်းသားများ အတူတကွ လက်တွဲ၍ အောင်ပွဲခရီးလမ်းဆုံးတိုင် ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားမတ် ၂၈ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘ဒီသတင်းပတ်ဟာ အစ္စလာမ် ဘာသာ၀င်တွေရဲ့  ရာမာဒန်ဥပုသ် ရာသီရဲ့ အစဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးမှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပါ၀င်ကူညီပေးနေကြတဲ့ အစ္စလာမ်ဘာသာ၀င်တွေ အပါအ၀င်၊ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာ၀င်တွေရော၊ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေကြတဲ့ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာ၀င်အားလုံး ရာမာဒန်ဥပုသ်လမှာ အေးချမ်းစွာ ဥပုသ်စောင့်တည်နိုင်ကြပါစေလို့ ဦးစွာဆုတောင်း မေတ္တာပို့သချင်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီဟာ နေ့စဥ်နေ့တိုင်း လူမျိုးပေါင်းစုံကို အကြမ်းဖက် သတ်ဖြတ် နေပြီး၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖျက်ဆီးနေတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ စာမျက်နှာမှာ ပြန်လည်၀င်ဆံ့လာဖို့နဲ့ သူတို့ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို အထောက်အပံ့ရစေဖို့အတွက် ရိုဟင်ဂျာ လူမျိုးတွေကို ပြန်လည် လက်ခံဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာမျိုးနွယ်တွေအပေါ်မှာထားတဲ့ သဘောထားကတော့ ၂၀၂၁ ခုနှစ်ကတည်းက ထုတ်ပြန်ထားခဲ့တဲ့ “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများဆိုင်ရာ မူ၀ါဒသဘောထား” အတိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့်ရိုဟင်ဂျာ ပြည်သူတွေ အနေနဲ့ မိမိတို့နေရပ်သို့ မိမိတို့ ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည် အခြေချနေထိုင်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတခုကို ရောက်တာနဲ့ တပြိုင်တည်းမှာပဲ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့  ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ထပ်မံပြောကြားလိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ် ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့် နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစား ဂုဏ်ပြု ကြောင်း ဒီနေရာကနေပြောလိုပါတယ်။ ဒါ့အပြင် ဖက်စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်၀ေခံ လက်နက်ကိုင် အဖွဲ့ကို ကောင်းစွာ မထိန်းချုပ်နိုင်တော့တဲ့အပြင်၊ လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော် လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြားကာလ လုပ်ငန်းတာဝန်တွေကို တစိုက်မတ်မတ် လုပ် ဆောင်နေတယ်ဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်များကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ လျော့ပါးချိနဲ့သွားအောင်လုပ်ဆောင် ဖို့ကလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ စီမံဆောင်ရွက်လာခဲ့ကြတာလည်း မကြာခင်မှာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလဟာ အိမ်ပြန်ချင်သူတွေအတွက် အင်မတန် ရှည်ကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အလုပ်တွေ စွန့်၊ ကိုယ်ပိုင်ဘဝတွေကို စွန့်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM တွေ၊ စာသင်ခန်းတွေထဲက ထွက်ပြီး တောထဲတောင်ထဲ မကြုံတွေ့ဖူးတဲ့၊ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ PDF တွေအတွက်ဆိုရင် ၂ နှစ်ဆိုတဲ့ကာလက ပိုမိုရှည်ကြာတဲ့ ကာလတစ်ခု ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဝိုင်းကြိုးစားနေကြတယ်ဆိုတာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုတိုင်းမှာ ရလဒ်ကောင်း ထွက်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမို ကျစ်လစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက် တာတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံ တော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက် မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ဒီတစ်ပတ်အတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း စိုးမိုးထိန်းချုပ်ဒေသတွေရဲ့ မြေပြင်အခြေအနေတွေအရ ပိုမို ထိရောက်အောင် စီမံ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ သိရပါတယ်။ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေမှာဆိုရင်လည်း နေရာဒေသအလိုက် တင်ပြကြတဲ့ အချက်တွေ၊ မေးမြန်းကြတဲ့ မေးခွန်းတွေ၊ ဆွေးနွေးကြတဲ့ ဆွေးနွေးမှုတွေက တူညီနေကြမှာ မဟုတ်ပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေ ပိုမိုကြပ်တည်းလာတဲ့ ရန်ကုန်၊ မန္တလေးတို့လို နယ်မြေက ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အခြေအနေတွေကို သေချာနားထောင်ပြီး မိမိတို့ဘက်က လုပ်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စစ်ရှိန်မြှင့် လာနိုင်တဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လက်ရှိအခြေအနေတွေအရ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာန (၂) ခု ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ဟာ ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲဆောင်ရွက်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အရေးကြီးတဲ့ အချိန်ကာလကို ရောက်လာပြီဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ဝန်ကြီးဌာနတစ်ခုချင်းစီအတွင်းမှာလည်း လုံလောက် တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကလည်း အင်မတန်အရေးပါတဲ့ ကဏ္ဍကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကြိုးစားရုန်းကန်နိုင်လေလေ တော်လှန်ရေး အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ အကျိုးပြုနိုင် လေလေပဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ဒီနှစ်မှာ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို မြေပေါ်ကနေ ခြေမချနိုင်တဲ့အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ်နှစ်ဆိုတာနဲ့ ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြဖို့အတွက်လည်း  တိုက်တွန်းပြောကြား ထားပါတယ်။အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက NUG က အစိုးရ တစ်ရပ်အနေနဲ့ မိမိတို့နဲ့ ချိတ်ဆက်နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကို နားလည်လေးစားပြီး ပိုမိုခိုင်မာစွာ လိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၈) ရက်၊ အင်္ဂါနေ့။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ စီမံဆောင်ရွက်လာခဲ့ကြတာလည်း မကြာခင်မှာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလဟာ အိမ်ပြန်ချင်သူတွေအတွက် အင်မတန် ရှည်ကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အလုပ်တွေ စွန့်၊ ကိုယ်ပိုင်ဘဝတွေကို စွန့်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM တွေ၊ စာသင်ခန်းတွေထဲက ထွက်ပြီး တောထဲတောင်ထဲ မကြုံတွေ့ဖူးတဲ့၊ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ PDF တွေအတွက်ဆိုရင် ၂ နှစ်ဆိုတဲ့ကာလက ပိုမိုရှည်ကြာတဲ့ ကာလတစ်ခု ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဝိုင်းကြိုးစားနေကြတယ်ဆိုတာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုတိုင်းမှာ ရလဒ်ကောင်း ထွက်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမို ကျစ်လစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက် တာတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံ တော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက် မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း စိုးမိုးထိန်းချုပ်ဒေသတွေရဲ့ မြေပြင်အခြေအနေတွေအရ ပိုမို ထိရောက်အောင် စီမံ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ သိရပါတယ်။ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေမှာဆိုရင်လည်း နေရာဒေသအလိုက် တင်ပြကြတဲ့ အချက်တွေ၊ မေးမြန်းကြတဲ့ မေးခွန်းတွေ၊ ဆွေးနွေးကြတဲ့ ဆွေးနွေးမှုတွေက တူညီနေကြမှာ မဟုတ်ပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေ ပိုမိုကြပ်တည်းလာတဲ့ ရန်ကုန်၊ မန္တလေးတို့လို နယ်မြေက ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အခြေအနေတွေကို သေချာနားထောင်ပြီး မိမိတို့ဘက်က လုပ်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စစ်ရှိန်မြှင့် လာနိုင်တဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လက်ရှိအခြေအနေတွေအရ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာန (၂) ခု ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ဟာ ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲဆောင်ရွက်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အရေးကြီးတဲ့ အချိန်ကာလကို ရောက်လာပြီဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ဝန်ကြီးဌာနတစ်ခုချင်းစီအတွင်းမှာလည်း လုံလောက် တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကလည်း အင်မတန်အရေးပါတဲ့ ကဏ္ဍကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကြိုးစားရုန်းကန်နိုင်လေလေ တော်လှန်ရေး အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ အကျိုးပြုနိုင် လေလေပဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။  နိဂုံးချုပ်အနေနဲ့ ဒီအစိုးရအဖွဲ့ အစည်းအဝေးမှတဆင့် ပြည်သူတွေဆီကို သတင်းစကား ပါးလိုတာကတော့ တော်လှန်ရေးရဲ့ ခက်ခဲတဲ့ ကာလတွေကို ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ခဲ့ကြတာ ၂ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ ဒီအကြမ်းဖက် စစ်ကောင်စီတွေကို ကျွန်တော်တို့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့် နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြရအောင်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့

ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့၂၀၂၃ ခုနှစ်၊ မတ်လ (၂၆) ရက်၂၀၂၃ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်(USA)ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလမှ မိန့်ခွန်းဗီဒီယိုပေးပို့ခဲ့ပါသည်။ ထို့အတူ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ လူထုတွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။အဆိုပါ တွေ့ဆုံပွဲတွင် ယာယီသမ္မတကြီး၏ ပြောကြားချက်တချို့အရ “ကျွန်တော့်အနေနဲ့ နိုင်ငံတကာရောက် တိုင်းရင်းသားပြည်သူလူထုများ ယနေ့လို စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ နွေဦးတော်လှန်ရေးအတွက် အားပေး ထောက်ပံ့မှုတွေ လုပ်နေတာတွေကို ကြားသိ မြင်တွေ့ရတဲ့အတွက် အထူးဝမ်းမြောက် ခွန်းအားရမိပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ခြားနားနေပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ခြားနားမနေပါဘူးဆိုတာ အထင်အရှားတွေ့ရပြီး ကျနော်တို့ အကြား ညီညွတ်မှုကို တွေ့မြင်နေရတာဟာ တော်လှန်ရေးအတွက် အားတရပ်ဖြစ်ပါတယ်”ဟု ပြောကြားချက်များအပေါ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ဆက်လက်၍ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အနေဖြင့်လည်း တက်ရောက်လာကြသည့် လူထုများ၏ မေးခွန်းများအား ဖြေကြားသည့်ကဏ္ဍကိုလည်း လုပ်ဆောင်ပြီးနောက် မြန်မာလူထု တွေ့ဆုံပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

Federal Democracy Charter Web Application

Federal Democracy Charter Web Application

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) တို့ကို web application မှာ ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပါပြီ။📱App ကို ဖုန်းမှာ Install ပြုလုပ်ဖို့အတွက် QR code ကို scan ဖတ်ပြီးသော်လည်းကောင်း၊ app.federaldemocracycharter.com ကို ဝင်ရောက်ပြီးတော့သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ Add to Home Screen ပြုလုပ်ထားတယ်ဆိုရင်တော့ cache clear မလုပ်မချင်း အင်တာနက်မရှိလည်း offline ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။🖥️Tablet နဲ့ Desktop တွေအတွက်ကတော့ federaldemocracycharter.com ကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။📱Mobile - app.federaldemocracycharter.com🖥️Tablet and Desktop - federaldemocracycharter.com📚စာအုပ် PDF အနေနဲ့ ရယူလိုပါက https://nucc-federal.org/federal-democracy-charter/ မှာ ရယူနိုင်ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးများအတွက် ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ။ ယုန်နှစ်ကို ကြိုဆိုပါတယ်။ မြန်မာတရုတ်များသည် လွန်ခဲ့သောနှစ်များအတွင်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။ အနာဂတ်မှာ ကျွန်ုပ်တို့အားလုံးပါဝင်သော မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုကြပါမည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များပေးအပ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များပေးအပ်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ဇန်နဝါရီလ ၁၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း​ပြောကြားရာတွင်အမျိုးသားညီညွတ်ရေးအစိုးရ​အ​နေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ​ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေ​ကြောင်း၊ ​အောင်မြင်သင့်သ​လောက် ​အောင်မြင်​နေပြီဖြစ်​ကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အား​ကောင်း​မောင်းသန်​တော်လှန်တိုက်ထုတ်​နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်​တော့မည်ဖြစ်​ကြောင်း၊  ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်​ကောင်းမွန်စွာဖြင့်​​ရှေ့ဆက်​နေနိုင်ပြီဖြစ်​ကြောင်း၊  နိုင်ငံ​ရေး၊ စစ်​ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်​ပေါ်တိုးတက်လျက်ရှိပါ​ကြောင်း၊ NUG ​ခေါင်း​ဆောင်များဟာ ​တော်လှန်​ရေးရဲ​ဘော်များနှင့်အတူ ​မြေပြင်မှာ တသားတည်းရှိ​နေ​ကြောင်း၊  စစ်​မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်ရန် စစ်​ဒေသကြီးများအလိုက် ပြင်ဆင်​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ တိုင်းရင်းသားမဟာမိတ်​တော်လှန်​ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ​ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်​နေကြပါ​ကြောင်း၊ ​တော်လှန်​ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်​နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှု​ကြောင့် မကြာမီ ​တော်လှန်​ရေး​အောင်ပွဲအသီးအပွင့်များကို ခံစားကြရ​တော့မှာဖြစ်​ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ​ဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း​ရေးနှင့် အကြမ်းဖက်စစ်​​ကောင်စီကို အမြစ်ပြတ်​ချေမှုန်းနိုင်​ရေး ယခုကြိုးစားအားထုတ်​နေမှုထက် ပိုမိုအားစိုက်ထုတ်​ပေးကြဖို့ တိုက်တွန်းလို​ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့  လက်နက်များ​ပေးအပ်သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ က ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များကို ဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ်တိတိကို ပေးအပ်ခဲ့​ကြောင်း သိရသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ယနေ့ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊  ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇) ရက် ကျွန်တော်တို့ နိုင်ငံအတွင်းက ပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေဟာ ကွာဟချက်တွေ ကြီးမားလာတာတွေ့ရပါတယ်။ နိုင်ငံရေးပြဿနာနဲ့ လက်နက်ကိုင် အကျပ်အတည်းတွေကြားထဲမှာ ပျက်စီးယိုယွင်းသွားတဲ့ ပြည်သူ့ဘဝတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါ့အပြင် ဒီလို စစ်ရေး / နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြုပြီး နဂိုမူလ အခြေအနေထက် ပိုမိုချမ်းသာသွားကြတဲ့ အကြမ်းဖက်စစ်အုပ်စု အပေါင်းအပါ တချို့လည်း ရှိနေပါတယ်။ ခေတ်ဆိုး စနစ်ဆိုးမှာ တောမီးလောင်ရင် တောကြောင်တွေ လက်ခမောင်းခတ်လေ့ရှိတာ ထုံးစံပဲလို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ကိုဗစ်ရောဂါ ကပ်ဘေးအတွင်းမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်း ရာဇဝတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူလူထုရဲ့ အထွေထွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ ထိုးဆိုက် ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ပါတယ်။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲဝင်နေသလို တစ်ဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝအခြေအနေကို လူထုအတွက် ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေရပါ တယ်။ လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာ သက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်။ တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာ တွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ်။ ယခု နွေဦးတော်လှန်ရေး (၂) နှစ်တာကာလအထိ နေ့စဉ် မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ကျွန်တော့်အနေနဲ့ တွေးမိတိုင်း ဦးညွှတ်မိပါတယ်။ ဒါဟာ တကယ် လက်တွေ့ ကာယကံမြောက် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်မှု တွေကြောင့် သေမထူး နေမထူး ဖြစ်သွားကြတဲ့ ပြည်သူလူထုတွေလည်း အညာဗမာပြည်မမှာ အလွန်အမင်း များပြားလာနေတာတွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ်တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေး ကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်။ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ရေးမူနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့နေရာမှာ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ မဟာဗျူဟာအရ မှန်ကန်ပေမယ့် နည်းဗျူဟာအရလည်း မှန်မှန်ကန်ကန်ဖြစ်အောင် သတိပြုကြပါလို့ ပြောချင်ပါတယ်။ ပြည်သူလူထု တရပ်လုံးနှင့်အတူ ရပ်တည်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချကြနိုင်ဖို့ ဆက်လက်အားတင်းရင်း ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။အရေးတော်ပုံမုချအောင်ရမည်....