အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  မေလ (၂၈) ရက် ဒီနှစ်အတွင်းမှာ အထူးအားစိုက်ကြရမယ့် ကဏ္ဍတွေအဖြစ် အုပ်ချုပ်ရေးကဏ္ဍ အပိုင်းကဆိုရင် အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍ နဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်ရှင်းရှင်းလင်းလင်း ဖြစ်နေစေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီကဏ္ဍ ၃ ရပ်လုံးကိုလည်း အားစိုက်ဆောင်ရွက်နေကြ တယ်လို့လည်း သိရပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ် ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် နောက် ဆက်တွဲ မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လုပ်ဆောင်ရမှာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုရင် ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာလည်း တိုးတက်မှု တွေရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွဲကူးရေပါဆိုသလို မြို့နယ်တွေကို အသေးစိတ် လေ့လာသုံးသပ်ရင်း လိုအပ်နေတဲ့ တရားရေးဥပဒေစိုးမိုးရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်မှု အပိုင်းတွေကိုပါ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အစိုးရဝန်ကြီးတွေ ဆက်တိုက်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်ဘက်ကလည်း တွန်းတွန်း တိုက်တိုက် အားစိုက်ရမယ့် ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ စစ်ရေးကဏ္ဍကတော့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး နိုင်ငံခြားရေးကဏ္ဍဘက်ကတော့ အာရုံစိုက်စရာတွေပိုများလာမယ့်နှစ် ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံကြရတဲ့အခါမှာ နိုင်ငံတိုင်းဟာ သူ့ရဲ့ National Interest ရှိကြတာမို့ အဲ့ဒီ့အကျိုးအမြတ်တွေကြားကမှ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ တွေကို နည်းမှန်လမ်းမှန် အာရုံစိုက်ပြီး လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းရတာ တကယ်တော့ မလွယ်ပါဘူး။ ဒီကနေ့ ဒီအခြေအနေမျိုးထိရောက်အောင် စွမ်းဆောင်ပေးလာကြတဲ့ နိုင်ငံခြား ရေးဘက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူထုဝန်ဆောင်မှုပေးတဲ့ ကဏ္ဍဘက်ကတော့ တော်လှန်ရေးကာလအတွင်းကိုပင် အတော်လေးထိထိရောက်ရောက် အလုပ်နိုင်ဆုံးကဏ္ဍတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးတယ်ဆိုတာတောင် ပြည်သူတွေ ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့စာရင် တကယ့်ကို နည်းပါးလွန်းတာမို့ ပြည်သူတွေ ဒုက္ခမျိုးစုံက လွတ် မြောက်နိုင်အောင် ကြိုးစားရမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးပဲဖြစ်ပါတယ်။ ဒီအတွက်တော့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးကြပါ။ ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ချိန်ဆပြီး ထိထိရောက်ရောက် ဖြစ်စေမယ့် အလုပ်တွေကို လေ့လာဆန်းစစ်လုပ်ဆောင်ကြပါ။ ဒီနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအားလုံးအတွက် အချက်ပေးခေါင်းလောင်းထိုးနေတဲ့ နှစ်ဖြစ်တယ်လို့ ခံယူကြ ပြီး ကြိုးစားလုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် မေ (၂၈) ရက်• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ လက်ရှိ ရက္ခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရေးကိစ္စတချို့ကို ပြောကြားလိုတာရှိပါတယ်။ အထူးသဖြင့် ရက္ခိုင်ပြည်နယ်အတွင်းမှာ၊ အကြမ်းဖက်စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှု  တွေကို အမြောက်အမြား တွေ့မြင်နေရပါတယ်။ ရက္ခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲ ခံနိုင်တာကို တွေ့ရပါတယ်။ • ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း၊ ရက္ခိုင်ပြည်နယ်မှာ အနောက်တံခါးပြဿနာလို့ ခေါ်တဲ့ ပထဝီနိုင်ငံရေးပြဿနာဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးအနေနဲ့ အခုအချိန်အထိ တတိတိ ခံစားနေရပါတယ်။ ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ • ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ • များသောအားဖြင့် လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စရပ်တွေကို အလေးအနက်ထားပြီး ရှုမြင် ချည်းကပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုပါတယ်။ • လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ • နောက်ထပ် အရေးကြီးတဲ့အချက်အနေနဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကို အနည်းငယ် ပြောချင်ပါတယ်။ အခုတလော လူမှုကွန်ယက်စာမျက်နှာ အတော်များများမှာ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခပ်များများ တွေ့မြင်နေရပါတယ်။ ဒီလို ဝေဖန်မှုတွေထဲမှာ လက်တွေ့ အရှိတရားကို ထင်ဟပ်တဲ့ ထောက်ပြဝေဖန်မှုတွေကို တွေ့ရသလို၊ နိုင်ငံရေးအပုတ်ချတဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တဲ့ ဝေဖန်ရေးအရေခြုံတွေကိုလည်း တွေ့မြင်နေရပါတယ်။ • ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူထုကြားမှာ အမှန်ရှာဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကို ရုပ်ဆိုးအကျည်းတန်အောင် ထိုးနှက်လာတဲ့ ပယောဂတွေနဲ့ ကြောင်သူတော်တွေရဲ့ လုပ်ဇာတ်ကိုလည်း သတိထား တုံ့ပြန်ပြီး၊ လူထုအတွင်းက အရှိတရားနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ အထူးလိုအပ်ပါတယ်။ လူထုထဲမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရှိပကတိတွေကိုသာ အမှန်တရားလို့ ယူဆပြီး ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်အောင် လုပ်ရမယ်လို့ ယုံကြည်ပါတယ်။ • လက်ရှိ အခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှု မရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် ကျွန်တော်တို့ အစိုးရအဖွဲ့တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်ကြောင်း ပြောကြားအပ်ပါတယ်။ အရေးတော်ပုံမုချအောင်ရမည်...

ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊လွှတ်တော် အတွင်းဝန် နှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊လွှတ်တော် အတွင်းဝန် နှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့သည်  ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန ၊ လွှတ်တော် အတွင်းဝန်  Mr. Hon. Rob Oliphant နှင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် တွေ့ဆုံခဲ့သည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်‌ရေး နှင့် တရားမျှတမှု ဖော်ဆောင်‌ရေး၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး၊  အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့အပြင် ဒေသတွင်းလုံခြုံရေးအခြေအနေများကိုလည်း ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး University of Toronto တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

ပြည်ထောင်စုဝန်ကြီး University of Toronto တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Bahen Center ခန်းမတွင်  လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊တိုးတက်မှုများ အား တက်ရောက်လာသူများနှင့် ပွင့်လင်းမြင်သာစွာအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကနေဒါနိုင်ငံရှိ မြန်မာပြည်သူ၊ပြည်သားများလုပ်ဆောင်နိုင်သည့်အခန်းကဏ္ဍများကိုလည်းအကြံပြုဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရောက် မြန်မာပြည်သူပြည်သားများ နှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)  နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)  နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကျင်းပ၁၇ မေ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)  နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကို ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့ မနက် (၁၀း၀၀) နာရီတွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။ယင်းတွေ့ဆုံအစည်းအဝေးတွင်  FSCC ၏ ဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် FSCC အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ချင်းပြည် (Chinland) ကောင်စီဖက်မှ ချင်းပြည် (Chinland) ကောင်စီ၏ ဥက္ကဌ ပူးဇင်ကျုံး၊ လွှတ်တော်ဥက္ကဌ ပူးဟုန်းနိုင်း၊ ဝန်ကြီးချုပ် ပူးပါထန်း၊ တရားသူကြီးချုပ် ပူးသောမတ်(စ်)ထန်နိုးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။FSCC နှင့် Chinland Council မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်လက်၍တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားကြရန် သဘောတူခဲ့ကြသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်

"ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်"၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တာဝန်အဆင့်ဆင့်ထမ်းဆောင်နေကြတဲ့သူ အချင်းချင်းအကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ အမြဲရှိနေမယ်ဆိုရင် တချို့သော မကျေလည်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေ အများကြီးလျော့ကြသွားနိုင်ပါကြောင်း၊ မတူညီကြတဲ့ နောက်ခံအခြေအနေ အသီး သီးကနေ လာကြတဲ့သူတွေအနေနဲ့ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ယုံယုံကြည်ကြည်နဲ့ လက် တွဲဆောင်ရွက် နိုင်ဖို့ဆိုရင် Formal ရော Informal ရော တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းနဲ့ပတ်သက်ပြီး ပြောကြားလိုတာကတော့ အစိုးရ ဘဏ္ဍာငွေ တွေကို သုံးတဲ့အခါမှာ မိမိကိုယ်ပိုင်ငွေကြေးကို ခြိုးခြိုးခြံခြံ သုံးစွဲသကဲ့သို့ သုံးစွဲကြရမှာ ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ် တာကြောင့် ကျစ်ကျစ်လစ်လစ် သုံးစွဲဖို့ လုပ်ကြရမှာဖြစ်ပါကြောင်း၊ စည်းလွတ်ဘောင်လွတ် သုံးစွဲမှုတွေ မလုပ်ကြဖို့ အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ရှိသူများကို အလေးအနက်မှာ ကြားလိုပါကြောင်း၊တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ ပြည်သူ လက်ခံနိုင်မယ့်၊ ပြည်သူကို ဝန်ထုပ် ဝန်ပိုး မဖြစ်စေတဲ့ အခွန်နှုန်းထားတွေကို သတ်မှတ်ပြီး အပြည့်အဝရရှိဖို့ စည်းမျဉ်း စည်းကမ်းများ နဲ့အညီ ဆောင်ရွက်ပေးကြဖို့ လေးလေးနက်နက် တိုက်တွန်းပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၄၅)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး  နယူးဇီလန်လွှတ်တော်၏ LGBTIQ ရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး နယူးဇီလန်လွှတ်တော်၏ LGBTIQ ရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် နယူးဇီလန် လွှတ်တော်၏ LGBTIQ (Rainbow) ရေးရာ ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ် Mr.Shanan Halbert နှင့် မေလ (၉) ရက်နေ့တွင် လွှတ်တော်အတွင်းရှိ LGBTIQ ရေးရာ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်LGBTIQ  ရေးရာများနှင့် စပ်လျဉ်း၍ နွေဦးတော်လှန်ရေးအတွင်း  LGBTIQ များပါဝင်မှု၊ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖိနှိပ်မှုများ ကိုဆွေးနွေးခဲ့ပြီး နယူးဇီလန်နိုင်ငံ လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံ ၏ LGBTIQ များသာမက ပြည်သူများအတွက် အကြမ်းဖက်စစ်အုပ်စုအား ဆထက်သပိုးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်းပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း LGBTIQ အရေးနှင့် ပတ်သက်၍ တက်တက်ကြွကြွဆောင်ရွက်မှုများအပြင် နယူးဇီလန်နိုင်ငံတွင် စဉ်ဆက်မပြတ် LGBTIQ များနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံသည့် ဥပဒေများအား  ပယ်ဖျက်နိုင်ရေး၊ LGBTIQ များနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ LGBTIQ များ၏ လိင်ပိုင်းဆိုင်ရာခွဲစိတ်ပြုပြင်ရေးဆိုင်ရာ ဥပဒေများအားလည်း ပြဌာန်းနိုင်စေရေး ဆောင်ရွက်ခဲ့သူများဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၄)

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနအိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၄)