မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်

မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်

၂၃ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် ပညာရေးဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ယုံကြည် ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖြစ်ထွန်းခဲ့တာကြောင့် စစ်ရေးအသုံး စရိတ်ဟာ အလွန်အမင်း များပြားပြီး ပညာရေးအသုံးစရိတ်ကတော့ အဆမတန် နည်းပါးခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍဟာ အချို့တဲ့ဆုံးသော အခြေအနေကို ရောက်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး ပညာရေးကဏ္ဍဟာ စစ်အစိုးရခေတ် အဆက်ဆက်မှာ စစ်ရေး ကဏ္ဍလို ဦးစားပေးခံရတဲ့ အနေအထားကို မရောက်ခဲ့ပါဘူး။ ပညာရေးမှာလည်း စစ်ဝါဒ ဖြန့်ချိရေး ပြဋ္ဌာန်း/ သင်ကြားချက်တွေက လွှမ်းမိုးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားတဲ့ အလေ့အကျင့် အားနည်းခဲ့ပါတယ်။ ဒီလို စစ်ကျွန်ပညာရေးနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စစ်အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို အတိတ်သင်ခန်းစာတွေကို ဆင်ခြင်ပြီး လက်ရှိမြန်မာ့နွေဦး တော်လှန်ရေးမှာ ပညာရေးပြုပြင်ပြောင်းလဲမှုကို တစ်ပါတည်း လုပ်ဆောင်ကြရ ပါလိမ့်မယ်။ ပညာရေးဟာ လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပညာရေးကို ကောင်းစွာတည်ဆောက်ခြင်းဟာ အနာဂတ်တိုင်းပြည်ကို တည်ဆောက်ခြင်းလည်းဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူ အနာဂတ် နိုင်ငံတော်သစ်အတွက် ပညာရေးအားဖြင့် တည်ဆောက်ခြင်းကို စနစ်တကျ လုပ်ဆောင်ရမယ်လို့ ယုံကြည်ပါတယ်။ မိုးကုတ်ဖက်ဒရယ်ကျောင်းက လျှောက်လှမ်းနေတဲ့ ရည်ရွယ်ချက်လမ်းစဉ်တွေနဲ့ အခြေခံတန်ဖိုးတွေ ဟာ အနာဂတ်နိုင်ငံတော်သစ်အတွက် ကောင်းစွာသော အထောက်အပံ့ဖြစ်မယ်လို့ ကျွန်တော် ယုံကြည် နေပါတယ်။ အနာဂတ်နိုင်ငံတော်သစ်မှာ ပုံဖော်တည်ဆောက်မယ့် ဖက်ဒရယ်သဘောတရား အခြေခံ တွေကို မိုးကုတ်ဖက်ဒရယ်ကျောင်းက စတင်အုတ်မြစ်ချ သင်ကြားနေတာဟာ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နေခြင်းလည်း ဖြစ်ပါတယ်။ သင်ကြားရေးစနစ်မှာလည်း ဆရာဗဟိုပြုသင်ကြားမှုတွေ ထက် ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းနာတွေကို ဦးစားပေးကျင့်သုံးလိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အသင့်တော်ဆုံးသော လစ်ဘရယ်ပညာရေးစနစ်မှာ ကျောင်းသား ဗဟိုပြုသင်ကြားနည်းတွေကို စနစ်တကျသုံးစွဲကြတာလည်း တွေ့ရပါတယ်။ မိုးကုတ်ဖက်ဒရယ် ကျောင်းမှာ ဒီလိုအခြေခံပညာရေးကျင့်ထုံးတွေကို စနစ်တကျ တည်ဆောက်ထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ ပညာရေးမူဝါဒတွေကို ပြဋ္ဌာန်းထားပါတယ်။ ဝေဖန်ပိုင်းခြားစိစစ်မှုကို အခြေခံတဲ့ ပညာရေးစနစ် အပြင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်သော ပညာရေးရပ်ဝန်း ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ NUG အစိုးရက ရည်ရွယ်ချက်ထားပါတယ်။ အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ပညာရေးလွတ်လပ်ခွင့် အပြည့်အဝရရှိရေးကို အလေးထား ကြိုးစား ကြရပါလိမ့်မယ်။ ဒါ့အပြင် ခေတ်ကို ပြုပြင်မယ့် အတွေးအခေါ်သစ်တွေကို ဖိတ်ခေါ်ကြဖို့ လိုပါတယ်။ တက္ကသိုလ်တွေဟာလည်း လွတ်လပ်သော အကယ်ဒမစ်ရပ်ဝန်းဖြစ်ဖို့ လိုတယ်။ ကျောင်းတွေကလည်း လွတ်လပ်သော ပညာသင်ကြားရေးစနစ် အသက်ဝင်ဖို့ လိုပါတယ်။ ပညာရေး နယ်ပယ်က ဆရာ/ ဆရာမတွေ ကိုယ်၌က လွတ်လပ်ခြင်းကို လိုလားနှစ်ခြိုက်နေကြဖို့လည်း အထူး လိုအပ်ပါတယ်။ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးဟာ ပညာရေးမှာ ဗဟိုချက်အဖြစ် လာဆုံနေပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက အရေးကြီးသလို ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း အလေးထားလုပ်ကြ ရပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ ပညာရေးအပြောင်းအလဲ လိုက်ပါမလာရင် လူ့အဖွဲ့အစည်း ရဲ့ အမူအကျင့်နဲ့ အတွေးအခေါ် အပြောင်းအလဲကို မလုပ်ဆောင်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ အမူအကျင့် နဲ့ အတွေးအခေါ် ပြောင်းလဲရေးဟာ နိုင်ငံသစ်တည်ဆောက်ရေးနဲ့အတူ ယှဉ်တွဲဖြစ်တည်ရပါလိမ့်မယ်။ သို့မဟုတ်ရင် နိုင်ငံဟာ အဆိုးကျော့သံသရာထဲကို ပြန်ပြီး လည်ထွက်နိုင်ပါတယ်။ ဒါကို သတိပြုပြီး ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ သတ္တိအားနဲ့ မောင်းနှင်နေရပါတယ်။ တော်လှန်ရေး အလွန်ကာလမှာ – လူငယ်တွေရဲ့ ပညာအားနဲ့ မောင်းနှင်ကြရပါလိမ့်မယ်။ ဒါ့ကြောင့် ယခုအချိန်ကတည်းက အမြော်အမြင်ရှိရှိနဲ့ အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ ပညာအားကို ကြံ့ခိုင်အောင် ပံ့ပိုးတည်ဆောက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..

နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး

နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက်  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ NUG မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့ကြပြီး NUCC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောင်စီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရေးအတွက် သဘောတူညီခဲ့ကြပြီး၊ အခြားသော မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ရန်အတွက် ဖိတ်ခေါ်ရေးကိစ္စကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်၊ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ရန်ကြိုးစားနေသော အတုအယောင်ရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြားဒီဇင်ဘာ ၂၀ ၊ ၂၀၂၂ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်မှုရအောင် နိုင်ငံရေးထွက်ပေါက်ရှာလိမ့်မယ်ဆိုတာ သေချာနေတာ တွေ့ရပါ တယ်။ ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိပေ။ ၄င်းတို့ ကျင်းပမည်ဆိုသော "ရွေးကောက်ပွဲ" ဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြဿနာ၏ ထွက်ပေါက် နှင့် အဖြေ လုံးဝ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စု၏  "ရွေးကောက်ပွဲ" ဟာ ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး နှင့် ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် ရည်ရွယ်‌လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး ၄င်း "တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ" ကို ကျွန်ုပ်တို့ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။  ” လို့ ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ NUG အစိုးရအနေနဲ့ နိုင်ငံခြားဆက်ဆံရေး၊ သံခင်းတမန်ခင်း ကိစ္စတွေမှာ အပြုသဘောဆောင်သော တိုးတက်သော အလားအလာတွေကို ခပ်စိပ်စိပ်တွေ့မြင်လာရလို့လည်း ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ ထို့အတူ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံရမှု အပေါ် ထောက်ခံဝန်းရံခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ကျဉ်ထားဖို့ တောင်းဆိုလိုပါတယ်။ ယနေ့ မြန်မာနိုင်ငံ အတွင်း ယိုယွင်းပျက်စီးနေမှုနှင့် အကြမ်းဖက်မှု လုပ်ရပ်အားလုံးရဲ့ တာဝန်ခံသည် စစ်ကောင်စီ အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်။  စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်တော်လှန်ခြင်းအရေးကိစ္စဟာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး စတင်ပြီးချိန်ကလည်းက  ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အုံလိုက်ကျင်းလိုက် အားကောင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်မှာ ဒေါက်တိုင်အဖြစ် ပူးပေါင်းပါဝင်နေသူတွေကို လူမှုရေးပြစ်ဒဏ်ခတ်တာ၊ သပိတ်မှောက်ဆန့်ကျင်တာတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းခဲ့ပါတယ်။  ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုတာ “ရုံးမတက်ဘူး” ဆိုတဲ့ လှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် တခြားသော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အာဏာဖီဆန်ရေးကိစ္စမဆို သေးဖွဲသည်ဟူ၍ မရှိပါဘူး...။ ဒီအမြင် ဒီအယူအဆကို အခြေခံပြီး လူထုကကျယ်ကျယ်ပြန့်ပြန့်နဲ့ နည်းနာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ အသွင်သဏ္ဍာန်ပေါင်းစုံနဲ့ စစ်အာဏာရှင်ကို အာဏာဖီဆန်ဖို့ လှုံ့ဆော်စည်းရုံးနေရမယ်လို့ ယူဆပါတယ်” လို့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ဒါအပြင် ၂၀၂၃ ခုနှစ်ဟာ စစ်ရေး/ နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရကြောင်း၊ တော်လှန်ရေးလမ်းစဉ်တွေမှာ မဟာဗျူဟာအရ မမှားဖို့ လိုသလို နည်းဗျူဟာအားဖြင့် အလွဲအချော်တွေ မဖြစ်စေဖို့လည်း လိုကြောင်း၊ မိတ်ဆွေနိုင်ငံတွေ စဉ်ဆက်မပြတ်တိုးပွားရေးနဲ့ သံတမန်ရေး ကွင်းပြင်မှာ NUG ရဲ့ ဖြစ်တည်မှု ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “စစ်ကောင်စီ၏ အရပ်သားများ အပေါ် ပစ်မှတ်ထားတိုက် ခိုက်နေမှု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်မှုများ၊ လူမျိုး ခြား၊ ဘာသာခြား၊ အခြေခံ အလုပ်သမား လူတန်းစားများအပေါ် အနိုင်ကျင့်ပြီး ပဋိပက္ခများ ဖန်တီးနေမှုတွေ ဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့မှာ အရှိန်အဟုန်နဲ့ တိုးပွား ဖြစ်ပွားနေတာ အားလုံး အသိပဲဖြစ်ပါတယ်။ တမန်နေ့က အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြု အားထားရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို အဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှု၊ သွေးချင်း အညာဒေသတစ်ခွင်၊ တိုင်းရင်းသားဒေသအနှံ့မှာ လူသတ်၊ မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျွန်တော်တို့ အနေနဲ့ နေ့စဉ်နဲ့အမျှကြားသိနေရပါတယ်။ အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေမှာ လူသားချင်း စာနာကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ် ပြည်ထောင်စုသစ် တစ်ရပ် ပေါ်ပေါက်လာရေးအပြင်၊ လုံခြုံရေးကဏ္ဍအပြောင်းအလဲနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ တို့အတွက် စီမံကိန်း တွေ အများအပြားကို လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့  နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ (IACC) ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး စစ်ဘေးသင့် ပြည်သူများရဲ့ လိုအပ်ချက်များ၊ လူသားချင်းစာနာအကူအညီများ၊ PDF များ၊ လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်များနဲ့ ကျန် ဒီမိုကရေစီအင်အားစုများရဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေမှုများ ရှိတယ်ဆိုတာကို နိုင်ငံတကာက တရားမျှတမှုကို လိုလားတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်နိုင်ငံတွေ သိရှိရအောင် spoke person များအနေနဲ့ပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ  ဝန်ကြီးဌာနများအနေနဲ့ပဲဖြစ်ဖြစ် များများ ပြောကြားပေးဖို့ လိုအပ်ပါတယ်။ ဒီလို အခက်အခဲကာလမှာ ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေကို စောင့်ရှောက်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ ဝန်ကြီးများနှင့် တကွ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ CDM များ ၊ ကူညီပေးနေကြသောစေတနာဝန်ထမ်းများအားလုံးကိုလည်း ဒီနေရာကနေပဲ အထူးကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။” ပြောကြားလိုက်ပါတယ်။ဆက်လက်ပြီးတော့လည်း “ဝန်ကြီးဌာနများရဲ့ လုပ်ငန်းစဉ်များ အကျိုးဖြစ်ထွန်းမှုများနဲ့ ပတ်သက်လို့ ပိုမို သိရှိနားလည်နိုင်စေဖို့နဲ့ ပေါင်းစပ်လုပ်ဆောင်ပေးရမယ့် လုပ်ငန်းစဉ်များ ရှိပါကလည်း ပေါင်းစပ်လုပ်ဆောင် ပေးနိုင် အောင် ပုံမှန်ထိတွေ့မှု မရှိနေသေးတဲ့ ဝန်ကြီးဌာနများနဲ့ အခါအားလျော်စွာ တွေ့ဆုံနိုင်ဖို့ စီမံဆောင် ရွက်နေပါတယ်။ အခုဆိုရင် အလုပ်သမားရေးရာ ဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာနတွေ့နဲ့ တွေ့ဆုံဖို့ကိုလည်း စီစဉ်ပြီး ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့်လည်း ဝန်ကြီးဌာန တွေအတွင်းမှာ ကူညီပံ့ပိုးပေးနေကြတဲ့ စေတနာ့ဝန်ထမ်းများ၊ CDM ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုလည်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များပိုမိုတိုးတက်လာစေရေး၊ ကော်မတီများရဲ့လုပ်ငန်းဆောင်တာများ ပိုမိုအားကောင်းဆောင်ရွက်လာနိုင်စေရေးတို့အတွက် လိုအပ်သည် များကိုလည်း ကျွန်တော်တို့ ဝန်ကြီးချုပ်ရုံးနဲ့ ချိတ်ဆက် တိုင်ပင်ပြီး အကြံပေးလုပ်ဆောင်ကြဖို့ကိုလည်း ဒီနေရာက မှာကြားလိုပါတယ်။ ဒါ့အပြင် PDF များ၊ မဟာမိတ်တပ်ပေါင်းစုများရဲ့ ခုခံတွန်းလှန်စစ်ရဲ့ မြန်မာပြည်အနှံ့က အောင်ပွဲ သတင်းများကိုလည်း အားလုံးပြီး ကြားသိပြီး ဖြစ်မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းက ရဲဘော်ညီနောင်များ အားလုံးကိုလည်း တနိုင်ငံလုံး ကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ အောင်ပွဲတွေ ဆင်နိုင်ကြဖို့လည်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ဒါအပြင် အဆုံးအဖြတ်နှစ်ဟာ ချဉ်းကပ်လို့ လာနေပြီဖြစ်သလို အားလုံးဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံကိန်းရဲ့ လုပ်ဆောင်ရမဲ့ ဦးစားပေးလုပ်ငန်းစဉ်များအပေါ်မှာ မျက်ခြေမပြတ်စေပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်ကြရဖို့၊ စစ်အာဏာရှင်အပြီးတိုင်ပြုတ်ကျရေးပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက EU-ASEAN Summit side meetings တွေမှာ တွေ့ဆုံဆွေးနွေး ခဲ့တာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းစဉ်းစားရမယ့် မဟာဗျူဟာနဲ့ ဆပ်စပ်လုပ်ငန်းတွေကို တင်ပြတာ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခူးထဲဘူးက ပြည်ပရောက် မြန်မာနိုင်ငံ သားတို့ရဲ့ သားသမီးများကို မွေးစာရင်းလက်မှတ် ထုတ်ပေးနိုင်ရေးကိစ္စ တင်ပြတာ၊ CDM Success Committee ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက CDM Success Committee နှစ်ချုပ်အစီရင်ခံစာ တင်သွင်းတာပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆွေးနွေးတင်ပြ လာတာတွေကို ပြည် ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးတာ၊ ယာယီသမ္မတက နိဂုံးချုပ် အမှာ စကားပြောကြား တာ တွေပြုလုပ်အပြီးမှာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါတယ်။

ပြည်သူ့ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီးမှ CDMer များ တွေ့ဆုံဆွေးနွေး

ပြည်သူ့ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီးမှ CDMer များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီတစ်ခုဖြစ်သည့် CDMer များ၏ အရေးကိစ္စများကို အဓိကဦးစားပေးဆောင်ရွက်ပေးလျက်ရှိသော ပြည်သူ့ရေးရာကော်မတီသည် မကွေးတိုင်းဒေသကြီးမှ CDMer များနှင့် တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်(အင်္ဂါနေ့)၊ နေ့လယ် (၁၂:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။တွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားရာတွင် CRPH နှင့် NUG မှ တာဝန်ရှိသူများအနေဖြင့် CDM ရေးရာကိစ္စရပ်များကို စဥ်ဆက်မပြတ်ဆွေးနွေးညှိနှိုင်း၍ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်ပေါင်းစုံမှ အားလုံးညီညွတ်စွာ ပါဝင်ကြ၍ တော်လှန်ရေး ယခုကဲ့သို့ တစ်ဝက်ကျော် အောင်နိုင်ခဲ့ပြီးဖြစ်ပြီး အဆုံးထိညှိနှိုင်းလက်တွဲသွားကြပါက အားလုံးကြိုးစားမှုကြောင့် မကြာမီတွင် အောင်မြင်မည်ဟု မုချယုံကြည်ပါကြောင်း၊ ယခုထက်ပိုစည်းလုံးကြရန်နှင့် One Year Strategy ကို ပြင်ဆင်ထားရှိထား၍ ယခုနှစ်သည် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ကာ စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် လက်တွဲညီညီ  စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိ ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာ၌ CDM များကြောင့် တော်လှန်ရေးသည် ယခု အနေအထားအထိရောက်ရှိလာပြီး နေရာတိုင်းတွင် တော်လှန်ရေးရှိပါကြောင်း၊ ဥပဒေကဲ့သို့ ပြဋ္ဌာန်းနိုင်သော CDM မူဝါဒအား အတည်ပြုနိုင်ရေးကြိုးပမ်းလျက်ရှိပြီး ၎င်းတွင် CDM များ၏ သားစဉ်မြေးဆက်အထိ စဉ်းစားစောင့်ရှောက်ပေးရန် လုပ်ငန်းစဉ်များ ပါရှိသကဲ့သို့ Non-CDM များအတွက်လည်း တိကျပြတ်သားသည့် အရေးယူမှုများ ပါရှိပါကြောင်းနှင့် ယခုအချိန်မှ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသူများကို CDM အဖြစ်လက်မခံနိုင်တော့ဘဲ အလင်းဝင်သူအဖြစ်သာ သတ်မှတ်နိုင်ပြီး (၂)နှစ်နီးပါး စွန့်လွှတ်အနစ်နာခံခဲ့သည့် CDM သူရဲကောင်းများနှင့် မည်သည့် နည်းနှင့်မျှ တန်းတူမထားနိုင်သည်ကို သတင်းစကားပါးလိုပါကြောင်း ပြောကြားခဲ့သည်။ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီအနေဖြင့် CDM များနှင့် တွေ့ဆုံရခြင်းရည်ရွယ်ချက်မှာ အချင်းချင်းဆွေးနွေးအားယူကြရန်နှင့် ကော်မတီလုပ်ဆောင်မှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ CDM မူဝါဒရေးဆွဲနေသည့် အခြေအနေများအား CDM များသို့ ရှင်းလင်းတင်ပြလို၍ ဖြစ်ပါကြောင်းနှင့် အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် CDMer များက ကြုံတွေ့နေရသည့် မြေပြင်မှအခက်အခဲများ၊ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ပြန်လည်ဖြေကြား၍ တွေ့ဆုံပွဲအား (၁၆:၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စား လှယ်များ၊ CDM အရေး ဦးဆောင်သူများနှင့် CDMer များ တက်ရောက်ခဲ့ကြသည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၀) ရက် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို မဖြစ်… ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်မှုရအောင် နိုင်ငံရေးထွက်ပေါက်ရှာလိမ့်မယ်ဆိုတာ သေချာနေတာ တွေ့ရပါ တယ်။ ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဥ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိပေ။ ၄င်းတို့ ကျင်းပမည်ဆိုသော "ရွေးကောက်ပွဲ" ဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြဿနာ၏ ထွက်ပေါက် နှင့် အဖြေ လုံးဝ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စု၏  "ရွေးကောက်ပွဲ" ဟာ ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး နှင့် ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် ရည်ရွယ်‌လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး ၄င်း "တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ" ကို ကျွန်ုပ်တို့ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။  ကျွန်တော်တို့ NUG အစိုးရအနေနဲ့ နိုင်ငံခြားဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေမှာ အပြုသဘောဆောင်သော တိုးတက်သော အလားအလာတွေကို ခပ်စိပ်စိပ်တွေ့မြင်လာရလို့လည်း ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ ထို့အတူ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံရမှု အပေါ် ထောက်ခံဝန်းရံခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ကျဉ်ထားဖို့ တောင်းဆိုလိုပါတယ်။ ယနေ့ မြန်မာနိုင်ငံ အတွင်း ယိုယွင်းပျက်စီးနေမှုနှင့် အကြမ်းဖက်မှုလုပ်ရပ်အားလုံးရဲ့ တာဝန်ခံသည် စစ်ကောင်စီ အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်တော်လှန်ခြင်းအရေးကိစ္စဟာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး စတင်ပြီးချိန်ကလည်းက  ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အုံလိုက်ကျင်းလိုက် အားကောင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်မှာ ဒေါက်တိုင်အဖြစ် ပူးပေါင်းပါဝင်နေသူတွေကို လူမှုရေးပြစ်ဒဏ်ခတ်တာ၊ သပိတ်မှောက်ဆန့်ကျင်တာတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းခဲ့ပါတယ်။ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုတာ “ရုံးမတက်ဘူး” ဆိုတဲ့ လှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် တခြားသော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အာဏာဖီဆန်ရေးကိစ္စမဆို သေးဖွဲသည်ဟူ၍ မရှိပါဘူး...။ ဒီအမြင် ဒီအယူအဆကို အခြေခံပြီး လူထုကကျယ်ကျယ်ပြန့်ပြန့်နဲ့ နည်းနာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ အသွင်သဏ္ဍာန်ပေါင်းစုံနဲ့ စစ်အာဏာရှင်ကို အာဏာဖီဆန်ဖို့ လှုံ့ဆော်စည်းရုံးနေရမယ်လို့ ယူဆပါတယ်။ ၂၀၂၃ ခုနှစ်ဟာ စစ်ရေး/ နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလမ်းစဉ်တွေမှာ မဟာဗျူဟာအရ မမှားဖို့ လိုသလို နည်းဗျူဟာအားဖြင့် အလွဲအချော်တွေ မဖြစ်စေဖို့လည်း လိုပါတယ်။ အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်။ ဒါ့အပြင် မိတ်ဆွေနိုင်ငံတွေ စဉ်ဆက်မပြတ်တိုးပွားရေးနဲ့ သံတမန်ရေး ကွင်းပြင်မှာ NUG ရဲ့ ဖြစ်တည်မှု ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ပြောချင်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ  ကျယ်ပြန့်တဲ့သဘောဆောင်တာကြောင့် စစ်အာဏာရှင်ကို အာဏာဖီဆန်တဲ့ကိစ္စမှာ သေးဖွဲသည်  သေးငယ်သည်လို့ သဘောမထားဘဲ နိုင်ငံရေးအရ စနစ်တကျ စည်းရုံးတိုက်တွန်းကြိုးပမ်းကြစေဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။ အရေးတော်ပုံမုချအောင်ရမည်.....

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် စစ်ကောင်စီ၏ အရပ်သားများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်မှုများ၊ လူမျိုးခြား၊ ဘာသာခြား၊ အခြေခံ အလုပ်သမား လူတန်းစားများအပေါ် အနိုင်ကျင့်ပြီး ပဋိပက္ခများ ဖန်တီးနေမှုတွေဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့မှာ အရှိန်အဟုန်နဲ့ တိုးပွား ဖြစ်ပွားနေတာ အားလုံး အသိပဲဖြစ်ပါတယ်။ တမန်နေ့က အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြု အားထားရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို အဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှု၊ သွေးချင်း အညာဒေသတစ်ခွင်၊ တိုင်းရင်းသားဒေသအနှံ့မှာ လူသတ်၊ မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျွန်တော်တို့ အနေနဲ့ နေ့စဉ်နဲ့အမျှကြားသိနေရပါတယ်။ အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်။   ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေမှာ လူသားချင်း စာနာကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ် ပြည်ထောင်စုသစ် တစ်ရပ် ပေါ်ပေါက်လာရေးအပြင်၊ လုံခြုံရေးကဏ္ဍအပြောင်းအလဲနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ တို့အတွက် စီမံကိန်း တွေ အများအပြားကို လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့  နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ (IACC) ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး စစ်ဘေးသင့် ပြည်သူများရဲ့ လိုအပ်ချက်များ၊ လူသားချင်းစာနာအကူအညီများ၊ PDF များ၊ လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်များနဲ့ ကျန် ဒီမိုကရေစီအင်အားစုများရဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေမှုများ ရှိတယ်ဆိုတာကို နိုင်ငံတကာက တရားမျှတမှုကို လိုလားတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်နိုင်ငံတွေ သိရှိရအောင် spoke person များအနေနဲ့ပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ  ဝန်ကြီးဌာနများအနေနဲ့ပဲဖြစ်ဖြစ် များများ ပြောကြားပေးဖို့ လိုအပ်ပါတယ်။ ဒီလို အခက်အခဲကာလမှာ ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေကို စောင့်ရှောက်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ ဝန်ကြီးများနှင့် တကွ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ CDM များ ၊ ကူညီပေးနေကြသောစေတနာဝန်ထမ်းများအားလုံးကိုလည်း ဒီနေရာကနေပဲ အထူးကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။   ဒါ့အပြင် PDF များ၊ မဟာမိတ်တပ်ပေါင်းစုများရဲ့ ခုခံတွန်းလှန်စစ်ရဲ့ မြန်မာပြည်အနှံ့က အောင်ပွဲ သတင်းများကိုလည်း အားလုံးပြီး ကြားသိပြီး ဖြစ်မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းက ရဲဘော်ညီနောင်များ အားလုံးကိုလည်း တနိုင်ငံလုံး ကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ အောင်ပွဲတွေ ဆင်နိုင်ကြဖို့လည်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။  နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်နှစ်ဟာ ချဉ်းကပ်လို့ လာနေပြီဖြစ်သလို ကျွန်တော်တို့ အားလုံးဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံကိန်းရဲ့ လုပ်ဆောင်ရမဲ့ ဦးစားပေးလုပ်ငန်းစဉ်များအပေါ်မှာ မျက်ခြေမပြတ်စေပဲ တစ်စိုက်မတ်မတ်လုပ်ဆောင်ကြရဖို့ မှာကြားရင်း စစ်အာဏာရှင်အပြီးတိုင်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အားသွန်ခွန်စိုက်တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်အပေါင်းကို လေးစားဂုဏ်ပြုပါ ကြောင်းပြောကြားရင် နိဂုံးချုပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်  တော်လှန်ရေးကာလမှာ တာဝန်ထမ်းဆောင်ကြရတဲ့ တော်လှန်ရေးအစိုးရအဖွဲ့ဝင်တွေဖြစ်တာ ကြောင့် သမ္မတကြီးနဲ့ကျွန်တော်အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ အတွင်းဝန်တွေ တာဝန်ထမ်း ဆောင်ကြတဲ့အခါ ပုံမှန်ကာလတွေလိုဘဏ္ဍာငွေအင်အားနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လုံလောက် မှုမရှိတာကြောင့် စိတ်ရောလူရောပိုပင်ပန်းကြမှာအမှန်ပါပဲ။ စီမံခန့်ခွဲမှုအခက်အခဲတွေကြားကပဲ ကျား ကုတ်ကျားခဲကြိုးစားရင်း တော်လှန်ရေးအတွက်ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို တက်လှမ်းလာ နိုင်တာလည်း ရှိပါတယ်။  ကောင်းမွန်တဲ့ရလဒ်တွေရှိသလို ကျွန်တော်တို့မကြားချင်တဲ့သတင်းတွေဖြစ်တဲ့ ရွာမီးရှို့ခံရတဲ့သ တင်းတွေ၊ စစ်ရှောင်ပြည်သူတွေရဲ့အခက်အခဲတွေ၊ ဖမ်းဆီးခံနေရတဲ့ ပြည်သူတွေ၊ တော်လှန်ရေး မှာအသက်ပေးသွားရတဲ့ PDF ရဲဘော်တွေ စတဲ့သတင်းတွေကိုကြားသိရတာ အင်မတန်စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့စနေနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ (၇၄) ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် လူ့အ ခွင့်အရေးဆိုတာ ဘာမှန်းတောင်မသိဘဲနေလာခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော် ကာလတလျှောက်လုံးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်မှာတော့ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သိရှိနားလည်လာပြီး မြန်မာနိုင်ငံမှာ  လူ့အခွင့်အရေးနဲ့အညီ နေထိုင်နိုင်အောင်  ဝိုင်းဝန်းကြိုးစားခဲ့ကြ ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ (၁) မှ စလို့ ကျွန်တော်တို့ အားလုံး မိမိတို့ ကိုယ်ပိုင်အခွင့်အရေးတွေအားလုံး ပြန်လည်ဆုံးရှုံးခဲ့ရပြန်ပါတယ်။ အခုလက်ရှိအခြေအနေမှာဆိုရင်လည်း လူမဆန်လွန်းတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်ကို နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ပြုလုပ်နေ တာအားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းပြီးမှသာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့၊ လူလူချင်း ညီညွတ်မျှတ လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်မယ့် လူ့ဘောင်သစ်တစ်ခုကို ကျွန်တော်တို့ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ် ပါတယ်။ ပန်းတိုင်ကိုမျက်ခြေပျက်မခံဘဲ ကျွန်တော်တို့ညီညီညာညာလျှောက်လှမ်းကြရမှာဖြစ်ပါ တယ်။  တကယ်တော့ ဒီကာလတွေအတွင်းမှာ စစ်ကောင်စီရဲ့လူမဆန်တဲ့ ဖိနှိပ်မှုတွေ အခံရဆုံးက ကျွန် တော်တို့ရဲ့ အညာဒေသ ဖြစ်ပါတယ်။ ဖိနှိပ်မှုတွေ ဖိစီးမှုတွေ အမျိုးမျိုးနဲ့အတူ ကျွန်တော်တို့ရဲ့ အနာဂတ်၊ ကလေးငယ်လေးတွေဟာ ဗုံးခိုကျင်း တွေတူးပြီး စာသင်ဖို့ ပြင်ဆင်နေကြတဲ့ အခြေအနေတွေကို မြင်တွေ့ရတာ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကော်မတီရဲ့ အစည်းအဝေးတွေကို အပတ်စဉ် မပြတ်ဘဲ တက်ရောက်ပြီး  မြေပြင်က အသံတွေ နားထောင်ကြဖို့နဲ့ ပေါင်းစပ်လုပ်ဆောင်ရမှာတွေကို အမြဲတမ်း အားစိုက်လုပ်ဆောင် ပေးကြဖို့ တိုက်တွန်း ညွှန်ကြားနေတာ ဖြစ်ပါတယ်။  ကောင်းမွန်တဲ့ရလာဒ်အနေနဲ့ကတော့ ပြီးခဲ့တဲ့သတင်းပတ် အမေရိကန်နိုင်ငံကာကွယ်ရေး ဥပ ဒေကြမ်း American National Defense Authorization Act -၂၀၂၃ မှာ BURMA Act လို့ခေါ်တဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ခြင်းဟာ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီ ရုန်းကန်မှုအောင်ပွဲဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်ရေးဝန်ကြီးဟာ EU ပါလီမန်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖိတ်ကြားပြီး တက်ရောက်မိန့်ခွန်းပြောခွင့်ရခဲ့တာဟာလည်း ကြီးမားတဲ့ သံတမန်ရေးအောင်မြင်မှု ဖြစ်ပါတယ်။ များမကြာမှီကာလမှာ ရောက်ရှိလာတော့မှာဖြစ်တဲ့ ထိရောက်တဲ့ နိုင်ငံတကာ အကူအညီတွေကို အရေးကြီးသော နေရာများတွင် ထိရောက်စွာ ရောက်ရှိ စီမံခန့်ခွဲနိုင်စေဖို့  နှောင့်နှေးကျန့်ကြာမှုများ မရှိအောင် ယခုကတည်းက ဝန်ကြီးဌာနများအနေနှင့် ဦးစားပေး လိုအပ်ချက်များကို ပြင်ဆင်ထားကြစေလိုပါတယ်။ ဒီလိုပြင်ဆင်ရာမှာလည်း မိမိတို့ ဝန်ကြီးဌာန သဘောသဘာဝအရ ပုံမှန်လိုအပ်ချက်များထက် တော်လှန်ရေး တစ်နှစ်အတွင်း အောင်မြင်နိုင်ရေး ထိရောက်သည့် ဦးစားပေးမှုများ ဖြစ်စေဖို့ တိုက်တွန်းလိုပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်များ၊ ကျန်းမာရေး၊ စစ်ဆင်ရေးအတွက်လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ စသည်တို့ကို အဓိကထား ဦးစားပေးကြပြီး မိမိတို့ မဟာမိတ်အဖွဲ့အစည်းများရဲ့ မူဝါဒနှင့် ဦးစားပေးလုပ်ငန်းများ တစ်ထပ်တည်းကျအောင် ဆောင်ရွက်ကြဖို့မှာလည်း အရေးကြီးပါတယ်။ NDAA အတည်ပြုပြီးသည့် အခါတွင်လည်း မိမိတို့ ဝါရှင်တန် အစိုးရရုံးနှင့် အခြား သက်ဆိုင်ရာ channel အသီးသီးမှ အမေရိကန်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံကာ ယခု ထောက်ပံ့မှုများ ထိရောက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြဖို့ကိုလည်း အလေးအနက်မှာကြားလိုပါတယ်။  အမေရိကန် လွှတ်တော်များမှ ယခုကဲ့သို့ တရားဝင် NUG, NUCC နှင့် CRPH တို့ကို ထောက်ပံ့ခြင်းသည် နိုင်ငံရေးအရကြီးမားသည့် အောင်မြင်မှုဖြစ်ပါတယ်။    ဒါ့အပြင် ကျွန်တော်တို့ဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့  ဒေသတွင်း မိတ်ဆွေများကို တန်ဖိုးထားသလို မြန်မာနိုင်ငံကို အာဏာရှင်စနစ်အမြစ်ပြတ်စေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တစ်ရပ်အဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး အကူအညီပေးနေတဲ့ မည်သည့် မိတ်ဆွေနိုင်ငံကို မဆို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။  ကျနော်တို့တော်လှန်ရေးအင်အားစုတွေ မည်သည့်အကြောင်း ကြောင့်မျှ မိမိတို့ ယုံကြည်မှုတွေ ယိမ်းယိုင်မသွားကြပဲ နိုင်ငံရေးသမိုင်းသစ်ကိုအတူတကွရေးထိုးပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားကြမယ့် အချိန်ကာလဖြစ်တာမို့ အခက်အခဲတွေကို အတူပူးပေါင်းရင်ဆိုင်ကြပြီး တိုက်ပွဲဝင်ဖို့လိုအပ်ပါကြောင်းပြောကြားရင်း နိဂုံး ချုပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၃) ရက် ဒီနေ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ ပြောလိုတာက လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းထိုးစစ်ဆင်ပြီး စစ်ရေးပစ်မှတ် / အရပ်သားပစ်မှတ် မခွဲခြားဘဲနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ကိစ္စဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ရေးအသာစီးရဖို့ နိုင်ငံရေးကို နည်းမျိုးစုံနဲ့ လှည့်ကွက်တွေထွင်ပြီး လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ လေကြောင်း ထိုးစစ်တွေကို အဓိကထားပြီး လုပ်လာတာဟာ စစ်ကောင်စီရဲ့ မြေပြင် ကြည်းတပ် အင်အား ယုတ်လျော့ချိနဲ့ လာတာကို ပြနေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ကြောင့် အရပ်သားပြည်သူ လူထုထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ပိုများလာပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့အနိုင်ရဖို့ သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဘယ်ကိစ္စကိုမဆို လက်မရွံ့ လုပ်နိုင်တယ်ဆိုတာကို အထင်အရှားပြနေပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာတော့ ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေအရ စစ်ကို စစ်လို မတိုက်နိုင်တာတွေ ရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူနဲ့ / စနစ်နဲ့ / ကျင့်ဝတ်နဲ့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းစဉ်မို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရပါလိမ့်မယ်။ တစ်ဖက်မှာလည်း အရပ်သားသေကြေမှုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ရမှာဖြစ်သလို မိမိတို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော် ရဲဘက်တွေ အကျအဆုံး နည်းနိုင်သမျှ နည်းရေးကို အဓိကလုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းတဲ့အခါမှာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံရေး အမြော် အမြင်အားကောင်းသူတွေလည်း ပါဝင်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိသူတွေလည်း ပါဝင်စေသင့်တယ်လို့ ယူဆပါတယ်။ ဒီလိုပါဝင်လုပ်ဆောင်မယ့် သူတွေဟာ တော်ရုံ ထူးချွန်ရုံ သက်သက် မဟုတ်ဘဲ၊ နိုင်ငံနဲ့ တော်လှန်ရေးပေါ်မှာ စေတနာစိတ်ထားသူတွေလည်းဖြစ်ဖို့ လိုပါတယ်။မြန်မာ့နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ဘုံသဘောတူညီမှု/ ဘုံရည်မှန်းချက်ကို အခြေခံပြီး တော်လှန်ရေးအင်အားစုတွေကို စုဖွဲ့ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံစံနှုန်းတွေကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူဘောင်တွေအဖြစ် ကိုင်ဆွဲ အသုံးပြုရပါလိမ့်မယ်။ ဒါဟာ နွေဦးတော်လှန်ရေးအင်အားစုတွေအတွင်းက ဘုံနိုင်ငံရေးရည်မှန်းချက်တွေလည်းဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထားရေး အပေါ်မှာ မူတည်နေပါတယ်။ ဒါ့ကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ်ရေး အောင်နိုင်မှုတွေရအောင်လည်း  ကျွန်တော်တို့ ကြိုးစားကြရမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင် လုပ်ထားရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေထဲမှာ မိတ်ဆွေ နိုင်ငံတွေ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရပါလိမ့်မယ်။ ပြည်တွင်းက တော်လှန်သောအစုအဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရမှ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အရေးတော်ပုံမုချအောင်ရမည်....