ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အခုဆိုရင် တိုင်းအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တွေနဲ့ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းလာကြတာ တွေရှိ တယ်လို့ သိရပါကြောင်း။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်စီမံနိုင်ဖို့ စီမံချက် တခု ရေးဆွဲပြင်ဆင်နေတာ ရှိပါကြောင်း" ဟုပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိပါ။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုပါ။ နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထုကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည် ဖြစ်သည်။စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင်မည်ဖြစ်၍ ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ဖက်ဒရယ်​ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်​ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်​ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ​ဒေါက်တာလျန်မှုန်းဆာ​ခေါင်းနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့၊ ၁၄း၀၀နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော် ဥက္ကဌ၊ ဒုဥက္ကဌ ၊လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိ​သောလွှတ်​တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး၊ ဝန်ကြီးဌာနမှလည်း အမြဲတမ်းအတွင်းဝန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌတို့မှ နှုတ်ခွန်းဆက်စကား‌များ‌ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် ဖက်ဒရယ်​ရေးရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဥ်များ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။၄င်း​နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်​တော်ဘက်မှလည်းဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များအ​​ပေါ် ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများနှင့် ရှေ့လုပ်ငန်းစဥ်များကို ​ဆွေး​နွေး​ပြောကြားခဲ့ပြီး​နောက်တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ နေ့လည် ၁၆:၀၀နာရီတွင်အစည်းအဝေးအား ​အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား

ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား

ဇန်နဝါရီ ၃၀ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ယနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ “ပြောင်းလဲ လာတဲ့ ခုခံတော်လှန်စစ်ရေးအောင်ပွဲတွေနဲ့ အတူ လိုက်ပါဆောင်ရွက်ရမယ့် ဖက်ဒရယ်မူဝါဒရေးရာ ကိစ္စရပ်တွေပဲ” ဖြစ်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ မြို့သိမ်းတိုက်ပွဲတွေအထိ အောင်မြင်လာ တာကို အားလုံးတွေ့မြင်နေရပြီး ဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အရေးကြီး သလို လူမျိုးရေးအရလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျွန်တော် တို့ အမျိုးသားညီညွတ်ရေးအစိုးရက ရှေ့ရှုတည်ဆောက်နေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အရေးပါတဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ခုခံတော်လှန်စစ် အောင်ပွဲရလဒ်တွေကို ဖက်ဒရယ်အခြေခံမူတွေနဲ့ ပေါင်းစပ်တည်ဆောက်နိုင်ရေးဟာ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သလို မဟာဗျူဟာကျကျ တွေးခေါ် ချဉ်းကပ်နိုင်ဖို့လည်း လိုအပ် ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အကဲဆတ်တဲ့ အတွေးအခေါ်တွေ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှုများအပေါ်မှီတည်ပြီး လက်နက်ကိုင် ပဋိပက္ခက ယှဉ်တွဲလာတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီသမိုင်းသင်ခန်းစာကို သတိချပ်ပြီး ကျွန်တော်တို့အနေနဲ့ လက်ရှိ ပစ္စုပ္ပန်ကာလမှာ ပို၍ ငြိမ်းချမ်းသော လူ့ဘောင် အဖွဲ့အစည်းကို တည်ထောင်ကြဖို့ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အခု နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ယခင့်ယခင်ကနဲ့ မတူတဲ့ အသစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဦးတည်လျှောက်လှမ်း နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ လက်တွေ့ကျသော/ ညီညွတ်သော / ခေတ်မီသော ဖက်ဒရယ်မိုဒယ် [Federal model] တွေကို စဉ်းစား လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်လာရင် အကဲဆတ်တဲ့ လူမျိုးရေး အမြင်တွေကိုလည်း နိုင်ငံရေးခန္တီတရား အပြည့်အဝနဲ့ သဘောထားကြီးကြီး ရှုမြင်ကြဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ၊ အမှတ်သရုပ်ပေါင်းစုံ ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ အတူပေါင်းစည်းနေထိုင်ရေးမူဟာ ဖက်ဒရယ်ဒီမိုကရေစီမူတွေပဲလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် လက်တွေ့ အခင်းအကျင်း နဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ရေးရာ စဉ်းစားချက်တွေကို သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ညီညီညွတ်ညွတ် တိုင်ပင် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးအတွင်းမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ကိုလည်း စုပေါင်းသဘောတူညီချက်နဲ့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု အားလုံးရဲ့ တူညီသော ဘုံအတွေးအခေါ် / အယူအဆဖြစ်သလို အနာဂတ် လူ့အဖွဲ့အစည်းအတွက် အုတ်မြစ်တည်မယ့် အခြေခံမူတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းကို ပိုမိုအက်ကွဲလာမယ့် သဘောထားတွေကို အထူးအလေးထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းနိုင်သော လူမျိုးရေးအရ ပိုမို စေးကပ်မှုရှိသော နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အထူးလိုလားပါတယ်။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းကိုလည်း ရှောင်ရှားနိုင်ဖို့ လိုသလို အမှားသစ်တွေကို မဖန်တီးဖြစ်ဖို့ နိုင်ငံရေးသတိ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် တိုင်းပြည်ရဲ့ ပြည်သူလူထုဟာ စစ်ဒဏ်ကြောင့် မောပန်းမှုဒဏ်ကို ခါးစည်း မခံရစေဖို့ အမြဲသတိပြုရမှာ ဖြစ်ကြောင်း၊ ပဋိပက္ခသံသရာ စက်ဝန်းကို လက်တွေ့ကျကျ ဖောက်ထွက်ဖို့ အားလုံး ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ စစ်မှန်သော အမျိုးသားညီညွတ်ရေးအတွက် အားလုံး ဝိုင်းဝန်းတည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ တည်ဆဲအခင်းအကျင်းမှာ ခေါင်းဆောင် တစ်ဦးချင်းစီရဲ့ လေးနက်တဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုက ပိုမိုလို အပ်နေ သလို နိုင်ငံသစ်တည်ဆောက်ရေးအတွက်လည်း လိုအပ်နေတဲ့ အချိန်ဖြစ်ကြောင်း ကျွန်တော်တို့ဟာ တော်လှန်ရေး ကြိုးပမ်းချက်တွေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကို မပေါ့မလျော့သော စိတ်အစဉ်နဲ့  ခွန်ပြည့်အားပြည့် လုပ်ဆောင်နိုင်စေကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “လာမယ့် ၁ ရက်နေ့ဆိုရင် အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ ပြည်သူ့ထံမှ အာဏာကိုလုယူဖို့ ကြိုးပမ်းအားထုတ်ခဲ့တာ ၃ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ တော်လှန်ရေး ၃ နှစ် တာ ကာလကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ ငါတို့နိုင်မှာလို့ ခိုင်မာတဲ့ ယုံကြည်မှုဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ ဒီကနေ့ ဒီအချိန်ထိ တက်လှမ်း လာနိုင်တဲ့ အဓိက အကြောင်းရင်းတခု အဖြစ် တွေ့ရပါတယ်။ ကျနော်တို့ တော်လှန်ရေး ဦးဆောင်အစိုးရအဖွဲ့အနေနဲ့လည်း ၂၀၂၁ ဧပြီမှာ စတင်ဖွဲ့စည်းပြီးကတည်းက စစ်ကောင်စီ ကို အပြီးတိုင်ဖြိုချနိုင်ရေးနဲ့ ခိုင်မာတဲ့ ဖယ်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံတော်ကြီး တည်ထောင်နိုင် ရေးအတွက် အစုအဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီး ကဏ္ဍပေါင်းစုံ နည်းနာပေါင်းစုံနဲ့ လစ်ဟာမှု မရှိရ‌အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ၂ နှစ်ကျော် ကာလထဲရောက်လာပြီပဲ ဖြစ်ပါတယ်။ ၂၀၂၃ မှာ One year plan ကို ချမှတ်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ စီမံဆောင်ရွက်ခဲ့မှုတွေရဲ့ ရလဒ်တွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ခဲ့ကြရတာမို့ ဒီအရှိန်အဟုန်နဲ့ ရှေ့ဆက်ပြီး ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တနှစ်အဖြစ် ကျနော်တို့တွေ အားလုံး စဥ်းစား ထားကြရမှာ ဖြစ်ပါတယ်။ အပြီးသတ်ချေမှုန်းပြီး  ပွဲသိမ်းတိုက်ပွဲကို ကောင်းစွာ ဖော်ဆောင်နိုင်ဖို့ရန် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးမှာ အင်အားတွေ၊ စုစည်းမှု တွေလည်း အခိုင်အမာရှိနေ ပြီလို့ ယုံကြည်ပါတယ်။ ကျနော်တို့ ဖြတ်သန်းလာတဲ့ တော်လှန်ရေး အသီးသီးကို ပြန်လေ့လာ ကြည့်ရင် ယခု နွေဦးတော်လှန်ရေးလောက် စုစည်းမှုအားနဲ့ ဇွဲသတ္တိတွေ ကောင်းတာတခါမှ မကြုံဘူးခဲ့သလို စစ်ကောင်စီဘက်ကလည်း ဒီလောက် ဘက်ပေါင်းစုံက အင်အားချိနဲ့နေတဲ့ အနေအထားမျိုး မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီအခြေအနေ အခွင့်အလမ်း တွေကို ထိထိမိမိ ဆက်လက် အသုံးချနိုင်ဖို့တော့ အင်မတန် အရေးကြီးကြောင်း ပြောလိုပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ တော်လှန်ရေးရဲ့ အရှိန်ဟာ မြန်ဆန်လွန်းတာဖြစ်တဲ့အတွက် နိုင်ငံရေး အရ ညှိနှိုင်းဆွေးနွေးကြရမယ့် ကဏ္ဍတွေအတွက်လည်း သွက်သွက်လက်လက် လုပ်ဆောင် စေချင်ပါတယ်။ စစ်ရေးအရှိန်အဟုန်နဲ့အတူ နောက်ကလိုက်ပြီး စနစ်တကျ စီမံထိန်းချုပ်နိုင်မယ့် အုပ်ချုပ်‌ရေး အစီအစဥ်တွေ၊ နိုင်ငံရေးအရ လိုအပ်တဲ့ ဆွေးနွေးမှုတွေ အားလုံးမှာ အချိန်ကိုက် လှုပ်ရှားမှုတွေရှိဖို့ အင်မတန် အရေးကြီးပါတယ်။ စစ်‌ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေမှာ Chain of command အင်မတန် အရေးကြီး သလို အုပ်ချုပ်‌ရေးဖော်ဆောင်နေတဲ့ မြို့နယ်တွေမှာ တရား ဥပဒေစိုးမိုးရေး ကိစ္စကလည်း အင်မတန် အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဥ် လို့ပြောရင် တရားရေးဝန်ကြီးဌာနတခုထဲနဲ့ သက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ တရားစွဲ အဖွဲ့အစည်းတွေ အားလုံးနဲ့ သက်ဆိုင်နေတာဖြစ်တဲ့အတွက် တရားစွဲအဖွဲ့အစည်းထဲပါဝင်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ ပလဖ၊ ပကဖ၊ ပအဖ အပါအဝင် သစ်တောဌာန၊ သတ္တုဌာန၊ မြေစာရင်းဌာန စသဖြင့် အဖွဲ့အစုံ မှာ တာဝန်ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ လျော့ရဲနေတဲ့ ပြဿနာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ သေသေချာချာ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် နိုင်ငံတကာက တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို စောင့်ကြည့်နေပါကြောင်း၊ တရားဥပဒေစိုးမိုးမှုအားကောင်းလာတဲ့အခါ အစိုးရအပေါ် ပြည်သူတွေက ယုံကြည်ကိုးစားမှုတွေ တိုးတက်လာမှာဖြစ်ကြောင်း ၊ ပုံမှန်ကာလမှာတောင် တရားဥပဒေစိုးမိုးရေးကဏ္ဍက ကိုင်တွယ်ရတာ မလွယ်ကူတာမို့ အခုတော်လှန်ရေးကာလမှာ ပိုမိုခက်ခဲမှာဖြစ်ကြောင်းနဲ့ လုပ်ဆောင် ရနိုင်သမျှနည်းလမ်းတွေရှာပြီး ဖိဖိစီးစီး စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်တွေကို တင်ပြမှတ်တမ်းတင်တာ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက COC အတည်ပြုခြင်းနဲ့ ထုတ်ပြန်နိုင်ရေး တင်ပြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂၃) ရက် • ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေးကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်။ • အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF / LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ • နွေဦးတော်လှန်ရေးအတွင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလို အသစ်ပေါ်ထွန်းလာခဲ့တဲ့ ဒေသအခြေပြု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ရှေ့က စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန် ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။• တချို့သော အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်းတွေကတော့ နယ်မြေအားဖြင့် တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဆက်အသွယ်အားဖြင့် နီးကပ်ကြတယ်ဆိုပေမယ့် စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအားဖြင့် အချိန်ယူနေရသေးတာလည်း တွေ့ရပါတယ်။ • ကျွန်တော်တို့ဟာ တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိလို့ ဖြစ်ပါတယ်။ စစ်ရေးအရ အောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ်သာဓကတွေဟာ အတိတ်က နိုင်ငံတကာနိုင်ငံတွေရဲ့ တော်လှန်ရေးသာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ • ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရသည့်တိုင်အောင်၊ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။ • အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီး လိုအပ်လာလေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်။ •စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ • စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုတယ်။ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရပါဘူး။ ဒါ့ကြောင့် တော်လှန်ရေးအတွင်းမှာထားတဲ့ မူအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာနိုင်အောင် အထူး ကြပ်မတ်ဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်ကျွန်တော်တို့ဟာ တော်လှန်ရေးကာလအတွင်း တာဝန်ယူထားရတဲ့ တော်လှန်ရေး အစိုးရဖြစ်သည့်အားလျော်စွာ ကျွန်တော်တို့ နိစ္စဓူဝ လုပ်ဆောင်နေရတဲ့ ကိစ္စတွေဟာ တော်လှန်ရေးကို တိုက်ရိုက် ထိရောက်မှု ရှိပြီး အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင် စေမယ့် ကိစ္စမျိုးတွေအတွက် အဓိက အားစိုက်လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ဆိုတာ အကြမ်းဖက် စစ်ကောင်စီ အပြီးတိုင် ပြိုကျသွားဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် အားစိုက်လုပ်ဆောင်ရကြတဲ့အခါ တော်လှန်ရေးအလွန်ကာလမှာ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေအတွက်လည်း ထည့် သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်း ရှည်လျားပြီး တိုင်းရင်းသားလူမျိုး စုံလင်လှတဲ့ တိုင်းပြည်မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ပြီးတဲ့အခါ အချင်းချင်းကြားမှာ နားလည်မှုရှိစွာနဲ့ နေထိုင်သွားကြဖို့ရန် တိုင်ပင်ဆွေးနွေး ညှိနှိုင်းစရာတွေကလည်း များမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲရင်း အနာဂတ်နိုင်ငံတော်အတွက်ပါ အလုပ်တွေ လုပ်နေကြရတာဖြစ်ပြီး တာဝန်တွေ များပြားလွန်းတာမို့ ဝန်ကြီးတွေအနေနဲ့လည်း အချိန်၊ ငွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်။ဒီရက်ပိုင်းမှာဆိုရင် လူထုတော်လှန်ရေးရဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကျရှုံးမှု၊ အထိနာနေမှုတွေအပြင် ခုနောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာပင် အက်ကြောင်းတွေ ရှိလာတဲ့ သဘောတွေ မြင်တွေ့နေရပါတယ်။ နိုင်ငံအနှံ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှသည် အနောက်ဘက်နဲ့ တောင်ပိုင်းဒေသတွေအထိ စစ်မျက်နှာပြင်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ အလယ်ပိုင်း ဒေသမှာတော့ လက်နက်အင်အား မပြည့်စုံသေးသည့်ကြားမှပင် စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် ခြိမ်းခြောက်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ပန်းမဝင်ခင် တက်မ မထောင်ဖို့ အရေးကြီးသော်လည်း ကျွန်တော်တို့ တိုင်းရင်းသား အားလုံးရဲ့ စိတ်ဓါတ်၊ စွမ်းရည်သတ္တိနဲ့ စည်းလုံးမှုကို ချီးကျူးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီ မျှော်လင့်စောင့်စားနေတဲ့ တော်လှန်ရေး မဟာမိတ်များ ပြိုကွဲရေး ဆိုတဲ့ကိစ္စက ဖြစ်မလာတဲ့အပြင် ပိုမိုစုစည်းလာနေကြောင်း ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးများက ခိုင်မာတဲ့ သက်သေများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းလုံး ပြည်သူများ ရရာလက်နက်စွဲကိုင် တော်လှန်ပြီး အကြမ်းဖက်စစ်ကောင်စီ နှိမ်နင်းရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်နေကြ တာဖြစ်လို့ အပြန်အလှန်ယုံကြည်လေးစားမှုက ပိုမိုခိုင်မာလာကာ ပူးပေါင်းစစ်ဆင်ရေးတွေ အားကောင်းလာတာပဲဖြစ်ပါတယ်။ နောက်ထပ်သတိထားရမယ့် အချက်ကတော့ စစ်ကောင်စီဟာ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ မျိုးချစ်စိတ်ဓါတ်ကို အစွန်းရောက်အောင် အသုံးချပြီး ၎င်းတို့တပ် တည်မြဲရေး အတွက် ကြိုးပမ်းနေတာ အားလုံး အသိဖြစ်ပါတယ်။ ဒါကိုလည်း အထူးသတိထားဖို့ လိုသလို စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ စစ်ရှုံးလာတဲ့အခါ နိမ့်ကျတဲ့ နည်းပရိယာယ်မျိုးစုံနဲ့ ပြည်သူ ကို လှည့်စားလေ့ရှိတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ခေါင်းစဉ်ပြောင်း၊ နေရာပြောင်းပြီး ပြည်သူကို တွေတွေဝေဝေ ဖြစ်လေမလားဆိုတဲ့ အတွေးနဲ့ စီမံဆောင်ရွက်ဖို့ ကြံစည်နေတာကို လည်း ပြည်သူတွေ ကောင်းစွာ သတိထားမိမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေ ရှေးရှုထားတဲ့ တော်လှန်ရေးပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဖြစ်တာမို့ ဘယ် လိုပင် ပြည်သူကို လှည့်ဖျားဖို့ ကြံစည်ပါစေ ပြည်သူတွေအနေနဲ့ အာရုံပြောင်းသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း အကြမ်းဖက် စစ်ကောင်စီကို သိစေချင်ပါတယ်။ စစ်ကောင်စီမှ ထိပ်ပိုင်း၊ အလယ်အလတ်နဲ့ အောက်ခြေစစ်သည်များလည်း မိမိတို့ “ဘာကြောင့်စစ်တိုက်နေရသလဲ” ဆိုတာ ပြန်လည်သုံးသပ်စေချင်ပါတယ်။ အခုတိုက်နေကြ ရတဲ့ စစ်ပွဲတွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်တိုက်နေကြရတဲ့ စစ်ပွဲတွေမို့ တိုင်းပြည်ကို ရန်သူ့ရန်မှ ကာကွယ်ဖို့ မဟုတ်တာကိုတော့ အားလုံး နားလည်ပြီး ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ တူမီးကိုင်ပြီး တော်လှန်ခဲ့ကြချိန်ကတည်းက နှစ်ပေါင်း များစွာ တိုင်းပြည်ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ရဲ့ အကြီးမားဆုံး institution ကြီး တစ်ခုဖြစ်တဲ့ စစ်တပ်ကို ပြင်းထန်တဲ့စိတ်ဓါတ်တွေနဲ့ ရင်ဆိုင်ခဲ့ကြတာပါ။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြရတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံးနဲ့ အင်တိုက်အားတိုက် ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ်ဆိုတာကိုလည်း ယုံကြည်စွာနဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်အားကိုး အနိုင်ကျင့်လို့ရမယ်လို့ ယုံကြည်နေကြတဲ့ စစ်ကောင်စီကတော့ သူတို့ မှားယွင်းစွာ ယုံကြည်မှုအတွက် အခုချိန်မှာ ပေးဆပ်နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးကြီးငယ်မရွေး စစ်သည်တွေကို ပြောကြားလိုတာကတော့ အချိန်မီ အမြင်မှန်ရရမယ့် အချိန်ဖြစ်နေပါပြီ။ သမိုင်းဝင် အမည်း စက်ကျန်ခဲ့မယ့် အခြေအနေကနေ ရုန်းထွက်ကြဖို့ကို ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ ပြုန်းတီးလာတဲ့ သူတို့ရဲ့ အင်အားတွေအတွက် ပြည်သူလူထုကို အတင်းအဓမ္မနည်းလမ်းတွေနဲ့ အကြမ်းဖက်စစ်တပ်ထဲ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် နိမ့်ကျပြီး စစ်ကျွန်ပြုတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ ဒေသအသီးသီးမှာ စစ်ကောင်စီထိန်းချုပ်ပြီး စစ်ကျွန်ပြုခြင်း မခံရလေအောင် တော်လှန်ရေးကို အလျင်အမြန် အောင်နိုင်စေဖို့ ကျွန်တော်တို့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ လွှဲရှော င်လို့ မရတဲ့ အခြေအနေမျိုးမှာဆိုရင်လည်း ရောက်ရှိနေတဲ့ အခြေအနေကနေ ပြည်သူ့ တော်လှန်ရေးအတွက် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားကြဖို့ လည်း တိုက်တွန်းလိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

နိုင်ငံရေး ရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားဇန်နဝါရီ ၂၃ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေး ကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်။ အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF / LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလို အသစ်ပေါ်ထွန်းလာခဲ့တဲ့ ဒေသအခြေပြု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ရှေ့က စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန် ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ တချို့သော အဖွဲ့အစည်းတွေဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်း တွေကတော့ နယ်မြေအားဖြင့် တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဆက်အသွယ်အားဖြင့် နီးကပ်ကြတယ်ဆိုပေမယ့် စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအားဖြင့် အချိန်ယူနေရသေးတာလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိလို့ ဖြစ်ပါတယ်။ စစ်ရေးအရ အောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ်သာဓကတွေဟာ အတိတ်က နိုင်ငံတကာနိုင်ငံတွေရဲ့ တော်လှန်ရေးသာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရသည့်တိုင်အောင်၊ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေး ရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျှူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီး လိုအပ်လာ လေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်။ စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျှော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုကြောင်း၊ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရကြောင်း၊ တော်လှန်ရေးအတွင်းမှာထားတဲ့ မူအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာနိုင်အောင် အထူး ကြပ်မတ်ဆောင်ရွက်ဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျွန်တော်တို့ဟာ တော်လှန်ရေးကာလအတွင်း တာဝန်ယူထားရတဲ့ တော်လှန်ရေး အစိုးရဖြစ်သည့်အားလျော်စွာ ကျွန်တော်တို့ နိစ္စဓူဝ လုပ်ဆောင် နေရတဲ့ ကိစ္စတွေဟာ တော်လှန်ရေးကို တိုက်ရိုက် ထိရောက်မှု ရှိပြီး အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်စေမယ့် ကိစ္စမျိုးတွေအတွက် အဓိက အားစိုက်လုပ်ဆောင်နေကြရတာ ဖြစ်ပါ တယ်။ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ဆိုတာ အကြမ်းဖက် စစ်ကောင်စီ အပြီးတိုင် ပြိုကျ သွားဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် အားစိုက်လုပ်ဆောင်ရကြတဲ့အခါ တော်လှန်ရေး အလွန်ကာလမှာ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေအတွက်လည်း ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်းရှည်လျားပြီး တိုင်းရင်း သားလူမျိုး စုံလင်လှတဲ့ တိုင်းပြည်မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ပြီး တဲ့အခါ အချင်းချင်းကြားမှာ နားလည်မှုရှိစွာနဲ့ နေထိုင်သွားကြဖို့ရန် တိုင်ပင်ဆွေးနွေး ညှိနှိုင်းစရာ တွေကလည်း များမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲရင်း အနာဂတ်နိုင်ငံတော်အတွက်ပါ အလုပ်တွေ လုပ်နေကြရတာဖြစ်ပြီး တာဝန်တွေ များပြား လွန်းတာမို့ ဝန်ကြီးတွေအနေနဲ့လည်း အချိန်၊ ငွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် လူထုတော်လှန်ရေးရဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကျရှုံးမှု၊ အထိနာနေမှုတွေအပြင် ခုနောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာပင် အက်ကြောင်းတွေ ရှိလာတဲ့ သဘောတွေ မြင်တွေ့နေရပါတယ်။ နိုင်ငံအနှံ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှသည် အနောက် ဘက်နဲ့ တောင်ပိုင်းဒေသတွေအထိ စစ်မျက်နှာပြင်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေ တာ တွေ့ရပါတယ်။ အလယ်ပိုင်း ဒေသမှာတော့ လက်နက်အင်အား မပြည့်စုံသေးသည့်ကြားမှပင် စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် ခြိမ်းခြောက်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ပန်းမဝင်ခင် တက်မ မထောင်ဖို့ အရေးကြီးသော်လည်း ကျွန်တော်တို့ တိုင်းရင်းသား အားလုံးရဲ့ စိတ်ဓါတ်၊ စွမ်းရည် သတ္တိနဲ့ စည်းလုံးမှုကို ချီးကျူးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီ မျှော်လင့် စောင့်စားနေတဲ့ တော်လှန်ရေး မဟာမိတ်များ ပြိုကွဲရေး ဆိုတဲ့ကိစ္စက ဖြစ်မလာတဲ့အပြင် ပိုမိုစုစည်းလာနေကြောင်း ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးများက ခိုင်မာတဲ့ သက်သေများပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံတဝှမ်းလုံး ပြည်သူများ ရရာလက်နက်စွဲကိုင် တော်လှန်ပြီး အကြမ်းဖက်စစ် ကောင်စီ နှိမ်နင်းရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်လို့ အပြန်အလှန်ယုံကြည် လေးစားမှုက ပိုမိုခိုင်မာလာကာ ပူးပေါင်းစစ်ဆင်ရေးတွေ အားကောင်းလာတာပဲဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ နောက်ထပ်သတိထားရမယ့် အချက်ကတော့ စစ်ကောင်စီဟာ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ မျိုးချစ်စိတ်ဓါတ်ကို အစွန်းရောက်အောင် အသုံးချပြီး ၎င်းတို့တပ် တည်မြဲရေး အတွက် ကြိုးပမ်းနေတာ အားလုံး အသိဖြစ်ပါတယ်။ ဒါကိုလည်း အထူးသတိထားဖို့ လိုသလို စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ စစ်ရှုံးလာတဲ့အခါ နိမ့်ကျတဲ့ နည်းပရိယာယ်မျိုးစုံနဲ့ ပြည်သူကို လှည့်စားလေ့ရှိတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ခေါင်းစဉ်ပြောင်း၊ နေရာပြောင်း ပြီး ပြည်သူကို တွေတွေဝေဝေ ဖြစ်လေမလားဆိုတဲ့ အတွေးနဲ့ စီမံဆောင်ရွက်ဖို့ ကြံစည်နေတာကို လည်း ပြည်သူတွေ ကောင်းစွာ သတိထားမိမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေ ရှေးရှု ထားတဲ့ တော်လှန်ရေးပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဖြစ်တာမို့ ဘယ်လိုပင် ပြည်သူကို လှည့်ဖျားဖို့ ကြံစည်ပါစေ ပြည်သူတွေအနေနဲ့ အာရုံပြောင်းသွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း အကြမ်းဖက် စစ်ကောင်စီကို သိစေချင်ပါတယ်။ စစ်ကောင်စီမှ ထိပ်ပိုင်း၊ အလယ်အလတ်နဲ့ အောက်ခြေစစ်သည်များလည်း မိမိတို့ “ဘာကြောင့်စစ်တိုက်နေရသလဲ” ဆိုတာ ပြန်လည်သုံးသပ်စေချင်ပါတယ်။ အခုတိုက်နေကြရတဲ့ စစ်ပွဲတွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်တိုက်နေကြရတဲ့ စစ်ပွဲတွေမို့ တိုင်းပြည်ကို ရန်သူ့ရန်မှ ကာကွယ်ဖို့ မဟုတ်တာကိုတော့ အားလုံး နားလည်ပြီး ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ တူမီးကိုင်ပြီး တော်လှန် ခဲ့ကြချိန်ကတည်းက နှစ်ပေါင်းများစွာ တိုင်းပြည်ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ရဲ့ အကြီးမားဆုံး institution ကြီး တစ်ခုဖြစ်တဲ့ စစ်တပ်ကို ပြင်းထန်တဲ့စိတ်ဓါတ်တွေနဲ့ ရင်ဆိုင်ခဲ့ ကြတာပါ။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြရတဲ့ တိုင်းရင်း သားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ အင်တိုက်အားတိုက် ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ်ဆို တာကိုလည်း ယုံကြည်စွာနဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်အားကိုး အနိုင်ကျင့်လို့ရမယ်လို့ ယုံကြည်နေကြတဲ့ စစ်ကောင်စီကတော့ သူတို့ မှားယွင်းစွာ ယုံကြည်မှုအတွက် အခုချိန်မှာ ပေးဆပ် နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးကြီးငယ်မရွေး စစ်သည် တွေကို ပြောကြားလိုတာကတော့ အချိန်မီ အမြင်မှန်ရရမယ့် အချိန်ဖြစ်နေပါပြီ။ သမိုင်းဝင် အမည်း စက်ကျန်ခဲ့မယ့် အခြေအနေကနေ ရုန်းထွက်ကြဖို့ကို ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ပြုန်းတီးလာတဲ့လာတဲ့အတွက် ပြည်သူတွေကို အတင်းအဓမ္မ နည်းလမ်းတွေနဲ့ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်ဖို့ လုပ်ဆောင်လာကြောင်း ၊ ဒါဟာ သူတို့ရဲ့ အင်အားတွေအတွက် ပြည်သူလူထုကို အတင်းအဓမ္မနည်းလမ်းတွေနဲ့ အကြမ်းဖက်စစ်တပ်ထဲ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် နိမ့်ကျပြီး စစ်ကျွန်ပြုတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ ဒေသအသီးသီးမှာ စစ်ကောင်စီထိန်းချုပ်ပြီး စစ်ကျွန်ပြုခြင်း မခံရလေအောင် တော်လှန်ရေးကို အလျင်အမြန် အောင်နိုင်စေဖို့ ကျွန်တော်တို့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ လွှဲရှောင်လို့ မရတဲ့ အခြေအနေမျိုးမှာဆိုရင်လည်း ရောက်ရှိနေတဲ့ အခြေအနေကနေ ပြည်သူ့ တော်လှန်ရေးအတွက် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားကြဖို့ လည်း တိုက်တွန်းလိုပါတယ်။  ပြောကြားထားပါတယ်။အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက IHL Taskforce က ပြန်လည်ပြင်ဆင်ပြီး Ministers’ meeting မှာ သဘောထားရယူဆုံးဖြတ်ပြီးဖြစ် တဲ့ Military Code of Conduct ကို အတည်ပြုချက် ရယူတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့“ကျွန်တော်တို့အားလုံးရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာ ဖြစ်တယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။”