အမျိုးသားညီညွတ်ရေးအစိုးရ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◾️ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေ တာဟာ ကျန်ဒေသအားလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အား တက်ကြွစရာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားဩဂုတ် ၆  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုစကား ပြောကြားလိုတာကတော့ မြန်မာ့အမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဦး‌ဆောင်တဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များရဲ့ အောင်မြင်မှုကိုပဲ ဖြစ်ပါတယ်။ ဩဂုတ်လ (၃) ရက်နေ့မှာအာဏာလု စစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဟာ တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးအတွက်တော့ ကြီးမား တဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံး မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါ တယ်။ တစ်နိုင်ငံလုံး နေရာဒေသအနှံ့ မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ဆက်လက် ဖော်ဆောင်နိုင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့ အမြန် ရောက်ရှိလာတော့ မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။ စစ်ဒဏ် နဲ့အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေကြရတဲ့ ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိစွာနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စက်သုံးဆီရှားပါးမှု ပြဿနာဟာလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အတော်လေး ထိခိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တစ်ဘက်က စစ်ရှိန်မြှင့်နေတဲ့အချိန်မှာ တစ်ဘက်က နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးစရာတွေ၊ စုစည်းဆောင်ရွက်ကြရမယ့်အရာတွေအတွက် စဥ်ဆက်မပြတ် ထိစပ်ဆောင်ရွက်နေမှသာ ဒီခရီးက ပိုပြီး မြန်မြန်ဆန်ဆန်‌ ရောက်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် ၃ နှစ်ကျော်ဖြတ်သန်းလာတဲ့ ဒီနွေဦးတော်လှန်ရေးမှာ အဆုံးသတ်ကို မြင်နေရပြီ ဆိုတာနဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို ဟန်ချက်ညီညီ ဘယ်လို ပွဲသိမ်းကြမလဲဆိုတာပဲ ဖြစ်ကြောင်း ၊ ဟန်ချက်ညီဖို့ဆိုတာလည်း တော်လှန်ရေးအင်အားစု တွေအားလုံးနဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အားလုံးအဆင်ပြေပြေ ညှိနှိုင်းဆောင်ရွက် နိုင်ဖို့ဖြစ်ကြောင်း နဲ့ ဝန်ကြီးများအားလုံးလည်း ဟန်ချက် ညီညီ ရှေ့ဆက်နိုင်ဖို့ရန်အတွက် ဆက်လက် ကြိုးပမ်းအားထုတ်ပေးကြရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ အမျိုးသမီး ၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက သဘောတူစာချွန်လွှာ (MoU) ရေးထိုးခြင်းကိစ္စ ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဇူလိုင် (၁၆) ရက်• တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ • နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန်ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် - သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ • ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင် ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ • အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှုတွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီး တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ • အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှား လာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ • ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင် စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင်လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ • ကျွန်တော်တို့ အနေနဲ့ ခုခံတော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ • ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက်ဖြစ်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မှုကို ပေါင်းစပ်နိုင်အောင်လည်း ကြိုးစားဖို့ လိုပါတယ်။ ဒီနေရာမှာ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိမိတို့ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်သလို၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၆) ရက်ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည် ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြားသိမြင်တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင် ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေတာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက်ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ်  လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◾️ တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ ယာယီသမ္မတပြောကြားဇူလိုင် ၁၆  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲ ခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူး သဖြင့် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန် ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် - သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူ ကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံ တော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေ ဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှု တွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံ ဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလို ပါတယ်။ အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်း သားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှားလာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင် လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါ တယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ် ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန် နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြား သိမြင် တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင်ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေ တာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေ ကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါ တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက် ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ်  လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးကိုဘက်ပေါင်းစုံက တိုက်စစ်ဖွင့်ပြီး အရှိန်မြှင့် ဆောင်ရွက်နေကြချိန်မှာ အုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့ ထောက်ပို့ကဏ္ဍနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ် နဲ့ အကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေးကဏ္ဍတွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်ကြဖို့ အသင့် ရှိစေလိုပါကြောင်း။ ဒါ့အပြင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက်လည်း ပြင် ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဆောင်ရွက် ပေးဖို့ကို ညွှန်ကြားလိုပါကြောင်း။ ကျွန်တော်တို့အနေနဲ့ ဒီရက်ပိုင်း ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေကလည်း ဖြစ်လာတာကြောင့် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းအတွက် ဆောင်ရွက်ပေးကြဖို့လည်း တိုက် တွန်းလိုပါကြောင်း။ အချို့ဒေသများမှာ စိုက်ခင်းတွေ ပါ ရေဘေးသင့်ကုန်တာကြောင့် စိုက်ခင်းတွေ ပျက်စီးကြသလို သိုလှောင်ထားကြတဲ့ မျိုးစေ့တွေ လည်း ပျက်စီးဆုံးရှုံးကုန်မှာဖြစ်ပါကြောင်း။ ဒါ့ကြောင့် ရေပြန်ကျတဲ့အခါမှာ မူလအတိုင်း ပြန်လည်စိုက် ပျိုးနိုင်ကြဖို့ လိုအပ်တဲ့ မျိုးစေ့ ထောက်ပံ့မှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ စိုက်ပျိုးရေးဌာနဘက် ကလည်း စဥ်းစားထားဖို့လိုမှာ ဖြစ်ပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၄/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ကော်မတီအနေနဲ့ အရေးပေါ် စီမံဆောင်ရွက်ပေးရမယ့် မြို့နယ်ဆိုင်ရာကိစ္စများကို လျင်လျင်မြန်မြန် ညှိနှိုင်း ဆောင်ရွက်ပေးဖို့ လိုကြောင်း။ အခုလို ရှမ်းမြောက်ဘက်က ဒုတိယလှိုင်း စတင်လှုပ်ရှား လာချိန်မှာ ကျွန်တော်တို့ရဲ့ စိုးမိုးထိန်းချူပ်ဒေသတွေဘက်ကလည်း ဟန်ချက်ညီညီ လှုပ်ရှားကြရမယ့် အချိန်ဖြစ်ပါကြောင်း။ မြို့နယ်တွေမှာ  အချင်းချင်း ပဋိပက္ခတွေ လျော့နည်း ပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့အတူလိုက်ပါနိုင်ဖို့ ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းကြိုးစားပေးဖို့ လိုအပ်မှာဖြစ်ပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၃/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၀၁:၄၅)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် NUG ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခြင်း

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် NUG ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခြင်း

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် NUG ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခြင်း၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့သည် ဇွန်လ (၂၀)၊ (၂၁) နှင့် (၂၄) ရက်နေ့များတွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Mariano Assanami Sabino၊ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Bendito dos Santos Freitas၊ ပညာရေးဝန်ကြီး Dulce de Jesus Soares၊ ကျန်းမာရေးဝန်ကြီး Elia A. A. dos Reis Amaral၊ ဒုတိယကျန်းမာရေးဝန်ကြီး Dr. Flavio Brandao တို့နှင့် တွေ့ဆုံ၍ မြန်မာနှင့် တီမောလက်စ်တီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊  ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေး ကိစ္စရပ်များအပါအဝင် မြန်မာ့အရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ကျွန်တော်တို့အစိုးရအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စု မစိုးမိုးနိုင်တော့တဲ့ နေရာဒေသတွေ မှာ ပြည်သူ့၀န်ဆောင်မှု၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်အေးချမ်းရေး ရှေးရှုပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်လာတာ ၃ နှစ်ပြည့် တော့မှာပဲ ဖြစ်ပါကြောင်း။ ဒါပေမယ့်လည်း သာမန်အခြေအနေမဟုတ်ဘဲ ကြားကာလ တော်လှန်ရေး ကာလ ဖြစ်တာနဲ့အညီ အကန့်အသတ်များစွာနဲ့ လုပ်ဆောင်နေကြရပြီး ပူးပေါင်းလုပ်ဆောင်မှု၊ အဆင့်ဆင့်ကွပ်ကဲမှု၊ လူအင်အား၊ ငွေကြေးအင်အား၊ စည်းစနစ်ကျနမှုတွေမှာ လိုအပ်ချက်အားနည်း ချက်တွေရှိနေတာကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာလည်း ရှိသလို အောင်အောင်မြင်မြင်နဲ့ အုပ်ချုပ်ရေးလုပ်ငန်း၊ ပြည်သူ့၀န်ဆောင်မှု၊ ပြည်သူလူထုအကာအကွယ်ပေးရေး၊ စစ်ဘေးရှောင်များ အကူအညီပေးရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ယခုလိုကြားကာလမှပင် အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့တဲ့ အပိုင်းကဏ္ဍများစွာလည်း ရှိပါကြောင်း။ ကြားကာလ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း မြို့နယ် တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက် စိန်ခေါ်မှုတွေကို အသေးစိတ်လေ့လာနေပြီး ကျွန်တော်တို့ ကော်မတီ၀င်များအနေနဲ့ လည်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် တက်တက်ကြွကြွဆွေးနွေးကာ ဆုံးဖြတ် ချက်များ ချမှတ်ပေးကြရမဲ့ အချိန်ပဲ ဖြစ်ပါကြောင်း။ တရားစီရင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်နိုင်ရေး ဥပဒေရေးရာတာဝန်ခံနဲ့ တရားသူကြီးအဖွဲ့တွေ ရှိနေဖို့ကို အထူးအရေးစိုက်ပြီး ဆောင်ရွက်စေလိုပါကြောင်း။ မြေပြင်မှာ အမှုအခင်းနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ များပြားလွန်းတာကြောင့် ပလဖ အဖွဲ့တွေ အားကောင်း ဖို့ကိုလည်း လုပ်ဆောင်ပေးဖို့ မှာကြားလိုပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၀၁:၀၀)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။