ဦးချစ်ထွန်း

ဦးချစ်ထွန်း


ဒုတိယ၀န်ကြီး

မာနူးအီချစ်ထွန်းသည် အဘ ဦးဘိုသို၊ အမိ ဒေါ်ရီတာတို့၏ သားဖြစ်၍ (၅-၁-၁၉၇၂) တွင် မွေးဖွားခဲ့သော ကရင်နီလူမျိုးဖြစ်သည်။ နေရပ်မှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ယိုစပရားကျေးရွာဖြစ်သည်။ ပညာအရည်အချင်းအားဖြင့် ၁၉၉၀ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၉၂ တွင် KNPLF (ကလလတ) သို့ ဝင်ရောက်ခဲ့ပြီး နိုင်ငံရေးနှင့် ဆက်ဆံရေးရုံးလုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၂၁ ခုနှစ် ညီလာခံ၌ ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရကာ ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံရေးဌာနနှင့် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဗဟိုကော်မတီတာဝန်ကို ထမ်းဆောင်ခဲ့သည်။