ဖက်ဒရယ်​ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်​ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ​ဒေါက်တာလျန်မှုန်းဆာ​ခေါင်းနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့၊ ၁၄း၀၀နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော် ဥက္ကဌ၊ ဒုဥက္ကဌ ၊လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိ​သောလွှတ်​တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး၊ ဝန်ကြီးဌာနမှလည်း အမြဲတမ်းအတွင်းဝန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌတို့မှ နှုတ်ခွန်းဆက်စကား‌များ‌ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် ဖက်ဒရယ်​ရေးရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဥ်များ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။

၄င်း​နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်​တော်ဘက်မှလည်းဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များအ​​ပေါ် ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများနှင့် ရှေ့လုပ်ငန်းစဥ်များကို ​ဆွေး​နွေး​ပြောကြားခဲ့ပြီး​နောက်တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ နေ့လည် ၁၆:၀၀နာရီတွင်အစည်းအဝေးအား ​အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။