အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက် ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့် နှစ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေ အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်။ ဒီနေရာမှာ ကျွန်တော့် ယူဆချက်တချို့ကို တင်ပြချင်တာ ရှိပါတယ်။ နိုင်ငံရေးဆိုတာ “ဖြစ်နိုင်ချေ ရှိတာကိုလည်း လုပ်ရတယ်၊ ဖြစ်ချင်တာကိုလည်း မျက်ခြေပြတ်လို့ မရဘူး” လို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကို လုပ်မှလည်း လက်တွေ့နိုင်ငံရေးမှာ ရလဒ်ပေါ်အောင် လုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် ရလဒ်မပြနိုင်တဲ့ ကိစ္စတွေနဲ့ပဲ ဝဲလည်လိုက်နေလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ယခု လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ပစ္စုပ္ပန်ကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန် များပြားလာနေတာတွေ့ရပါတယ်။ တစ်ရက် တစ်ရက် ပြည်ပနိုင်ငံအသီးသီးကို ရရာ လမ်းကြောင်းကနေ ရွေ့ပြောင်းနေတဲ့ ပြည်သူလူထု အရေအတွက်ကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေဆဲ ဖြစ်တာတွေ့ရပါတယ်။ လူထုရဲ့ ခံစားချက်ဟာ နွေဦးတော်လှန်ရေးရေချိန် အပြောင်းအလဲကို လွှမ်းမိုးသက်ရောက်နေပါတယ်။ ဒါ့ကြောင့် အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုဟာ နွေဦးတော်လှန်ရေး အပေါ် ဘယ်လိုသဘောထားမျိုးရှိသလဲဆိုတာကို အထူးပြု စောင့်ကြည့်လေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်။ လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါတယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ  စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်။ နိုင်ငံရေးမှာ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေးဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးကြီးတာ မှန်ပေမယ့် သူ့ချည်းသက်သက်နဲ့ လုံးဝ မရဘူးဆိုတာ/ ကျွန်တော်တို့အစိုးရအဖွဲ့ဝင်အားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် လက်တွေ့နိုင်ငံရေးရလဒ်/ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။ အရေးတော်ပုံ အောင်ရမည်...

အမျိုးသားညီညွတ်ရေးအစိုးရ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼️ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက် အဖြစ် ရှုမြင်ဖို့လိုအပ်တယ်လို့ ယာယီသမ္မတပြောကြားဇန်နဝါရီ  ၁၀ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့် နှစ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေ အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်။ ဒီနေရာမှာ ကျွန်တော့် ယူဆချက်တချို့ကို တင်ပြချင်တာ ရှိပါတယ်။ နိုင်ငံရေးဆိုတာ “ဖြစ်နိုင်ချေ ရှိတာကိုလည်း လုပ်ရတယ်၊ ဖြစ်ချင်တာကိုလည်း မျက်ခြေပြတ်လို့ မရဘူး” လို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကို လုပ်မှလည်း လက်တွေ့နိုင်ငံရေးမှာ ရလဒ်ပေါ်အောင် လုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် ရလဒ်မပြနိုင်တဲ့ ကိစ္စတွေနဲ့ပဲ ဝဲလည်လိုက်နေလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ယခု လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်။ ”‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ဒီနေ့ ပစ္စုပ္ပန်ကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန် များပြားလာနေတာတွေ့ရပါတယ်။ တစ်ရက် တစ်ရက် ပြည်ပနိုင်ငံအသီးသီးကို ရရာ လမ်းကြောင်းကနေ ရွေ့ပြောင်းနေတဲ့ ပြည်သူလူထု အရေအတွက်ကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေဆဲ ဖြစ်တာတွေ့ရပါတယ်။ လူထုရဲ့ ခံစားချက်ဟာ နွေဦးတော်လှန်ရေးရေချိန် အပြောင်းအလဲကို လွှမ်းမိုးသက်ရောက်နေပါတယ်။ ဒါ့ကြောင့် အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုဟာ နွေဦးတော်လှန်ရေး အပေါ် ဘယ်လိုသဘောထားမျိုးရှိသလဲဆိုတာကို အထူးပြု စောင့်ကြည့်လေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်။ လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါတယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ  စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြရမယ်ဆိုတာနဲ့ နိုင်ငံရေးမှာ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေးဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးကြီးတာ မှန်ပေမယ့် သူ့ချည်းသက်သက်နဲ့ လုံးဝ မရဘူးဆိုတာနဲ့ လက်တွေ့နိုင်ငံရေးရလဒ်/ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြဖို့အတွက် ယာယီသမ္မတက တိုက်တွန်းထားပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေးဟာ နေရာတိုင်းမှာ အရှိန်အဟုန်နဲ့ သွားနေချိန်မို့ တော်လှန်ရေးအင်အားစုတွေဘက်က အားသာမှုတွေ၊ အောင်မြင်မှုတွေကို ကြားသိရလို့ ဝမ်းသာအားတက်မှုတွေ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို ကြားသိရတာ  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်နေ့နဲ့ ၆  ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပုသိမ်ထောင်တွင်း  အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ်ဟာဆိုရင် အကြမ်းဖက်စစ်အုပ်စု  လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက် ထောင်တွင်းအကြမ်းအဖက်မှုတွေ လုပ်ဆောင်လာတာ ဒီတစ်ခေါက် တော်လှန်ရေးမှာ ပိုမိုဆိုးရွားတဲ့ ညှင်းပန်း နှိပ်စက်မှုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ၊ နှိပ်စက်မှုတွေ ပြုလုပ်နေတာကို အင်မတန် စိတ်ပျက်ဖွယ် တွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခုဖြစ်စဉ်အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းကာ သက်ဆိုင်ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ တရားမျှတမှု ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ဒီရက်ပိုင်းတွေထဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အနုပညာရှင် တွေ၊ social influencer တွေ၊ fundraising community တွေနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။ သူတို့အားလုံးဟာ တော်လှန်ရေးကို အခုအခြေအနေထိ ရောက်အောင် ဝိုင်းဝန်းတွန်း အားပေးပြီး ပြည်သူ့ဘက်က ရပ်တည်နေကြတဲ့၊ တော်လှန်ရေးအတွက် အားထားရတဲ့ ပြည်သူ ထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ သူတို့တွေနဲ့ တွေ့ဆုံရတာ အင်မတန် အားရှိပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အဖက်ဖက်မှ ကန့်သတ်မှုတွေ၊ အခက်အခဲတွေ ကြားကနေပြီး ကြိုးစားလုပ်ဆောင်ပေးနေကြတဲ့၊ တော်လှန်ရေးကို နည်းမျိုးစုံနဲ့ ပံ့ပိုးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်မှုနဲ့အတူ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဒီ့ထက်ပိုပြီး ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ဝန်ကြီးချုပ်ရုံးအနေနဲ့ CDM Focal တွေဆုံခဲ့သလို CDM တွေ ဖြစ်စေချင်တာတွေကို နား ထောင်ခဲ့တယ်ဆိုတာနဲ့ CDM တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အစီအစဉ်တွေကို CDM Success Committee က ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ် က ဆွေးနွေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက MOHADM One Year Plan Phase 1 completion တင်ပြတာ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက တော်လှန်ရေးအခြေအနေအား သုံးသပ်တာနဲ့ အောင်မြင်စေ နိုင်တဲ့ နည်းလမ်းများအား အကြံပြုတင်ပြတာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နံမှုဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနက Early Partnership Programme နဲ့ ပတ်သက်ပြီး မိုးကုတ်ရတနာမြေ ကိစ္စတင်ပြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေးခဲ့

ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေးခဲ့

ဇန်နဝါရီလ (၅)ရက်နေ့၊ ၂၀၂၃ ခုနှစ်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားရှိသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)သည် တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက် ၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့်တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်။ ဒါဟာ နှစ်သစ်မှာ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို လက်ဆင့်ကမ်းချင်တဲ့ ကနဦး ပဏာမစကားတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ ကျွန်တော်တို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး / နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာခဲ့ကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မတီ / ကော်မရှင်တွေကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြပါတယ်။ အစုအဖွဲ့ဆိုင်ရာ / အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ( လူနဲ့မူ ) ကို အံဝင်ခွင်ကျဖြစ်စေဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူမှန်နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့ မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့မူ အံဝင်ခွင်ကျဖြစ်ရေး၊ လူမှန်နေရာမှန်ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန် ကနဦးကာလတွေမှာ အခြေအနေအရ ကိုယ့်ယုံကြည်ရာ လူတွေနဲ့ ဖွဲ့စည်းစုဖွဲ့ တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မတည်ငြိမ်တဲ့ ကသောင်းကနင်းကာလမှာ ရုန်းကန်ပြေးလွှားကြရင်း တော်လှန်ရေးကို အလုပ်တွင်အောင် လုပ်ကြရတာဖြစ်လို့ ဒီလိုသဘာဝတွေ ရှိတာကို နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးလှိုင်းတွေကိုလည်း မြှင့်တင်လာနိုင်ပြီဖြစ်လို့ ယခင်လို အခြေအနေမျိုး မဟုတ်တော့တာ တွေ့ရပါတယ်။ တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့်မရှိအောင် သုံးစွဲနိုင်ဖို့နှင့်လက်ရှိဆောင်ရွက်နေသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေအားလုံးဟာ အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ယခင် နှစ်ဟောင်းကဲ့သို့ အလုပ်နဲ့ သက်သေပြပါလို့ နှိုးဆော်ချင်ပါတယ်။  သက်ဆိုင်ရာ ကော်မရှင် / ကော်မတီတွေအတွက် မူနဲ့ လူ ကိုက်ညီခြင်း ရှိ / မရှိ စိစစ်သုံးသပ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေးကြီး ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….. အရေးတော်ပုံအောင်ရမည်...

အမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လို့တယ်လို့ ယာယီသမ္မတ ပြောကြားဇန်နဝါရီ  ၃ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီ ဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့် တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ / ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်။ ဒါဟာ နှစ်သစ်မှာ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင် အားလုံး ကို လက်ဆင့်ကမ်းချင်တဲ့ ကနဦး ပဏာမစကားတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ ကျွန်တော် တို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး / နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာ ခဲ့ကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မရှင်/ ကောင်မတီတွေကို ဖွဲ့စည်းလုပ်ဆောင် ခဲ့ကြပါတယ်။ ယခုအချိန်မှာ NUG အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကော်မရှင်နဲ့ ကော်မတီ အရေအတွက်ဟာ အတိုင်းအတာတစ်ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစုအဖွဲ့ဆိုင်ရာ / အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ( လူနဲ့မူ ) ကို အံဝင်ခွင်ကျဖြစ်စေဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူမှန် / နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန် တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာလူနဲ့ မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကိုချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင် ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့ မူ ပြဿနာကို အပြီးသပ် ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အခါ ပီပြင်တဲ့အောင်မြင်မှုတွေ မရတာ လူနဲ့ မူ ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိလို့ ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့ မူ အံဝင်ခွင်ကျ ဖြစ်ရေး၊ လူမှန် / နေရာမှန် ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘နွေဦးတော်လှန်ရေးစတင်ချိန် ကနဦးကာလတွေမှာ အခြေအနေအရ ကိုယ့်ယုံကြည်ရာ လူတွေနဲ့ ဖွဲ့စည်းစုဖွဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မတည်ငြိမ်တဲ့ ကသောင်းကနင်းကာလမှာ ရုန်းကန် ပြေးလွှားကြရင်း တော်လှန်ရေးကို အလုပ်တွင်အောင် လုပ်ကြရတာဖြစ်လို့ ဒီလိုသဘာဝတွေ ရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေဟာ လုပ်လို့ ကိုင်လို့ လူးသာလွန့်သာ ဖြစ်တဲ့ အခြေအနေတွေရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးလှိုင်းတွေကိုလည်း မြှင့်တင်လာနိုင်ပြီဖြစ်လို့ ယခင်လို အခြေအ နေမျိုး မဟုတ်တော့တာ တွေ့ရပါတယ်။ တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင် ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ / ရထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရ ပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့နဲ့ အလေ အလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဌာန၏ ငွေကြေး သုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ သက်သေပြကြဖို့အတွက် အစိုးရအဖွဲ့ကို နှိုးဆော်တိုက်တွန်းပြော ကြားထားသလို လူထုစိတ်ပျက်စေမယ့် အပြောမျိုး အလုပ်မျိုးတွေကို ဂရုတစိုက် ရှောင်ကြဉ်ကြ ဖို့အတွက်နဲ့ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေး ကြီးတယ်ဆိုတာတွေကို ထည့် သွင်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘လက်ရှိ ဆင်နွှဲလျက်ရှိတဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍအသီးသီးမှာ အကြမ်းဖက်စစ်တပ်အနေနဲ့ နလန်မထူနိုင်အောင် ဟန်ကိုယ့်ဖို့ ဖြစ်နေရတဲ့ အနေအထားဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒီအခြေအနေကို ကျွန် တော်တို့က စုပေါင်းအင်အားနဲ့ ဆက်လက် တွန်းသွားဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အား စုတွေ အနေနဲ့ တစုတစည်းတည်း စုပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ အသင့်ရှိ နေပြီဆိုတာကိုလည်း မနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ပြီး အနှစ် (၇၀) ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဆုပ်ကိုင်ပြီး လက်တွဲညီညီနဲ့ ရှေ့ဆက်ကြဖို့လည်း အစုအဖွဲ့တွေ အားလုံးက စိတ်အားထက်သန်စွာ ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်။ မနေ့က နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့တဲ့ KIO ဥက္ကဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းမှာလည်း ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို စွဲကိုင်ထ ားသော စစ်တပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ရန်သူသက်သက်သာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးရဲ့ ရန်သူဖြစ်ကြောင်း ပြတ်ပြတ်သားသား သတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက် ချေမှုန်းရမယ်လို့ အတိအလင်း ပြောကြားခဲ့တာ ရှိသလို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကိုရရှိထားပြီးဖြစ်တဲ့ တော်လှန်ရေးဆန်တဲ့ အဖွဲ့ အစည်းတချို့နဲ့ လက်တွဲကာ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်တွေ ပြည့်ဝစေဖို့၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ဖို့အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ ဒီလို စုစည်းမှုအင်အားတွေနဲ့အတူ နှစ်သစ်ကို စတင်ရတာ ကျွန်တော်တို့ တော်လှန်ရေး အတွက် အင်မတန်ကို အားဖြစ်စေတာ အမှန်ပါပဲ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနှစ်မှာ မနှစ်ကထက် ပိုမို အလုပ်ဖြစ်ပြီး  ထိရောက်မှုရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေရော၊ ဝန်ကြီးဌာနတွေရော၊ အလုပ်တွေ  ကြိုးစားကြတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် တော်လှန်ရေး လိုအပ်ချက်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှ ရလဒ်ကောင်းတွေ ထွက်မှာ  ဖြစ်ပါတယ်။ ဒါ‌ကြောင့် မိမိတို့ဌာနအနေနဲ့ ဘယ်အပိုင်းကို ပိုဦးစားပေးလုပ်ရင် တော်လှန်ရေး အတွက် ထိရောက်မလဲဆိုတာမျိုး အမြဲတမ်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်စေချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ ပုံမှန်ကာလအစိုးရ မဟုတ်တာကြောင့် သူ့ဝန်ကြီးဌာန သူ့အလုပ်လုပ်၊ ကိုယ့်ဝန်ကြီးဌာန ကိုယ့်အလုပ်လုပ်မယ်ဆိုတာမျိုးထက် ပူးပေါင်းဆောင်ရွက်မှ ထိရောက်အောင်မြင် နိုင်မယ့် အလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီ့အတွက် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတွေ အားကောင်းစေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ဝန်ကြီးများအားလုံး ဒီနှစ်သစ်ကစပြီး ယခင်ကထက် အလုပ်တွေကို ပိုမို အားထည့် ကြိုးစားဆောင်ရွက်ရင်း ပန်းတိုင်ကို အတူချီတက်ကြဖို့အတွက် တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အစိုးရမှ ဖွဲ့စည်းထားရှိတဲ့ ကောင်စီ၊ ကော်မရှင်၊ ကော်မတီများဆိုင်ရာ အကြံပြုချက်များနဲ့ ပတ်သက်ပြီး တင်ပြတာ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်  ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လို့တယ်လို့ ယာယီသမ္မတ ပြောကြားဇန်နဝါရီ  ၃ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီ ဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့် တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ / ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်။ ဒါဟာ နှစ်သစ်မှာ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင် အားလုံး ကို လက်ဆင့်ကမ်းချင်တဲ့ ကနဦး ပဏာမစကားတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ ကျွန်တော် တို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး / နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာ ခဲ့ကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မရှင်/ ကောင်မတီတွေကို ဖွဲ့စည်းလုပ်ဆောင် ခဲ့ကြပါတယ်။ ယခုအချိန်မှာ NUG အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကော်မရှင်နဲ့ ကော်မတီ အရေအတွက်ဟာ အတိုင်းအတာတစ်ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစုအဖွဲ့ဆိုင်ရာ / အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ( လူနဲ့မူ ) ကို အံဝင်ခွင်ကျဖြစ်စေဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူမှန် / နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန် တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာလူနဲ့ မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကိုချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင် ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့ မူ ပြဿနာကို အပြီးသပ် ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အခါ ပီပြင်တဲ့အောင်မြင်မှုတွေ မရတာ လူနဲ့ မူ ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိလို့ ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့ မူ အံဝင်ခွင်ကျ ဖြစ်ရေး၊ လူမှန် / နေရာမှန် ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘နွေဦးတော်လှန်ရေးစတင်ချိန် ကနဦးကာလတွေမှာ အခြေအနေအရ ကိုယ့်ယုံကြည်ရာ လူတွေနဲ့ ဖွဲ့စည်းစုဖွဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မတည်ငြိမ်တဲ့ ကသောင်းကနင်းကာလမှာ ရုန်းကန် ပြေးလွှားကြရင်း တော်လှန်ရေးကို အလုပ်တွင်အောင် လုပ်ကြရတာဖြစ်လို့ ဒီလိုသဘာဝတွေ ရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေဟာ လုပ်လို့ ကိုင်လို့ လူးသာလွန့်သာ ဖြစ်တဲ့ အခြေအနေတွေရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးလှိုင်းတွေကိုလည်း မြှင့်တင်လာနိုင်ပြီဖြစ်လို့ ယခင်လို အခြေအ နေမျိုး မဟုတ်တော့တာ တွေ့ရပါတယ်။ တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင် ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ / ရထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရ ပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့နဲ့ အလေ အလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဌာန၏ ငွေကြေး သုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ သက်သေပြကြဖို့အတွက် အစိုးရအဖွဲ့ကို နှိုးဆော်တိုက်တွန်းပြော ကြားထားသလို လူထုစိတ်ပျက်စေမယ့် အပြောမျိုး အလုပ်မျိုးတွေကို ဂရုတစိုက် ရှောင်ကြဉ်ကြ ဖို့အတွက်နဲ့ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေး ကြီးတယ်ဆိုတာတွေကို ထည့် သွင်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘လက်ရှိ ဆင်နွှဲလျက်ရှိတဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍအသီးသီးမှာ အကြမ်းဖက်စစ်တပ်အနေနဲ့ နလန်မထူနိုင်အောင် ဟန်ကိုယ့်ဖို့ ဖြစ်နေရတဲ့ အနေအထားဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒီအခြေအနေကို ကျွန် တော်တို့က စုပေါင်းအင်အားနဲ့ ဆက်လက် တွန်းသွားဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အား စုတွေ အနေနဲ့ တစုတစည်းတည်း စုပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ အသင့်ရှိ နေပြီဆိုတာကိုလည်း မနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ပြီး အနှစ် (၇၀) ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဆုပ်ကိုင်ပြီး လက်တွဲညီညီနဲ့ ရှေ့ဆက်ကြဖို့လည်း အစုအဖွဲ့တွေ အားလုံးက စိတ်အားထက်သန်စွာ ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်။ မနေ့က နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့တဲ့ KIO ဥက္ကဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းမှာလည်း ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို စွဲကိုင်ထ ားသော စစ်တပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ရန်သူသက်သက်သာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးရဲ့ ရန်သူဖြစ်ကြောင်း ပြတ်ပြတ်သားသား သတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက် ချေမှုန်းရမယ်လို့ အတိအလင်း ပြောကြားခဲ့တာ ရှိသလို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကိုရရှိထားပြီးဖြစ်တဲ့ တော်လှန်ရေးဆန်တဲ့ အဖွဲ့ အစည်းတချို့နဲ့ လက်တွဲကာ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်တွေ ပြည့်ဝစေဖို့၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ဖို့အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ ဒီလို စုစည်းမှုအင်အားတွေနဲ့အတူ နှစ်သစ်ကို စတင်ရတာ ကျွန်တော်တို့ တော်လှန်ရေး အတွက် အင်မတန်ကို အားဖြစ်စေတာ အမှန်ပါပဲ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနှစ်မှာ မနှစ်ကထက် ပိုမို အလုပ်ဖြစ်ပြီး  ထိရောက်မှုရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေရော၊ ဝန်ကြီးဌာနတွေရော၊ အလုပ်တွေ  ကြိုးစားကြတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် တော်လှန်ရေး လိုအပ်ချက်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှ ရလဒ်ကောင်းတွေ ထွက်မှာ  ဖြစ်ပါတယ်။ ဒါ‌ကြောင့် မိမိတို့ဌာနအနေနဲ့ ဘယ်အပိုင်းကို ပိုဦးစားပေးလုပ်ရင် တော်လှန်ရေး အတွက် ထိရောက်မလဲဆိုတာမျိုး အမြဲတမ်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်စေချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ ပုံမှန်ကာလအစိုးရ မဟုတ်တာကြောင့် သူ့ဝန်ကြီးဌာန သူ့အလုပ်လုပ်၊ ကိုယ့်ဝန်ကြီးဌာန ကိုယ့်အလုပ်လုပ်မယ်ဆိုတာမျိုးထက် ပူးပေါင်းဆောင်ရွက်မှ ထိရောက်အောင်မြင် နိုင်မယ့် အလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီ့အတွက် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတွေ အားကောင်းစေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ဝန်ကြီးများအားလုံး ဒီနှစ်သစ်ကစပြီး ယခင်ကထက် အလုပ်တွေကို ပိုမို အားထည့် ကြိုးစားဆောင်ရွက်ရင်း ပန်းတိုင်ကို အတူချီတက်ကြဖို့အတွက် တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အစိုးရမှ ဖွဲ့စည်းထားရှိတဲ့ ကောင်စီ၊ ကော်မရှင်၊ ကော်မတီများဆိုင်ရာ အကြံပြုချက်များနဲ့ ပတ်သက်ပြီး တင်ပြတာ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်  ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လို့တယ်လို့ ယာယီသမ္မတ ပြောကြားဇန်နဝါရီ  ၃ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီ ဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့် တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ / ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်။ ဒါဟာ နှစ်သစ်မှာ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင် အားလုံး ကို လက်ဆင့်ကမ်းချင်တဲ့ ကနဦး ပဏာမစကားတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ ကျွန်တော် တို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး / နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာ ခဲ့ကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မရှင်/ ကောင်မတီတွေကို ဖွဲ့စည်းလုပ်ဆောင် ခဲ့ကြပါတယ်။ ယခုအချိန်မှာ NUG အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကော်မရှင်နဲ့ ကော်မတီ အရေအတွက်ဟာ အတိုင်းအတာတစ်ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစုအဖွဲ့ဆိုင်ရာ / အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ( လူနဲ့မူ ) ကို အံဝင်ခွင်ကျဖြစ်စေဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူမှန် / နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန် တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာလူနဲ့ မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကိုချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင် ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့ မူ ပြဿနာကို အပြီးသပ် ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အခါ ပီပြင်တဲ့အောင်မြင်မှုတွေ မရတာ လူနဲ့ မူ ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိလို့ ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့ မူ အံဝင်ခွင်ကျ ဖြစ်ရေး၊ လူမှန် / နေရာမှန် ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘နွေဦးတော်လှန်ရေးစတင်ချိန် ကနဦးကာလတွေမှာ အခြေအနေအရ ကိုယ့်ယုံကြည်ရာ လူတွေနဲ့ ဖွဲ့စည်းစုဖွဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မတည်ငြိမ်တဲ့ ကသောင်းကနင်းကာလမှာ ရုန်းကန် ပြေးလွှားကြရင်း တော်လှန်ရေးကို အလုပ်တွင်အောင် လုပ်ကြရတာဖြစ်လို့ ဒီလိုသဘာဝတွေ ရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေဟာ လုပ်လို့ ကိုင်လို့ လူးသာလွန့်သာ ဖြစ်တဲ့ အခြေအနေတွေရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးလှိုင်းတွေကိုလည်း မြှင့်တင်လာနိုင်ပြီဖြစ်လို့ ယခင်လို အခြေအ နေမျိုး မဟုတ်တော့တာ တွေ့ရပါတယ်။ တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင် ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ / ရထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရ ပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့နဲ့ အလေ အလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဌာန၏ ငွေကြေး သုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ သက်သေပြကြဖို့အတွက် အစိုးရအဖွဲ့ကို နှိုးဆော်တိုက်တွန်းပြော ကြားထားသလို လူထုစိတ်ပျက်စေမယ့် အပြောမျိုး အလုပ်မျိုးတွေကို ဂရုတစိုက် ရှောင်ကြဉ်ကြ ဖို့အတွက်နဲ့ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေး ကြီးတယ်ဆိုတာတွေကို ထည့် သွင်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘လက်ရှိ ဆင်နွှဲလျက်ရှိတဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍအသီးသီးမှာ အကြမ်းဖက်စစ်တပ်အနေနဲ့ နလန်မထူနိုင်အောင် ဟန်ကိုယ့်ဖို့ ဖြစ်နေရတဲ့ အနေအထားဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒီအခြေအနေကို ကျွန် တော်တို့က စုပေါင်းအင်အားနဲ့ ဆက်လက် တွန်းသွားဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အား စုတွေ အနေနဲ့ တစုတစည်းတည်း စုပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ အသင့်ရှိ နေပြီဆိုတာကိုလည်း မနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ပြီး အနှစ် (၇၀) ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဆုပ်ကိုင်ပြီး လက်တွဲညီညီနဲ့ ရှေ့ဆက်ကြဖို့လည်း အစုအဖွဲ့တွေ အားလုံးက စိတ်အားထက်သန်စွာ ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်။ မနေ့က နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့တဲ့ KIO ဥက္ကဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းမှာလည်း ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို စွဲကိုင်ထ ားသော စစ်တပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ရန်သူသက်သက်သာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးရဲ့ ရန်သူဖြစ်ကြောင်း ပြတ်ပြတ်သားသား သတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက် ချေမှုန်းရမယ်လို့ အတိအလင်း ပြောကြားခဲ့တာ ရှိသလို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကိုရရှိထားပြီးဖြစ်တဲ့ တော်လှန်ရေးဆန်တဲ့ အဖွဲ့ အစည်းတချို့နဲ့ လက်တွဲကာ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်တွေ ပြည့်ဝစေဖို့၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ဖို့အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ ဒီလို စုစည်းမှုအင်အားတွေနဲ့အတူ နှစ်သစ်ကို စတင်ရတာ ကျွန်တော်တို့ တော်လှန်ရေး အတွက် အင်မတန်ကို အားဖြစ်စေတာ အမှန်ပါပဲ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနှစ်မှာ မနှစ်ကထက် ပိုမို အလုပ်ဖြစ်ပြီး  ထိရောက်မှုရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေရော၊ ဝန်ကြီးဌာနတွေရော၊ အလုပ်တွေ  ကြိုးစားကြတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် တော်လှန်ရေး လိုအပ်ချက်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှ ရလဒ်ကောင်းတွေ ထွက်မှာ  ဖြစ်ပါတယ်။ ဒါ‌ကြောင့် မိမိတို့ဌာနအနေနဲ့ ဘယ်အပိုင်းကို ပိုဦးစားပေးလုပ်ရင် တော်လှန်ရေး အတွက် ထိရောက်မလဲဆိုတာမျိုး အမြဲတမ်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်စေချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ ပုံမှန်ကာလအစိုးရ မဟုတ်တာကြောင့် သူ့ဝန်ကြီးဌာန သူ့အလုပ်လုပ်၊ ကိုယ့်ဝန်ကြီးဌာန ကိုယ့်အလုပ်လုပ်မယ်ဆိုတာမျိုးထက် ပူးပေါင်းဆောင်ရွက်မှ ထိရောက်အောင်မြင် နိုင်မယ့် အလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီ့အတွက် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတွေ အားကောင်းစေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ဝန်ကြီးများအားလုံး ဒီနှစ်သစ်ကစပြီး ယခင်ကထက် အလုပ်တွေကို ပိုမို အားထည့် ကြိုးစားဆောင်ရွက်ရင်း ပန်းတိုင်ကို အတူချီတက်ကြဖို့အတွက် တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အစိုးရမှ ဖွဲ့စည်းထားရှိတဲ့ ကောင်စီ၊ ကော်မရှင်၊ ကော်မတီများဆိုင်ရာ အကြံပြုချက်များနဲ့ ပတ်သက်ပြီး တင်ပြတာ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်  မကြာတော့ခင် အချိန်ကာလမှာ  ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၃ ဆိုတဲ့ နှစ်သစ်အချိန်ကာလတစ်ခုကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၂ ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာပေါင်းများစွာကို ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်သလို  ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္တိ၊ ခံနိုင်ရည်အားတွေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ပေါင်းစည်းကြိုးစားနိုင်မှုတွေကို မှတ်ကျောက်တင်ရမယ့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီလောက် ရက်စက်ကြမ်းကြုတ် လူမဆန်လွန်းပြီး တိုင်းပြည်ဘဏ္ဍာတွေကို စိတ်တိုင်းကျ ချယ်လှယ်ခွင့်ရနေတဲ့ စစ်အာဏာရှင် လူတစ်စုကို တော်လှန်စရာ ဘာလက်နက်မှ မရှိဘဲ ယုံကြည်ချက်တစ်ခုနဲ့  စတင် တွန်းလှန်ခဲ့ကြတဲ့ ပြည်သူတွေဟာ တော်လှန်ရေးရဲ့ ဒုတိယမြောက်နှစ်ကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်ဖို့ အဆင်ပြေပါ့မလားလို့ ၂၀၂၂ နှစ်အစမှာ စိတ်ပူပန်ခဲ့မိတာ အမှန်ပါပဲ။ ဒါပေမယ့်  ခုချိန်ကာလအထိ မဆုတ်မနစ် ဇွဲကောင်းလွန်းလှတဲ့ မြန်မာပြည်သူတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ပြည်သူတွေဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။  ဒီလိုပြည်သူတွေအတွက် အောင်မြင်မှုဟာ ထိုက်တန်လွန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့လည်း အောင်မြင်မှုနဲ့ ထိုက်တန်လွန်းတဲ့ ပြည်သူတွေအတွက် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် ထိုက်တန်တဲ့အစိုးရဖြစ်ဖို့ လိုပါတယ်။ ဝန်ကြီးတွေအားလုံး မနားမနေ ကြိုးစား ဆောင်ရွက်နေကြတယ်ဆိုတာကို ကောင်းကောင်းနားလည်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက် များဟာ တော်လှန်ရေးအတွက် ရလဒ်ကောင်းကောင်းထွက်နိုင်တဲ့ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြစ်ဖို့ လိုပါတယ်။ ဒီလို ဖြစ်နိုင်ဖို့အတွက်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး လာမယ့်တစ်နှစ်တာကာလဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ One Year Plan ကို ရေးဆွဲ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာလဟာဆိုရင် One Year Plan ရဲ့ Phase 1 ပြီးဆုံးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးမှာလည်း One Year Plan ရဲ့ Phase 1  လုပ်ဆောင်ပြီးစီးမှု အခြေအနေတွေ၊  ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ဝန်ကြီးများအားလုံးလည်း One Year Plan အကောင်အထည်ဖော်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေရင် ဝိုင်းဆွေးနွေး အကြံပြုပေးကြပါ။ နောက်အစိုးရအဖွဲ့အစည်းအဝေးတွေမှာလည်း ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် မိမိတို့ ဌာနအတွင်းမှာ One Year Plan နဲ့ ချိတ်ဆက် စီမံဆောင်ရွက်ထားမှုအခြေအနေတွေကို အစိုးရအဖွဲ့အစည်းအဝေးသို့ ပြန်တင်ပြပေးဖို့အတွက်လည်း တိုက်တွန်းလို ပါတယ်။  လိုအပ်တာတွေ  ရှိရင် အချိန်မှီ ဝိုင်းဝန်း ပြင်ဆင်ပြီး တိုက်တိုက်တွန်းတွန်းနဲ့ ရှေ့ဆက်ကြရမယ့် အချိန်ကာလဖြစ်ပါတယ်။ ကျွန်တော် အမြဲ ပြောခဲ့သလိုပဲ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်ကာလဟာ အကန့်အသတ်ရှိပါတယ်။ တစ်ပတ်အတွင်း ပြီးရမယ့် အလုပ်က တစ်ပတ်အတွင်း ပြီးဖို့ လိုသလို တစ်လအတွင်း လုပ်ရမယ့် အလုပ်ကလည်း တစ်လအတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အသက်တွေ၊ ဘဝတွေ ရင်းပြီး လုပ်ကိုင်နေရတာမို့ ဖြစ်နိုင်သမျှ မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မှာပါ။ ဒီအတွက် နောင်နှစ်မှာ ခွန်အားအသစ်တွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေ ထပ်တိုးပြီး ကြိုးပမ်းပေးကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။  နောက်တစ်ခု ပြောလိုတာက စာရင်းစစ်ချုပ်က ယာယီသမ္မတကြီးနဲ့ ကျွန်တော့်ဆီကို ပို့ထားတဲ့ ကြားဖြတ်အစီရင်ခံစာ ကိစ္စပါ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်ပေမယ့် စတင်ဖွဲ့စည်းကတည်းက စာရင်းစစ်ချုပ်ကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ စီမံခန့်ခွဲနိုင်ဖို့ စီမံခဲ့ကြတာ ဝန်ကြီးများအားလုံး အသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် စာရင်းစစ်ချုပ်ရုံး ဟာလည်း ယာယီသမ္မရုံး၊ ဝန်ကြီးချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်အပါအဝင် ဝန်ကြီးဌာနအားလုံးကို ဘဏ္ဍာငွေဆိုင်ရာ ကိစ္စတွေမှာ အမှားအယွင်းမရှိဘဲ စီမံခန့်ခွဲနိုင်ဖို့ နည်းပညာအထောက်အကူများလည်း ကူညီပံ့ပိုးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ ဖြစ်ပေမယ့် ကိစ္စရပ်တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူတွေ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ အာဏာနဲ့ ယုံယုံကြည်ကြည် ပေးလှူထားတဲ့ လှူဒါန်းငွေတွေကို တော်လှန်ရေးအတွက် အသုံးပြုနေကြရတာဖြစ်လို့ ပြည်သူတွေရဲ့ ယုံကြည်မှုက အလွန်အရေးကြီးပါတယ်။ ဒီအတွက် အကောင်းဆုံး ဝိုင်းကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မကြာခင် ရောက်ရှိတော့မယ့် ၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကံဆိုတာလည်း အလုပ်ပဲဖြစ်တာမို့ ကျွန်တော်တို့ အလုပ်တွေကို ညီညီညွတ်ညွတ်နဲ့ ကြိုးကြိုးစားစား လုပ်ဆောင်ကြပြီး ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူပြည်သားတွေဆီကို ကံကောင်းခြင်းတွေ သယ်ဆောင်ပေးလာနိုင်တဲ့ တော်လှန်ရေးအစိုးရတစ်ရပ် အဖြစ် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက် လာမယ့် နှစ်သစ်အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးလည်း ကြိုတင်စီမံသင့်တာတွေ ရှိထားပြီးဖြစ်ကာ ဝန်ကြီးဌာနတိုင်းလည်း အသေးစိတ်လုပ်ငန်းစီမံချက်များ ချမှတ်ပြင်ဆင်ထားပြီလို့ ယုံကြည်ထားပါတယ်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က One Year Plan - Phase One Action Plan နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြမယ့် ကိစ္စကိုလည်း ကျွန်တော့်အနေနဲ့ ဝမ်းသာကြိုဆိုကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေး တာဝန် / နိုင်ငံရေး တာဝန်တွေနဲ့ အစိုးရတာဝန်တွေကို ယူထားကြတာဖြစ်လို့ ဒီလိုများပြားလှတဲ့ တာဝန်တွေကို မငြီးမငြူဘဲနဲ့ တစိုက်မတ်မတ်တာဝန်ထမ်းဆောင်နေကြတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ ခွန်အားရပါတယ်။ တဆက်တည်းမှာ ပြည်ထောင်စုဝန်ကြီးချုပ်အနေဖြင့် ယခုရက်အတွင်း မြေပြင်ရဲဘော်များနှင့် သွားရောက်တွေ့ဆုံတာကို မြင်တွေ့ရခြင်းအတွက် အင်မတန်ပီတိဖြစ်မိပါတယ်။ ထို့အတူ တော်လှန်ရေး ခေါင်းဆောင်များနှင့် မြေပြင်တွင် ယခုလို ထိတွေ့ခြင်းသည်လည်း ကျနော်တို့အချင်းချင်းကြား ယုံကြည်မှုနှင့် တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုမိုတိုးတက်စေပါတယ်။ ခွန်အားရခြင်းနဲ့အတူ ဂုဏ်ယူလေးစားကြောင်းလည်း ပြောချင်ပါတယ်။NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ/ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ ဝမ်းသာစရာ / ပီတိဖြစ်စရာဖြစ်ပါတယ်။ ဒီလို ခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီးအရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေးနဲ့ ချွေးနဲ့ ရင်းထား တဲ့/  တစ်ပြားတစ်ကျပ်က အစ … အင်မတန် တန်ဖိုးရှိပါတယ်။နိုင်ငံရေးအလုပ်ဟာ ခံယူချက်နဲ့ လုပ်ရတဲ့အလုပ်ဖြစ်သလို / ယုံကြည်ချက်နဲ့ လုပ်ရတဲ့အလုပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသိဉာဏ်အမြော်အမြင်နဲ့ လုပ်ကိုင်ရတဲ့ အလုပ်လည်းဖြစ်တယ်လို့ ခံယူပါတယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်မြှုပ်နှံထားတဲ့ အရင်းအနှီးတွေဟာ တိုင်းတာဖို့ မလွယ်လောက်အောင် များပြားပါတယ်။ တော်လှန်ရေးကာလလည်း (၂) နှစ်ပြည့်တော့မယ်ဆိုတော့  အားလုံးအတွက် အရေးကြီးတဲ့ စကားလေးတစ်ခု ထပ်ပြောချင်ပါတယ်။ အဲဒါကတော့“နိုင်ငံရေးရလဒ်နဲ့ စစ်ရေးရလဒ်” ကိစ္စဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မယ့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် စစ်ရေးရလဒ်မှာ စစ်ကောင်စီရဲ့ ဗဟိုချက်ကို ကိုင်လှုပ်နိုင်မယ့် အောင်မြင်မှုမျိုးကိုလည်း ဖန်တီးနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။ မြန်မာစကား ပုံမှာ “အရင်းလဲ အဖျား ထင်းဖြစ်” ဆိုတဲ့ စကားရှိပါတယ်။ စစ်ကောင်စီရဲ့ လက်တံတွေ/ ဒေါက်တိုင်တွေထဲမှာ အဖျားသား အနားသားတွေကို ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကို လှဲပစ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်။ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မယ်လို့ ယူဆပါတယ်။ ပိုမိုပီပြင်တဲ့ စစ်ရေးရလဒ်ထွက်ဖို့အတွက် စစ်ရေးအရ ထောက်ပို့ရေးနဲ့ ဘဏ္ဍာငွေ ရှာဖွေရေးတွေက အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ NUG အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နွေဦးတော်လှန်ရေးတပ်ဦးရဲ့ အဓိက ထောက်ပံ့ရေးအင်အားစုအဖြစ် မြင်တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ ယခုပြီးစီးခဲ့တဲ့ တော်လှန်ရေးရလဒ် အောင်ပွဲတွေဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ အောင်ပွဲရလဒ်ဖြစ်ပါတယ်။ ဒါဟာ လူထုရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေအဖြစ် ကျွန်တော်တို့ ပြောင်းလဲပစ်ရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်သည် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းရဲ့ အောင်ပွဲ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဟာ လူထုအားကိုးရတဲ့/ လူထုအားကိုးထိုက်တဲ့ လူထုယုံကြည်ထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အစဉ်အမြဲ ကြိုးစားအားထုတ်နေရမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..အရေးတော်ပုံ အောင်ရမည်....

အွန်လိုင်းလူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပါဝင်တက်ရောက်ဆွေးနွေး

အွန်လိုင်းလူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပါဝင်တက်ရောက်ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် CRPH/NUG Support Group-Australia က ကြီးမှူးကျင်းပသော Asia-Pacific Region အွန်လိုင်းလူထု တွေ့ဆုံပွဲသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ညနေ (၁၅:၃၀) နာရီတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌသည် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းစဥ်များအပေါ် အကျဥ်းချုပ် ကနဦး ရှင်းလင်းတင်ပြခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲတွင် နွေဦးတော်လှန်ရေး၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်နေမှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ဖြေကြားခဲ့သည်။အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် အခြား နိုင်ငံတကာရောက် တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့သည်။ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် မေးမြန်းခဲ့ကြသော မေးခွန်းများ စုစုပေါင်း (၁၂၀)ကျော်ခန့် ရှိခဲ့ပြီး နိုင်ငံခြားရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည်ဖြင့် ကဏ္ဍ (၅)ခုဖြင့် အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပါသည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ