အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့

“ကျွန်တော်တို့အားလုံးရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာ ဖြစ်တယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။”