တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးများအတွက် ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ။ ယုန်နှစ်ကို ကြိုဆိုပါတယ်။ မြန်မာတရုတ်များသည် လွန်ခဲ့သောနှစ်များအတွင်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။ အနာဂတ်မှာ ကျွန်ုပ်တို့အားလုံးပါဝင်သော မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုကြပါမည်။

E-Police Station ဖွဲ့စည်းခြင်း

E-Police Station ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgE-Police Station ဖွဲ့စည်းခြင်းအမိန့်ကြေညာစာအမှတ်(၃ /၂၀၂၃)၁၃၈၄ခုနှစ် ၊ ပြာသိုလပြည့်ကျော် (၁၅) ရက်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၁။ ၂.၅.၂၀၂၂ရက်နေ့တွင်  ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၂/၂၀၂၂) ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေအား အတည်ပြုပြဌာန်းခဲ့ပါသည်။ ၇.၆.၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာအမှတ်  (၁၂/၂၀၂၂) ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ ကို စတင်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ် နယ်မြေများတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။၂။ ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် သာမကပဲ နိုင်ငံတဝှမ်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီနှင့်လက်အောက်ခံများမှ ကျူးလွန် သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်း တင် ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေ၏ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် E police station အား ဖွဲ့စည်းလိုက်သည်။(ပုံ) လွင်ကိုလတ်ပြည်ထောင်စုဝန်ကြီးပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့်  တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာ

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့် တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgနိုင်ငံခြားရေးဝန်ကြီးဌာန၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်)နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့်  တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာအဆွေတော် ယခု ၂၀၂၃ ခုနှစ် တွင်ကျရောက်သည့် တရုတ်နှစ်သစ်ကူး အခါသမယတွင် တရုတ်ပြည်သူများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင် ငံငြိမ်း ချမ်း သာယာပါ စေကြောင်း ဦးစွာ  နှုတ်ခွန်း ဆက်သအပ်ပါသည်။ ကုန်လွန်ခဲ့သည့် (၂၀၂၂) ခုနှစ်ကာလသည် တရုတ်ပြည်သူများ၊ တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် တို့ အတွက် အောင်မြင်မှု အသီးအပွင့်များ စွာ ရရှိခဲ့သည့် ကာလတခုဖြစ်ပါသည်။ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီ ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ဒေသတွင်း ကိစ္စရပ်များ တွင်လည်း တရုတ်နိုင်ငံ၏ အရေးပါမှုကို ပြသနိုင်ခဲ့ပါသည်။ ထိုသို့သော အောင်မြင်မှုများစွာအတွက် လည်း မိမိတို့ မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် များစွာဂုဏ်ယူမိပါသည်။ တရုတ်သမ္မတ Xi Jinping ၏ တတိယသက်တမ်း ထမ်းဆောင်ခွင့် ရရှိမှုနှင့် အဆွေတော် Mr. Qin Gang ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကို မိမိတို့ အနေနှင့် လှိုက်လှဲစွာကြိုဆိုကြောင်း ထပ်လောင်း ဖေါ်ပြလိုပါသည်။ ထို့အတူ မိမိတို့ အမျိုးသားညီညွတ် ရေးအစိုးရ အနေနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက်  ရပ်တည်ခဲ့မှုများကို အထူးပင်ကျေးဇူးတင်ရှိ အပ်ပါသည်။နိုင်ငံတကာ မျက်နှာစာ၊ အထူး သဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့တွင် ထောက်ခံ ကူညီပေးနေသည့် အတွက် အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ မိမိတို့မြန်မာပြည်သူများအပေါ်အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အုပ်စုနှင့် အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာပြည်သူများအပေါ် အိမ်နီးချင်း ကောင်းပီသကြောင်းသက်သေထူပြလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆိုပါရပ်တည်မှုအတွက် မြန်မာပြည်သူများမှ အမြဲ အမှတ်တရ ရှိနေမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  မည်သည့် နည်းနှင့် မျှထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါ  သည်။မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရနှင့်မြန်မာပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်နိုင်ငံတော်သစ်သည် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်ပြည် သူ့သမ္မတ နိုင်ငံသို့ ကောင်းကျိုး အသီးအပွင့်များသာ ယူဆောင် လာလိမ့် မည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် နှစ်ပေါင်းများစွာချစ်ကြည် ရင်းနှီးသော အစဥ်အလာရှိသည့် မိမိတို့နှစ်နိုင်ငံအနေနှင့် လာမည့် (ယုန်နှစ်) နှစ်သစ်တွင်လည်း ပိုမိုရင်းနှီးစွာဆက်ဆံလာနိုင်မည်ကို မိမိတို့အနေနှင့် ယုံကြည်လျက် ရှိပါသည်။ တရုတ်မြန်မာ နှစ်နိုင်ငံပြည်သူများ အတွက် စစ်မှန်သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစွာ တည်ထောင်နိုင်မည့် နှစ်တနှစ် ဖြစ်ပါစေကြောင်း နှစ်သစ်ဆုမွန် ကောင်း တောင်းအပ်ပါသည်။ဒေါ်ဇင်မာအောင်ပြည်ထောင်စုဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များပေးအပ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များပေးအပ်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ဇန်နဝါရီလ ၁၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း​ပြောကြားရာတွင်အမျိုးသားညီညွတ်ရေးအစိုးရ​အ​နေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ​ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေ​ကြောင်း၊ ​အောင်မြင်သင့်သ​လောက် ​အောင်မြင်​နေပြီဖြစ်​ကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အား​ကောင်း​မောင်းသန်​တော်လှန်တိုက်ထုတ်​နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်​တော့မည်ဖြစ်​ကြောင်း၊  ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်​ကောင်းမွန်စွာဖြင့်​​ရှေ့ဆက်​နေနိုင်ပြီဖြစ်​ကြောင်း၊  နိုင်ငံ​ရေး၊ စစ်​ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်​ပေါ်တိုးတက်လျက်ရှိပါ​ကြောင်း၊ NUG ​ခေါင်း​ဆောင်များဟာ ​တော်လှန်​ရေးရဲ​ဘော်များနှင့်အတူ ​မြေပြင်မှာ တသားတည်းရှိ​နေ​ကြောင်း၊  စစ်​မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်ရန် စစ်​ဒေသကြီးများအလိုက် ပြင်ဆင်​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ တိုင်းရင်းသားမဟာမိတ်​တော်လှန်​ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ​ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်​နေကြပါ​ကြောင်း၊ ​တော်လှန်​ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်​နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှု​ကြောင့် မကြာမီ ​တော်လှန်​ရေး​အောင်ပွဲအသီးအပွင့်များကို ခံစားကြရ​တော့မှာဖြစ်​ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ​ဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း​ရေးနှင့် အကြမ်းဖက်စစ်​​ကောင်စီကို အမြစ်ပြတ်​ချေမှုန်းနိုင်​ရေး ယခုကြိုးစားအားထုတ်​နေမှုထက် ပိုမိုအားစိုက်ထုတ်​ပေးကြဖို့ တိုက်တွန်းလို​ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့  လက်နက်များ​ပေးအပ်သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ က ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များကို ဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ်တိတိကို ပေးအပ်ခဲ့​ကြောင်း သိရသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ယနေ့ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊  ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇) ရက် ကျွန်တော်တို့ နိုင်ငံအတွင်းက ပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေဟာ ကွာဟချက်တွေ ကြီးမားလာတာတွေ့ရပါတယ်။ နိုင်ငံရေးပြဿနာနဲ့ လက်နက်ကိုင် အကျပ်အတည်းတွေကြားထဲမှာ ပျက်စီးယိုယွင်းသွားတဲ့ ပြည်သူ့ဘဝတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါ့အပြင် ဒီလို စစ်ရေး / နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြုပြီး နဂိုမူလ အခြေအနေထက် ပိုမိုချမ်းသာသွားကြတဲ့ အကြမ်းဖက်စစ်အုပ်စု အပေါင်းအပါ တချို့လည်း ရှိနေပါတယ်။ ခေတ်ဆိုး စနစ်ဆိုးမှာ တောမီးလောင်ရင် တောကြောင်တွေ လက်ခမောင်းခတ်လေ့ရှိတာ ထုံးစံပဲလို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ကိုဗစ်ရောဂါ ကပ်ဘေးအတွင်းမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်း ရာဇဝတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူလူထုရဲ့ အထွေထွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ ထိုးဆိုက် ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ပါတယ်။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲဝင်နေသလို တစ်ဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝအခြေအနေကို လူထုအတွက် ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေရပါ တယ်။ လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာ သက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်။ တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာ တွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ်။ ယခု နွေဦးတော်လှန်ရေး (၂) နှစ်တာကာလအထိ နေ့စဉ် မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ကျွန်တော့်အနေနဲ့ တွေးမိတိုင်း ဦးညွှတ်မိပါတယ်။ ဒါဟာ တကယ် လက်တွေ့ ကာယကံမြောက် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်မှု တွေကြောင့် သေမထူး နေမထူး ဖြစ်သွားကြတဲ့ ပြည်သူလူထုတွေလည်း အညာဗမာပြည်မမှာ အလွန်အမင်း များပြားလာနေတာတွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ်တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေး ကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်။ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ရေးမူနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့နေရာမှာ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ မဟာဗျူဟာအရ မှန်ကန်ပေမယ့် နည်းဗျူဟာအရလည်း မှန်မှန်ကန်ကန်ဖြစ်အောင် သတိပြုကြပါလို့ ပြောချင်ပါတယ်။ ပြည်သူလူထု တရပ်လုံးနှင့်အတူ ရပ်တည်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချကြနိုင်ဖို့ ဆက်လက်အားတင်းရင်း ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။အရေးတော်ပုံမုချအောင်ရမည်....

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့် မပေးရန် တောင်းဆိုခြင်း

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့် မပေးရန် တောင်းဆိုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့် မပေးရန် တောင်းဆိုခြင်း သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၂၃)ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၁။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ်များဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့သည်။  အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် ဒဏ်ရာရသေကြေခဲ့ရပြီး၊ လူနေအိမ်သုံးလုံးနှင့် နေ့စဥ်ဝန်ဆောင်မှုပေးနေသည့် ဒေသန္တရ ဆေးကုသဆောင် တစ်ဆောင်အပါအဝင်  အရပ်သားအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။၂။ အဆိုပါတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ပေးပို့သောသတင်းတင်ပြချက်များအရ သိရှိရသည်။ အခြားသော မြေပြင်သတင်းရင်းမြစ်များအရလည်း အကြမ်းဖက်စစ်အုပ်စု၏ ဗုံးကြဲမှုများသည် အိန္ဒိယ ပိုင်နက်အတွင်းသို့ပင် ကျရောက်ခဲ့ကြောင်းသိရှိရပါသည်။  ၃။ အကြမ်းဖက်စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြု၍ ရမ်းကားတိုက်ခိုက်မှုများကျူးလွန်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့သည့် အစဥ်အလာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီးဖြစ်သည်။  ၄။ သို့ဖြစ်ပါ၍ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှု၍ မြန်မာပြည်သူတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေပိုင်နက်များကို အသုံးပြု၍ မြန်မာနိုင်ငံပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန် နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုပါရန် မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။ ၅။ အဆိုပါတောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ အရ ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် တောင်းဆိုသည့် အချက်များလည်း ပါဝင်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

အထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgနိုင်ငံခြားရေးဝန်ကြီးဌာန=======================အထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၂၃)ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်=======================မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Retno L.P. Marsudi မှ ကြေညာခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေး အစိုးရမှ ကြိုဆိုပါသည်။ နိုင်ငံခြားရေးဝန်ကြီး Ms Retno မှ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မိမိတို့ အစိုးရမှ ယုံကြည်ပါသည်။ ထို့အပြင် အာဆီယံ၏ မြန်မာနိုင်ငံအပေါ် တုံ့ပြန်မှု အရှိန်ကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် Ms Retno မှ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်လာပါက အထူးကိုယ်စားလှယ် မှ ၎င်း၏တာဝန် ဝတ္တရားများကို အချိန်ပြည့် လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်းနှင့် အထူးကိုယ်စားလှယ်ရုံး အနေ ဖြင့်လည်း အရေးကြီးသော နယ်ပယ်နှင့်ကဏ္ဍအလိုက် လူသားအရင်းအမြစ်များနှင့် ဘဏ္ဍာရေး အရင်းအမြစ်များကို ခွဲဝေချထားသည်ကို တွေ့မြင်ရပါသည်။အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေ ပါသည်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် ကုလသမဂ္ဂနှင့် ပြင်ပ မိတ်ဖက်နိုင်ငံများထံမှ  ထောက်ခံမှုရရှိရန်   အာဆီယံ ခေါင်းဆောင်များ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်သည့် သမိုင်းဝင်သော ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ ပါသည်။ ဥပဒေအရ ချည်နှောင်မှုရှိသည့် အဆိုပါဆုံးဖြတ်ချက်သည် မြန်မာပြည်သူများ၏ သဘောဆန္ဒများ ကို  လုံခြုံရေးကောင်စီမှ ထောက်ခံကြောင်း ပြသလိုက်သည်သာမက အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆို ထားသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် အဆိုပါ ဆုံးဖြတ်ချက်တွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ပြည့်ပြည့်ဝဝ၊ လုံလုံခြုံခြုံ၊ အဟန့်အတားမရှိ အကူအညီ လိုအပ်နေသူများထံသို့ ပေးအပ်နိုင်ရန် လိုအပ်သည်ကိုလည်း အလေးထားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီး Ms Retno မှ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်ရုံး၏ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခြင်းတို့အပေါ် အပြည့်အဝထောက်ခံပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ  Camp Victoria စခန်းအား အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၁၁  ရက်၁။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက  ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး ကျဆုံးသွားခဲ့ရသည့် ချင်းအမျိုးသားတပ်ဖွဲ့ဝင် (၅) ဦး အတွက် ချင်းအမျိုးသားတပ်ဦး၊ ကျဆုံးသွားသူများ၏ မိသားစုများ၊ ချင်းတိုင်းရင်းသားပြည်သူ အားလုံးနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။  အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနေဖြင့် အမြန်ဆုံး ပြန်လည်သက်သာပျောက်ကင်းပါစေကြောင်း လေးနက်စွာ ဆန္ဒပြုဆုတောင်းလိုက်ပါသည်။ ၂။ အာဏာသိမ်းစစ်ကောင်စီက လက်နက်အားကိုးဖြင့် တရားမဝင်အာဏာသိမ်းမှုနောက် နိုင်ငံတစ်ဝှမ်း လူမဆန်သော အကြမ်းဖက်မှုများကို စနစ်တကျ ကျူးလွန်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူ (၂၇၀၀) ကျော် သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများနှင့် ဒီမိုကရေစီအင်အားစုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ထောင်ပေါင်း များစွာသော ပြည်သူများသည် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရလျက် ရှိပါသည်။ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ (၄၆၀) ဦးကျော်ရှိနေပြီ ဖြစ်ပြီး အများစုမှာ အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း အချက်အလက် များအရ သိရှိရသည်။ ၃။ အာဏာသိမ်းစစ်ကောင်စီ၏ နေ့စဉ်တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ သည် မကြာသေးမီက ချမှတ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အာဆီယံခေါင်းဆောင်များအစည်းအဝေးက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာ့အရေးကိစ္စကို ပြေလည်စေရန် ကူညီဆောင်ရွက်နေသည့် နိုင်ငံတကာအသိုက်အဝန်း၏ ကြိုးစားမှုများကို လျစ်လျူရှုနေခြင်းပင် ဖြစ်ပါသည်။  ထို့ပြင် ပြည်တွင်း တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို စနစ်တကျ ဖျက်ဆီးနေပြီး ဒေသတွင်းနှင့် နိုင်ငံတကာ တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ခြိမ်းခြောက်နေလျက်ရှိပါသည်။ ၄။ ထို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းနေသည့် အာဏာသိမ်း စစ်တပ်နှင့် ၎င်း၏ စစ်ကောင်စီအမည်ခံ တရားမဝင်အဖွဲ့အစည်းအား စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် လက်တွဲ တိုက်ထုတ်သွားရန် လေးလေးနက်နက် တိုက်တွန်းအပ်ပြီး ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများက အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် အားပေးပါဝင်လုပ်ဆောင်သူများအားလုံးကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိရောက်လျင်မြန်စွာ အပြစ်ပေးအရေးယူနိုင်ရေးအတွက်  တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန် မိမိတို့အနေဖြင့် လေးလေးနက်နက် တိုက်တွန်း တောင်းဆို အပ်ပါသည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ