ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေမှာ ပြည်သူက ပေးတဲ့အခွင့်အာဏာကို လက်ခံပြီး ပြည်သူ့အရေးအတွက် တာဝန်ယူမှု/တာဝန်ခံမှုတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်ရတာတွေက အစိုးရ တစ်ရပ်ရဲ့တာဝန်ဖြစ်ပါကြောင်း၊ အစိုးရဆိုတဲ့ တာဝန်ကိုစတင် ယူလိုက်ပြီဆိုကတည်းက အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ဟာ မူဝါဒ၊ စည်းဘောင်တွေနဲ့အညီ အလုပ်လုပ်ဆောင်ကြရပြီး ဆောင်ရွက်သမျှတိုင်းအတွက်လည်း တာဝန်ယူတာဝန်ခံမှုတွေ ပူးတွဲပါလာရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကိုယ့်ရဲ့ ဒေသန္တရအဆင့် အုပ်ချုပ်ရေးဖော်ဆောင်မှု တာဝန်ရှိသူအဆင့်ဆင့်ကို အာဏာရှင်မဆန်ဘဲ အစိုးရပီသစွာ ပြည်သူကိုအလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့လိုမှာဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ မြေပြင်က အရှိတရားတွေကို လက်ခံပြီး ပြုပြင်သင့်တာကို လျင်လျင်မြန်မြန် ပြုပြင်နိုင်ကြမှသာ ရေရှည် ထိန်းကျောင်းသွား နိုင်မှာဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအသုံးစရိတ်တွေကို ထိထိ ရောက်ရောက်နဲ့ အလေအလွင့်မရှိအသုံးပြုနိုင်ဖို့နဲ့ တပ်ရိက္ခာ၊ ဒေသအလိုက်အရံရိက္ခာ ဖြည့်ဆည်းမှုတွေအတွက် မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက် လုပ်ဆောင်ကြဖို့လိုအပ်ကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း============ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေးပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ  ၁၈ ရက်နေ့တွင် လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ နှစ်သစ်အခါသမယမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ကြပြီး မိမိတို့ ဘုံရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်ကို အမြစ်ဖြတ်ဖို့အတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ အကောင်အထည်ဖော်ကြဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အားလုံးရည်သန်နေကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ယခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကို လေ့ကျင့်ပျိုးထောင်နိုင်ရန်  တာဝန်ရှိသူများအားလုံးက ကြိုးစားအားထုတ်နေကြတာဖြစ်ပြီး သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များ ပေါ်ပေါက်လာတာနဲ့အမျှ သယံဇာတအခန်းကဏ္ဍသည်လည်း အင်မတန်အရေးကြီးလာမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့သည် ဖက်ဒရယ်စနစ်ကို ဦတည်သွားနေတာဖြစ်တဲ့အတွက် ဖက်ဒရယ်ယူနစ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရန် ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသူတွေက ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ကိုလည်း အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒါမှသာ မိမိတို့လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အုတ်မြစ်ခိုင်မာပြီး ပြည်သူပြည်သားအားလုံးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ညီမျှ မျှတမှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနှင့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ မိမိတို့ရည်မှန်းချက်တွေအားလုံး အောင်မြင်ဖို့ ဘက်ပေါင်းစုံက ကြံ့ကြံ့ခိုင်ကြိုးစားဆောင်ရွက်ခဲ့ကြလို့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးသည်လည်း ကောင်းမွန်တဲ့ အရွေ့တစ်ခုသို့ ရောက်ရှိလာပြီဖြစ်တာကြောင့် NAB-NR အဖွဲ့ဝင်များအနေဖြင့် ရှေ့ဆက်ကြိုးစားသွားကြပါစို့လို့" အားပေးတိုက်တွန်း ပြောကြားခဲ့ပါ သည်။  ဆက်လက်၍ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံ ရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ

ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၅/ ၂၀၂၄)(၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်)ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ၁။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း တော်လှန်ရေးအင်အားစုများ နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ်စည်းစိမ်တို့အား ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့် ချီ၍ တက်ခ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။၂။ ထိုသို့တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ကာ လိုအပ်သည့်ကယ်ဆယ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသော ထိုင်းအစိုးရ၊ ထိုင်းတော်ဝင် တပ်မတော်၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တက်ခ်ခရိုင်တာဝန်ရှိသူများအားလုံးကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူများကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ရှိပါသည်။ အိမ်နီးချင်းကောင်း ပီသသည့် အဆိုပါဆောင်ရွက်ချက်ကို မိမိတို့ မြန်မာပြည်သူများ အနေဖြင့် အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်။ ၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံ များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိရာ စစ်ဘေးရှောင် ပြည်သူ ဦးရေ ဆက်လက်များပြားလာနိုင်ကြောင်း မိမိတို့အနေဖြင့် မှန်းဆထားပါသည်။ ၄။  ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ နေရာထိုင်ခင်းများအား အရေးပေါ်လိုအပ်နေသည့် ပြည်သူများအတွက်  ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုင်းအစိုးရ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း‌ ဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်၁။ အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက် ရှိနေကြောင်း လေ့လာသိရှိရသည်။ ၂။ အလားတူ အကြမ်းဖက်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်အား ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ ၃။ ထို့အပြင် ဘူးသီးတောင်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ၄။ ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချ ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးအလေးအနက်ထား မေတ္တာရပ်ခံ ပန်ကြားလိုပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ

ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၅/ ၂၀၂၄)(၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်)===================ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ၁။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း တော်လှန်ရေးအင်အားစုများ နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ်စည်းစိမ်တို့အား ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့် ချီ၍ တက်ခ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။၂။ ထိုသို့တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ကာ လိုအပ်သည့်ကယ်ဆယ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသော ထိုင်းအစိုးရ၊ ထိုင်းတော်ဝင် တပ်မတော်၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တက်ခ်ခရိုင်တာဝန်ရှိသူများအားလုံးကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူများကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ရှိပါသည်။ အိမ်နီးချင်းကောင်း ပီသသည့် အဆိုပါဆောင်ရွက်ချက်ကို မိမိတို့ မြန်မာပြည်သူများ အနေဖြင့် အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်။ ၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံ များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိရာ စစ်ဘေးရှောင် ပြည်သူ ဦးရေ ဆက်လက်များပြားလာနိုင်ကြောင်း မိမိတို့အနေဖြင့် မှန်းဆထားပါသည်။ ၄။  ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ နေရာထိုင်ခင်းများအား အရေးပေါ်လိုအပ်နေသည့် ပြည်သူများအတွက်  ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုင်းအစိုးရ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း‌ ဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဧပြီ (၁၆) ရက် • ယနေ့ အချိန်ဟာ မြန်မာရိုးရာဓလေ့ အစဉ်အလာ နေ့ကောင်းနေ့မြတ် အခါသမယ ဖြစ်သလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ အပ်နှင်းထားတဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းရွက်ခြင်း (၃) နှစ်ပြည့် အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ဖြတ်သန်းခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်းမှာ၊ ထိုက်သင့်တဲ့ တော်လှန်ရေး အောင်ပွဲတွေကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ • နှစ်ပေါင်း (၇၀) ကျော်ကာလအထိ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တဖြည်းဖြည်း ယိုယွင်းချိနဲ့လာတာကိုလည်း ပြည်သူတစ်ရပ်လုံး မျက်ဝါး ထင်ထင် တွေ့မြင်ရပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေကြောင်း တင်ပြချင်ပါတယ်။ • အခု ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ တစ်ရပ်လုံးကို လွှမ်းခြုံကြည့်ရင် ခုခံတော်လှန်စစ်ရေး အခြေအနေတွေက အားရကျေနပ်စရာ အကျိုးရလဒ်တွေ တွေ့မြင်ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြည်သူလူထုက ဥတုဘေး အကျပ်အတည်းနဲ့ ကြုံပြီး စားဝတ်နေရေး အကြပ်အတည်းက အင်မတန်ကြီးမားလာတာကို တွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။ • အခုဆိုရင် NUCC ကနေ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့လို့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာအားတက်ရပါတယ်။ အခုကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံမှာလည်း လက်တွေ့ ပြည်သူလူထုခံစားနေရတဲ့ အခက်အခဲတွေကို ကောင်းစွာဖော်ထုတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ လက်တွေ့ ပကတိအခြေအနေတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာ နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ • ကျွန်တော်တို့ဟာ ပြည်သူ့အရေးအရာကိစ္စတွေကို ဆွေးနွေးအဖြေရှာတဲ့နေရာမှာ အရှိ ပကတိနဲ့ ကင်းကွာလို့ မရဘူးလို့ ပြောချင်ပါတယ်။ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန်ကန်လိမ့်မယ်လို့ ပြောချင်ပါတယ်။ • နွေဦးတော်လှန်ရေးအတွင်းက မွေးဖွားလာတဲ့ မျက်နှာသစ်နိုင်ငံရေးအင်အားစုတွေထဲမှာ ရဲရင့်တက်ကြွပြီး စိတ်အားထက်သန်ပြင်းပြတဲ့ လူငယ်မျိုးဆက်သစ်တွေ အမြောက်အမြား ရှိတာကို သတိထားမိပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး အတွက် ခွန်သစ် အားသစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုမျက်နှာသစ်နိုင်ငံရေး အင်အားစုတွေ၊ သွေးသစ်တော်လှန်ရေး အင်အားစုတွေကို ကျွန်တော်တို့ အားလုံး လက်တွဲခေါ်ယူပြီး တစ်သားတည်း လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ • ရဲရင့်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးအတွက် အခြေခံမောင်းနှင်အား ဖြစ်ပေမယ့် သူ့ချည်းသက်သက်နဲ့ မလုံလောက်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ မဟာဗျူဟာ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျခြင်း၊ အမြော်အမြင်ရှိခြင်းဆိုတာတွေကို ပေါင်းထည့်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အဖြစ်အပျက်တွေကို “အရှိကို အရှိအတိုင်း သိနားလည်ဖို့” အားထုတ်ကြရမှာ ဖြစ်ပါတယ်။ • မြန်မာစကားပုံတစ်ခုမှာ “ခုတ်ရာ တခြား၊ ရှရာ တလွဲ” ဆိုတဲ့ စကားရှိပါတယ်။ ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ “မယောင်ရာ ဆီလူး” နေလို့ မရပါဘူး။ ထိထိရောက်ရောက်ဖြစ်ရမယ်၊ လက်တွေ့ကျကျ ဖြစ်ရမယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင်လည်း ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားအပ်ပါတယ်။အရေးတော်ပုံမုချအောင်ရမည်....

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် မိန့်ခွန်း ၂၀၂၄ ခုနှစ်၊ ဧပြီလ  (၁၆) ရက်

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် မိန့်ခွန်း ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆) ရက်

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် မိန့်ခွန်း ၂၀၂၄ ခုနှစ်၊ ဧပြီလ  (၁၆) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆)ရက်ဒီကနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခဲ့တာ ၃ နှစ်ပြည့် မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်း ဖြတ် သန်းခဲ့ရတဲ့ အခြေအနေတွေ၊ အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အသီးသီးနဲ့ ဆက် သွယ်ချိတ်ဆက်စီမံခဲ့တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ အစုအဖွဲ့အ သီးသီး၊ နောက်ခံ အခြေအနေအမျိုးမျိုးကနေ အဆိုပြုပေးပို့လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ စုစည်းဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရအဖွဲ့အတွင်းမှာ နားလည်မှု ကောင်းကောင်း၊ ပေါင်းစပ်လှုပ်ဆောင်မှု အင်အားကောင်းကောင်းနဲ့ တော်လှန်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရာမှာ အစောပိုင်း ၁ နှစ်လောက်အတွင်း ဝန်ကြီးဌာနတွေ ရပ်တည် နိုင်ဖို့၊ Function တွေကောင်းကောင်းလည်ပတ်နိုင်ဖို့နဲ့ အစိုးရအဖွဲ့အတွင်းမှာကိုပဲ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေ တည်ဆောက်ခဲ့ကြရတဲ့ ကာလတစ်ခု လည်း ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအတွက်လိုအပ်မယ်လို့ ယူဆခဲ့ကြတဲ့ ကော်မတီတွေ ကော်မရှင် တွေ ဖွဲ့စည်းပြီးလည်း တည်ဆောက်ရေးကဏ္ဍဘက် အာရုံစိုက်ခဲ့ကြရတဲ့ နှစ်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ အစိုးရအဖွဲ့အတွင်းမှာ ဝန်ကြီး၊ ဒုဝန်ကြီးများ ပိုမိုနားလည်မှုရှိစွာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာပြီး၊ တော်လှန်ရေးအတွက်လည်း ဦးဆောင်အစိုးရ ပီပီ ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့ကြတာကို ကျေနပ်ဖွယ်ရာတွေ့ရသလို လုပ်ငန်းဆောင်ရွက် မှုအပိုင်းတွေမှာ ဦးဆောင်တာဝန်ယူတဲ့ အတွင်းဝန်တွေအနေနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့အ တူ အတော်လေး ကြိုးကြိုးစားစား ဆောင်ရွက်ကြတာကို တွေ့ရလို့ တော်လှန်ရေးအစိုးရ အဖွဲ့ကို ဦးဆောင်သူတစ်ဦးအနေနဲ့ ကျေးဇူးတင်ပြီး တော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင် ပေးကြလို့လည်း ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ တော်လှန်‌‌ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး တော်လှန် ရေးအင်အားစု အစုအဖွဲ့အသီးသီးနဲ့ ပေါင်းစည်းချိတ်ဆက်လုပ်ဆောင်ခဲ့မှု အပိုင်းတွေကို ပြန် ကြည့်ရင်လည်း ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်လုံးအနေနဲ့ပင်ဖြစ်စေ၊ ဝန်ကြီးဌာနများ အနေ နဲ့ပင်ဖြစ်စေ၊ ကော်မတီများအနေနဲ့ပင်ဖြစ်စေ၊ အစုအဖွဲ့အသီးသီးနဲ့ တောက်လျှောက် တိုင်ပင် ညှိနှိုင်းဆောင်ရွက်ခဲ့မှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။ နွေဦး‌တော် လှန်ရေးအစမှာ နိုင်ငံတကာပညာရှင်များနဲ့ လေ့လာစောင့်ကြည်သူများက တော်လှန်ရေးအင် အားစုတွေဟာ ခိုင်မာအားကောင်းတဲ့ မြန်မာစစ်တပ်ကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင် ဘူးထင်ခဲ့ ကြပေမယ့် အခုဆိုရင် ကျွန်တော်တို့ရဲ့ စုစည်းမှုအားနဲ့ သမိုင်းတစ်လျှောက် မကြုံဘူးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားချိနဲ့လဲပြိုမှုတွေကို မြင်နေရပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ၃ နှစ်တာ ကာလအတွင်း နေရာဒေသအသီးသီးက အင်အားစုအသီးသီးတို့ ပေါင်းစုပြီး ဆောင် ရွက်ခဲ့မှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ၃ နှစ်တာကာလအတွင်း နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးစတဲ့ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရှိခဲ့သလို လိုအပ် ချက်တွေလည်း များစွာရှိနေသေးတယ်ဆိုတာကိုလည်း ဝန်ကြီးများအားလုံး နားလည်ပြီး ဖြစ် မယ်ထင်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် အခက်အခဲ၊ ဘဏ္ဍာ‌ငွေကြေးအခက်အခဲများနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲများကြားက စီမံကြရတာ မလွယ်ကူကြပေမယ့် တတ်နိုင်သမျှ တော့ ရှိတဲ့ အရင်းအမြစ်များကို ကောင်းမွန်စွာ အသုံးချနိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်များနဲ့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင် မယ့် အကောင်းဆုံးအစီအမံများနဲ့ ရှေ့ဆက်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ အခုဆိုရင် တော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ဟာ ဖြစ်ပေါ်မှုတွေ၊ ပြောင်းလဲမှုတွေ အင်မတန်ကို မြန်ဆန်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရအနေနဲ့ ကျွန်တော်တို့ဟာ ဘယ်ကဏ္ဍမှာမှ မျက်ခြေပြတ်သွားလို့ မဖြစ်ပါဘူး၊ စစ်‌ရေးအခြေအနေနဲ့ အုပ်ချုပ်‌ရေးတည် ထောင်မှုအခြေအနေတွေက ဆက်စပ်နေသလို အုပ်ချုပ်ရေးကဏ္ဍကလည်း နိုင်ငံရေးအခြေအ နေနဲ့ ဆက်စပ်နေပြန်ပါတယ်။ အဲ့ဒီအခြေအနေတွေအပေါ် မူတည်ပြီး နိုင်ငံတကာရေးရာ ဘက်ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်စီမံဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့အတွင်းမှာ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ချက်ခြင်း အစည်းအဝေးခေါ် တိုင်ပင်ဆွေးနွေးကြပြီး ပူးပေါင်းစီမံရမယ့် လုပ်ငန်း တွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံမှုတွေမှာ နှေးကွေးနေရင် နိုင်ငံရေးအခြေ အနေအရ အပြောင်းအလဲ ဖြစ်သွားနိုင်တာတွေ၊ မလိုလားအပ်တဲ့ နိုင်ငံရေးပုံဖော်မှုတွေ ဖြစ် လာနိုင်တဲ့အတွက် အားလုံးသတိရှိရှိနဲ့ အသင့်ဖြစ်နေကြဖို့လည်း တိုက်တွန်းလိုပါတယ်။ နိဂုံးချုပ်အနေနဲ့တော့ ကျွန်တော်တို့အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ ဥာဏ် ပညာနဲ့ စိတ်ခွန်အားအပြည့် အသုံးပြုပြီး တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခက်အခဲတွေကြားက လုပ်ငန်းတွေဆောင်ရွက်နိုင်အောင် ယနေ့အချိန်ထိ ယုံယုံ ကြည်ကြည်နဲ့ ပူးပေါင်းပါဝင်ပြီး ပံ့ပိုးကူညီနေတဲ့ ပြည်သူတစ်ယောက်ချင်းစီကိုလည်း အထူး ကျေးဇူးတင်ကြောင်းကိုလည်း ဒီနေရာကနေ လေးလေးစားစား ပြောကြားလိုပါတယ်။ နောင် မကြာခင်မှာ အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ရပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေထိဖြစ်အောင် ဆက်လက် ကြိုးစားပေး ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။