အမျိုးသားညီညွတ်ရေးအစိုးရ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◾ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန်ကန်လိမ့်မယ်လို့ ယာယီသမ္မတပြောကြားဧပြီ ၁၆  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “  ယနေ့ အချိန်ဟာ မြန်မာရိုးရာဓလေ့ အစဉ်အလာ နေ့ကောင်း နေ့မြတ် အခါသမယ ဖြစ်သလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ အပ်နှင်းထားတဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းရွက်ခြင်း (၃) နှစ်ပြည့် အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ဖြတ်သန်းခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်းမှာ၊ ထိုက်သင့်တဲ့ တော်လှန်ရေး အောင်ပွဲတွေကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ကျော်ကာလအထိ ပြည်သူလူထုကို နှိပ်စက် ညှင်းပန်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တဖြည်းဖြည်း ယိုယွင်းချိနဲ့လာတာကိုလည်း ပြည်သူတစ်ရပ်လုံး မျက်ဝါး ထင်ထင် တွေ့မြင်ရပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေကြောင်း တင်ပြချင်ပါ တယ်။ အခု ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ တစ်ရပ်လုံးကို လွှမ်းခြုံကြည့်ရင် ခုခံတော် လှန်စစ်ရေး အခြေအနေတွေက အားရကျေနပ်စရာ အကျိုးရလဒ်တွေ တွေ့မြင်ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြည်သူလူထုက ဥတုဘေး အကျပ်အတည်းနဲ့ ကြုံပြီး စားဝတ်နေရေး အကြပ်အတည်းက အင်မတန်ကြီးမားလာတာကို တွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အခုဆိုရင် NUCC ကနေ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့လို့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာအားတက်ရပါတယ်။ အခုကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံမှာလည်း လက်တွေ့ ပြည်သူလူထုခံစားနေရတဲ့ အခက်အခဲတွေကို ကောင်းစွာ ဖော်ထုတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ လက်တွေ့ ပကတိအခြေအနေတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာ နိုင်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့အရေးအရာကိစ္စတွေကို ဆွေးနွေးအဖြေရှာတဲ့နေရာမှာ အရှိ ပကတိနဲ့ ကင်းကွာလို့ မရဘူးလို့ ပြောချင်ပါတယ်။ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန်ကန်လိမ့်မယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက မွေးဖွားလာတဲ့ မျက်နှာသစ်နိုင်ငံရေးအင်အားစုတွေထဲမှာ ရဲရင့်တက်ကြွပြီး စိတ်အားထက်သန်ပြင်းပြတဲ့ လူငယ်မျိုးဆက်သစ်တွေ အမြောက်အမြား ရှိတာကို သတိထားမိပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး အတွက် ခွန်သစ် အားသစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုမျက်နှာ သစ်နိုင်ငံရေး အင်အားစုတွေ၊ သွေးသစ်တော်လှန်ရေး အင်အားစုတွေကို ကျွန်တော်တို့ အားလုံး လက်တွဲခေါ်ယူပြီး တစ်သားတည်း လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ရဲရင့်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးအတွက် အခြေခံမောင်းနှင်အား ဖြစ်ပေမယ့် သူ့ချည်း သက်သက်နဲ့ မလုံလောက်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ မဟာဗျူဟာ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျခြင်း၊ အမြော်အမြင်ရှိခြင်းဆိုတာတွေကို ပေါင်းထည့်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အဖြစ်အပျက်တွေကို “အရှိကို အရှိအတိုင်း သိနားလည်ဖို့” အားထုတ်ကြရမှာ ဖြစ်ပါတယ်။ မြန်မာစကားပုံတစ်ခုမှာ “ခုတ်ရာ တခြား၊ ရှရာ တလွဲ” ဆိုတဲ့ စကားရှိပါတယ်။ ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ “မယောင်ရာ ဆီလူး” နေလို့ မရပါဘူး။ ထိထိရောက်ရောက်ဖြစ်ရမယ်၊ လက်တွေ့ကျကျ ဖြစ်ရမယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင်လည်း ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားအပ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီကနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း တည်ထောင်ခဲ့တာ ၃ နှစ်ပြည့် မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်း ဖြတ် သန်းခဲ့ရတဲ့ အခြေအနေတွေ၊ အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အသီးသီးနဲ့ ဆက် သွယ်ချိတ်ဆက်စီမံခဲ့တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ အစုအဖွဲ့အသီးသီး၊ နောက်ခံ အခြေအနေအမျိုးမျိုးကနေ အဆိုပြုပေးပို့လာတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ စုစည်းဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရအဖွဲ့အတွင်းမှာ နားလည်မှု ကောင်းကောင်း၊ ပေါင်းစပ်လှုပ်ဆောင်မှု အင်အားကောင်းကောင်းနဲ့ တော်လှန်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရာမှာ အစောပိုင်း ၁ နှစ်လောက်အတွင်း ဝန်ကြီးဌာနတွေ ရပ်တည် နိုင်ဖို့၊ Function တွေကောင်းကောင်းလည်ပတ်နိုင်ဖို့နဲ့ အစိုးရအဖွဲ့အတွင်းမှာကိုပဲ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေ တည်ဆောက်ခဲ့ကြရတဲ့ ကာလတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအတွက်လိုအပ်မယ်လို့ ယူဆခဲ့ကြတဲ့ ကော်မတီတွေ ကော်မရှင်တွေ ဖွဲ့စည်းပြီးလည်း တည်ဆောက်ရေးကဏ္ဍဘက် အာရုံစိုက်ခဲ့ကြရတဲ့ နှစ်လည်း ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အစိုးရအဖွဲ့အတွင်းမှာ ဝန်ကြီး၊ ဒုဝန်ကြီးများ ပိုမိုနားလည်မှုရှိစွာနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ အားကောင်းလာပြီး၊ တော်လှန်ရေးအတွက်လည်း ဦးဆောင်အစိုးရ ပီပီ ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့ကြတာကို ကျေနပ်ဖွယ်ရာတွေ့ရသလို လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွေမှာ ဦးဆောင် တာဝန်ယူတဲ့ အတွင်းဝန်တွေအနေနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့အ တူ အတော်လေး ကြိုးကြိုးစားစား ဆောင်ရွက်ကြတာကို တွေ့ရလို့ တော်လှန်ရေးအစိုးရ အဖွဲ့ကို ဦးဆောင်သူတစ်ဦးအနေနဲ့ ကျေးဇူး တင်ပြီး တော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင်ပေးကြလို့လည်း ဂုဏ်ယူကြောင်း ပြောကြား လိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “တော်လှန်‌‌ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး တော်လှန်ရေးအင်အားစု အစုအဖွဲ့အသီးသီးနဲ့ ပေါင်းစည်းချိတ်ဆက်လုပ်ဆောင်ခဲ့မှု အပိုင်းတွေကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်လုံးအနေနဲ့ပင်ဖြစ်စေ၊ ဝန်ကြီး ဌာနများ အနေ နဲ့ပင်ဖြစ်စေ၊ ကော်မတီများအနေနဲ့ပင်ဖြစ်စေ၊ အစုအဖွဲ့အသီးသီးနဲ့ တောက်လျှောက် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခဲ့မှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။ နွေဦး‌တော်လှန်ရေးအစမှာ နိုင်ငံတကာပညာရှင်များနဲ့ လေ့လာစောင့်ကြည်သူများက တော်လှန်ရေး အင် အားစုတွေဟာ ခိုင်မာအားကောင်းတဲ့ မြန်မာစစ်တပ်ကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင် ဘူးထင်ခဲ့ ကြပေမယ့် အခုဆိုရင် ကျွန်တော်တို့ရဲ့ စုစည်းမှုအားနဲ့ သမိုင်းတစ်လျှောက် မကြုံဘူးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားချိနဲ့လဲပြိုမှုတွေကို မြင်နေရပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ၃ နှစ်တာ ကာလအတွင်း နေရာဒေသအသီးသီးက အင်အားစုအသီးသီးတို့ ပေါင်းစုပြီး ဆောင် ရွက်ခဲ့မှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ၃ နှစ်တာကာလအတွင်း နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးစတဲ့ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရှိ ခဲ့သလို လိုအပ်ချက်တွေလည်း များစွာရှိနေသေးတယ်ဆိုတာကိုလည်း ဝန်ကြီးများအားလုံး နားလည်ပြီး ဖြစ်မယ်ထင်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် အခက်အခဲ၊ ဘဏ္ဍာ‌ငွေကြေး အခက်အခဲများနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲများကြားက စီမံကြရတာ မလွယ်ကူကြပေမယ့် တတ်နိုင်သမျှတော့ ရှိတဲ့ အရင်းအမြစ်များကို ကောင်းမွန်စွာ အသုံးချနိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်များနဲ့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးအစီအမံများနဲ့ ရှေ့ဆက်ကြဖို့လည်း တိုက်တွန်းပြောကြား လိုပါတယ်။ အခုဆိုရင် တော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ဟာ ဖြစ်ပေါ်မှုတွေ၊ ပြောင်းလဲမှုတွေ အင်မတန်ကို မြန်ဆန်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရအနေနဲ့ ကျွန်တော်တို့ဟာ ဘယ်ကဏ္ဍမှာမှ မျက်ခြေပြတ်သွားလို့ မဖြစ်ပါဘူး၊ စစ်‌ရေးအခြေအနေနဲ့ အုပ်ချုပ်‌ရေးတည် ထောင်မှုအခြေအနေတွေက ဆက်စပ်နေသလို အုပ်ချုပ်ရေးကဏ္ဍကလည်း နိုင်ငံရေးအခြေအ နေနဲ့ ဆက်စပ်နေပြန်ပါတယ်။ အဲ့ဒီအခြေအနေတွေအပေါ် မူတည်ပြီး နိုင်ငံတကာရေးရာ ဘက်ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်စီမံဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့အတွင်းမှာ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ချက်ခြင်း အစည်းအဝေးခေါ် တိုင်ပင်ဆွေးနွေးကြပြီး ပူးပေါင်းစီမံရမယ့် လုပ်ငန်း တွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံမှုတွေမှာ နှေးကွေးနေရင် နိုင်ငံရေးအခြေ အနေအရ အပြောင်းအလဲ ဖြစ်သွားနိုင်တာတွေ၊ မလိုလားအပ်တဲ့ နိုင်ငံရေးပုံဖော်မှုတွေ ဖြစ် လာနိုင်တဲ့အတွက် အားလုံးသတိရှိရှိနဲ့ အသင့်ဖြစ်နေကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ ဥာဏ် ပညာနဲ့ စိတ်ခွန်အားအပြည့် အသုံးပြုပြီး တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း၊ အခက်အခဲတွေကြားက လုပ်ငန်းတွေဆောင်ရွက် နိုင်အောင် ယနေ့အချိန်ထိ ယုံယုံ ကြည်ကြည်နဲ့ ပူးပေါင်းပါဝင်ပြီး ပံ့ပိုးကူညီနေတဲ့ ပြည်သူ တစ်ယောက်ချင်းစီကိုလည်း အထူး ကျေးဇူးတင်ကြောင်းနဲ့ မကြာခင်မှာ အသွင်ကူးပြောင်းရေး ကာလအစိုးရတစ်ရပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေထိဖြစ်အောင် ဆက်လက် ကြိုးစားပေး ကြအတွက်လည်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သဝဏ်လွှာ

အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သဝဏ်လွှာ

အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်ယနေ့သည် နှစ်စဉ်ဧပြီလ ၄ ရက်နေ့တွင် ကမ္ဘာတဝန်းရှိ နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသော အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့ ဖြစ်ပါသည်။ ဧပြီလ ၄ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက် နေ့တွင် သတ်မှတ်ကာ မြေမြှုပ်မိုင်းများ၊ စစ်ပွဲကျန် ပေါက်ကွဲစေတတ်သောအရာများ၊ ဗုံးများနှင့် စပ်လျဉ်း၍ ပြောဆို ဆွေးနွေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြပါသည်။ ယခုနှစ် တွင်လည်း “လူအသက်များကို ကာကွယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်” ဟူသော ဆောင်ပုဒ်နှင့် အတူ မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းအားဖြင့် လူ့အသက်များဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းအားဖြင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ယခုအချိန်အထိ မိုင်းအန္တရာယ်ရှိနေဆဲဖြစ်သော နိုင်ငံများအား လူအများ သတိပြုမိနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အသိပညာမြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်ကြရန် သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းများ ထုတ်လုပ်အသုံးပြုနေဆဲ နိုင်ငံအနည်းစုအနက် တစ်နိုင်ငံအဖြစ် ပါဝင်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှပ်မိုင်းများရှိနေပြီး ဆက်လက် တိုးပွားနေဆဲဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးရမှု ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိရာ မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေရသည်မှာလည်း အကြောင်းအချက် တစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း အပြစ်မဲ့ ပြည်သူများ ထိခိုက်မှု လျော့ကျစေရန်အတွက် ဒေသအသီးသီးမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ တာဝန်ခံများနှင့် ပူးပေါင်း ၍ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ၊ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးစာစောင် ဖြန့်ဝေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှကာလပတ်လုံး ပြည်သူများအနေဖြင့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ခံစားနေရဦးမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပြီး အများပြည်သူရည်မျှော်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကာ ဘေးကင်းလုံခြုံ၍ ဖွံ့ဖြိုး တိုးတက်သော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင်မည် ဖြစ်ပါသဖြင့် ယနေ့ကျရောက်သော ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့တွင် အားလုံး ပါဝင်ဆောင်ရွက်ကြပါ ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ဒူဝါလရှီးလယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ၁။ ယနေ့ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့တွင် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီး၌ မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၊ ဗုံးများနှင့် စပ်လျဥ်းသည့် အန္တရာယ်နှင့် သက်ရောက်မှုများအကြောင်းကို ပြောဆိုဆွေးနွေး အသိပညာပေး မြှင့်တင်ခြင်းလုပ်ငန်းများကို အထူး အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် ယနေ့အခမ်းအနားကို “လူ့အသက်များကို ကာကွယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။၂။ ဆောင်ပုဒ်၏အနှစ်သာရမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်နှင့် သက်ရောက် မှုများမှ လူအများကို အကာအကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်လှမ်းမီ ရရှိနိုင်စေရန်၊ မိုင်းလက်ကျန်များရှိနေသည့် နေရာဒေသများတွင် ဆောလျင်စွာ မိုင်းရှင်း လင်းပြီး မြေယာများကို အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်ရန်၊ မိုင်းအန္တရာယ် ရှင်းလင်းရေးလုပ်ငန်း များနှင့် ပြည်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်‌ရေးကဏ္ဍများ အပါအဝင်  ငြိမ်းချမ်း‌ရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများနှင့် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေး ရည်ရွယ်ပါသည်။၃။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခများ၏ ရှုပ်ထွေးမှုများကြားတွင် ရှင်သန်နေထိုင်နေကြရ သည့် သန်းပေါင်းများစွာသော ပြည်သူလူထုသည် မြေမြှုပ်မိုင်းအန္တရာယ်ကို နေ့စဥ်နှင့်အမျှ ကြုံကြိုက် ခံစားနေရပါသည်။ တိုက်ပွဲများ ရပ်တန့်သွားပြီးနောက်တွင် မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များက ဒေသခံပြည်သူတို့၏ အသက်အန္တရာယ်ကို  ခြိမ်းခြောက် လျက် ရှိပါသည်။ ထိုမျှသာမက နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မိုင်းဒဏ်ခံစားရသည့် ဒေသများရှိ ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အဟန့်အတားဖြစ်စေနိုင်ပါသည်။၄။ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ကြာရှည်နေသည့်အတွက် နေရာဒေသ  အသီးသီးရှိ ပြည်သူလူထုမှာ ယနေ့ထက်တိုင် မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှုပ်မိုင်းများ ရှိနေပြီး လက်နက်ကိုင် တိုက်ပွဲများ တိုးပွားလာသည်နှင့်အမျှ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးရသော အပြစ်မဲ့ပြည်သူ အရေအတွက်မှာလည်း နေ့စဥ်တိုးပွားလျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများမှာလည်း အကြောင်းအရင်းတစ်ချက်အနေဖြင့် ပါဝင်လျက် ရှိပါသည်။ ၅။ ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပဋိပက္ခကာလအတွင်း အရပ် သား ပြည်သူလူထုထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းနှင့်          ဓာတု လက်နက်ပစ္စည်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ၊ မိုင်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးစာစောင် ဖြန့်ဝေရေးလုပ်ငန်းများနှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင် ရှေးဦးသူနာပြုစုခြင်းနည်းများ၊ စိတ်/လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်တန်းများဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။၆။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွှဲဧကန် ဆက်လက် ကြုံတွေ့နေရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းပြီး ပြည်သူများ လိုလားတောင့်တ သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်မှသာလျှင် ငြိမ်းချမ်းသာယာ၍ ဘေးကင်းသော လူမှုဘဝများကို ခံစားရရှိနိုင်မည် ဖြစ်ပါသဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး တွန်းလှန်နိုင်ပြီး မြန်မာပြည် အေးချမ်းသာယာရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း”၂၀၂၄ခုနှစ်၊ မတ်လ (၃၀)ရက်အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel - https://t.me/nugpublicaffairsbot ကို ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။ လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သားစုဆောင်းမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်ပြီး နေ့စဉ် နံနက် (၁၀) နာရီမှ ည (၁၀) နာရီအထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အထက်ပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုများအနေဖြင့်  အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် မိမိတို့အား ထပ်မံဖိစီးနှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စုအား သက်ဆိုးရှည်စေရန် ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ပြည်သူ့ရေးရာဝန်ဆောင်မှု Channel အသုံးပြုနည်းလမ်းညွှန်ကို ပူးတွဲထုတ်ပြန်အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ပြည်သူများ ရဲ့ ယုံကြည်ထောက်ခံမှုများနဲ့အတူ တော်လှန်ရေးအင်အားစုများ အသီးသီးနဲ့ လက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လာတာ ၃ နှစ်တာကာလ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ရည်မှန်းခဲ့သလောက် ရာနှုန်းပြည့်တွေ မဆောင်ရွက်နိုင်ခဲ့ကြပေမယ့် အတော်လေး ကြိုးစားရုန်းကန်ပြီး အားထုတ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် သမိုင်းကြောင်းရှည်လျားပြီး လူမျိုးပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံ တည်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘုံရည်မှန်းချက်တူညီစွာ စုစုစည်း စည်း အလုပ်လုပ်နိုင်ကြဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြားထဲကကိုပဲ ယနေ့လိုမျိုး အခြေအနေထိ စုစည်းမိပြီး အလုပ်တွေ အတူတကွ လုပ်နိုင်ကြတယ်ဆိုတာ အားလုံးရဲ့ နွေဦးတော်လှန်ရေးအပေါ် ယုံကြည်မှုနဲ့ ဒီတစ်ကြိမ်ဟာ စစ်အာဏာရှင်တွေအတွက် နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ သန္နဌာန်တွေကြောင့်သာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး ၆လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီး စစ်တပ်အတွင်း တခါမှ မကြုံဘူးခဲ့တဲ့ လက်နက်ချသူတွေ၊ ထွက်ပြေးသူတွေ များသထက် များ လာတဲ့အတွက် အတင်းအကျပ် စစ်သားစုဆောင်းခြင်း ကိစ္စတွေကိုတောင် လုပ်ဆောင်နေကြ ရတာပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်သောကရောက်ရသလို စီးပွားရေးကဏ္ဍဘက်ကို ထိခိုက်လာတဲ့ အခြေအနေတွေလည်း ဖြစ်လာနေပါပြီ။ ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ လုပ်သားပြတ်လပ်မှုတွေ ကြုံနေရတဲ့ အခြေအ နေကိုလည်း ကြားသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ အသီးသီးကတော့ ဒီအဓမ္မ စစ်သားစုဆောင်းမှုအပေါ်ကို နည်းမျိုးစုံနဲ့ တုန့်ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီလို ဆိုးဝါး လွန်းတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့အားလုံး အတူလက်တွဲပြီး အပြီးတိုင် ချေမှုန်း ဖို့ဆိုတဲ့ နည်းလမ်းကလွဲပြီး မရှိတာမို့ ဆက်လက်ပြီး ညီညီညာညာ အတူကြိုးစားသွားကြဖို့ တိုက်တွန်းလိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

" အမျိုးသားညီညွတ်ရေးအစိုးရ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် " ◼ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား မတ် ၂၆  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ ဒီနေ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံး စဉ်းစားဖို့လိုတဲ့ ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စအတွက် ပြောချင်ပါတယ်။ ဝန်ထမ်းရေးရာ ခန့်အပ်ရေးအတွက် စံတွေ၊ မူတွေကို စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အစွန်းနှစ်ဖက်ကို ရှောင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် ပြုပြင် ပြောင်းလဲရေး တွေကို အဓိက လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ ဂရုတစိုက် ရှိသင့်တယ်လို့ ယူဆပါတယ်။ ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စတွေမှာ အဆင့်မြင့်ဝန်ထမ်း ကိုယ်စားလှယ်တွေ ခန့်ထားရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်လာမယ်လို့ ယူဆပါတယ်။ အခုအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တာကြောင့် ၊ တံခါးမရှိ ဓားမရှိ ဝင်ဖို့ ထွက်ဖို့ ခွင့်ပြုတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းခန့်အပ်ရေး မူတွေကို စဉ်းစားဆုံးဖြတ်တဲ့အခါ “မလျော့မတင်း စောင်းကြိုးညှင်း” ဆိုတဲ့ မူကို လက်ကိုင်ထားသင့်ပါတယ်။ အထူးသဖြင့် နိုင်ငံ့အကျိုးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူငယ်သွေးသစ်တွေ၊ လူငယ် မျိုးဆက်သစ်တွေကို နေရာပေးကြဖို့ လိုပါတယ်။ တော်လှန်ရေး ဆိုတာက အဟောင်းကို အသစ်နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ မျိုးဆက်ဟောင်းကို မျိုးဆက်သစ်နဲ့ အစားထိုးနိုင်မှသာ အနာဂတ်ကာလမှာ သက်ဝင်လှုပ်ရှားနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်။ အခုလို တိုင်းပြည်ပြုပြင်ရေးကိစ္စတွေကို ဆောင်ရွက်ကြ တဲ့အခါမှာ action နဲ့ result ကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သင့်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ဆောင်ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လိုကြောင်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့လည်း လိုသလို၊ လွယ်လွယ်ကူကူ ဖြစ်အောင်လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် တွေဟာ ထိထိရောက်ရောက်ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ “ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး” ကိုလည်း အလေးအနက်ထားဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်း ပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာ ထက် ပိုလွန်တဲ့ လူထုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက် အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့လိုကြောင်း၊ တော်လှန်ရေး (၃) နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း တွေ့မြင်ခံစားကြရမယ်လို့ ယုံကြည်ကြောင်း၊ လူထုအတွက် တော်လှန်ရေး၊ လူထုရဲ့ တော်လှန်ရေး၊ လူထုက ဆင်းသက်တဲ့ တော်လှန်ရေး ဖြစ်ဖို့ အမြဲ ရှေ့ရှုဆောင်ရွက်ရမှာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ပြည်သူများ ရဲ့ ယုံကြည်ထောက်ခံမှုများနဲ့အတူ တော်လှန်ရေးအင်အားစုများ အသီးသီးနဲ့ လက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လာတာ ၃ နှစ်တာကာလ ရောက်ရှိ တော့မှာ ဖြစ်ပါတယ်။ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ရည်မှန်းခဲ့သလောက် ရာနှုန်းပြည့်တွေ မဆောင်ရွက်နိုင်ခဲ့ကြပေမယ့် အတော်လေး ကြိုးစားရုန်း ကန်ပြီး အားထုတ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် သမိုင်းကြောင်းရှည်လျားပြီး လူမျိုးပေါင်း စုံ၊ အစုအဖွဲ့ပေါင်းစုံ တည်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘုံရည်မှန်းချက်တူညီစွာ စုစုစည်း စည်း အလုပ်လုပ်နိုင်ကြဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြားထဲကကိုပဲ ယနေ့လိုမျိုး အခြေအနေထိ စုစည်းမိပြီး အလုပ်တွေ အတူတ ကွ လုပ်နိုင်ကြတယ်ဆိုတာ အားလုံးရဲ့ နွေဦးတော်လှန်ရေးအပေါ် ယုံကြည်မှုနဲ့ ဒီတစ်ကြိမ်ဟာ စစ်အာဏာရှင်တွေအတွက် နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ သန္နဌာန်တွေကြောင့်သာ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး ၆ လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီး စစ်တပ်အတွင်း တခါမှ မကြုံဘူးခဲ့တဲ့ လက်နက်ချသူတွေ၊ ထွက်ပြေးသူတွေ များသထက် များ လာတဲ့အတွက် အတင်းအကျပ် စစ်သားစုဆောင်းခြင်း ကိစ္စတွေကိုတောင် လုပ်ဆောင်နေကြ ရတာပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်သောကရောက်ရသလို စီးပွားရေးကဏ္ဍဘက်ကို ထိခိုက်လာတဲ့ အခြေအနေတွေ လည်း ဖြစ်လာနေပါပြီ။ ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ လုပ်သားပြတ်လပ်မှုတွေ ကြုံနေရတဲ့ အခြေအ နေကိုလည်း ကြားသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ အသီးသီးကတော့ ဒီအဓမ္မ စစ်သား စုဆောင်းမှုအပေါ်ကို နည်းမျိုးစုံနဲ့ တုန့်ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီလို ဆိုးဝါးလွန်းတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့အားလုံး အတူလက်တွဲပြီး အပြီးတိုင် ချေမှုန်း ဖို့ဆိုတဲ့ နည်းလမ်းကလွဲပြီး မရှိတာမို့ ဆက်လက်ပြီး ညီညီညာညာ အတူကြိုးစားသွားကြဖို့ တိုက်တွန်း လိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တရားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းခန့်ထားရေးဆိုင်ရာ အခြေအနေကို တင်ပြဆွေးနွေးခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် မတ်လ (၂၆) ရက်• ဒီနေ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံး စဉ်းစားဖို့လိုတဲ့ ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စအတွက် ပြောချင်ပါတယ်။ ဝန်ထမ်းရေးရာ ခန့်အပ်ရေးအတွက် စံတွေ၊ မူတွေကို စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အစွန်းနှစ်ဖက်ကို ရှောင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး တွေကို အဓိက လုပ်ဆောင် ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေ ဖြစ်ဖို့ ဂရုတစိုက် ရှိသင့်တယ်လို့ ယူဆပါတယ်။ • ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စတွေမှာ အဆင့်မြင့်ဝန်ထမ်း ကိုယ်စားလှယ်တွေ ခန့်ထားရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်လာမယ်လို့ ယူဆပါတယ်။ အခုအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တာကြောင့် ၊ တံခါးမရှိ ဓားမရှိ ဝင်ဖို့ ထွက်ဖို့ ခွင့်ပြုတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းခန့်အပ်ရေး မူတွေကို စဉ်းစားဆုံးဖြတ်တဲ့အခါ “မလျော့မတင်း စောင်းကြိုးညှင်း” ဆိုတဲ့ မူကို လက်ကိုင်ထားသင့်ပါတယ်။ • အထူးသဖြင့် နိုင်ငံ့အကျိုးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူငယ်သွေးသစ်တွေ၊ လူငယ် မျိုးဆက်သစ်တွေကို နေရာပေးကြဖို့ လိုပါတယ်။ တော်လှန်ရေးဆိုတာက အဟောင်းကို အသစ်နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ မျိုးဆက်ဟောင်းကို မျိုးဆက်သစ်နဲ့ အစားထိုးနိုင်မှသာ အနာဂတ်ကာလမှာ သက်ဝင်လှုပ်ရှားနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်။ • အခုလို တိုင်းပြည်ပြုပြင်ရေးကိစ္စတွေကို ဆောင်ရွက်ကြတဲ့အခါမှာ action နဲ့ result ကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သင့်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ဆောင်ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လိုကြောင်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ • ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့လည်း လိုသလို၊ လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိထိရောက်ရောက်ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ “ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး” ကိုလည်း အလေးအနက်ထားဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ • လက်ရှိ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်း ပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာ ထက် ပိုလွန်တဲ့ လူထုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။ • ကျွန်တော်တို့ဟာ အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက်အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ တော်လှန်ရေး (၃) နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း ကျွန်တော်တို့ တွေ့မြင်ခံစားကြရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ လူထုအတွက် တော်လှန်ရေး၊ လူထု၏ တော်လှန်ရေး၊ လူထုက ဆင်းသက်တဲ့ တော်လှန်ရေး ဖြစ်ဖို့ အမြဲ ရှေ့ရှုဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားရင်း တိုက်တွန်းအပ်ပါတယ်။အရေးတော်ပုံ မုချအောင်မြင်ရမည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်က ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပါသည်။ စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် စစ်သည်ကျင့်ဝတ်အသစ်အား ယနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့) တွင် ထပ်မံထုတ်ပြန်လိုက်သည်။ ဤစစ်သည်ကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေ လေးစားလိုက်နာရန်နှင့် စစ်သည်ကျင့်ဝတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် ယာယီ သမ္မတကြီး၏အမိန့်ဖြင့် ယနေ့ထုတ်ပြန်လိုက်ပါသည်။