ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်ထံသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်ပြီး လက်ရှိစစ်ရေးအခြေအနေများအား တင်ပြ

ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်ထံသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်ပြီး လက်ရှိစစ်ရေးအခြေအနေများအား တင်ပြ

မတ် ၁၅၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ထံသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နဲ့ ဒုဝန်ကြီးတို့က အသီးသီးသွားရောက်တွေ့ဆုံပြီးနောက် လက်ရှိစစ်ရေးအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြပါကြောင်း။

ယာယီသမ္မတ ဒူဝါလရှီးလထံသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သွားရောက်ပြီး တင်ပြဆွေးနွေးခဲ့သလို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းထံသို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်က သွားရောက်ပြီး တင်ပြဆွေးနွေးခဲ့ကြပါကြောင်း။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ တိုက်ထုတ်နေပါကြောင်း။

လက်တလောဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာလည်း KNLA နဲ့ အတူ ပူးပေါင်းတိုက်ခိုက်တာ ၊ ကချင်ပြည်နယ်မှာ KIA နဲ့ အတူပူးပေါင်းတိုက်ခိုက်တာ ၊ ကရင်နီပြည်မှာ KNDF နဲ့အတူ ပူးပေါင်းတိုက်ခိုတာတွေ အပြင် အခြားသော တိုင်းရင်းသားဒေသတွေမှာလည်း အကြမ်းဖက်စစ်တပ် အမြတ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဖော်ဆောင်နေပါကြောင်း။

ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေ ကိုလည်း တင်ပြဆွေးနွေးခဲ့ပါကြောင်း။