စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီသည်ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့၊ ၁၈း၀၀ နာရိ အချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဌ ဦးမြင့်ထွေး နှင့် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနဘက်မှလည်း ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်များ၊တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနမှ ဖက်ဒရယ်ရေးရာ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ‌အခြေအနေနှင့်ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များ ကိုရှင်းလင်းပြောကြားခဲ့ပြီးစစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌမှလည်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်ရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှလည်း အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ ၂၁း၀၀ နာရီ တွင်အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။