"ကောလင်းမြို့သိမ်း အောင်ပွဲ အမှတ်တရ ဂုဏ်ပြုစကား"

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်

အမှတ် (၁) စစ်ဒေသ၊​ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

ခရိုင်အဆင့်ရှိ မြို့တမြို့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေးတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

စစ်ဆင်ရေးအတွင်း စွန့်စား ပေးဆပ် စွန့်လွှတ်သူများ အားလုံးကိုလည်း ထာဝရ အမှတ်ရစွာဖြင့် ဦးညွှတ် အလေးပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။

နိုင်ငံတော် သမ္မတရုံး

အမျိုးသားညီညွတ်ရေးအစိုးရ