ဒီလမှာ "ပြည်သူ့ရင်ခွင် - People's Embrace" အဖွဲ့ကို ဆက်သွယ်လာကြတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၄၀၀ခန့်ကို ဘယ်က အဆက်အသွယ်စရပါလဲ မေးကြည့်တဲ့အခါ ဖြေကြတဲ့ အဖြေတွေဖြစ်ပါတယ်။◼️၃၂.၇ ရာခိုင်နှုန်းက အရှေ့က CDM လုပ်သွားတဲ့ ညီအစ်ကိုမောင်နှမတွေ ညွှန်းပေးလို့◼️၂၄ ရာခိုင်နှုန်းက ပြည်သူ့ရင်ခွင် - People's Embrace Facebook page ရဲ့ ပို့စ်တွေက တစ်ဆင့်◼️၂၂.၃ ရာခိုင်နှုန်းက NUG၊ MOD၊ CRPH အစရှိတဲ့ အစိုးရရဲ့ တရားဝင်စာမျက်နှာတွေက တစ်ဆင့်◼️၁၁.၈ ရာခိုင်နှုန်းက သတင်းမီဒီယာတွေဆီက◼️၄.၆ ရာခိုင်နှုန်းက အခြား (လူသိများတဲ့ တပ်နဲ့ရဲ CDMများ၊ Facebook Group များ စသဖြင့်)◼️၃.၅ ရာခိုင်နှုန်းက Follower များသူ Social Influencer တွေဆီက◼️၁ ရာခိုင်နှုန်းကတော့ Myanmar Police CDM Channel က တစ်ဆင့် သိကြတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့်မို့ CDM လုပ်ထားသူ၊ တပ်နဲ့ရဲက ထွက်လာပြီးသူတွေအနေနဲ့ လုံခြုံရာမှာ ရှိနေကြရင် အထဲမှာ ကျန်ခဲ့သူတွေကို လက်တို့ပေးကြပါဦး။ ကျန်တဲ့သူတွေလည်း မိမိတို့နီးစပ်ရာက ပြည်သူ့ရင်ခွင် ခိုလှုံချင်သူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ သိနိုင်အောင် "ပြည်သူ့ရင်ခွင် - People's Embrace" Facebook စာမျက်နှာက ပို့စ်တွေကို shareပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်။◼️"ပြည်သူ့ရင်ခွင် - People's Embrace" သည် ပြည်သူ့မှ ပြည်သူသို့မူဝါဒဖြင့် ပြည်သူများနှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပြီး တပ်နှင့်ရဲ CDM တို့ကို တတ်နိုင်သည့်နည်းလမ်းတို့ဖြင့် အဘက်ဘက်မှ ထောက်ကူနေသော အဖွဲ့ဖြစ်ပါသည်။ တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ်ငန်းများကို "ပြည်သူ့ရင်ခွင် - People's Embrace" တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmar နှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ရင်ခွင်အဖွဲ့ကို MyanmarPeople Telegram မှ ဆက်သွယ်နိုင်ပါသည်။
