နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်

နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက်  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံဆွေးနွေးပွဲသို့ NUG မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့ကြပြီး NUCC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောင်စီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရေးအတွက် သဘောတူညီခဲ့ကြပြီး၊ အခြားသော မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ရန်အတွက် ဖိတ်ခေါ်ရေးကိစ္စကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။