အမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လို့တယ်လို့ ယာယီသမ္မတ ပြောကြား

ဇန်နဝါရီ  ၃ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  ‘၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီ ဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့် တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ / ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်။ ဒါဟာ နှစ်သစ်မှာ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင် အားလုံး ကို လက်ဆင့်ကမ်းချင်တဲ့ ကနဦး ပဏာမစကားတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ ကျွန်တော် တို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး / နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာ ခဲ့ကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မရှင်/ ကောင်မတီတွေကို ဖွဲ့စည်းလုပ်ဆောင် ခဲ့ကြပါတယ်။ ယခုအချိန်မှာ NUG အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကော်မရှင်နဲ့ ကော်မတီ အရေအတွက်ဟာ အတိုင်းအတာတစ်ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစုအဖွဲ့ဆိုင်ရာ / အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ( လူနဲ့မူ ) ကို အံဝင်ခွင်ကျဖြစ်စေဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူမှန် / နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန် တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာလူနဲ့ မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကိုချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင် ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့ မူ ပြဿနာကို အပြီးသပ် ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အခါ ပီပြင်တဲ့အောင်မြင်မှုတွေ မရတာ လူနဲ့ မူ ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိလို့ ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့ မူ အံဝင်ခွင်ကျ ဖြစ်ရေး၊ လူမှန် / နေရာမှန် ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘နွေဦးတော်လှန်ရေးစတင်ချိန် ကနဦးကာလတွေမှာ အခြေအနေအရ ကိုယ့်ယုံကြည်ရာ လူတွေနဲ့ ဖွဲ့စည်းစုဖွဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မတည်ငြိမ်တဲ့ ကသောင်းကနင်းကာလမှာ ရုန်းကန် ပြေးလွှားကြရင်း တော်လှန်ရေးကို အလုပ်တွင်အောင် လုပ်ကြရတာဖြစ်လို့ ဒီလိုသဘာဝတွေ ရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေဟာ လုပ်လို့ ကိုင်လို့ လူးသာလွန့်သာ ဖြစ်တဲ့ အခြေအနေတွေရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးလှိုင်းတွေကိုလည်း မြှင့်တင်လာနိုင်ပြီဖြစ်လို့ ယခင်လို အခြေအ နေမျိုး မဟုတ်တော့တာ တွေ့ရပါတယ်။ တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင် ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ / ရထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရ ပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့နဲ့ အလေ အလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဌာန၏ ငွေကြေး သုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ သက်သေပြကြဖို့အတွက် အစိုးရအဖွဲ့ကို နှိုးဆော်တိုက်တွန်းပြော ကြားထားသလို လူထုစိတ်ပျက်စေမယ့် အပြောမျိုး အလုပ်မျိုးတွေကို ဂရုတစိုက် ရှောင်ကြဉ်ကြ ဖို့အတွက်နဲ့ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေး ကြီးတယ်ဆိုတာတွေကို ထည့် သွင်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘လက်ရှိ ဆင်နွှဲလျက်ရှိတဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍအသီးသီးမှာ အကြမ်းဖက်စစ်တပ်အနေနဲ့ နလန်မထူနိုင်အောင် ဟန်ကိုယ့်ဖို့ ဖြစ်နေရတဲ့ အနေအထားဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒီအခြေအနေကို ကျွန် တော်တို့က စုပေါင်းအင်အားနဲ့ ဆက်လက် တွန်းသွားဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အား စုတွေ အနေနဲ့ တစုတစည်းတည်း စုပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ အသင့်ရှိ နေပြီဆိုတာကိုလည်း မနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ပြီး အနှစ် (၇၀) ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဆုပ်ကိုင်ပြီး လက်တွဲညီညီနဲ့ ရှေ့ဆက်ကြဖို့လည်း အစုအဖွဲ့တွေ အားလုံးက စိတ်အားထက်သန်စွာ ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်။ မနေ့က နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့တဲ့ KIO ဥက္ကဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းမှာလည်း ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို စွဲကိုင်ထ ားသော စစ်တပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ရန်သူသက်သက်သာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးရဲ့ ရန်သူဖြစ်ကြောင်း ပြတ်ပြတ်သားသား သတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက် ချေမှုန်းရမယ်လို့ အတိအလင်း ပြောကြားခဲ့တာ ရှိသလို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကိုရရှိထားပြီးဖြစ်တဲ့ တော်လှန်ရေးဆန်တဲ့ အဖွဲ့ အစည်းတချို့နဲ့ လက်တွဲကာ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်တွေ ပြည့်ဝစေဖို့၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ဖို့အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ ဒီလို စုစည်းမှုအင်အားတွေနဲ့အတူ နှစ်သစ်ကို စတင်ရတာ ကျွန်တော်တို့ တော်လှန်ရေး အတွက် အင်မတန်ကို အားဖြစ်စေတာ အမှန်ပါပဲ‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနှစ်မှာ မနှစ်ကထက် ပိုမို အလုပ်ဖြစ်ပြီး  ထိရောက်မှုရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေရော၊ ဝန်ကြီးဌာနတွေရော၊ အလုပ်တွေ  ကြိုးစားကြတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် တော်လှန်ရေး လိုအပ်ချက်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှ ရလဒ်ကောင်းတွေ ထွက်မှာ  ဖြစ်ပါတယ်။ ဒါ‌ကြောင့် မိမိတို့ဌာနအနေနဲ့ ဘယ်အပိုင်းကို ပိုဦးစားပေးလုပ်ရင် တော်လှန်ရေး အတွက် ထိရောက်မလဲဆိုတာမျိုး အမြဲတမ်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်စေချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ ပုံမှန်ကာလအစိုးရ မဟုတ်တာကြောင့် သူ့ဝန်ကြီးဌာန သူ့အလုပ်လုပ်၊ ကိုယ့်ဝန်ကြီးဌာန ကိုယ့်အလုပ်လုပ်မယ်ဆိုတာမျိုးထက် ပူးပေါင်းဆောင်ရွက်မှ ထိရောက်အောင်မြင် နိုင်မယ့် အလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီ့အတွက် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတွေ အားကောင်းစေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ဝန်ကြီးများအားလုံး ဒီနှစ်သစ်ကစပြီး ယခင်ကထက် အလုပ်တွေကို ပိုမို အားထည့် ကြိုးစားဆောင်ရွက်ရင်း ပန်းတိုင်ကို အတူချီတက်ကြဖို့အတွက် တိုက်တွန်းပြောကြားထားပါတယ်။

အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အစိုးရမှ ဖွဲ့စည်းထားရှိတဲ့ ကောင်စီ၊ ကော်မရှင်၊ ကော်မတီများဆိုင်ရာ အကြံပြုချက်များနဲ့ ပတ်သက်ပြီး တင်ပြတာ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။