ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်က ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပါသည်။ စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် စစ်သည်ကျင့်ဝတ်အသစ်အား ယနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့) တွင် ထပ်မံထုတ်ပြန်လိုက်သည်။ ဤစစ်သည်ကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေ လေးစားလိုက်နာရန်နှင့် စစ်သည်ကျင့်ဝတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် ယာယီ သမ္မတကြီး၏အမိန့်ဖြင့် ယနေ့ထုတ်ပြန်လိုက်ပါသည်။