အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ပြည်သူများ ရဲ့ ယုံကြည်ထောက်ခံမှုများနဲ့အတူ တော်လှန်ရေးအင်အားစုများ အသီးသီးနဲ့ လက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လာတာ ၃ နှစ်တာကာလ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ရည်မှန်းခဲ့သလောက် ရာနှုန်းပြည့်တွေ မဆောင်ရွက်နိုင်ခဲ့ကြပေမယ့် အတော်လေး ကြိုးစားရုန်းကန်ပြီး အားထုတ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် သမိုင်းကြောင်းရှည်လျားပြီး လူမျိုးပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံ တည်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘုံရည်မှန်းချက်တူညီစွာ စုစုစည်း စည်း အလုပ်လုပ်နိုင်ကြဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြားထဲကကိုပဲ ယနေ့လိုမျိုး အခြေအနေထိ စုစည်းမိပြီး အလုပ်တွေ အတူတကွ လုပ်နိုင်ကြတယ်ဆိုတာ အားလုံးရဲ့ နွေဦးတော်လှန်ရေးအပေါ် ယုံကြည်မှုနဲ့ ဒီတစ်ကြိမ်ဟာ စစ်အာဏာရှင်တွေအတွက် နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ သန္နဌာန်တွေကြောင့်သာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး ၆လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီး စစ်တပ်အတွင်း တခါမှ မကြုံဘူးခဲ့တဲ့ လက်နက်ချသူတွေ၊ ထွက်ပြေးသူတွေ များသထက် များ လာတဲ့အတွက် အတင်းအကျပ် စစ်သားစုဆောင်းခြင်း ကိစ္စတွေကိုတောင် လုပ်ဆောင်နေကြ ရတာပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်သောကရောက်ရသလို စီးပွားရေးကဏ္ဍဘက်ကို ထိခိုက်လာတဲ့ အခြေအနေတွေလည်း ဖြစ်လာနေပါပြီ။ ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ လုပ်သားပြတ်လပ်မှုတွေ ကြုံနေရတဲ့ အခြေအ နေကိုလည်း ကြားသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ အသီးသီးကတော့ ဒီအဓမ္မ စစ်သားစုဆောင်းမှုအပေါ်ကို နည်းမျိုးစုံနဲ့ တုန့်ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီလို ဆိုးဝါး လွန်းတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့အားလုံး အတူလက်တွဲပြီး အပြီးတိုင် ချေမှုန်း ဖို့ဆိုတဲ့ နည်းလမ်းကလွဲပြီး မရှိတာမို့ ဆက်လက်ပြီး ညီညီညာညာ အတူကြိုးစားသွားကြဖို့ တိုက်တွန်းလိုပါတယ်။