အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆)ရက်

ဒီကနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခဲ့တာ ၃ နှစ်ပြည့် မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်း ဖြတ် သန်းခဲ့ရတဲ့ အခြေအနေတွေ၊ အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အသီးသီးနဲ့ ဆက် သွယ်ချိတ်ဆက်စီမံခဲ့တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ အစုအဖွဲ့အ သီးသီး၊ နောက်ခံ အခြေအနေအမျိုးမျိုးကနေ အဆိုပြုပေးပို့လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ စုစည်းဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရအဖွဲ့အတွင်းမှာ နားလည်မှု ကောင်းကောင်း၊ ပေါင်းစပ်လှုပ်ဆောင်မှု အင်အားကောင်းကောင်းနဲ့ တော်လှန်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရာမှာ အစောပိုင်း ၁ နှစ်လောက်အတွင်း ဝန်ကြီးဌာနတွေ ရပ်တည် နိုင်ဖို့၊ Function တွေကောင်းကောင်းလည်ပတ်နိုင်ဖို့နဲ့ အစိုးရအဖွဲ့အတွင်းမှာကိုပဲ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေ တည်ဆောက်ခဲ့ကြရတဲ့ ကာလတစ်ခု လည်း ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအတွက်လိုအပ်မယ်လို့ ယူဆခဲ့ကြတဲ့ ကော်မတီတွေ ကော်မရှင် တွေ ဖွဲ့စည်းပြီးလည်း တည်ဆောက်ရေးကဏ္ဍဘက် အာရုံစိုက်ခဲ့ကြရတဲ့ နှစ်လည်း ဖြစ်ပါတယ်။ 

အခုဆိုရင်တော့ အစိုးရအဖွဲ့အတွင်းမှာ ဝန်ကြီး၊ ဒုဝန်ကြီးများ ပိုမိုနားလည်မှုရှိစွာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာပြီး၊ တော်လှန်ရေးအတွက်လည်း ဦးဆောင်အစိုးရ ပီပီ ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့ကြတာကို ကျေနပ်ဖွယ်ရာတွေ့ရသလို လုပ်ငန်းဆောင်ရွက် မှုအပိုင်းတွေမှာ ဦးဆောင်တာဝန်ယူတဲ့ အတွင်းဝန်တွေအနေနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့အ တူ အတော်လေး ကြိုးကြိုးစားစား ဆောင်ရွက်ကြတာကို တွေ့ရလို့ တော်လှန်ရေးအစိုးရ အဖွဲ့ကို ဦးဆောင်သူတစ်ဦးအနေနဲ့ ကျေးဇူးတင်ပြီး တော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင် ပေးကြလို့လည်း ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ 

တော်လှန်‌‌ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး တော်လှန် ရေးအင်အားစု အစုအဖွဲ့အသီးသီးနဲ့ ပေါင်းစည်းချိတ်ဆက်လုပ်ဆောင်ခဲ့မှု အပိုင်းတွေကို ပြန် ကြည့်ရင်လည်း ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်လုံးအနေနဲ့ပင်ဖြစ်စေ၊ ဝန်ကြီးဌာနများ အနေ နဲ့ပင်ဖြစ်စေ၊ ကော်မတီများအနေနဲ့ပင်ဖြစ်စေ၊ အစုအဖွဲ့အသီးသီးနဲ့ တောက်လျှောက် တိုင်ပင် ညှိနှိုင်းဆောင်ရွက်ခဲ့မှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။ နွေဦး‌တော် လှန်ရေးအစမှာ နိုင်ငံတကာပညာရှင်များနဲ့ လေ့လာစောင့်ကြည်သူများက တော်လှန်ရေးအင် အားစုတွေဟာ ခိုင်မာအားကောင်းတဲ့ မြန်မာစစ်တပ်ကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင် ဘူးထင်ခဲ့ ကြပေမယ့် အခုဆိုရင် ကျွန်တော်တို့ရဲ့ စုစည်းမှုအားနဲ့ သမိုင်းတစ်လျှောက် မကြုံဘူးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားချိနဲ့လဲပြိုမှုတွေကို မြင်နေရပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ၃ နှစ်တာ ကာလအတွင်း နေရာဒေသအသီးသီးက အင်အားစုအသီးသီးတို့ ပေါင်းစုပြီး ဆောင် ရွက်ခဲ့မှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ 

၃ နှစ်တာကာလအတွင်း နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးစတဲ့ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရှိခဲ့သလို လိုအပ် ချက်တွေလည်း များစွာရှိနေသေးတယ်ဆိုတာကိုလည်း ဝန်ကြီးများအားလုံး နားလည်ပြီး ဖြစ် မယ်ထင်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် အခက်အခဲ၊ ဘဏ္ဍာ‌ငွေကြေးအခက်အခဲများနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲများကြားက စီမံကြရတာ မလွယ်ကူကြပေမယ့် တတ်နိုင်သမျှ တော့ ရှိတဲ့ အရင်းအမြစ်များကို ကောင်းမွန်စွာ အသုံးချနိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်များနဲ့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင် မယ့် အကောင်းဆုံးအစီအမံများနဲ့ ရှေ့ဆက်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ 

အခုဆိုရင် တော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ဟာ ဖြစ်ပေါ်မှုတွေ၊ ပြောင်းလဲမှုတွေ အင်မတန်ကို မြန်ဆန်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရအနေနဲ့ ကျွန်တော်တို့ဟာ ဘယ်ကဏ္ဍမှာမှ မျက်ခြေပြတ်သွားလို့ မဖြစ်ပါဘူး၊ စစ်‌ရေးအခြေအနေနဲ့ အုပ်ချုပ်‌ရေးတည် ထောင်မှုအခြေအနေတွေက ဆက်စပ်နေသလို အုပ်ချုပ်ရေးကဏ္ဍကလည်း နိုင်ငံရေးအခြေအ နေနဲ့ ဆက်စပ်နေပြန်ပါတယ်။ အဲ့ဒီအခြေအနေတွေအပေါ် မူတည်ပြီး နိုင်ငံတကာရေးရာ ဘက်ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်စီမံဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့အတွင်းမှာ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ချက်ခြင်း အစည်းအဝေးခေါ် တိုင်ပင်ဆွေးနွေးကြပြီး ပူးပေါင်းစီမံရမယ့် လုပ်ငန်း တွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံမှုတွေမှာ နှေးကွေးနေရင် နိုင်ငံရေးအခြေ အနေအရ အပြောင်းအလဲ ဖြစ်သွားနိုင်တာတွေ၊ မလိုလားအပ်တဲ့ နိုင်ငံရေးပုံဖော်မှုတွေ ဖြစ် လာနိုင်တဲ့အတွက် အားလုံးသတိရှိရှိနဲ့ အသင့်ဖြစ်နေကြဖို့လည်း တိုက်တွန်းလိုပါတယ်။ 

နိဂုံးချုပ်အနေနဲ့တော့ ကျွန်တော်တို့အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ ဥာဏ် ပညာနဲ့ စိတ်ခွန်အားအပြည့် အသုံးပြုပြီး တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခက်အခဲတွေကြားက လုပ်ငန်းတွေဆောင်ရွက်နိုင်အောင် ယနေ့အချိန်ထိ ယုံယုံ ကြည်ကြည်နဲ့ ပူးပေါင်းပါဝင်ပြီး ပံ့ပိုးကူညီနေတဲ့ ပြည်သူတစ်ယောက်ချင်းစီကိုလည်း အထူး ကျေးဇူးတင်ကြောင်းကိုလည်း ဒီနေရာကနေ လေးလေးစားစား ပြောကြားလိုပါတယ်။ နောင် မကြာခင်မှာ အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ရပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေထိဖြစ်အောင် ဆက်လက် ကြိုးစားပေး ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။