အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သော  ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက် ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ (၂) ရက်၊ အင်္ဂါနေ့။ပထမဦးစွာ တစ်နေ့က “The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ ယိုင်နဲ့ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်ရင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တပြိုင်နက် စီမံဆောင်ရွက်နေရတာ ဖြစ်လို့ ဘဏ္ဍာငွေ လိုအပ်ချက်တွေက အမြဲ ရှိနေပါတယ်။ ဒီလို ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ၂ နှစ်လုံးလုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီ  ဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်။ တစ်ပတ်တာအတွင်းမှာဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်သင့်တာတွေကို အားစိုက် ဆောင်ရွက်နေကြတာကိုလည်း သိရှိပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီဆိုရင်လည်း နေ့စဉ်အစည်းအဝေးတွေ အဆက်မပြတ် စီမံဆောင်ရွက် နေကြသလို မြေပြင်တာဝန်ရှိသူတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်စီမံနေကြတာကို ကြားသိရ ပါတယ်။ တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်တွေနဲ့လည်း နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍစုံက ဆက်လက်ချိတ်ဆက် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။  ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေးစတဲ့ ကဏ္ဍစုံကို တပြိုင်နက် ကြိုးစားနေကြရတာ ဖြစ်လို့ ပင်ပန်းခက်ခဲ ကြမှာကို နားလည်ပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းစေနိုင်မယ့် အားထုတ်မှုတွေ ဖြစ်တာမို့ ဆက်လက် ကြိုးစားဆောင်ရွက် ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားမေ ၂  ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ဖက်ဒရယ်ဒီမိုကရေစီအရေးဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက် အထိ အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရူး လက်တဆုပ်စာ စစ်အုပ်စုဟာ ပြည်သူက တရား၀င် ရွေးချယ်ခံထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော်အတွင်းက ဖယ်ထုတ်ပြီး သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ကိုယ်တိုင်ပဲ ချိုးဖောက် ဖျက်ဆီးခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက် အရေးပေါ်လိုအပ်နေတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေတခုအဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို ရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာ၀န်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(EAOs)တွေ၊ သက်ဆိုင်ရာနေရာဌာနအသီးသီးက လူငယ်တွေပါ ပါ၀င်ရေးဆွဲခဲ့ကြတာဖြစ်ပါ တယ်။ ပဋိညာဥ်ရဲ့ အစိတ်အပိုင်းအသီးသီးကို ကြားကာလမှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဖက်ဒရယ်ယူနစ်တွေကြားမှာ အချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်များအကြား အစိုးရအချင်းချင်းကြားမှာ အပြုသဘောဆောင်တဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ ပေါ်ပေါက်လာဖို့ အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်။ ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးအပေါ် ကြား၀င်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ Track 1.5 Dialogue အစည်းအဝေးဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက တကြိမ်ပြုလုပ်ခဲ့တဲ့ အစည်းအ၀ေးဖြစ်ပြီး မြန်မာ့အရေးကို ဝိုင်းဝန်းဖြေရှင်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နယူးဒေလီမှာ ထပ်မံကျင်းပကြတာ ဖြစ်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရ လုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီးဖြစ်မှာပါ။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နေပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ်ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် နှစ်နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ် ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်ကြောင်း၊ ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိရမှာဖြစ်ကြောင်းနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အကြမ်းဖက်စစ်ကောင်စီ ကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ တစ်နေ့က “The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။  ကျွန်တော်တို့ အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ ယိုင်နဲ့ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်ရင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တပြိုင်နက် စီမံဆောင်ရွက်နေရတာ ဖြစ်လို့ ဘဏ္ဍာငွေ လိုအပ်ချက်တွေက အမြဲ ရှိနေပါတယ်။ ဒီလို ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ၂ နှစ်လုံးလုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီ  ဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်။ တစ်ပတ်တာအတွင်းမှာဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်သင့်တာတွေကို အားစိုက် ဆောင်ရွက်နေကြတာကိုလည်း သိရှိပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီဆိုရင်လည်း နေ့စဉ်အစည်းအဝေးတွေ အဆက်မပြတ် စီမံဆောင်ရွက် နေကြသလို မြေပြင်တာဝန်ရှိသူတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်စီမံနေကြတာကို ကြားသိရ ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်တွေနဲ့လည်း နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍစုံက ဆက်လက်ချိတ်ဆက် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် အစိုးရအဖွဲ့ကို  နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေးစတဲ့ ကဏ္ဍစုံကို တပြိုင်နက် ကြိုးစားနေကြရတာ ဖြစ်လို့ ပင်ပန်းခက်ခဲ ကြမှာကို နားလည်ပေမယ့် ကြိုးပမ်းအားထုတ်မှုတွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းစေနိုင်မယ့် အားထုတ်မှုတွေ ဖြစ်တာမို့ ဆက်လက် ကြိုးစားဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနက မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်းအားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးပါရန် တင်ပြတာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ စပ်လျဉ်းတဲ့ အခြေအနေနဲ့ စဉ်းစား ချက်များကို တင်ပြခြင်း ကိစ္စရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် နံနက် ၇:၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကလေးများအပါအဝင် ရွာသူရွာသားများအား အကြမ်းဖက်စစ်တပ်၏ တံတားဦး လေဆိပ်မှ ဂျက်ဖိုက်တာ တစ်စီးက ဗုံးနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး၊ နောက်ထပ် ငါးမိနစ်ခန့်အကြာ ၇:၅၀ အချိန်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် ဒုံးကျည် နှစ်လုံးအပြင် စက်သေနတ်များဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်။၂။ အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။၃။ ယခင်ကလဲ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခု ဧပြီလ ၁၁ ရက် နံနက်တွင်လည်း ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အား အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးသေဆုံးကာ ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ကချင်၊ ကရင်နီ နှင့် ကရင်ပြည်နယ် များတွင်လည်း အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ တနိုင်ငံလုံးရှိ အရပ်သားပြည်သူများအား လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေ သည်မှာ အသေအချာပင်ဖြစ်ပါသည်။ ၄။ ဤလုပ်ရပ်များသည် စစ်ပွဲဆိုင်ရာဥပဒေ (1907 Hague Convention) အပိုဒ် (၂၅)၊ (၂၆)၊ (၂၇) နှင့် ဂျီနီဗာကွန်ဗင်းရှင်း၊ ပရိုတိုကောလ်အပိုဒ် (၁) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရုံ သာမက၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ထပ်မံ ကျူးလွန်ခြင်း လည်း ဖြစ်သည်။၅။ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ယုတ်မာရက်စက်မှုကြောင့် သေဆုံးသွားရသူများ အတွက် လွန်စွာဝမ်းနည်းကြေကွဲရပါသည်။၆။ ဤသို့သော သတ်ဖြတ်မှုများကို အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံ နေရာအနှံအပြား၊ ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျကျူးလွန်နေခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။၇။ ယခုကဲ့သို့ ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပြီး မိမိတို့တိုင်းရင်းသားပြည်သူတရပ်လုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ မလွဲမသွေရောက်ရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း အလေးအနက် ကတိပြုပါသည်။၈။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤသို့သောလူမဆန်သည့် လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်လည်း ထပ်မံတိုက်တွန်းအပ်ပါသည်။တော်လှန်ရေးသစ္စာဖြင့်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့၁။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည်။၂။ အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသားတည်း အတူတကွရှိနေပါကြောင်း အထူး ဖော်ပြလိုသည်။၃။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်သည်။၄။ ဤအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည်  စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်သည်။ ၅။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မိမိတို့မှတ်ယူသည်။ ထိခိုက် ဆုံးရှုံးရသည့် လူထုဘဝများအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့် အကြောင်း အခိုင်အမာ ကတိပြုလိုက်သည်။ ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ။   

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◼️ သင်္ကြန်အချိန်ကာလမှာ အကြမ်းဖက်စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး တော်လှန်ရေး အင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်အောင် ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်လို့ သတိကြီးကြီးထားရမယ်လို့ ယာယီသမ္မတပြောကြားဧပြီ ၁၁ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘စစ်ကောင်စီဟာ ဘယ်သူမှလက်မခံတဲ့ အတင်းအကျပ် အာဏာသိမ်းယူမှုကို လုပ်ပြီးတဲ့နောက် သူတို့လုပ်နေကြနည်းလမ်းတွေထဲက တခုဖြစ်တဲ့ ဘာသာရေး၊ လူမျိုးရေးအရ သွေးခွဲသပ်လျှိုမှုတွေ၊ ဖိနှိပ်မှုတွေကို အခုရက်ပိုင်းတွေမှာ သိသိသာသာကိုတိုးပြီး လုပ်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တဝိုက်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဘုရားကျောင်းတချို့ပျက်စီးခဲ့ပြီး၊ လူတချို့လည်း သေဆုံးခဲ့သလို၊  ဒုက္ခသည် အများအပြား နယ်စပ်တိမ်းရှောင်ခဲ့ရတယ်လို့လည်း ကြားသိရပါတယ်။ ဒါ့အပြင် အပြစ်မဲ့အရပ်သား ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBCရဲ့ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက အီစတာပွဲတော်ရက်မတိုင်ခင် ဥပုသ်ရက် Good Friday မှာ ထောင်ဒဏ် ၆ နှစ် ချလိုက်တာဟာ ဘာသာရေးအရ ဖိနှိပ်မှု သက်သက်ဖြစ်တယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်။ မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူးပြောင်းကာလတခုဖြစ်တဲ့ သင်္ကြန်အချိန်ဟာလည်း ရောက်လာတော့မှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီလို အခါကြီး၊ ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့လိုပါတယ်။ အတင်းအကျပ် လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ထဲမှာ အဆိုးဆုံးကတော့ ပြည်သူနဲ့ ပြည်သူ့ဘက်တော်သားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရအောင် လုပ်ဆောင်နေတာပါပဲ။ သူ့ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် နဂိုရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာကုန်ကြတာကို ပြည်သူအားလုံး အမြင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ဟာ နွေရာသီကာလမှာ ပြည်သူတွေကို လျှပ်စစ်မီးလုံလောက်အောင် မပေး၀ေနိုင်တာကိုအကြောင်းပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပြည်သူကြားကို သွေးကွဲစေမယ့် စကားလုံးတွေကို သူတို့သြဇာခံ မီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေပါသေးတယ်။ ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ပြည်သူတွေဟာ သူတို့ဖြတ်သန်းလာတဲ့ ဘ၀လမ်းကြောင်းမှာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ခါးသီးမှုဒဏ်တွေကို ကောင်းကောင်း သိထားခဲ့ကြပြီးသားဖြစ်သလို၊ သူတို့ရဲ့ အကွက်ကျကျ ယုတ်မာမှုတွေကိုလည်း သိမြင်ခံစားဖူးကြသူတွေသာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကြောင့် ပြည်သူကိုယ်တိုင်မွေးထုတ်ခဲ့တာပါ။  ဒီလိုလူတွေကို ပြည်သူနဲ့ သွေးခွဲဖို့ကြိုးစားတာဟာ စစ်ကောင်စီက ပြည်သူကို အထင်သေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်  ပြည်သူကို အထင်မသေးပါနဲ့၊ လွယ်လွယ်နဲ့ သွေးခွဲလို့ မရနိုင်ပါဘူး ဆိုတာကိုတော့ ဒီနေရာကနေ သတိပေးချင်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့နိုင်ငံရဲ့ အနေအထားက ကိုယ့်နိုင်ငံထဲမှာပဲ ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ဆိုတာ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးသလို၊ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကာအကွယ်တွေ အမြန်ဆုံးရဖို့လည်း လိုအပ်တာကြောင့် နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်သေအထောက်အထားတွေရဖို့ အရေးကြီးပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ နောက်လိုက်အပေါင်းပါတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ထိထိရောက်ရောက်စွဲချက်တင် အရေးယူနိုင်ရေးကိစ္စရပ်တွေကိုလည်း စနစ်တကျဆွေးနွေးအဖြေရှာ ဖို့အတွက် ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ဒီတစ်ပတ်အတွင်းမှာ တနိုင်ငံလုံးအနှံ့ စစ်ရေးက အရှိန်မြင့်နေပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအရှုံးသတင်းတွေ အတော်ကြားရသလို ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် ရှိတာတွေလည်း ကြားရပါတယ်။ စစ်ကိုင်းတိုင်း ပုလဲနဲ့ မြိုင်မြို့နယ်စပ်မှာ ရှိတဲ့ MT PDF စခန်းကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၇ ဦး ကျဆုံးသွားတာ ကြားရတဲ့အတွက် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။ ဒီလိုပဲ ကရင်ပြည်နယ်တွင်းက တိုက်ပွဲတွေမှာ ထိခိုက်ကြသူတွေ ကျဆုံးရသူတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ စစ်ရေးကဏ္ဍမှာတော့ chain of command က အင်မတန် အရေးကြီးသလို အတွေ့အကြုံနဲ့ ဗျူဟာပိုင်နိုင် ကျွမ်းကျင်မှုတွေကလည်း စစ်ပွဲကို အောင်ပွဲဆီ သယ်ဆောင်ပေးသွားနိုင်တဲ့ အဓိက အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ မဟာမိတ် ERO များနဲ့ စနစ်တကျ ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျနဲ့ ဆောင်ရွက်ပါမှ မိမိတို့ဘက်မှာ အထိအခိုက် အပွန်းအပဲ့ နည်းမှာ ဖြစ်သလို အောင်ပွဲတွေလည်း ရနိုင်မှာ ဖြစ်ပါတယ်။ စစ်ရေးအရှိန်မြင့်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ်မှာ ဆက်လက် ပူးပေါင်းလိုခြင်း မရှိကြတော့တဲ့ တချို့သော စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်ကို ပြောင်းလဲ ခိုလှုံလာကြတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဒီလို ခိုလှုံလာသူတွေ၊ ခိုလှုံဖို့ ကြိုးစားနေသူတွေအတွက်ကို ကျွန်တော်တို့ဘက်က အဆင်အပြေဆုံး ဖြစ်အောင် ဝိုင်းဝန်းကြိုးစားစီစဉ်ပေးကြရမှာ ဖြစ်ပါတယ်။ လူမဆန်လွန်းတဲ့ စစ်ကောင်စီကတော့ ဒီနှစ်အတွင်းကို ကာကွယ်ရေးအတွက် ကျပ် ဘီလီယံ ၅၆၀၀ ကျော်နဲ့ ဘတ်ဂျတ်ကို အများဆုံးသုံးပြီး လက်အောက်ငယ်သားတွေကို မညှာမတာ စစ်မြေပြင် ပို့ကာ သူတို့အာဏာ တည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူမျိုးတွေအတွက် အသက်ပေးပြီး အလုပ်ဆက်လုပ်မလား၊ ပြည်သူ့ရင်ခွင်ခိုလှုံကြမလားဆိုတာကတော့ ကာယကံရှင်တွေအနေနဲ့ ဉာဏ်နဲ့ ယှဉ်တွဲ ဆုံးဖြတ်ကြရတော့မယ့် အခြေအနေ ရောက်နေပြီဆိုတာကို နားလည်ကြဖို့ လိုအပ်ပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘တဆက်တည်းမှာ ပြောကြားလိုတာကတော့ မကြာခင် အချိန်ကာလမှာ မဟာသင်္ကြန်အတာပွဲ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်ကို စစ်ကျွန်လက်အောက် တသက်လုံး ပြန်မကျ ရောက်စေဖို့... အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ သူရဲကောင်းတွေ အတွက်တော့ မဟာအတာသင်္ကြန်ကာလမှာလည်း တော်လှန်ရေးအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်နေကြမှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ တချို့ မြို့ကြီးတွေမှာ သင်္ကြန်ပွဲတွေကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲပြဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသံတွေလည်း ကြားသိရပါတယ်။ဒီလို အခြေအနေမှာ ပြည်သူတွေကို ဒီကနေတဆင့် သတင်းစကားပါးလိုတာတော့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ နည်းလမ်းပေါ် ရောက်ဖို့ ဘယ်သူ့ကို မဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာမို့ သတိဝီရိယနဲ့ သွားလာစေချင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလို လူစည်ကားရာ နေရာတွေ၊ ပွဲတော်တွေမှာ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ပြီး တော်လှန်ရေး ဘက်တော်သားတွေကို လွှဲချတတ်တဲ့ ဖြစ်စဉ်တွေက ရှိခဲ့ပြီးသားမို့ အင်မတန် သတိထားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက လာမယ့် ၁၆ ရက်မှာ ၂ နှစ်ပြည့်တော့မှာ ဆိုတာနဲ့ ဝန်ကြီးတွေကို ဌာနအတွင်း ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ပြီး ထပ်ဆင့် မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာနက ဝန်ကြီးများအစည်းအဝေးမှ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးအတည်ပြုချက်ယူရန် တင်ပြတာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရန်သူအား ထောက်ပံ့ကူညီနေသော အဖွဲ့အစည်း ၂ ခုနဲ့ တွဲဖက် အဖွဲ့အစည်းများအား အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ဖျက်သိမ်းရန် တင်ပြတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်တိုင်းသူပြည်သားများခင်ဗျာဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် (၈)နာရီကျော်ခန့်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းကနေ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း ဝမ်းနည်းစွာကြား သိရပါတယ်။ အသက်ဆုံးရှုံးသွားကြရသူတွေရဲ့မိသားစုဝင်များနဲ့အတူ ကျွန်တော်တို့အားလုံး အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ နောက်ဆုတ်ယိမ်းယိုင်သွားမှာမဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက ကျွန်တော်တို့အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အားထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်။ ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ်စေရဘူးဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက်ပြောကြားလိုက်ပါတယ်။ အခုလိုရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တနေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဆက်လက်ပြီး ပိုမိုအားထုတ်ကြိုးပမ်းသွားပါ့မယ်ဆိုတာ ပြည်သူများကိုပြောကြားလိုပါတယ်။အရေးတော်ပုံ မုချအောင်ရမည်..

အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgအမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်၁။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၈၊၉၊၁၀) နေ့တို့တွင် ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကြာလာကျေးရွာ၌ ကယန်းမျိုးနွယ်စုများ၊ ကယန်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ကယန်းဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုဝေး၍ ကယန်းအမျိုးသား ညီလာခံ တစ်ရပ်ကို ကျင်းပနိုင်ခဲ့ကြသည်။ ထိုညီလာခံတွင်ပင် ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါ နှင့် ကယန်းကခေါင်းတို့သည် ကယန်းအမျိုးသား တစ်စုတစ်စည်းထဲအဖြစ် အမျိုးသားအလံတော် တစ်ခုအောက်တွင် ပေါင်းဆုံနိုင်ခဲ့ကြသည်။ ထိုနေ့ထူးနေ့မြတ်ကို အစွဲပြု၍ ကယန်းအမျိုးသားနေ့ အဖြစ် ကျင်းပလာခဲ့သည်မှာ ဒီကနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့သည် (၂၃) နှစ်မြောက်၊ နှစ်ပတ်လည်သို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။၂။ ဒီကနေ့ ကယန်းအမျိုးသားနေ့တွင် တစ်နိုင်ငံလုံးရှိ တိုင်းသူပြည်သားတိုင်းကို ဆယ်စုနှစ်ပေါင်း များစွာ ဆင်းရဲဒုက္ခပေးနေသည့် စစ်အုပ်စု၏ ဖိနှိပ်မှုများကို တောင်ပေါ်၊ မြေပြန့် ကျေးလက်၊ မြို့ပြ မကျန် တော်လှန်နေကြချိန်တွင် ကျန်တိုင်းရင်းသား သွေးချင်းညီနောင်များ နှင့်အတူ ဒိုးတူပေါင်ဘက် ညီညီညွတ်ညွတ် လက်တွဲတိုက်ပွဲ၀င်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ ကယန်းလူမျိုးများအားလုံးအား ဘေးအန္တရာယ်အပေါင်းမှ ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ လုံခြုံကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၃။  စစ်အုပ်စု၏ ဗိုလ်ကျစိုးမိုးဖိနှိပ်မှုများအောက်တွင် ကျန်တိုင်းရင်းသားများနည်းတူ ကယန်း လူမျိုးများသည်လည်း နှစ်ပေါင်းများစွာ ၎င်းတို့ ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများကို အသိအမှတ်ပြုခံရမှုများ၊ တိုးတက်ကောင်းမွန်သော လူမှုစီးပွားဘ၀ ခံစားရရှိမှုများကို ဆုံးရှုံးခဲ့ကြရသည်။၄။ ယနေ့အချိန်အခါတွင်လည်း ကယန်းလူမျိုးများ၏ ဒေသများတွင် စစ်အာဏာရှင်စနစ် အပါ အဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုး များ အားလုံးအတွက် တန်းတူညီမျှမှု၊ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးအတွက် တိုက်ပွဲများတွင် ပေးဆပ်အနစ်နာခံကာ စွမ်းစွမ်းတမံ ပါ၀င်နေကြသည့် မဟာ မိတ် ကယန်းအမျိုးသားများ၏ ကြိုးပမ်းအားထုတ်မှု ပေးဆပ်အနစ်နာခံမှုများကို များစွာ အသိအမှတ် ပြု လေးစားဂုဏ်ပြုအပ်ပါသည်။ ၅။ လက်ရှိအချိန်တွင် နိုင်ငံခြားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဖက်ဖက်မှ ဖိအားများကြောင့် အင်အားချိနဲ့နေပြီဖြစ်သော စစ်အုပ်စုကို နိုင်ငံရေးမှ အပြီးတိုင် စွန့်ခွာသွားအောင် ကြိုးပမ်းနိုင်မှသာ လျှင် တိုင်းရင်းသား ပြည်သူလူထုများ လိုလားတောင်းတနေသည့်  အမျိုးသားတန်းတူရေး၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ အာမခံချက်များကို ပြည့်ပြည့်ဝဝလေးစား လိုက်နာပြီး သာယာ၀ပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပန်းတိုင်သို့ ရောက်ရှိ အကောင်အထည်ဖော်နိုင်မည်ကို ကျွန်ုပ်တို့ အားလုံး သိရှိနားလည် လက်ခံကြပြီးဖြစ်ပါသည်။ ၆။ သွေးခွဲသပ်လျိုခြင်း၊ လူမဆန် ရက်စက်ကြမ်းကြုပ်ခြင်းစသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဗျုဟာများကို  မျက်ခြေပြတ်မခံပဲ ကယန်းအမျိုးသားများ၏ စုစည်းမှုနှင့် စည်းလုံးညီ ညွတ်မှု၊ ကယန်းအမျိုးသားများနှင့် ကျန်တော်လှန်အင်အားစုများကြား ယုံကြည်မှု၊ နားလည်မှု၊ စုစည်းမှုတို့ကို မထိခိုက်စေရန်လည်း အမြဲအထူးသတိရှိကြရမည် ဖြစ်ပါသည်။ ၇။ ထို့ကြောင့် တော်လှန်ခရီးတစ်လျှောက် ပေးဆပ်အနစ်နာခံမှုများ အလဟာသ မဖြစ်စေပဲ အားလုံးစည်းလုံးညီညွတ်ပြီး တန်းတူရေးအာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးတွင် ကယန်းလူမျိုးများနှင့် ညီနောင်တိုင်ရင်းသားများ အတူတကွ လက်တွဲ၍ အောင်ပွဲခရီးလမ်းဆုံးတိုင် ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်၁။ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော သက်ဆိုင်သူ များ (Stakeholders) က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး ဟူသည့် လုပ်ငန်းများကို ဆောင်ရွက်သွား ရန် ရည်ရွယ်၍ ရေးဆွဲအတည်ပြု ပြဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့် ထပ်တူဖြစ်သော အထက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို အတိအလင်း ထည့်သွင်းပြဌာန်းထားပြီးဖြစ်သည်။ ၃။ မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) တွင် ပါဝင်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ် အတွက် ချမှတ်ထား သော လမ်းညွှန်အခြေခံမူများထဲတွင် ပါဝင်သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ မိမိတို့၏ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးတွဲကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီး က သဝဏ်လွှာများ ပေးပို့ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ခရီးတွင် ပိုမို သွေးစည်း ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ရည်မှန်းလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများ တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ဦးဆောင်ဆွေးနွေးခဲ့ကြသူများ၏ အကြံဉာဏ်များအပါအဝင် ပြည်သူ လူထုတရပ်လုံးနှင့် တော်လှန်ရေး၏ အရေးကြီးသော Stakeholders များ၏ အကြံပြုချက်များ ကိုလည်း အလေးအနက်ထားထည့်သွင်းစဉ်းစားကာ ဆက်လက် လျှောက်လှမ်း သွားမည်ဖြစ်ပါ ကြောင်း ကတိပြုပြောကြားအပ်ပါသည်။#FDC #NUCC #NUG #NUCC_NUG_Joint_Statement