ပြည်ထောင်စုဝန်ကြီး University of Toronto တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Bahen Center ခန်းမတွင်  လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊တိုးတက်မှုများ အား တက်ရောက်လာသူများနှင့် ပွင့်လင်းမြင်သာစွာအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကနေဒါနိုင်ငံရှိ မြန်မာပြည်သူ၊ပြည်သားများလုပ်ဆောင်နိုင်သည့်အခန်းကဏ္ဍများကိုလည်းအကြံပြုဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရောက် မြန်မာပြည်သူပြည်သားများ နှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန 

အမျိုးသားညီညွတ်ရေးအစိုးရ