အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကျင်းပ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကျင်းပ
၁၇ မေ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကို ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့ မနက် (၁၀း၀၀) နာရီတွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံအစည်းအဝေးတွင် FSCC ၏ ဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် FSCC အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ချင်းပြည် (Chinland) ကောင်စီဖက်မှ ချင်းပြည် (Chinland) ကောင်စီ၏ ဥက္ကဌ ပူးဇင်ကျုံး၊ လွှတ်တော်ဥက္ကဌ ပူးဟုန်းနိုင်း၊ ဝန်ကြီးချုပ် ပူးပါထန်း၊ တရားသူကြီးချုပ် ပူးသောမတ်(စ်)ထန်နိုးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
FSCC နှင့် Chinland Council မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်လက်၍တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားကြရန် သဘောတူခဲ့ကြသည်။