ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ Website ကို အမြင်သစ်ဖြင့် မိတ်ဆက်
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ Website ကို အမြင်သစ်ဖြင့် မိတ်ဆက်
ဇွန် ၅ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က အမျိုးသားညီညွတ်ရေးအစိုးရ ၏ website ကို အမြင်သစ်ဖြင့် မိတ်ဆက်လိုက်ပြီဟု ဝန်ကြီးဌာနဖွဲ့စည်းခြင်း (၃) နှစ်ပြည့်နေ့ဖြစ်သည့် ဇွန် ၅ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ Website ဖြစ်သော nugmyanmar.org ၏အမြင်သစ်ပုံစံတွင် features အသစ်များ ထည့်သွင်းထားပြီး nugmyanmar.org မှ တဆင့် ဝန်ကြီးဌာနများ၏ websites များကိုသွားရာတွင် မူလ website ပုံစံမပြောင်းစေရန် Ministry Menu ကို ထည့်သွင်းထားပါသည်။
ထို့အပြင် အပတ်စဉ် အင်္ဂလိပ်မြန်မာ နှစ်ဘာသာနှင့် ထုတ်ဝေလျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ်သတင်းထုတ်ပြန်ချက် (NUG weekly Update) ကို subscribe ပြုလုပ်ထားနိုင်သည့် Feature လည်းပါဝင်ပြီး မိမိ၏ Email ကို ထည့်သွင်း Subscribe လုပ်ထားခြင်းဖြင့် အပတ်စဉ် ထုတ်ပြန်ချက်နှင့် အခြားထုတ်ပြန်ချက်များကို ရရှိနေမည်ဖြစ်ပါသည်။