(၅၉) နှစ်မြောက် ဆဲဗင်း ဇူလိုင် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

(၅၉) နှစ်မြောက် ဆဲဗင်း ဇူလိုင် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

(၅၉) နှစ်မြောက် ဆဲဗင်း ဇူလိုင် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ၁။ ယနေ့ ဇူလိုင်လ ၇ ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ကို တပ်ဦးမှ တော်လှန်ခဲ့သော ကျောင်းသားလူငယ် သူရဲကောင်းတို့၏ ၇.၇.၁၉၆၂ တွင် သွေးမြေခခဲ့ရသည့် အောက်မေ့ဖွယ်အထိမ်းအမှတ်၊ (၅၉) နှစ်မြောက် အခါသမယ ဖြစ်သည်။ အမှန်တရားနှင့် တရားမျှတ လွတ်လပ်ခြင်းအတွက် ထိုကဲ့သို့ ခေတ်အဆက်ဆက် ဘဝနှင့်အသက်ကိုပေးဆပ်ကာ လက်ဆင့်ကမ်း တိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။၂။ မြန်မာနိုင်ငံတစ်ဝန်းရှိ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂများသည် ကိုလိုနီစနစ်ကို ဆန့်ကျင်ရာတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေးနှင့် ပြည်ထောင်စုတည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည့် ခေါင်းဆောင် များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ ယင်းကဲ့သို့ သမိုင်းအဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ရာတွင် အစဉ်အလာရှိခဲ့သည့်အတိုင်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၌ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ၂ ရက်အကြာ မတ်လ ၄ ရက်နေ့တွင် ကျောင်းသားသမဂ္ဂများက ကန့်ကွက် ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမှန်တရားနှင့် တရားမျှတမှုဘက်မှ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို စစ်အာဏာရှင် တော်လှန်ရေးကောင်စီက ဇူလိုင် ၇  ရက်နေ့တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ အပြစ်မဲ့သည့် ကျောင်းသားလူငယ် ရာနှင့်ချီ၍ ကျဆုံးခဲ့သည်။ ခေတ်အဆက်ဆက် ကျောင်းသား နိုင်ငံရေးလှုပ်ရှားမှုများ၏ အထိမ်းအမှတ်သင်္ကေတဖြစ်သည့် သမဂ္ဂအဆောက်အဦကိုပါ ဗုံးခွဲဖျက်ဆီးခဲ့သည်။၃။ အလားတူ ၂၀၂၁ ခုနှစ် ဖေဖော်ရီလ ၁ ရက်နေ့တွင်လည်း ပြည်သူ့အာဏာကို အကြမ်းဖက်စစ်ကောင်စီက အဓမ္မသိမ်းယူခဲ့ပြန်သည်။ ထိုအာဏာသိမ်းမှုကို ရက်ပိုင်းအတွင်း ကျောင်းသားလူငယ်များက စတင်ကာ နိုင်ငံတစ်ဝန်းရှိ ပြည်သူတရပ်လုံးက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ၁၉၆၂ ခုနှစ် မှ ယခု ၂၀၂၁ ခုနှစ်တိုင်  စစ်အာဏာရှင်အဆက်ဆက်သည် ထောင်ပေါင်းများစွာသော လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူများကို စစ်အင်အားသုံးကာ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နိုင်ငံရေးလှုပ်ရှားသူပေါင်း သိန်းဂဏန်းချီ၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သန်းနှင့်ချီသော တိုင်းရင်းသား ပြည်သူများ၏ ဘဝပေါင်းများစွာကို အတိဒုက္ခရောက်စေခြင်း၊ လူငယ်များ၏ မျှော်လင့်ချက်များနှင့် အနာဂတ်များကို စနစ်တကျဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။၄။ ထိုသို့ စစ်အာဏာရှင်အဆက်ဆက်၏ နှစ်ပေါင်း ၆၀၊ မျိုးဆက် ၃ ခု ကြာမျှ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ကာ ဘဝနှင့် အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း အတိတ်သမိုင်းမှ ကျောင်းသားလူငယ်များ၏ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ်ဓါတ်၊ မတရားမှုကို ဆန့်ကျင်တော်လှန် ရဲသည့် သတ္တိတို့သည် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ယခုလက်ရှိ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကိုလည်း လက်ဆင့်ကမ်း ဆက်လက်စေ့ဆော်ပေးလျက်ရှိသည်။  လူငယ်များ၏ တရားမျှတသော၊ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စိတ်ကူးအိပ်မက်အား ကျောင်းသားလူငယ် အားလုံး၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထု၏အင်အား၊ တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ခေါင်းဆောင်အားလုံး၏           အတွေ့အကြုံနှင့် ပေါင်းစပ်ကာ အကောင်အထည်ဖော်ဆောင်သွားနိုင်မည်ဟု မုချယုံကြည်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org၇ ဇူလိုင် ၂၀၂၁ခုနှစ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၃/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၃/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၃/၂၀၂၁) ကို ကျင်းပပြုလုပ်၆ ဇူလိုင် ၂၀၂၁------------------------------------အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၃/၂၀၂၁) ကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများ အသီးသီးပြောကြားကြရာ…..ယာယီသမ္မတက တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာရှိနေပေမယ့်  ဝန်ကြီးဌာနတွေရဲ့ ကြိုးပမ်းမှုတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေအနေနဲ့ အစိုးရရဲ့စိန်ခေါ်မှုတွေကို နားလည်ပြီး လုပ်ဆောင်မှု များကို အကောင်းမြင် အပြုသဘောဆောင်နေကြတာကိုလဲ ကျေးဇူးတင်ကြောင်း ၊ နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်နေကြတဲံ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ လက်ရှိကာလဟာ မိမိတို့အစိုးရရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့အားတက်သရော နည်းဗျူဟာကျကျလုပ်ဆောင်ရမယ့် အချိန်ကာလတစ်ခုကိုရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံဟာ လူကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခ၊ ရောဂါကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့နေရပြီး အင်မတန်စိတ်မချမ်းမြေ့စရာ အခြေအနေဖြစ်ကြောင်း၊  ပြည်သူတွေ တရားဝင်အာဏာ လွှဲအပ်ထားတဲ့ တရားဝင်အစိုးရလက်ထဲကနေ အာဏာကို သေနတ်ပြပြီး လုခဲ့သူတစ်စုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အခက်အခဲပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ကြောင်း၊ ကောင်းစွာ စောင့်ရှောက်မှု မပေးနိုင်သောကြောင့် ရောဂါဘေးကြုံရပြီး သေဆုံးကြရသူတွေနဲ့   စစ်အုပ်စုရဲ့အကြမ်းဖက် မှုကြောင့် သေဆုံးသွားရသော ဒီပဲယင်းမှ အပြစ်မဲ့ပြည်သူ ၄၀ ကျော် အတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး၊ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ ၃၀၀၀ ကျော်အတွက်လည်း စိတ်ပူပန်မိကြောင်း၊ ဒီအခြေအနေတွေအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေက ကူညီနိုင်တာတွေကို အမြန်ဆုံး ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းကြောင်း၊ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရယ်တုံ့ပြန်ရေးကော်မရှင်ရဲ့ ပထမအကြိမ် အစည်းအဝေးမှာလည်း မကြာခင်ဖြစ်ပေါ်လာတော့မယ့်အခြေအနေတွေအတွက် တိုင်ပင်ဆွေးနွေးထား ကြတာတွေရှိပြီး အရေးကြုံလာပါက လျှင်လျှင်မြန်မြန်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။ အဲဒီ့နောက် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲဝင်မ ဟာဗျူဟာကိုတင်ပြဆွေးနွေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် Covid 19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ရေးကိစ္စကို တင်ပြဆွေးနွေးခြင်း၊ အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ကိစ္စများ ဆွေးနွေးကြပြီး၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက 7 ဇူလိုင် အတွက် ကြေညာချက်ထုတ်ရန်ကိစ္စ များ အသီးသီးတင်ပြဆွေးနွေးကြပြီး အစည်းအဝေးကို  ၁၂ နာရီခွဲ တွင် ရုပ်သိမ်းခဲ့ပါတယ်။

၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

“၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ”လက်နက်ကိုင်အကြမ်းဖက်ပြီး အာဏာကို ဖြတ်လမ်းကယူလိုသူလူတစ်စု၏ လက်ချက်ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး (၈) ဦးတို့ ကျဆုံးသွားခဲ့ကြရသည်မှာ ယနေ့ဆိုရင်ဖြင့် ၇၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများသည် ကမ္ဘာ့အလယ်အတွင် မိမိတို့ပြည်ထောင်စုကြီးအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြင့် မားမားမတ်မတ် ရပ်တည် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ် ကျဆုံးခဲ့ရကြခြင်း ဖြစ်ပေသည်။ ယင်းနိုင်ငံတော်လုပ်ကြံမှုကြီး ကြောင့် လွတ်လပ်စမြန်မာနိုင်ငံ၏ ကံကြမ္မာမှာ တဆစ်ချိုးပြောင်းလဲသွားခဲ့ရသလို အကြမ်းဖက်လုပ်ကြံမှုကို ဦးဆောင်ခဲ့သော ဂဠုန်ဦးစောမှာလည်း ကြိုးစင်ထက်တွင် ဘဝဆုံးခဲ့ရပြီး လူသိများသော နိုင်ငံရေးသမား တစ်ဦးအဖြစ်မှ ပြည်သူလူထုတစ်ရပ်လုံး ရွံရှာစက်ဆုပ်သည့် လူယုတ်မာတစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် ကျန်ရစ်ခဲ့လေသည်။နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာသည် မူလပိုင်ရှင်ဖြစ်သောပြည်သူလူထုထံမှသာ ဆင်းသက်ရပေမည်။ ပြည်သူလူထုမှ ယုံကြည်တာဝန်ပေးအပ်ခြင်းမခံရဘဲ အဓမ္မနည်းဖြင့် လက်နက်ကိုင်အကြမ်းဖက်ပြီး နိုင်ငံတော်အာဏာ ကိုရယူလိုခြင်းသည် အာဏာလောဘဇောတိုက်ခြင်းသာ ဖြစ်ပေသည်။ ယခုအခါ  မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်အားကိုး အာဏာလုယူမှုသည် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံတကာအလယ်တွင် သမိုင်းတွင်ခဲ့ပေပြီ။ သို့ရာတွင် အာဏာရမ္မက်ကြီးသူများ နိဂုံးမလှဖြစ်ခဲ့ပုံကို  သမိုင်းက အထင်အရှား သက်သေပြလျက်ရှိပေသည်။အာဇာနည် ခေါင်းဆောင်ကြီး များသည် တောင်တန်း နှင့် မြေပြန့်မကွဲခြားဘဲ တန်းတူညီမျှရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တစ်ရပ် ကြိုးပမ်းထူထောင်နေစဉ် လမ်းခုလတ်၌ ကျဆုံးခဲ့ကြရပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် အာဇာနည်ခေါင်းဆောင် များကို လေးစားအားကျနေရုံ၊ ဂုဏ်ပြုနေရုံ နှင့် မပြီးဘဲ ၎င်းတို့ အသက်စွန့်ခဲ့ရသည်နဲ့ ထိုက်တန်သော တန်းတူညီမျှပြီး လွတ်လပ်သောပြည်ထောင်စုကြီးတစ်ရပ်ကို မိမိတို့အားလုံး အတူတကွ လက်တွဲကာ ဝိုင်းဝန်းထူထောင် နိုင်မှသာ မှန်ကန်စွာ ဂုဏ်ပြုရာရောက်မည်ဖြစ်ပေသည်။ယနေ့ နွေဦးတော်လှန်ရေးတွင် ရှေးကအာဇာနည်ကြီးများ၏စိတ်ဓာတ်အတိုင်း အများအတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ်‌ပေါက်လာခဲ့ရပြန်ပြီဖြစ်သည်။ ထို့အပြင် ကိုဗစ်ကပ်ရောဂါ ကာကွယ်စောင့်ရှောက်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းတွေ ကိုလည်း မြင်တွေ့နေရလျက် ရှိပါသည်။ ဤကဲ့သို့ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခဲ့ပြီး ဆောင်ရွက်တတ်သော အာဇာနည်စိတ်ဓါတ်သည် မိမိတို့ ဦးတည်ချီတက်နေတဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အင်အားများပင် ဖြစ်ပေသည်။နိဂုံးချုပ်အနေဖြင့် ယနေ့ ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တကွ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော၊ အများအကျိုးအတွက် စွန့်လွတ် အနစ်အနာခံခဲ့ကြသော အာဇာနည်တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား အလေးပြုဦးညွတ်လိုက်ရပါသည်။မန်းဝင်းခိုင်သန်းပြည်ထောင်စုဝန်ကြီးချုပ်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကိုကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကိုကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကိုကျင်းပပြုလုပ် ၂၂ ဇွန် ၂၀၂၁------------------------------အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကို ယနေ့ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဒုတိယသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာဒုတိယသမ္မတကြီးက cabinet အစည်းအဝေးကြီးဟာ နိုင်ငံတော်ရဲ့စီမံခန့်ခွဲသည့် အဖွဲ့အစည်းတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ဝန်ကြီးများသည်လည်း မိမိဌာနတွင် စီမံခန့်ခွဲမှုအရ အမြင့်ဆုံးတာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များဖြစ်ကြောင်း၊အစိုးရအဖွဲ့တွင်တာဝန်ထမ်းဆောင်နေသူများအားလုံးသည် ဖိနှိပ်ရမ်းကားနေသည့် စစ်ကောင်စီကို ဖြိုဖျက်ပြီး ပြည်သူလူထုအာဏာပိုင်စိုးသော အစိုးရတစ်ရပ်အဖြစ် ပြန်လည်တည်ဆောက်ရန် နောက်ခံအတွေ့အကြုံမျိုးစုံမှ စုရုံးရောက်ရှိလာသူများဖြစ်သည်ဟုနားလည်ယုံကြည်ကြောင်း၊ များပြားသည့် လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရာတွင် တိကျ မှန်ကန် မြန်ဆန်သွက်လက်ဖို့ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး….ပြည်ထောင်စု ဝန်ကြီးချုပ်က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအခြေ အနေနှင့် ပတ်သက်သော resolution ကို မဲခွဲဆုံးဖြတ်ရာ resolution ပါ အကြောင်းအရာများသည် အလုံးစုံကျေနပ်စရာမဟုတ်သော်လည်း၊ ကန့်ကွက်မဲ ၁ မဲသာရှိပြီး အမြဲကန့်ကွက်နေကျနိုင်ငံများဖြစ်သော တရုတ် နှင့် ရုရှား နိုင်ငံများသည်ပင် ကြားနေအဖြစ်ရပ်တည်လာတာကိုတွေ့ရ၍ တိုးတက်မှုရှိလာသည်ဟု ပြောဆို၍ရကြောင်း၊ သို့သော် အိမ်နီးချင်း ၅ နိုင်ငံလုံး ကြားနေအဖြစ်သာရပ်တည်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာရေးရာနှင့် ပတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် NUG အစိုးရအနေနှင့် ခိုင်မာသောမူဝါဒများစနစ်တကျ ထားရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတကာအနေနှင့်လည်း ပြည်သူ၏ အပြည့်အဝအာဏာအပ်နှင်းခြင်းခံထားရသော အမျိုးသား ညီညွတ်ရေးအစိုးရကို အပြည့်အဝထောက်ခံမှု ပေးရန်လိုအပ်သလို၊ လက်နက်အားကိုးဖြင့် တရားမဝင် အာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီကို လုံး၀ အသိအမှတ်မပြုရန်လိုအပ်ပါကြောင်း၊ အသက်မပြည့်သေးသောကလေးငယ်များ အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံနေရခြင်း၊ ည ဖမ်းပြီး မနက်အလောင်းလာထုတ်ခိုင်းသောကိစ္စများ ကြားသိရခြင်းအတွက် အလွန် စိတ်ထိခိုက်ရကြောင်း၊ ပြည်သူများနေ့စဉ် မလုံမခြုံဖြစ်နေရသော၊ တရားမဲ့ပြုကျင့်ခြင်းများခံနေရသော ကိစ္စများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးအတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်း၊ အရင်တပတ် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ထားသောကိစ္စများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြီးစီးမှုအခြေအနေများတင်ပြပေးရန်များ ပြောကြားခဲ့ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်ပညာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှတင်ပြထားသော မူဝါဒ လုပ်ငန်းစဉ်နှင့် ဝန်ကြီးဌာန Logo များကို အတည်ပြုပေးခဲ့ပါတယ်။ဆက်လက်ပြီး ဝန်ကြီးများ ၊ဒုဝန်ကြီးများမှ မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပါတ်သတ်၍  ဆွေးနွေးတင်ပြကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ စာရင်းစစ်ချုပ်ခန့်အပ်ရန် နာမည်စာရင်းတင်သွင်းခြင်း၊ ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနမှ NUCC လုပ်ဆောင်နေမှုများနှင့် ပတ်သတ်၍ ရှင်းလင်းခြင်း၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရန်ကိစ္စများဆွေးနွေးတင်ပြသွားကြပါတယ်။

ကြေညာချက်အမှတ် (၇/၂၀၂၁)

ကြေညာချက်အမှတ် (၇/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgကြေညာချက်အမှတ် (၇/၂၀၂၁)၁၇ ဇွန် ၂၀၂၁ခုနစ်“ကင်းမရွာ ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်”မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာနေ အပြစ်မဲ့ပြည်သူများအား ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် အကြမ်းဖက် ရဲတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး၊ ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒီးဒုတ်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း သံသယရှိခံရသူ၏ မော်တော်ဆိုင်ကယ်နံပါတ်သည် ကင်းမရွာသို့ ခြေရာခံမိသည်မှအစပြု၍ ကင်းမရွာရှိ ပြည်သူများသည် ဖြစ်ပေါ်လာနိုင်သည့် စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်ရန် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ဒေသခံမျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက် ရဲတပ်ဖွဲ့များ နှင့် အရပ်ဝတ်စစ်သားများသည် ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာနေပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ကင်းမရွာနေ ပြည်သူများ၏ ပြောပြချက်အရ ကင်းမရွာ၏ ၈၀ ရာခိုင်နှုန်းသော လူနေအိမ်များ ပျက်ဆီးခဲ့ရသည်။ သက်ကြီးရွယ်အို နှစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်။  နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုများ မလုပ်ဆောင်ရန် ထပ်ခါတလဲလဲ တိုက်တွန်းနေသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏တပ်များသည် ယင်းတိုက်တွန်းချက်များအား လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်းကို ကင်းမရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များက ကျူးလွန်သည့် ရာဇဝတ်မှုများက ပြဆိုနေသည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သူမှာ အကြမ်းဖက်စစ်တပ်ပင် ဖြစ်ကြောင်း ကင်းမရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများက ခိုင်မာသော သက်သေပင်ဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီနှင့်လက်ပါးစေတပ်ဖွဲ့များသည် တရားဥပဒေစိုးမိုးမှုကို ထပ်ခါတလဲလဲ မျက်ကွယ်ပြုကာ၊ လူ့အခွင့်အရေးများကို ချိုးဖောက်လျက် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှု များကို ကျူးလွန်လျက်ရှိသည်။ ယနေ့အချိန်အထိ ရရှိသော စာရင်းများအရ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၄ ဦး အသက်ဆုံးရှုံးခဲ့ရပြိး ၄၈၉၃ ဦးမှာ တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အရေးယူခြင်း ခံနေကြရသည်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်တွင် အကြမ်းဖက်မှုများ ဆက်တိုက် ကျူးလွန်ခြင်းဖြင့် ၎င်း၏ အာဏာစက်သက်ရောက်စေရန်  ဆောင်ရွက်လျက်ရှိသော်လည်း ယင်းဆောင်ရွက်မှုမှာ ကျရှုံးခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများကို ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့် နှင့် နိုင်ငံတကာအဆင့် များရှိ သက်ဆိုင်သူများအားလုံးအနေဖြင့် ဆက်လက်မှတ်တမ်းတင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပါသည်။ အကြမ်းဖက်စစ်တပ်အား အပြစ်ပေးအရေးယူနိုင်ရန်အတွက် ၎င်းကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် စပ်လျဉ်းသည့် သက်သေများကို စုဆောင်းထားရှိခြင်းသည် အခြေခံကျကျ အရေးပါလျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေး ရဲဘော်များအားလုံးနှင့် အတူတကွလက်တွဲကာ ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ ရည်မှန်းချက်များ အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်ကောင်စီကို အောင်နိုင်၍ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်ပြီး လူ့ဂုဏ်သိက္ခာကို အပြည့်အဝ အကာအကွယ်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု အပ်ပါသည်။

ကြေညာချက်အမှတ် (၆/၂၀၂၁)

ကြေညာချက်အမှတ် (၆/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgကြေညာချက်အမှတ် (၆/၂၀၂၁)၁၆ ဇွန် ၂၀၂၁ ခုနှစ်၁။       အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့သည့် အချိန်မှစ၍  တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ခေါင်းဆောင်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိပဲအကြောင်းအမျိုးမျိုးဖြင့်   ဖမ်းဆီးချုပ်နှောင်ခြင်း၊ မတရားသော ဥပဒေပုဒ်မများဖြင့် အမှုဆင်အရေးယူခြင်း၊   တရားမျှတမှုမဲ့စွာ စီရင်ဆုံးဖြတ်ပြီး ထောင်သွင်းအကျဉ်းချခြင်းများကို ဆိုးရွားစွာ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။၂။         အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါလုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသာမက ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ပြစ်မှုကြီးများကို စနစ်တကျ ဂိုဏ်းဖွဲ့၍ ကျူးလွန်နေခြင်းလည်း ဖြစ်သည်။၃။         နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားခေါင်းဆောင်များ အပေါ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် ပုဒ်မ ၅၅ ⁄ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် တိုင်ချက်ဖွင့်၍ တရားစွဲဆိုခြင်း၊ အရေးယူရန် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်သူတို့၏ရွေးကောက်တင်မြှောက်မှုဖြင့် တာဝန်ယူခဲ့ကြသော ခေါင်းဆောင်များကို မတရားအာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးချုပ်နှောင်ထားပြီး အမျိုးမျိုးသော ပြစ်မှု ပုဒ်မများဖြင့် အမှုဆင် လုပ်ကြံစွပ်စွဲခြင်းများအနက်မှ တစ်ခုဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ စစ်ကောင်စီသည် မိမိတို့၏ဥပဒေမဲ့လုပ်ရပ်များကို ဤကဲ့သို့သော မသမာသည့် နည်းလမ်းဖြင့် ခေါင်းဆောင်ကြီးများ၏ ဂုဏ်သိက္ခာကိုထိပါးစေအောင် အာဃာတကြီးစွာ ကြံစည်ပုံဖျက်ခြင်းဖြင့်  ထွက်ပေါက်ရမည်ဟု ယူဆပြီး မိုက်မဲစွာ လုပ်ဆောင်ခြင်းသာဖြစ်သည်။၄။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုက အာဏာအပ်နှင်းထားသော ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူထားခြင်းကြောင့်  တရားဝင်အစိုးရမဟုတ်သကဲ့သို့ ၎င်းတို့က ဖွဲ့စည်းထားသော တရားရုံးများသည်လည်း တရားဝင်တရားရုံးများမဟုတ်သည်မှာ ထင်ရှားပါသည်။၅။         အကြမ်းဖက်စစ်ကောင်စီ၏ အထက်ဖော်ပြပါဆောင်ရွက်ချက်သည် ဥပဒေကို အလွဲသုံးစား လုပ်သည်သာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် ရှက်ဖွယ်လိလိ ဖြစ်စေသည့် တရားစီရင်ရေး ဆိုင်ရာ ယုတ်မာကောက်ကျစ်သည့် လုပ်ဆောင်ချက် သာလျှင်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာ လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်၁၅ ဇွန် ၂၀၂၁-----------------------------------------အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၀/၂၀၂၁) ကို ယနေ့ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ ဒုတိယ သမ္မတ ဒူဝါလရှီလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..ဒုတိယ သမ္မတက G 7 အစည်းအဝေးက ထွက်ပေါ်လာချက်တွေဟာ အကျိုးရှိပေမယ့် ပိုမိုထိရောက်မှုရှိရန် လိုကြောင်း။ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေအပိုင်းမှာ ပိုမို အားကောင်းလာတာ ကိုတွေ့ရကြောင်း၊ တော်လှန်ရေးအတွက် ပြည်သူတွေက ညီညီညွတ်ညွတ်ကြိုးစားနေကြသလို အစိုးရအဖွဲ့အနေနဲ့ လည်း ညီညွတ်တဲ့အစိုးရဖြစ်ဖို့ပိုမို အားစိုက်ဖို့လိုကြောင်းပြောကြားခဲ့ပြီး၊ပြည်ထောင်စု ဝန်ကြီးချုပ်က မနက်ဖြန်ဆိုလျှင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့သက်တမ်းဟာ ၂ လပြည့်ပြီဖြစ်ကြောင်း၊  ၂ လ အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြိုးစားဆောင်ရွက်နေကြသော်လည်း ပြည်သူများ နေ့စဉ်ခံစားနေရတဲ့ဒုက္ခများက ကြီးမားလွန်း၍ အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ချက်များကို ယခုထက်ပို၍ မြန်မြန်ဆန်ဆန် ရလဒ်များထွက်အောင်လုပ်ဆောင်စေချင်ကြောင်း၊ တချို့ကိစ္စများတွင် NUG အနေဖြင့်  အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေတာတွေရှိသော်လည်း ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေ တာကြောင့်  ပြည်သူများဘက်ကကြည့်လျှင် အားမလိုအားမရဖြစ်နေတာများကိုလည်းတွေ့ရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူများအတွက် စာနာထောက်ထားမှုအကူအညီများ ကူညီထောက်ပံ့ ခြင်းကိုပင် ဖျက်လိုဖျက်စီးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်များဟာ ဆိုးဝါးလွန်းလှကြောင်းကို ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးဗြဲမြို့နယ်ဖြစ်စဉ်တွင် တွေ့နိုင်ကြောင်း၊ ဒီလိုကိစ္စရပ်တွေ အတွက်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာကပါ သိအောင် ဆောင်ရွက်ပေးဖို့တိုက်တွန်း ကြောင်း၊ ဇွန်လ ၁၂ ရက်နဲ့၁၃ ရက်များတွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့များအဖြစ် ကမ္ဘာ့နိုင်ငံ ၂၀ကျော် ပြည်ပရောက်မြန်မာများနှင့် နိုင်ငံတကာမှ တရားမျှတမှုကိုလိုလားသော၊ ဒီမိုကရေစီကို ချသ်မြတ်နိုးသောမိတ်ဆွေတွေပူးပေါင်းပြီး ဆန္ဒပြပွဲတွေဆောင်ရွက်ခဲ့တယ်လို့သိရတဲ့အတွက် အထူးကျေးဇူး တင်ကြောင်း စသဖြင့် ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးများ ၊ ဒုဝန်ကြီးများက မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပါတ်သတ်၍ ဆွေးနွေးတင်ပြကြရာ ကာကွယ်ရေးဝန်ကြီးဌာနက PDF ထူထောင်နေခြင်းကိစ္စများ နှင့် Federal Alliance များလုပ်ဆောင်နေခြင်းကိစ္စများ၊ စီမံဘဏ္ဍာဝန်ကြီးဌာနမှ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲသည့် ဥပဒေပြင်ဆင်ခြင်း ကိစ္စ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖက်ဒရယ်သယံဇာတမူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်ကိစ္စများဆွေးနွေးကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန များမှ ဝန်ကြီးဌာန Logo နှင့် ဖွဲ့စည်းပုံများအား အသီးသီးတင်ပြခဲ့ကြသည်။

ကြေညာချက်အမှတ် (၅/၂၀၂၁)

ကြေညာချက်အမှတ် (၅/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgကြေညာချက်အမှတ် (၅/၂၀၂၁)၂၀၂၁ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၁။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ရက်နေ့၊ ညပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်၊ နယ်စပ်ရှိ  မိုးဗြဲမြို့နယ်၊ အနောက်ဘက်ခြမ်း၊ လွယ်ရင်းတောင်ခြေတွင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ စေတနာရှင်များက စစ်ဘေးရှောင်ပြည်သူများအတွက်  ပြည်သူမှ ပြည်သူသို့ ပေးပို့လှူဒါန်းထားသော စားနပ်ရိက္ခာ ဆန်အိတ် ၈၀ ခန့်အပါအဝင် ဆေးဝါးပစ္စည်းများနှင့် ကယ်ဆယ်ရေးထောက်ပံ့ရေးဆောင်ရွက်ရာတွင် အသုံးပြုနေသည့် လူနာတင်ကားတစ်စီးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓါတ်ပုံအထောက် အထားများနှင့်တကွ ကနဦးသတင်းရရှိပါသည်။၂။ ထို့အတူ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စစ်ဘေး ရှောင်ပြည်သူများနှင့် အတိဒုက္ခရောက်နေကြသည့် ဘေးသင့်ပြည်သူများအား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း စစ်ကောင်စီတပ်များက အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အကြမ်းဖက်ခြင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို လုယက်ဖျက်ဆီးခြင်းနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိနေရသည်။၃။ စစ်ကောင်စီတပ်များ၏ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များသည် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားသော The Fourth Geneva Convention Relative to the Protection of Civilian Persons in Time of War of 12 August 1949 ၏ Article 3 ကို တိုက်ရိုက်ချိုးဖောက်ကျူးလွန်နေခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့ကာကွယ်ရေး အက်ဥပဒေ ၁၉၅၉ ပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ရာရောက်ပါသည်။၄။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၁ခုနှစ်၊ မေ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အဦများကို အကာအကွယ်ပေးရန်နှင့် ဘေးကင်းပြီး တားဆီးပိတ်ဆို့မှု မရှိသည့် လူသားချင်းစာနာမှုအကူအညီများကို သွားလာခွင့်ပေးရန်ဆိုသည့် တိုက်တွန်းချက်ကိုလည်း    လုံးဝ လျစ်လျူရှု၍ ကျူးလွန်ဖောက်ဖျက်နေခြင်းဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ကလည်း ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ၏ လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီ တပ်သားများက တားဆီးပိတ်ဆို့ခြင်းများ ဆောင်ရွက်နေသည့်အပေါ် သတိပြု စိုးရိမ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။၅။ သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများကို ပိတ်ဆို့ဖျက်ဆီးခြင်း၊ လူသားချင်းစာနာမှုကိုပြသရန် ရည်ရွယ်ချက်ဖြင့် အကူအညီပေးအပ်ရန် ကြိုးပမ်းဆောင်ရွက်နေသူများကို ဖမ်းဆီးနှောင့်ယှက်ခြင်း အစရှိသည့် ဖောက်ဖျက်ကျုးလွန်မှုများကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ အဆိုပါလူမဆန်သည့်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် အတွက်  ဆက်လက်ဖိအားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။