ပြည်ထောင်စုဝန်ကြီး “Ludovic Trarieux” International Human Rights Award အား ကိုယ်စားလက်ခံရယူ

ပြည်ထောင်စုဝန်ကြီး “Ludovic Trarieux” International Human Rights Award အား ကိုယ်စားလက်ခံရယူ

ပြည်ထောင်စုဝန်ကြီး “Ludovic Trarieux” International Human Rights Award အား ကိုယ်စားလက်ခံရယူအောက်တိုဘာ - ၁၉“Ludovic Trarieux” International Human Rights Award ဆုပေးပွဲကိုအီတလီနိုင်ငံ လွှတ်တော်ခန်းမအတွင်းတွင် အောက်တိုဘာ ၁၉ ရက်နေ့ကကျင်းပခဲ့သည်။အဆိုပါဆုနှင့်ပတ်သက်၍ Mrs.Laura Boldrini က " နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးကိစ္စဆောင်ရွက်သည့် ရှေ့နေများ၊ တရားသူကြီးများ၏ ဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဆုချီးမြှင့်ရခြင်းမှာ သူမ၏ လူ့အခွင့်အရေးအတွက် တရားရေးလုပ်ငန်းများအား အန္တရာယ်များကြားမှ ရွပ်ရွပ်ချွံချွံလုပ်ဆောင်ခဲ့မှုများအတွက် ချီးကျူးဂုဏ်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ထိုဆုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူရာတွင် "ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိဖို့ သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်” ဟု ဆိုပါသည်။ထို့အပြင် “မြန်မာ့အရေးကို စိုးရိမ်ပူပန်နေယုံသာမကပဲ ဖမ်းဆီးခံနေရသူများ အားလုံးကို လွတ်မြောက်အောင်ကြိုးပမ်းဖို့၊ အကြမ်းဖက်စစ်အုပ်စုကို ဘဏ္ဍာငွေကြေး၊ လေယာဉ်ဆီ နဲ့လက်နက်တွေ တင်ပို့ရောင်းချတာတွေကို ဖြတ်တောက်ဖို့၊ စစ်ရာဇဝတ်သားတွေကို နိုင်ငံတကာတရားစီရင်မှု လမ်းကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ကြိုးပမ်းကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားအား Mrs. laura Boldrini (President of the committee of the human Rights in the world) နှင့်အတူ IDHAE အဖွဲ့မှ ဥရောပဆိုင်ရာရှေ့နေနှင့် ဂျူရီအဖွဲ့ဝင်များ လည်း တက်ရောက်ခဲ့ဂုဏ်ပြုခဲ့ကြသည်။

မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်

မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက် (၇/ ၂၀၂၄)(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်၁။ မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ထိုကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက် သည့်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပါသည်။ ၂။ ထိုဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း မိမိတို့အနေဖြင့် အထူးပင်စိုးရိမ်မိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမည်ဖြစ်ပါသည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ မိမိတို့ အနေဖြင့် ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါ သည်။  အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုပါသည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ ၏ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

မြေပြင်တော်လှန်ရေးရဲဘော်များထံ ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ

မြေပြင်တော်လှန်ရေးရဲဘော်များထံ ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ

မြေပြင်တော်လှန်ရေးရဲဘော်များထံ ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြေပြင်တော်လှန်ရေးရဲဘော်များထံ ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံခဲ့ပြီး၊ရဲဘော်များကလည်း ပြည်ထောင်စုဝန်ကြီးချုပ်အား  အလေးပြုခြင်း နှင့် ဂါရဝပြုကန်တော့ခြင်းများပြုလုပ်ခဲ့ပါသည်။

ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား

ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား

❝ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား❞မြန်မာပြည်တွင်းနဲ့ ကမ္ဘာတလွှားရှိ ဗုဒ္ဓဘာသာဝင် မိသားစု ညီအကို မောင်နှမအပေါင်း သီတင်းကျွတ် လပြည့် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။သီတင်းကျွတ် အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးအထူးကို အောက်မေ့သတိရ ပူဇော်ကြပြီး လူမျိုးဘာသာမရွေး ချစ်ခင်သူမိသားစုများ၊ မိတ်ဆွေအပေါင်းသင်းများ စုံညီစွာနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းရတဲ့ ရက်မြတ်ချိန်ခါဖြစ်ပါတယ်။ဒါပေမယ့်လည်း တိုင်းပြည်အကျိုးထက် အာဏာလောဘမက်မောတဲ့ စစ်အုပ်စု လူတစုရဲ့မတရားအဏာလုယူမှု၊အကြမ်းဖက်မှုတွေကြောင့် ချစ်ခင်သူ မိသားစု၊ မိတ်ဆွေတွေ စုံညီမှုမရှိနိုင်ဘဲ ဝေးကွာနေကြရပြီး နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှုတို့ ပျောက်ဆုံးခြင်းတို့ကို ဝမ်းနည်းစွာ ကြုံတွေ့နေကြရပါတယ်။ပြည်သူများအားလုံးခေတ်ဆိုး စစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံး ကင်းလွတ်ပြီး ငြိမ်းချမ်း သာယာ စည်ပင် ဝပြောစွာဖြင့် ပူပန် ကင်းဝေး ဘေးငြိမ်းလျက် မိသားစုအပေါင်း အမြန် ဆုံစည်းနိုင်ကြစေကြောင်းလည်း ဆန္ဒမွန်ပြုလိုက်ပါတယ်။ဒူဝါလရှီးလနိုင်ငံတော် ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

ပင်လည်ဘူး အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံအားပေး

ပင်လည်ဘူး အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံအားပေး

ပင်လည်ဘူး အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံအားပေး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် သွားရောက် တွေ့ဆုံ အားပေးခဲ့သည်။ ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့အား ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်း များလည်း ဆောင်ရွက်ခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် ယနေ့ကျရောက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ (၃၆) နှစ် ပြည့်မြောက်သည့်နေ့ အခါသမယတွင် ပါတီခေါင်းဆောင်ကြီးများနှင့်တကွ ပါတီဝင်များအားလုံး လုံခြုံဘေးကင်းကြပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာရှိကြပါစေကြောင်း အလေးအနက်ဖော်ပြလိုပါသည်။ ယနေ့ပါတီထူထောင်ခြင်း (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီသည် မြန်မာ့နိုင်ငံရေးအချိုးအကွေ့များထဲမှ တစ်ခုဖြစ်သော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး မှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်ရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပြည်သူများနှင့်အတူတကွ ရပ်တည်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာကြီးမားသော နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါသည်။  ခေတ်အဆက်ဆက် လူထုအရေးတော်ပုံလှုပ်ရှားမှုများတွင် ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်ခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးကာလတွင်လည်း ပြည်သူ့ဆန္ဒနှင့်အညီ ရပ်တည်ရုန်းကန် လှုပ်ရှားနေသော ပါတီဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျှောက် အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့မှုများကိုလည်း လေးစားဂုဏ်ယူပါ ကြောင်း ဖော်ပြအပ်ပါသည်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်သူ့နွေဦးတော်လှန်ရေး အောင်မြင်စွာ ပြီး မြောက်သည်အထိ ပြည်သူနှင့်အတူ၊ တော်လှန်ရေးအင်အားစုအသီးသီးနှင့်အတူ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး လုပ်ငန်းစဉ်များကို အတူ တကွ လက်တွဲညီညီ ဆက်လက် ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာအား လေးစားစွာဖြင့် ပေးပို့အပ်ပါသည်။  အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ◾ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေဟာ နိုင်ငံတွေနဲ့ ၎င်းနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေတွေကို မည်သည့်အခါနှင့်မျှမတူအောင် ထိခိုက် သက်ရောက်မှု ရှိစေပါတယ်။◾ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာခြင်းက တစ်ကမ္ဘာလုံးမှာ ပြင်းထန် ဆိုးရွားလှတဲ့ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်လာစေရေးကို ပိုမိုအားဖြည့်ပေးလျက် ရှိနေပါတယ်။◾ မိမိအနေနဲ့ မကြာသေးမီက ပါကစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ ပါတယ်။◾ ဒီလို ဘေးဒုက္ခ ကပ်ဆိုးတွေ တနေ့တခြား တိုးပွားဖြစ်ပေါ်လာမှုကြောင့် အသက်ဆုံးရှုံး ရမှုများနဲ့ ဒေါ်လာဘီလီယံ ရာနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေကို ဖြစ်စေတာ တွေ့ရပါတယ်။◾ ရာသီဥတုဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူအရေအတွက်ဟာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများထက် သုံးဆ ပိုမိုများပြားနေတာကို သိရပါတယ်။◾ လူသားတွေရဲ့ အရေအတွက်ထက်ဝက်ဟာ အန္တရာယ်ဇုန်အတွင်းမှာ ကျရောက်နေပြီး ဖြစ်ပါတယ်။◾ ကမ္ဘာကြီးဟာ အမှန်တကယ်ဘေးဒုက္ခရင်ဆိုင်တွေ့ကြုံနေရသူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကာကွယ်မှုပေးတဲ့ လုပ်ငန်းစဉ်များမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဖို့ရန် ပျက်ကွက်လျက်ရှိပါတယ်။◾ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေသူတွေက အမြင့်ဆုံးသော တန်ကြေးတွေကို ပေးဆောင်နေရပါတယ်။◾ ကမ္ဘာ့လူဦးရေ တစ်ခုလုံးဟာ ကြိုတင်သတိပေးချက် တစ်စုံတစ်ရာမရရှိဘဲ စဉ်ဆက် မပြတ်ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတာကို မျက်ကွယ်ပြုခြင်း ခံနေရပါတယ်။◾ လူသားတွေအနေနဲ့ ပြင်းထန်ဆိုးရွားလှတဲ့ရာသီဥတုဖြစ်စဉ်များအတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ဖို့ရာ လုံလောက်တဲ့ သတိပေးချက်များရရှိရေး လိုအပ်ပါတယ်။◾ ဒါ့ကြောင့် လာမည့်ငါးနှစ်အတွင်း ကြိုတင်သတိပေးစနစ်ကို ကမ္ဘာနှင့်အဝှမ်း လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်ကြဖို့ရာ မိမိအနေနဲ့ တိုက်တွန်းတောင်းဆိုလိုပါတယ်။◾ ကြိုတင်သတိပေးစနစ်များနဲ့ ၎င်းတို့ကို အသုံးချနိုင်တဲ့ စွမ်းဆောင်ရည်က သေကြေပျက်စီး ဆုံးရှုံးမှုများကိုကာကွယ်ပေးနိုင်တဲ့ သက်သေသာဓကများအဖြစ် ရှိနေပါတယ်။◾ အဆိုပါ အကြောင်းအရာနဲ့စပ်လျဉ်းပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးရုံးတို့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအသစ်မှာ ရှင်းလင်းစွာဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။◾ အဆိုပါ ကြိုတင်သတိပေးချက်ရရှိရေးဆိုင်ရာ ဝန်ဆောင်မှုစနစ်များဟာ ၎င်းတို့ကို အလိုအပ်ဆုံးသော သူတွေအတွက် မရရှိသလောက်ဖြစ်နေကြောင်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။◾ မိမိအနေနဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် COP27 ရာသီဥတုညီလာခံတွင် ငါးနှစ်တာကာလအတွင်း အားလုံးအတွက် ကြိုတင်သတိပေးစနစ်များ ပံ့ပိုးပေးနိုင်မည့် လုပ်ဆောင်ချက် အစီအစဉ်တစ်ခုကို ကြေညာဖို့ ရှိပါတယ်။◾ မိမိအနေနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအားလုံးက ပံ့ပိုးမှုများပေးကြဖို့ရာလည်း တိုက်တွန်းလိုပါတယ်။◾ ယခုအစီရင်ခံစာအသစ်က ထိခိုက်ဆုံးရှုံးမှုများနှင့်စပ်လျည်းပြီး လက်တွေ့ကျ၍ ခိုင်လုံ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ခြင်းများကို ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးအဆင့် လုပ်ဆောင်ရမည်ဟူသော နောက်ထပ် သတိပေးချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။◾ COP27 ညီလာခံတွင် ပျက်စီးဆုံးရှုံးမှုအချက်အလက်များကို ပေးပို့ခြင်းက ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။◾ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့တွင် ကြိုတင်သတိပေးစနစ်များကို လုပ်ဆောင်သည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံကြရန်နှင့် စွမ်းဆောင်ရည်လိုအပ်သူများကို ကူညီပံ့ပိုးပေးကြရန် နိုင်ငံတိုင်းကို တိုက်တွန်းအပ်ပါတယ်။◾ ပြင်းထန်ဆိုးရွားလှတဲ့ ရာသီဥတုဖောက်ပြန်မှုဖြစ်ရပ်တွေက ဆက်လက်ဖြစ်ပွားနေမှာ အသေအချာပါပဲ။◾ ဒါပေမယ့် အဲ့ဒီအရာတွေက သေကြေပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတဲ့ ဘေးအန္တရာယ်တွေ ဖြစ်မလာစေဖို့ လိုအပ်ပါတယ်။

ရေကြီးရေလျှံပြီးနောက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ

ရေကြီးရေလျှံပြီးနောက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ

ရေကြီးရေလျှံပြီးနောက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ(စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)မုန်တိုင်းတိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဥပမာ - တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ) တို့ ဖြစ်ပွားနိုင်ခြေများနိုင်ပါသည်။🌊 ရေ- သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။🌊 အစားအစာ- အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။🌊 တစ်ကိုယ်ရေသန့်ရှင်းရေး- အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။🌊 ရေမစီးဘဲ ဝပ်နေခြင်း- ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။🌊 ကြီးကြပ်ခြင်း- လက်ပတိုစပိုင်ရိုးစစ် ကဲ့သို့ရောဂါများ မဖြစ်စေရန် ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။🌊 သန့်ရှင်းရေး- ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။🌊 မသန့်ရှင်းသောအစားအစာများ- ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။👩‍⚕️ သင် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ကူးစက်ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။👨‍⚕️အထူးသဖြင့် သင်သည် ကယ်ဆယ်ရေးစခန်းတွင် ရှိနေပါက အခြားသူများသို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်စေနိုင်ပါသည်။ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ