ပြည်ထောင်စုဝန်ကြီး “Ludovic Trarieux” International Human Rights Award အား ကိုယ်စားလက်ခံရယူ

ပြည်ထောင်စုဝန်ကြီး “Ludovic Trarieux” International Human Rights Award အား ကိုယ်စားလက်ခံရယူ

အောက်တိုဘာ - ၁၉

“Ludovic Trarieux” International Human Rights Award ဆုပေးပွဲကိုအီတလီနိုင်ငံ လွှတ်တော်ခန်းမအတွင်းတွင် အောက်တိုဘာ ၁၉ ရက်နေ့ကကျင်းပခဲ့သည်။

အဆိုပါဆုနှင့်ပတ်သက်၍ Mrs.Laura Boldrini က " နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးကိစ္စဆောင်ရွက်သည့် ရှေ့နေများ၊ တရားသူကြီးများ၏ ဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဆုချီးမြှင့်ရခြင်းမှာ သူမ၏ လူ့အခွင့်အရေးအတွက် တရားရေးလုပ်ငန်းများအား အန္တရာယ်များကြားမှ ရွပ်ရွပ်ချွံချွံလုပ်ဆောင်ခဲ့မှုများအတွက် ချီးကျူးဂုဏ်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။

ထိုဆုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူရာတွင် "ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိဖို့ သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ထို့အပြင် “မြန်မာ့အရေးကို စိုးရိမ်ပူပန်နေယုံသာမကပဲ ဖမ်းဆီးခံနေရသူများ အားလုံးကို လွတ်မြောက်အောင်ကြိုးပမ်းဖို့၊ အကြမ်းဖက်စစ်အုပ်စုကို ဘဏ္ဍာငွေကြေး၊ လေယာဉ်ဆီ နဲ့လက်နက်တွေ တင်ပို့ရောင်းချတာတွေကို ဖြတ်တောက်ဖို့၊ စစ်ရာဇဝတ်သားတွေကို နိုင်ငံတကာတရားစီရင်မှု လမ်းကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ကြိုးပမ်းကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ 

အဆိုပါအခမ်းအနားအား Mrs. laura Boldrini (President of the committee of the human Rights in the world) နှင့်အတူ IDHAE အဖွဲ့မှ ဥရောပဆိုင်ရာရှေ့နေနှင့် ဂျူရီအဖွဲ့ဝင်များ လည်း တက်ရောက်ခဲ့ဂုဏ်ပြုခဲ့ကြသည်။