ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား

❝ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား❞


မြန်မာပြည်တွင်းနဲ့ ကမ္ဘာတလွှားရှိ ဗုဒ္ဓဘာသာဝင် မိသားစု ညီအကို မောင်နှမအပေါင်း သီတင်းကျွတ် လပြည့် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သီတင်းကျွတ် အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးအထူးကို အောက်မေ့သတိရ ပူဇော်ကြပြီး လူမျိုးဘာသာမရွေး ချစ်ခင်သူမိသားစုများ၊ မိတ်ဆွေအပေါင်းသင်းများ စုံညီစွာနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းရတဲ့ ရက်မြတ်ချိန်ခါဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုင်းပြည်အကျိုးထက် အာဏာလောဘမက်မောတဲ့ စစ်အုပ်စု လူတစုရဲ့မတရားအဏာလုယူမှု၊အကြမ်းဖက်မှုတွေကြောင့် ချစ်ခင်သူ မိသားစု၊ မိတ်ဆွေတွေ စုံညီမှုမရှိနိုင်ဘဲ ဝေးကွာနေကြရပြီး နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှုတို့ ပျောက်ဆုံးခြင်းတို့ကို ဝမ်းနည်းစွာ ကြုံတွေ့နေကြရပါတယ်။

ပြည်သူများအားလုံးခေတ်ဆိုး စစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံး ကင်းလွတ်ပြီး ငြိမ်းချမ်း သာယာ စည်ပင် ဝပြောစွာဖြင့် ပူပန် ကင်းဝေး ဘေးငြိမ်းလျက် မိသားစုအပေါင်း အမြန် ဆုံစည်းနိုင်ကြစေကြောင်းလည်း ဆန္ဒမွန်ပြုလိုက်ပါတယ်။


ဒူဝါလရှီးလ
နိုင်ငံတော် ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ