၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ

◾ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေဟာ နိုင်ငံတွေနဲ့ ၎င်းနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေတွေကို မည်သည့်အခါနှင့်မျှမတူအောင် ထိခိုက် သက်ရောက်မှု ရှိစေပါတယ်။

◾ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာခြင်းက တစ်ကမ္ဘာလုံးမှာ ပြင်းထန် ဆိုးရွားလှတဲ့ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်လာစေရေးကို ပိုမိုအားဖြည့်ပေးလျက် ရှိနေပါတယ်။

◾ မိမိအနေနဲ့ မကြာသေးမီက ပါကစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ ပါတယ်။

◾ ဒီလို ဘေးဒုက္ခ ကပ်ဆိုးတွေ တနေ့တခြား တိုးပွားဖြစ်ပေါ်လာမှုကြောင့် အသက်ဆုံးရှုံး ရမှုများနဲ့ ဒေါ်လာဘီလီယံ ရာနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေကို ဖြစ်စေတာ တွေ့ရပါတယ်။

◾ ရာသီဥတုဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူအရေအတွက်ဟာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများထက် သုံးဆ ပိုမိုများပြားနေတာကို သိရပါတယ်။

◾ လူသားတွေရဲ့ အရေအတွက်ထက်ဝက်ဟာ အန္တရာယ်ဇုန်အတွင်းမှာ ကျရောက်နေပြီး ဖြစ်ပါတယ်။

◾ ကမ္ဘာကြီးဟာ အမှန်တကယ်ဘေးဒုက္ခရင်ဆိုင်တွေ့ကြုံနေရသူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကာကွယ်မှုပေးတဲ့ လုပ်ငန်းစဉ်များမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဖို့ရန် ပျက်ကွက်လျက်ရှိပါတယ်။

◾ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေသူတွေက အမြင့်ဆုံးသော တန်ကြေးတွေကို ပေးဆောင်နေရပါတယ်။

◾ ကမ္ဘာ့လူဦးရေ တစ်ခုလုံးဟာ ကြိုတင်သတိပေးချက် တစ်စုံတစ်ရာမရရှိဘဲ စဉ်ဆက် မပြတ်ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတာကို မျက်ကွယ်ပြုခြင်း ခံနေရပါတယ်။

◾ လူသားတွေအနေနဲ့ ပြင်းထန်ဆိုးရွားလှတဲ့ရာသီဥတုဖြစ်စဉ်များအတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ဖို့ရာ လုံလောက်တဲ့ သတိပေးချက်များရရှိရေး လိုအပ်ပါတယ်။

◾ ဒါ့ကြောင့် လာမည့်ငါးနှစ်အတွင်း ကြိုတင်သတိပေးစနစ်ကို ကမ္ဘာနှင့်အဝှမ်း လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်ကြဖို့ရာ မိမိအနေနဲ့ တိုက်တွန်းတောင်းဆိုလိုပါတယ်။

◾ ကြိုတင်သတိပေးစနစ်များနဲ့ ၎င်းတို့ကို အသုံးချနိုင်တဲ့ စွမ်းဆောင်ရည်က သေကြေပျက်စီး ဆုံးရှုံးမှုများကိုကာကွယ်ပေးနိုင်တဲ့ သက်သေသာဓကများအဖြစ် ရှိနေပါတယ်။

◾ အဆိုပါ အကြောင်းအရာနဲ့စပ်လျဉ်းပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးရုံးတို့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအသစ်မှာ ရှင်းလင်းစွာဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။

◾ အဆိုပါ ကြိုတင်သတိပေးချက်ရရှိရေးဆိုင်ရာ ဝန်ဆောင်မှုစနစ်များဟာ ၎င်းတို့ကို အလိုအပ်ဆုံးသော သူတွေအတွက် မရရှိသလောက်ဖြစ်နေကြောင်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

◾ မိမိအနေနဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် COP27 ရာသီဥတုညီလာခံတွင် ငါးနှစ်တာကာလအတွင်း အားလုံးအတွက် ကြိုတင်သတိပေးစနစ်များ ပံ့ပိုးပေးနိုင်မည့် လုပ်ဆောင်ချက် အစီအစဉ်တစ်ခုကို ကြေညာဖို့ ရှိပါတယ်။

◾ မိမိအနေနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအားလုံးက ပံ့ပိုးမှုများပေးကြဖို့ရာလည်း တိုက်တွန်းလိုပါတယ်။

◾ ယခုအစီရင်ခံစာအသစ်က ထိခိုက်ဆုံးရှုံးမှုများနှင့်စပ်လျည်းပြီး လက်တွေ့ကျ၍ ခိုင်လုံ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ခြင်းများကို ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးအဆင့် လုပ်ဆောင်ရမည်ဟူသော နောက်ထပ် သတိပေးချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။

◾ COP27 ညီလာခံတွင် ပျက်စီးဆုံးရှုံးမှုအချက်အလက်များကို ပေးပို့ခြင်းက ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။

◾ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့တွင် ကြိုတင်သတိပေးစနစ်များကို လုပ်ဆောင်သည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံကြရန်နှင့် စွမ်းဆောင်ရည်လိုအပ်သူများကို ကူညီပံ့ပိုးပေးကြရန် နိုင်ငံတိုင်းကို တိုက်တွန်းအပ်ပါတယ်။

◾ ပြင်းထန်ဆိုးရွားလှတဲ့ ရာသီဥတုဖောက်ပြန်မှုဖြစ်ရပ်တွေက ဆက်လက်ဖြစ်ပွားနေမှာ အသေအချာပါပဲ။

◾ ဒါပေမယ့် အဲ့ဒီအရာတွေက သေကြေပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတဲ့ ဘေးအန္တရာယ်တွေ ဖြစ်မလာစေဖို့ လိုအပ်ပါတယ်။