ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄)ကျင်းပပြုလုပ်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄)ကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ကော်မတီအနေနဲ့ အရေးပေါ် စီမံဆောင်ရွက်ပေးရမယ့် မြို့နယ်ဆိုင်ရာကိစ္စများကို လျင်လျင်မြန်မြန် ညှိနှိုင်း ဆောင်ရွက်ပေးဖို့ လိုကြောင်း။ အခုလို ရှမ်းမြောက်ဘက်က ဒုတိယလှိုင်း စတင်လှုပ်ရှား လာချိန်မှာ ကျွန်တော်တို့ရဲ့ စိုးမိုးထိန်းချူပ်ဒေသတွေဘက်ကလည်း ဟန်ချက်ညီညီ လှုပ်ရှားကြရမယ့် အချိန်ဖြစ်ပါကြောင်း။ မြို့နယ်တွေမှာ အချင်းချင်း ပဋိပက္ခတွေ လျော့နည်း ပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့အတူလိုက်ပါနိုင်ဖို့ ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းကြိုးစားပေးဖို့ လိုအပ်မှာဖြစ်ပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၃/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၀၁:၄၅)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။