အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

(၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်)           ဒီနေ့ (၁၃/၂၀၂၃) အစည်းအဝေးကို လုပ်ငန်းတာဝန်တွေ များပြားတဲ့ကြားကနေ မပျက်မကွက် တက်ရောက်ပေးနေကြတဲ့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အလားတူပဲ မြေပြင်မှာ ပဋိပက္ခတွေတင်းမာနေတဲ့ မြို့နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရေစကြိုမြို့နယ်နဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် အတွင်းဝန်တွေ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းမြောက် မိပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့် မြေပြင်မှာဖြစ်နေကြတဲ့ တင်းမာမှုတွေကိုလည်း အတော်အတန် လျော့ချနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း လုံးဝပြေလည်သွားတဲ့အထိ ဆောင်ရွက်ပေး နိုင်ဖို့ကိုလည်း ဆက်လက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ လည်း ရေစကြိုမှာဖြစ်နေတဲ့ ပြသနာတွေနဲ့ပက်သက်ပြီး အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးဖို့ လိုအပ် မှာဖြစ်ပါတယ်။ အဲ့ဒီလို မြေပြင်ရဲ့အခက်အခဲနဲ့ ပဋိပက္ခတွေကို ပြေလည် အောင်ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ နေရာမှာ မြို့နယ်တစ်ခုချင်းစီရဲ့ ပကတိအခြေအနေအမှန်ကို သိရှိထား ကြဖို့ကလည်း  ပြဿနာများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်တာကြောင့်   မြေပြင်ရဲ့ သတင်း အချက်အလက်များကို ပြုစုထားဖို့ အမြဲမပြတ် ညွှန်ကြားချက်တွေ ပေးနေရခြင်း ဖြစ်ပါတယ်။        ဒီလအတွင်းမှာ media ပေါ်ထိတက်လာတဲ့ ကိစ္စတွေလည်း ရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ဝက်လက် PDF အမှတ် (၂) တပ်ရင်းက လက်နက်တပ်ဆင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုံးကောက်ခံနေမှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စုံစမ်း မေးမြန်းပြီး နောင်ကိုမဖြစ်ရအောင် စီမံဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီလိုပဲ ပခုက္ကူမှာလည်း ဖမ်းပြီးငွေကြေးတောင်းခံတဲ့ ပြဿနာက တော်တော်သတင်းတွေထွက်လာတာ ရှိပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီးလည်း အတွင်းရေးမှူးအဖွဲ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ပါ သေချာ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်နိုင်ပြီဆိုရင်တော့ ဗဟိုကော်မတီအထိ ပါဝင်နေစရာ မလိုတော့ပေမယ့် အခုလိုကာလမျိုးမှာတော့ ပင်ပန်းကြပေမယ့်လည်း ပိုပြီးထိရောက်မှုရှိအောင် အတွင်းရေးမှူးအဖွဲ့ဝင်များက ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ် ကြည့်မယ် ဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အင်အားချိနဲ့နေပြီဆိုတာ ပိုပြီးပေါ်လွင်လာပါတယ်။ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်း ဒါမှမဟုတ် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ စစ်ရေးစစ်ရာမှာ အတွေ့အကြုံများစွာ ကြွယ်ဝနေပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ ပူးပေါင်းတိုက်စစ်ဆင် ဖော်ဆောင်နိုင်မှုတွေကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တာကို တွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ဒါဟာ အနာဂတ်မှာ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာစေမယ့် ပထမဆုံး ခြေလှမ်းလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ (၂) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး၊ လူမှုဘဝ အဆင့်အတန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများ ပြိုကျ ပျက်စီးခဲ့ရသလို ဒေသတွင်းအတွက်လည်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် စစ် ကောင်စီဟာ လက်တွေ့ဖြစ်ပျက်နေတာတွေ၊ ပျက်စီးပြိုလဲနေတာတွေ၊ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး၊ အာဏာကို မစွန့်လွတ်ရစေရေးအတွက် မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လျက်ရှိနေတာကို တောင်ပေါ်နဲ့ အညာမြေပြန့်၊ ကျေးလက်နဲ့ မြို့ပြမကျန် ခံစားနေရတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ စစ်မိစ္ဆာတွေလက်အောက် ဘယ်တော့မှမနေဘူး ဆိုတာကို သူတို့ရဲ့ အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ဝေမျှထောက်ပံ့မှုတွေကနေ မြင်တွေ့နိုင်ပြီး ဒီလို ဉာဏ်ပညာ၊ သတ္တိနဲ့ ပေးဆပ်မှုတွေကပဲ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအတွက်၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားရမယ့် အလုပ်တွေအတွက် ပိုမိုအားရှိစေတဲ့ ခွန်အားတွေ ဖြစ်ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ကာကွယ်ရေးအင်အားစုများ၊ အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ ပြည် သူ့အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးအတွက် လုပ်ဆောင်နေသူများမှသည် ဒေသအကျိုးအတွက် ဖိအားအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကြားက နိုင်ရာတာဝန်ယူပေးနေကြတဲ့ ပြည်သူများအားလုံးရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုများအတွက်လည်း ဂုဏ်ယူလေးစားကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကြားကာလအုပ်ချုပ်ရေးကို စီမံဆောင်ရွက်တဲ့နေရာမှာ ဝန်ကြီး ဌာနတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ စုစုစည်းစည်း ကြိုးစားဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့လိုအပ်ချက်များပံ့ပိုးရေး၊ ဝန်ဆောင်မှုပေးရေးတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ တာဝန်များဖြစ်ပါတယ်။ အစိုးရတစ်ရပ်ကဲ့သို့ ဝန်ထမ်းယန္တရားကြီး တစ်ခုလုံးကို လည်ပတ် ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိုအပ်ချက်တွေရှိနိုင်ပေမယ့် တတ်နိုင်သမျှ စနစ်လည်းကျ၊ အလုပ်လည်းဖြစ်နိုင်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။ ကြားကာလကော်မတီမှ ဝန်ကြီးဌာနများ အနေနဲ့  လည်း လက်ရှိလုပ်ဆောင်မှုများကို  အချိန်နဲ့တပြေးညီ လုပ်ဆောင်ရင်း ပိုမိုကောင်းမွန်မယ့် မူဝါဒ ညွှန်ကြားချက်တွေနဲ့ စီမံအုပ်ချုပ်နိုင်ဖို့အတွက်လည်း အမြဲမပြတ် စဉ်းစားလုပ်ဆောင်နေကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။၃       နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုတာ အခက် ခဲဆုံး၊ အကြမ်းတမ်းဆုံး အခြေအနေမှာ လမ်းဖောက်ရတာဖြစ်လို့ ချောမွေ့မှုတော့ ရှိမှာမဟုတ်တာ ကို နားလည်လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အစိုးရ တာဝန်ရှိသူများ အချင်းချင်းအကြားမှာ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့သာ ဆောင်ရွက် သွားမယ်ဆိုရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကောင်းမွန်တဲ့ ရလဒ်များကို ဖော်ဆောင် နိုင်မှာ ဖြစ်ကြောင်း အားပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

(၇၅) နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်း - ဒေါက်တာလျန်မှုန်းဆာခေါင်း

(၇၅) နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်း - ဒေါက်တာလျန်မှုန်းဆာခေါင်း

လေးစားအပ်တဲ့ နိုင်ငံတော် ယာယီသမ္မတကြီး-       ပြည်ထောင်စုဝန်ကြီးချုပ်-       ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ-       အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များ-       တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ-       ပြည်နယ်ဖက်ဒရယ်ယူနစ်အတိုင်ပင်ခံကောင်စီဝင်များ-       ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ-       လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ-       အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးများခင်ဗျားအခုလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ- အမျိုးသား ညီညွတ်ရေးအစိုးရတို့က ပူးတွဲကျင်းပတဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့အောက်မေ့ဖွယ် အခမ်းအနားမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုယ်စား အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းသာမိပါတယ်။            ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှာ မြန်မာပြည် ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးများ အစည်းအဝေးကျင်းပနေတဲ့ အချိန်မှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ ကြရတာ ဖြစ်ပါတယ်။ အဲဒီ့နံနက်မှာ ကျင်းပခဲ့တဲ့ မြန်မာပြည် ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဝန်ကြီးများအစည်းအဝေး အစီအစဉ်ကို ကျနော်တို့ မသိပါဘူး။ ဘာအကြောင်းတွေ ဆွေးနွေးခဲ့တယ်ဆိုတာလည်း ကျနော်တို့ မသိပါဘူး။ သို့သော် ကျနော် သိခွင့်ရတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့အချိန်ဟာ မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးအကြီးဆုံးကာလ ဖြစ်ခဲ့တယ်ဆိုတာကိုပဲ ကျနော်တို့ သိရှိနိုင် ပါတယ်။            တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်ဖို့ ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပင်လုံစာချုပ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ ကြိုုးပမ်းနေတဲ့ကာလ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက် ပေးနိုင်တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပူတပြင်း ကြိုးပမ်းတဲ့ကာလ ဖြစ်ခဲ့ပါတယ်။            ဒီလို ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးက တိုင်းပြုပြည်ပြု လွှတ်တော်အတွက် အလွန်ကြီးမားတဲ့ ပြင်ဆင်မှုကြီး တခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ မေလ (၂၃) ရက်နေ့မှာ စတင် ကျင်းပ ခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ပြင်ဆင်မှု ပဏာမ ညီလာခံပဲဖြစ်ပါတယ်။ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံကြီး ကို ရန်ကုန်မြို့ရှိ နေသူရိန်ခန်းမကြီးထဲမှာ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက အဲဒီ့ညီလာခံကြီးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတခုကို တင်သွင်းနိုင်ခဲ့ပါတယ်။            ၁၉၄၇ ဇွန်လ (၉) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ပထမ အစည်း အဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရရှိရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ဒီလွှတ်တော်ကြီးမှာ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း တင်ပြခဲ့ ပါတယ်။ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံမှာ တင်ပြခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုလည်း တိုင်းပြု ပြည်ပြုလွှတ်တော်သို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။            ဒါပေမဲ့ ၁၉၄၇ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၁၆) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဒုတိယ အစည်းအဝေးကို မကျင်းပမီ ၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်း ခံခဲ့ရပါတယ်။ အဲဒီ့ တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယအစည်း အဝေးမှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကိစ္စနှင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ်အရေးကို အကျိတ် အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ့အစည်းအဝေးမှာ ဖဆပလခေါင်းဆောင်ကြီးများက ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ တိုင်းပြည်ကြီး ဝမ်းနည်းပူဆွေးနေတဲ့ အချိန်မှာ အချင်းချင်း အငြင်းအခုန်မလုပ်ဘဲ လွတ်လပ်ရေး ရရှိဖို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းသွားရန် လိုအပ်ချက်အရ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ (FACE) ရဲ့ အကြံပေးချက်အတိုင်း ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ရေးဆွဲပြီး လွတ်လပ်ရေး ရရှိပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တဖန် ရေးကြတာပေါ့လို့ ပြောခဲ့ကြတဲ့အတွက် တိုင်းရင်းသားခေါင်းဆောင်များ က အလျှော့ပေးလိုက်ရတယ်လို့ တောင်ကြီးဦးထွန်းမြင့်က ရေးသားခဲ့ပါတယ်။            ၁၉၄၇ စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် တတိယအစည်းအဝေးမှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့ အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပင်လုံစာချုပ်ကနေ လမ်းလွဲ သွေဖည်သွားရုံတင်မကဘူး၊ ၁၉၄၇ မေလမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မိုးနဲ့ မြေပမာ အများကြီး ကွာခြားသွားခဲ့တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့ ဒါတွေ ဒီလိုဖြစ်သွားခဲ့ရသလဲ။ ဘာကြောင့် ဘာတွေမှားခဲ့ တယ်ဆိုတာ ကျနော်တို့ ယနေ့အထိ အချင်းချင်း ငြင်းခုန်နေကြဆဲပဲ ဖြစ်ပါတယ်။ နှုတ်စကားနဲ့ လွှတ်တော် ထဲမှာ ငြင်းခုန်တာ မပြီးခင် စစ်အာဏာသိမ်းမှုနဲ့လည်း ကြုံခဲ့ရပြီ။ နှစ်ပေါင်း (၇၀) ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် နဲ့လည်း ကြုံခဲ့ရပါပြီ။            သမိုင်းမှာ ဘယ်လိုအမှားတွေပဲ ရှိပါစေ၊ ဘာတွေ ဘယ်လိုဖြစ်ခဲ့ပါစေ၊ ယနေ့ နွေဦးတော်လှန်ရေး ကနေ စပြီး မှားယွင်းမှု အားလုံးကို ကျနော်တို့ ပြင်ဆင်သွားကြရမယ်။ ပြင်ဆင်မယ်၊ ပြုပြင်မယ်။ သမိုင်းကို အကောင်းဆုံး အသစ် ဖန်တီးကြရမယ်။ ဒါကြောင့် ဒီနှစ် ကျင်းပတဲ့ အာဇာနည်နေ့ဟာ ပိုပြီးတော့ လေးနက် တယ်။ ပိုပြီး ထူးခြားတယ်။ တန်ဖိုးလည်း ကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းခံခဲ့ရလို့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ အပြီးအစီး မဆောင်ရွက် နိုင်ခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့တတွေ ဆက် လက် ဆောင်ရွက်ခွင့် ရရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။            နွေဦးတော်လှန်ရေးမှာ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ကို အခြေခံပြီး ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို ပြန်လည်ဖော်ထုတ်ပြီး အကောင်အထည် ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လုပ်ကြံခြင်းခံခဲ့ရလို့ သူကိုယ်တိုင် အဆုံးအထိ မတက် ရောက်နိုင်ခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့သော တိုင်းပြုပြည်ပြုညီလာခံကြီးတရပ်ကို ပြန်လည်ခေါ်ယူ ကျင်းပပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို အကောင်းဆုံး ရေးဆွဲ ပြဋ္ဌာန်းဖို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ လမ်းပြမြေပုံအတိုင်း ကျနော်တို့ ပြင်ဆင်နေပါတယ်။            ဒါတင်မကဘူး၊ CRPH၊ NUG နှင့် NUCC တို့ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကိုလည်း အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေ ပါတယ်။ ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရလို့ သူတို့ကိုယ်တိုင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို သမိုင်းပေး တာဝန် အဖြစ် ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့ ဆက်လက် တာဝန်ယူ ထမ်းဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများကို အမြင့်မြတ်ဆုံးသော နည်းလမ်းဖြင့် အောက်မေ့ သတိရခြင်းဟာ သူတို့ စတင်ဆောင်ရွက်ပြီး ယနေ့ အထိ မပြီးစီးသေးတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို အပြီးအစီး ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြည်ထောင်စုကြီးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော် မှန်းခဲ့တဲ့အတိုင်း စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် အမြန်ဆုံး တည်ဆောက်ကြဖို့ (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ သန္နိဋ္ဌာန်အသစ် ပြုကြရအောင်လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။-       အရေးတော်ပုံ အောင်ရမည်။-       အရေးတော်ပုံ အောင်နေပြီ။ ဒေါက်တာလျန်မှုန်းဆာခေါင်းပြည်ထောင်စုဝန်ကြီးဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရနှင့်သဘာပတိအဖွဲ့ဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်း

ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူအပေါင်းတို့ခင်ဗျား-ဒီနေ့ဆိုရင် အဓမ္မ စစ်ဝါဒီတွေက နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့တာ (၁) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး အကြမ်းဖက် စစ်ကောင်စီကို လုံးဝ အုပ်ချုပ်ခွင့်မပြု စတမ်းဆိုတဲ့ သံဓိဌာန်နဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူများကို နိုင်ငံတော်အစိုးရအနေနဲ့ အထူးလေးစား ဂုဏ်ပြုပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။          လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့သူတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောရေး စခန်းနဲ့ အကျဥ်းထောင်တွေအတွင်း ကျဆုံးခဲ့တဲ့သူတွေ၊ တော်လှန်ရေး စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူတွေ အားလုံးဟာ ပြည်သူ့ သူရဲကောင်းတွေပါပဲ။ ပြည်သူက အမြဲတမ်း သတိတရရှိနေမှာဖြစ်သလို၊ တချိန်မှာ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။ အဓမ္မအာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ အမျိုးသားညီညွတ် ရေးအစိုးရ ယာယီသမ္မတအနေနဲ့ ပြည်သူ့သူရဲကောင်းအပေါင်းကို ဂုဏ်ပြု ဦးညွတ်လိုက်ပါတယ်။      မြန်မာစစ်အာဏာရှင်စနစ် ဘယ်လောက်ဆိုးယုတ်သလဲဆိုတာ မြန်မာပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ကနေ ၂၀၂၁ခုနှစ် အတွင်း လေးကြိမ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ နဲ့ကျန်းမာရေး အဆင့်အတန်း အဖက်ဖက်က နိမ့်ကျပြီး ကမ္ဘာ့ အဆင်းရဲဆုံး (LDC) နိုင်ငံတစ်ခုအဖြစ် ဂုဏ်သိက္ခာ ညိုးငယ်ကျဆင်းခဲ့ရတယ်။ မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေးပြဿနာဟာ ဘာလဲ၊စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက် ခြင်း မပြုနိုင်တဲ့ အချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကျင့်သုံးဖို့ ငြင်းပယ်ခဲ့ကြတယ်။ ဒီမိုကရေစီကို ငြင်းပယ်ခြင်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေးများ ဆိတ်သုဥ်းခဲ့ရတယ်။ ဖက်ဒရယ်ကို ငြင်းပယ်ခြင်းကြောင့် တိုင်းရင်းသားများ လိုလားတဲ့ တန်းတူရေး နဲ့ တရားမျှတမှု အခွင့်အလမ်းများ ဆိတ်သုဥ်းခဲ့ရတယ်။ စစ်အုပ်စုနားလည်တာက နိုင်ငံရေးမှာ စစ်တပ်က အစဥ်အဆက် ဗိုလ်ကျစိုးမိုးရေးနဲ့ လူမျိုးကြီးဝါဒပဲ ဖြစ်တယ်။ နိုင်ငံရေးအာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လွမ်းမိုးထားပြီးတဲ့နောက် စစ်တပ်ဟာ သီးသန့် လူတန်းစားတစ်ခုဖြစ်လာ တယ်။ စစ်ခေါင်းဆောင်တွေဟာ အခွင့်ထူးခံ အုပ်စုတစ်ခု ဖြစ်လာတယ်။ သူတို့ ကြံစည်လုပ်ဆောင် သမျှ စစ်အုပ်စုဗဟိုပြုရေး ဖြစ်လာတယ်။ စစ်တပ်အကျိုးစီးပွါး အဓိက ဝါဒ ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။          သူတို့ဝါဒက ပြည်သူဟာ စစ်တပ်ကို အစဥ်အမြဲ ကျိုးနွံနေရမယ်၊ ပြည်သူဟာ စစ်တပ်ပြု သမျှ နုရမယ် ဆိုတဲ့ ဝါဒပဲ။ တစ်နည်းအားဖြင့် စစ်တပ်က ပြည်သူကို ကျွန်ဇာတ်သွင်းတဲ့ ဝါဒပဲ၊ စစ်ကျွန်ဘဝမှာ တိုင်းရင်သားပြည်သူတစ်ရပ်လုံး လူ့ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးခဲ့ကြရတယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးဖို့ ငြင်းပယ်ခြင်းအားဖြင့် ပြည်တွင်းစစ်ကို မီးမွှေးပေးခဲ့တယ်။ အနှစ်(၇၀) ကျော် ပြည်တွင်းစစ်သည်ပင်လျှင် စစ်အုပ်စုရဲ့ အကျိုးစီးပွါး ဖြစ်လာ တယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အချာအာဏာ မဆုံးရှုံး ရေး ကြွေးကြော်သံများနဲ့ အကြိမ်ကြိမ် အာဏာသိမ်းခဲ့တာလည်း ဖြစ်တယ်။          မြန်မာနိုင်ငံမှာ စစ်တပ်က ဗိုလ်ကျစိုးမိုးနေသမျှ၊ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ သက်ဆိုးရှည်နေသမျှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံဖြိုးတိုးတက်မှု အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးနေရမှာ ဖြစ်ပါတယ်။ ခြုံကြည့်ရင် မြန်မာ့နိုင်ငံရေးပြဿနာအားလုံးရဲ့ အဓိကအကြောင်း၊ အဓိက လက်သည်တရားခံဟာ စစ်အုပ်စုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှား တွေ့မြင် နိုင်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကား ပြီး လူမှုစီးပွါး ဖွံဖြိုးတိုးတက်တဲ့ ကမ္ဘာ့အဆင့်မှီနိုင်ငံသစ်ကို ထူထောင်လိုတယ်ဆိုရင် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် တွန်းလှန် ဖယ်ရှားပစ်ဖို့ကလွဲလို့ တခြားဖြေရှင်းနည်းမရှိဘူးလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။          ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကတော့ သမိုင်းတစ်လျောက် အဆိုးယုတ်ဆုံး စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရဆီက အဓမ္မ အာဏာသိမ်းယူခဲ့ခြင်းဟာ နိုင်ငံတော်ပုန်ကန်မှု ကျုးလွန်ခဲ့ခြင်းဖြစ်သလို၊ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ လူငယ်တွေ၊ ပြည်သူတွေကို လူမဆန်တဲ့နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ် နေခြင်းဟာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်း ဖြစ်ပါတယ်။ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနဲ့ ဆက်စပ်ပြီး ပြည်သူ ၁၅၀၀ ခန့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၁သောင်းနှစ်ထောင်ခန့်   ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရင်ဆိုင် နိုင်ခြင်းမရှိတဲ့အခါ အရပ်သား ကျေးရွာပေါင်းများစွာနှင့် ချင်းပြည်နယ် ထန်တလန်မြို့နှင့် ကရင်နီပြည်နယ်မှ မြို့အချို့ကို မီးရှို့ဖျက်ဆီးပြီး၊ စစ်နဲ့ မသက်ဆိုင်တဲ့ ပြည်သူ ၁၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်။ ဒီသတ်ဖြတ်မှုတွေထဲမှာ ဒီဇင်ဘာလ (၇)ရက်က ဆားလင်းကြီး မြို့နယ်၊ ဒုံးတောရွာဖြစ်စဥ်မှာ ပြည်သူ(၁၁)ဦး၊ ခရစ္စမတ်ရက်က ကရင်နီ ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ရွာဖြစ်စဥ်မှာ ပြည်သူ ၃၅ ဦးကျော် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ ပါဝင်ခဲ့ပါတယ်။           စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို တစ်နှစ်လုံးလုံး ကြံ့ကြံ့ခံခဲ့ပြီး ဇွဲမလျော့စတမ်း ခုခံတွန်းလှန်နေခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိကတော့ ကမ္ဘာကပင် လေးစား အသိအမှတ် ပြုခဲ့ရပြီဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို လုံးဝ အသိအမှတ်မပြုဘဲ လိုအပ်တဲ့ ပိတ်ဆို့အရေးယူမှုများပြုလုပ်ဖို့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုကပဲ အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။          အခုဆိုရင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိနေခြင်းဟာ နိုင်ငံတကာမျက်နှာစာမှာ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ အောင်ပွဲဖြစ်ပါ တယ်။ CRPH, NUCCနဲ့ NUG တို့အပေါ် တရားဝင် ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတွေအဖြစ် နိုင်ငံတကာရဲ့ နားလည်မှု၊ အသိအမှတ်ပြုမှုများ တိုးတက်ရရှိနေသလို ဒီအဖွဲ့အစည်းသုံးခုကို ပြည်သူ့တော်လှန်ရေးရဲ့ ပဲ့ကိုင်အဖွဲ့အစည်းများဖြစ်ဖို့ မြန်မာပြည်သူတွေ မျှော်လင့်ချက်ထားရှိကြ တယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်း နားလည်ပါတယ်။ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုုးစားအားထုတ်သွားပါ့မယ်ဆိုတဲ့ အကြောင်းလည်း ဒီနေ့ ဒီရက်မှာ ကတိပြုလိုပါတယ်။        စစ်အာဏာရှင် အတွေးအခေါ် ကြီးစိုးပြီး ပြည်သူကို ရန်ပြု အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖျက်သိမ်းပစ်ဖို့နဲ့ ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အပေါ် ယုံကြည်သက်ဝင်တဲ့ တပ်မတော်သစ်တစ်ရပ် တည်ထောင်ဖို့ဆိုတာလည်း သမိုင်းရဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်မှု တစ်နှစ်တာကာလအတွင်း “ပြည်သူ့ကာကွယ်ရေး တပ်မတော်” PDFကို ဖွဲ့စည်းထူထောင်နိုင်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EAOs) များနဲ့ လက်တွဲပြီး စုဖွဲ့မှု၊ ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်မှု၊ စစ်မဟာဗျူဟာ ညှိနှိုင်းရေးဆွဲမှုနဲ့ စုပေါင်းအကောင်အထည်ဖော်မှုများ တိုးတက်အားကောင်းလာပြီဖြစ်တဲ့အတွက် တော်လှန်ရေးခရီး မဝေးတော့ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ အနာဂတ်တပ်မတော်သစ် ထူထောင်ဖို့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ကြိုဆိုနေမြဲဖြစ်ပါတယ်။ တိုင်းပြည်ကိုချစ်သော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများနှင့် အမြန်ဆုံးပူးပေါင်းလာကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် မှတ်တမ်းများအရ စက်တင်ဘာ (၇) ရက်နေ့မှ ဇန်နဝါရီ (၆) ရက်၊ ၄ လတာ အတွင်း အကြမ်းဖက်စစ်ကောင်စီအင်အား (၇၀၁၆) ဦး ထိခိုက်ကျဆုံး ပြုန်းတီးစေခဲ့တာ ဟာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ အရေးကြီးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ PDF နဲ့ မဟာမိတ် EAOs များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် ရှေ့ပြေး စီမံဆောင်ရွက်မှုများ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။          အခုဆိုရင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်နိုင်ပြီးဖြစ်တဲ့ ဒေသတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာတည်ဆောက်မှုကိုလည်း ဆက်တိုက် အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ်နဲ့တွဲပြီး ကြားကာလ ပြည်သူ့တရားစီရင်ရေး မဏ္ဍိုင် ထူထောင်ဖို့လည်း တစ်ပြိုင်တည်း စီမံဆောင်ရွက်နေပြီဆိုတာ အသိပေးလိုပါတယ်။          အခုအချိန်အထိ စစ်အုပ်စု လက်အောက်ခံ ဖြစ်နေသေးတဲ့ လက်နက်ကိုင်အဖွဲ့များနဲ့ ပတ်သက်ရင် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မဖြစ်လိုရင် ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းဖို့ လိုပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ တာဝန်ရှိတဲ့သူတွေကတော့ နိုင်ငံတကာတရားစီရင်ရေးစနစ်အရကော၊ ပြည်တွင်းတရားစီရင်ရေးစနစ်အရပါ အရေးယူအပြစ် ပေးခံရလိမ့်မယ်ဆိုတာ သတိပေးလိုပါတယ်။           ဒီတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် ဖယ်ရှားပစ်ဖို့ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါ တယ်။ စစ်အာရှင်စနစ်ဖယ်ရှားပြီးတဲ့အခါ ဘယ်လိုအနာဂတ်မျိုးကို ကျွန်တော်တို့ မျှော်မှန်းပါသလဲ၊ တိုင်းသူပြည်သားအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ နိုင်ငံတော်၊ တိုင်းရင်းသား အားလုံး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တည်းဟူသော ဖက်ဒရယ်အခွင့်အရေးများ အပြည့်အဝ ရရှိတဲ့ ပြည်ထောင်စု၊ ခွဲခြားမှုကင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားတာ ဖြစ်တဲ့အတွက် မွန်မြတ်သန့်စင်တဲ့ တော်လှန်ရေး ဖြစ်တယ် လို့ဆိုချင်ပါတယ်။ အခုဆိုရင် အနာဂတ် မြန်မာနိုင်ငံတော်သစ် (New Myanmar) ရဲ့ အာရုဏ်ဦးကို ပြည်သူ့တော်လှန်ရေးနဲ့အတူ ကျွန်တော်တို့ မျက်မှောက်ပြုနိုင်ပြီ ဖြစ်ပါတယ်။          ဒီတော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့ ပြည်သူတစ်ယောက်စီတိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရက အလေးအမြတ်ပြုပါတယ်။ ဒီတော်လှန်ရေးဟာ ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးလည်းဖြစ်တဲ့ အတွက် Generation – Z လူငယ်တွေ၊ PDF ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ၊ သပိတ်အင်အားစု တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EAOs)တွေ တက်ညီလက်ညီ လက်တွဲဆင်နွှဲကြမယ်ဆိုရင် အပြီးသတ် ပြည်သူ့အောင်ပွဲ အရယူဖို့ အချိန်များစွာ မလိုတော့ဘူးလို့ ယုံကြည်ပါတယ်။ တို့ပြည်သူ များ ရည်မျှော်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်သစ် (New Myanmar)ကို ပုံဖော်ထုဆစ်မယ်သူ ဟာလည်း မြန်မာပြည်သူများ ကိုယ်တိုင် ဖြစ်ပါတယ်။ မကြာသောကာလမှာ တိုင်းရင်းသားပြည်သူတွေရဲ့ ညီညွတ်မှု စွမ်းပကားကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။          ယဥ်ကျေးတဲ့ ကမ္ဘာကြီးအနေနဲ့လည်း မြန်မာပြည်က အရိုင်းအစိုင်းတွေကို ဖယ်ရှားပစ်ဖို့ အရေးမှာ မြန်မာပြည်သူတွေနဲ့အတူတကွ ဆက်လက်ရပ်တည်ပေးကြပါ။ တော်လှန်ရေးအင်အားစု တွေအနေနဲ့ အဖက်ဖက်က ပြိုဆင်းနေပြီဖြစ်တဲ့ စစ်အုပ်စုကို အနားမပေးစတမ်း ဆက်လက်တိုက်ပွဲ ဝင်ကြပါ။ တိုင်းရင်းသားပြည်သူများအနေနဲ့လည်း မြန်မာနိုင်ငံတော်သစ် (New Myanmar) တည်ဆောက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်မှာ နိုင်ရာကဏ္ဍက ဆက်လက်ထောက်ခံပါဝင်ပေးကြ ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။ဒူဝါလရှီးလ ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့

ပြည်သူ့ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြားသည့်အဖွင့်အမှာစကား

ပြည်သူ့ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြားသည့်အဖွင့်အမှာစကား

လေးစားအပ်တဲ့ပြည်သူ့ညီလာခံသဘာပတိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီဝင်များ၊  ပြည်သူ့ညီလာခံကိုယ်စားလှယ်တော်များ၊ အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များနှင့် လေ့လာသူများအားလုံး မဂ်လာပါလို့ ရှေးဦးစွာ နုတ်ခွန်းဆက်သအပ်ပါတယ်။ ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်သူ့ညီလာခံဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အလွန် ထူးခြားလေးနက်ပြီး အရေးကြီးတဲ့ညီလာခံတစ်ရပ်ဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဖြုတ်ချပြီး ပြည်သူ့ဘဝလွတ် မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေး ပြည်သူ့ အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အတိုင်ပင်ခံကောင်စီများ လက်တွဲချိတ်ဆက်ပြီး ယခုလို ကျင်းပနိုင်ခြင်းအတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖော်ပြလိုပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလဖြစ်သော်လည်း တက်ရောက်ပါဝင်သင့် ပါဝင်လိုကြတဲ့အဖွဲ့အစည်း တွေ၊ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ များစွာကျန်ရှိနေအုန်းမှာဖြစ်ပေမယ့်၊ တတ်နိုင်သမျှ ပါဝင်သင့် ပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တက်ရောက်ပါဝင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးခြင်း အတွက်လည်း မိမိအနေဖြင့် ဂုဏ်ပြုပါကြောင်းအလေးအနက်ဖော်ပြလိုပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်ဟာ ပြည်သူတွေရဲ့ လွတ်လပ်တဲ့ဆန္ဒသဘောထားနှင့် ဒီမိုကရေစီနည်းကျရွေးချယ်မှုကို ဆန့်ကျင်ပြီး၊ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ထပ်မံလုယူသိမ်းပိုက်လိုက် ပြန်ပါတယ်။ ဒီလိုပြုမူဆောင်ရွက်လိုက်ခြင်းဟာ စတင်ဖြစ်တည်ထွန်းသစ်စ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အပြင် စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းနှင့်မြော်လင့်ချက်များကို ရိုက်ချိုး ဖျက်ဆီးပစ်ရာရောက်စေခဲ့ပါတယ်။ ထို့အတူ စစ်တပ်ကြီးစိုးတဲ့နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ ပြန်လည်အားကောင်းပြီး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၊  ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို လျစ်လျူရှု မျက်ကွယ်ပြုတဲ့စနစ်ဆိုးကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။တပ်မတော်ရဲ့ တရားမဲ့ပြုမူဆောင်ရွက်မှုကို လက်မခံငြင်းဆန်ကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများဟာ စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ နိုင်ငံတဝှမ်းလုံးမှာ လမ်းပေါ်ကိုထွက်၊ ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံထဲမှာသာမက ကမ္ဘာအရပ်ရပ်မှာပါ တပ်မတော်က အာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လမ်းပေါ်ကိုထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသူအရေအတွက်ဟာ ရာဂဏန်း၊ ထောင်ဂဏန်း မဟုတ်ပါဘူး။ နေ့စဥ် သောင်းဂဏန်း၊ သိန်းဂဏန်းနှင့် ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် Generation Z လို့ခေါ်တဲ့လူငယ်မျိုးဆက်သစ်တွေက ဦးဆောင်ခဲ့ကြပါတယ်။ “စစ်တပ်ကအာဏာသိမ်းခြင်း အလိုမရှိ”၊ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”၊ “ဖမ်းဆီးထားတဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ်”၊ “လူငယ်တွေမှာ အနာဂတ်ရှိတယ်” အစရှိသည်ဖြင့် ရဲရင့်ပြတ်သားတဲ့ကြွေးကြော်မှုများနှင့် မျိုးဆက်သစ်လူငယ်များအပါအဝင်ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့သက်သေဟာ မြန်မာနိုင်ငံ အတွင်းမှာသာမက ကမ္ဘာ့အလယ်မှာပါ ထင်ရှားကျော်ကြားခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းစစ်ကောင်စီ ကတော့ ယဥ်ကျေးတဲ့ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကန့်ကွက်မှုကို လျစ်လျုရှုပြီး၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးစုံနှင့် လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - လာမယ့်ရက်အနည်းငယ်အတွင်း စစ်အာဏာသိမ်းမှုကာလ (၁၂) လပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ဒီ (၁၂) လတာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကန့်ကွက်ကြတဲ့ လူငယ်တွေနှင့် ပြည်သူတွေကို သာလွန်အင်အားတွေနဲ့ အကြမ်းဖက်နှိမ်နင်းပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ငြိမ်ဝပ်ပိပြားသွားစေဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် လူငယ်တွေနှင့်ပြည်သူတွေရဲ့တရားမျှတမှုကို ချစ်မြတ်နိုး တဲ့စိတ်၊ လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လွတ်မြောက်လိုစိတ်တို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ပြင်းပြတဲ့စိတ်အားထက်သန်မှုတို့ကို ဘယ်လိုမှ နှိပ်ကွပ်ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ယခုအခါ စစ်ကောင်စီအနေနဲ့ မျက်ဝါးထင်ထင် သိမြင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။   စစ်ကောင်စီအနေနဲ့ ယခုအချိန်အထိ လူငယ်တွေနဲ့ ပြည်သူတွေရဲ့ လိုလားမှုကို မသိကျိုးကျွံပြုလျစ်လျုရှုနေဆဲ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့လက်ထဲမှာရှိနေတဲ့ အချုပ်အခြာအာဏာကို မဆီမဆိုင်လုယူထားပြီး၊ သူတို့ကပဲ နိုင်ငံနှင့်ပြည်သူတွေရဲ့ကောင်းကျိုးအတွက် စေတနာစိတ်နှင့် အလုပ်လုပ်နေသလိုလို အသံကောင်း ဟစ်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ သူတို့ကို လက်မခံ၊ အသိအမှတ်မပြုနေတော့ တာကို သိပင်သိငြားသော်လည်း၊ ပုလင်းတူဗူးဆို့နိုင်ငံအချို့ရဲ့ အကူအညီနှင့် ပြည်သူတွေကို ရက်စက်စွာပြုမူဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာဟာ သူတို့ကိုယ်သူတို့သာမက၊ နိုင်ငံနှင့်ပြည်သူ တွေကိုပါ အဆိုးဆုံးအခြေအနေသို့တွန်းပို့နေတယ်ဆိုတာ အတိအလင်းပြောကြားလိုပါတယ်။စစ်ကောင်စီအနေနဲ့ ပြည်နယ်၊ ပြည်မနေရာဒေသအသီးသီးမှာ သာလွန်အင်အားတွေနဲ့ ပြည်သူတွေကိုထိုးစစ် ဆင်တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် မတရားဖမ်းဆီးအကျဥ်းချထားတဲ့ ပြည်သူတစ်သောင်းကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးဖို့လိုပါတယ်။ မိမိတို့နှင့်အလျဥ်းသက်ဆိုင်ခြင်း မရှိတဲ့ နိုင်ငံတော်အာဏာကို ချက်ချင်းစွန့်လွှတ်ပြီး အချုပ် အခြာအာဏာရဲ့မူလပိုင်ရှင်တွေဖြစ်တဲ့ပြည်သူထံ အမြန်ဆုံး ပြန်လည် လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖြိုချမှုကို ဆက်လက်ရင်ဆိုင်နေရမှာဖြစ်ကြောင်း သတိပေးလိုပါတယ်။လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ လူတစ်ဖွဲ့၊ လူတစ်စုရဲ့ အကျိုးစီးပွားကိုရယူ ဖို့ဆင်နွဲနေတဲ့တော်လှန်ရေး မဟုတ်ပါဘူး။ လူတစ်စု၊ လူတစ်ဖွဲ့က စေခိုင်းကြီးကြပ်တဲ့တော်လှန်ရေးလည်း မဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံးရဲ့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင် ဦးဆောင် ပါဝင်တဲ့တော်လှန်ရေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ “ဓမ္မ” ကို ချစ်မြတ်နိုးပြီး “အဓမ္မ” ကိုငြင်းပယ်တဲ့ ပြည်သူတွေရဲ့ ရင်ထဲ အသည်းထဲကနေ ထွက်ပေါ်လာတဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု ပြည်သူတွေဆင်နွဲနေတဲ့တော်လှန်ရေးဟာ မုချမသွေအောင်မြင်မှာဖြစ်ပါတယ်။လူ့ကျင့်ဝတ်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရတာဖြစ်လို့ ခက်ခဲကြမ်း တမ်းမှုများ၊ ကြေမွထိခိုက်ရမှုများ၊ စိတ်မသာညီးတွားရမှုများ မလွဲမသွေရှိနေမှာပဲဖြစ်ပါတယ်။ သို့သော်လည်း စနစ်ဆိုးကို ခြေမွပြီး၊ စနစ်သစ်တစ်ခုကို တည်ဆောက်ကြရတာဖြစ်လို့ နာကျင်ရပေမယ့် ပန်းတိုင်ရောက်တဲ့ တစ်နေ့ မိမိတို့အားလုံး “သားဖွားတဲ့မိခင်ရဲ့ ပီတိ” လိုမျိုး ဂုဏ်ယူကျေနပ်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပဲ၊ ခက်ခဲကြမ်းတမ်းစွာ ခုခံတော်လှန်မှုပြုနေကြတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစုများအနေ ဖြင့် “အဆိုးအားဖြင့် အရှုံးဘက်ကို မယိမ်းယိုင်သွားစေဘဲ၊ အကောင်းအားဖြင့် အဆိုးအညစ်များကို အနိုင်ယူဖို့” မိမိအနေနဲ့ ကြုံကြိုက်တုန်း တိုက်တွန်းနိုးဆော်လိုပါတယ်။တစ်ဆက်တည်းမှာပဲ နွေဦးတော်လှန်ရေးကာလ ယနေ့အထိ မဆုတ်မနစ်သော စိတ်ပိုင်းဖြတ်ကြံ့ခိုင်မှုများဖြင့် အကြံကောင်းဉာဏ်ကောင်းများသာမက၊ ငွေကြေးမှအစ အဘက်ဘက်မှ မနားမနေ ပံ့ပိုးကူညီတာဝန်ယူပေး ကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာပြည်သူပြည်သားများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလို ပါတယ်။ (၁၂) တာကာလအတွင်း ပြည်သူတွေရရှိတဲ့အောင်မြင်မှုများဟာ နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူ ပြည်သားများနှင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေကိုချစ်ခင်တန်ဖိုးထားကြတဲ့ မိတ်ဆွေများရဲ့ကရုပြုမှုနှင့် အတူတကွရပ်တည်ပေးမှုများကြောင့်လည်း ဖြစ်ပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံရဲ့အတိတ်နိုင်ငံရေးသမိုင်းအတွေ့ အကြုံနှင့်သင်ခန်းစာများအပေါ်အခြေခံပြီး၊ တိုင်းရင်းသားလူမျိုးများအားလုံးမြော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ထောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုတည်ထောင်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုး များအနေနဲ့ မိမိတို့ရဲ့ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တဲ့ပုံစံနှင့်သဏ္ဍာန်ထဲကနေ ကိုယ်ပိုင်ပြဌာန်းနိုင်ခြင်း အပြည့် အဝရှိပြီး၊ လူမျိုးတစ်ခုခု၊ အစုအဖွဲ့တစ်ခုခုရဲ့ ထိန်းချုပ်မှုကင်းလွတ်ခြင်းရှိတဲ့ လွတ်လပ်မှု၊ တန်းတူမျှတမှု၊ ကြီးနိုင် ငယ်ညှင်းကင်းရှင်းမှုတို့နှင့်ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ဖို့ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ “ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်”ရေးဆွဲခြင်းလုပ်ငန်းစဉ်အပါအဝင် ပြည်သူ့ဘက်တော်သားတော်လှန်ရေးအင်အားစုတွေ ကြားမှာ အလွန်အရေးကြီးတဲ့နိုင်ငံရေးအရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေရှိနေပါတယ်။ ယခုပြုလုပ်မယ့် ပြည်သူ့ညီလာခံမှာ ပြန်လည်ညှိနှိုင်းပြုပြင်ထားတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်” အတည်ပြုခြင်းအပါအဝင် နွေဦးတော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက် အချက်အခြာကျတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ကြပါလိမ့်မယ်။ တစ်ဖက်မှာလည်း စစ်အာဏာသိမ်းထားတဲ့ ရက်တစ်ရက်တိုးလေလေ၊ ပြည်သူတွေခံရတဲ့ ဒုက္ခဆင်းရဲကြပ် တည်းမှုတွေကလည်း တစ်ရက်ပိုလေလေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအမြန်ဆုံးလွတ်မြောက်လုံခြုံဖို့ အတွက် စစ်အာဏာသိမ်းမှုကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့ “ပြည်သူ့ဒုက္ခ အမြန်ဆုံးလွန်မြောက်နိုင်ရေး” ကိုမျက်ခြေ မပြတ် ရှေးရှူဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - ယနေ့မှစတင်ပြီး ကျင်းပပြုလုပ်သွားမယ့် “ပြည်သူ့ညီလာခံကြီး” ရည်မှန်းချက်အတိုင်း အောင်မြင်စွာကျင်းပနိုင် ပါစေ။ ပါဝင်တက်ရောက်ကြသူကိုယ်စားလှယ်များ၊ စိတ်အားထက်သန်မှုများစွာဖြင့် လေ့လာသူများ၊ ညီလာခံ ကျင်းပရေးတာဝန်ရှိသူများ၊ အလုပ်အဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံစွာ ရှိကြပါစေ။ မြန်မာနိုင်ငံသူနိုင်ငံ သားအပေါင်း ဘေးလွတ်လုံခြုံ၍ တရားမျှတမှုနှင့် လွတ်လပ်ခြင်းများ အမြန်ဆုံးရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း လေးစားစွာ နိဂုံးချုပ်အပ်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်

ယနေ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်သော ပြည်သူ့ညီလာခံ ဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သော အမှာစကား

ယနေ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်သော ပြည်သူ့ညီလာခံ ဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သော အမှာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံး[email protected]     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ၏ ပြည်သူ့ညီလာခံ ဖွင့်ပွဲအမှာစကား ချစ်ခင်လေးစားရပါသော ပြည်သူ့ညီလာခံကိုယ်စားလှယ်များ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ လေ့လာသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သံတမန်များကို ရှေးဦးစွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ၊ လိုအင်ဆန္ဒ အဝဝ ပြည့်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။  ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်ပြီး သမိုင်းမှာလည်း မော်ကွန်းဝင်ကျန်ရစ်မယ့် အစည်းအဝေး ကြီးဖြစ်တဲ့အတွက် အခုလို မိန့်ခွန်းပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပြည်သူ့ ညီလာခံကြီးဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်းယူဖို့ ကြိုးစားတဲ့ တစ်နှစ် ပြည့်လုဆဲဆဲ ကာလနဲ့ သွားရောက် တိုက်ဆိုင်နေတာလဲ ဖြစ်ပါတယ်။ စစ်အုပ်စုက ဘယ်လောက်ပဲ တိုင်းပြည်ကို အကြမ်းဖက် အာဏာရယူဖို့ ကြိုးစားပေမဲ့ ပြည်သူလူထုက လက်မခံပဲ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တွန်းလှန် နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုအဖြစ် ဒီပြည်သူ့ညီလာခံကြီးကို ကျင်းပနိုင်တဲ့အတွက် နိုင်ငံရေးအနှစ်သာရ အားဖြင့် အလွန် အရေးကြီးလှပါတယ်။  ပြည်ထောင်စုကြီးရဲ့ အဓိကအရင်းခံ ရေသောက်မြစ် ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင် မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးလှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကြီးကို ဒီညီလာခံမှာ အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးအစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ အတည်ပြုပြဌာန်းမယ့် ပဋိဉာဉ် ကြီးက နွေဦးတော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှုးတန်ဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။    ဒီပဋိဉာဉ်ကြီးမှာ ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို လူထုဆန္ဒနဲ့အညီ အတည်ပြုပြဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)ကို လိုက်နာကျင့်သုံးနိုင်မှသာ ကျွန်တော်တို့မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင် စုကြီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင်ဖို့ ပဋိညာဉ်မှာ ပါဝင်တဲ့ အစုအဖွဲ့များ ဖြစ်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့အစည်း များ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်နဲ့ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများရဲ့  စုပေါင်းညီညွတ်မှု၊ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဟန်ချက် ညီညီ ကြိုးပမ်းအားထုတ်မှုက အလွန်အရေးကြီးလှပါတယ်။ အဲဒီလို အားထုတ်ကြဖို့ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ/ ကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြတဲ့အတွက်လည်း များစွာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။  အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီပဋိဉာဉ်နဲ့အညီ ရေးဆွဲထားတဲ့ မဟာဗျူဟာ တွေကိုလည်း အကောင်းဆုံး လေ့လာသုံးသပ်ပြီး အတည်ပြုပေးနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းတွေကိုလည်း တင်ပြအတည်ပြုချက် ရယူနိုင် မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်မှု၊ မူဝါဒဆိုင်ရာ ထိန်းကျောင်းမှုတွေကို ခံယူပြီး ဒီမဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို အားလုံးနဲ့ လက်တွဲပြီး အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ အစိုးရဖွဲ့စည်းပြီးကတည်းက အခုအချိန်ထိ ပဋိဉာဉ်မှာ ပါတဲ့ ပြဌာန်းချက် များနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ညီလာခံမှာ အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။   ဒီလိုညီလာခံကြီးကျင်းပနိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းခဲ့ကြသူတွေ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်တွေ၊ နည်းပညာပံ့ပိုးကူညီကြသူတွေကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဖေါ်ပြလိုပါတယ်။ ဒီညီလာခံကြီးကနေ အစပြုပြီး ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်ကြီးနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ သန္နိဌာန်ပြုရင်း၊ ဒီညီလာခံကြီး အောင်မြင်စေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။    အားလုံး စစ်ဘေးဒဏ်၊ သဘာဝဒဏ်များမှ ကင်းလွတ်ပြီး၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုများ ခံစား ရရှိပါစေ၊ ငြိမ်းချမ်းသာယာဝပြောတဲ့၊ တရားမျှတတဲ့ နိုင်ငံရေးစနစ်တခုကိုလည်း ခံစားရရှိပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံ မုချအောင်ရမည်။(ယာယီသမ္မတ)အမျိုးသားညီညွတ်ရေးအစိုးရပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ  ဒူဝါလရှီးလက ပြောကြားသော  ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသော ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း

Respected citizens and people of Myanmar,   I am greatly honored to deliver a speech to you all, the citizens, ethnic nationalities, and the people, on this occasion of the 74th anniversary of Independence Day of the Union of Myanmar.   Although it has been 70 years since we were free from colonial rule, it is sad that we are still under the slavery of military dictatorships and harshly suffering their violence and suppression.   Although the state could retain its sovereignty, the freedom of the people, the owner of that sovereignty, has been lost under consecutive coups and we are still struggling for it.   The visions and values of the architects of Independence have truly been reflected in the Independence declaration.   Article 5 of the declaration clearly states, "The New Republic of Burma is also established upon the principle of Burmese unity, not by blood, tribe, or faith, but by a unity that speaks with one voice, representing many."   However, the Myanmar military has outrightly violated the principles and values of the Independence Declaration, and they hold the country as their hostage as if it is their own and are taking advantage of it; thereby, enslaving the country. As long as the owners of the sovereignty of the country lose their rights, we cannot say the country has achieved its independence. In the last 60 years, the military has staged a coup four times and has revealed their true colors of fascism. The attempted coup on February 1, 2021, was the ugliest incident in history. All Myanmar people and the international community have seen that the military is using several inhumane ways to repress, torture, kill and commit crimes against the people. This terrorist military no longer deserves to be called the Army as they degraded themselves into the enemy of the people and terrorists. For now, the people have only one choice. That is to launch a defensive war, a war that all people can take part in different ways, against the military to completely remove the military dictatorship. We can call it a struggle for the second independence. On last new year's days, I saw a piece of news in which the terrorist military leader said, "This year, we are going start a new step of the peace process and we invite all stakeholders to dialogue for peace." An attempted coup has trampled hopes of peace. They have destroyed peace and the future of the country. The reason they are releasing such news while they are facing defeats in all areas - in politics, military, and defeats - is no other reason except than to find their political exit, to dither, to deceive the international community, and to confuse the resistance forces. They are also deceiving people by saying that they are going to host an election in 2023. The election held by the military group will not reflect the will of the people, but it also will not be a free and fair election. Trusting this deceitful military will result in dithering the people's revolution processes. In fact, the war criminals who are stained with the people's blood should not be sent to political dialogues. They should be sent to domestic and international criminal courts. The National Unity Government will always welcome the military personnel who detests the military's atrocities, who believe that their responsibility is to protect the country, not to be involved in politics, even though you may still be under the terrorist leadership at the moment. In the National Unity Consultative Council, a platform where all the political forces who want genuine federal and democracy gather together, we have confirmed the Federal Democratic Charter that includes a political road map for the future of the Union of Myanmar. The National Unity Government will follow this charter and continually move forward and implement it as in the road map. The most important thing at the moment is, based on the objectives of ending the military dictatorship and building a federal democratic union, all political forces including the EAOs, should build unity and get involved in people's revolution. The revolution that has sacrificed many lives in the last 11 months will see a new change in 2022 and, have no doubt, we will achieve the people'svictory. As in the Declaration of the Independence which states, "The Burmese people, have here made a solemn declaration of Burmese Independence and of the principles upon which the New Republic of Burma is founded and will be governed", I would like to urge you to let us tenaciously work together until we free ourselves from military slavery and bring back freedom, equality, and justice for the people who are the original owner of the sovereignty.   Our cause shall triumph!January 4, 2022

၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း

၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း(မြန်မာဘာသာပြန်)၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်ဂုဏ်သရေရှိနိုင်ငံခေါင်းဆောင်များခင်ဗျာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ၂၀၂၁ ခုနှစ် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူများအားလုံးကို ရွှင်လန်းချမ်းမြေ့ ပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းအုပ်စုကြောင့် ဖြစ်ပါ်လာသည့် အကျပ်အတည်းများကို ဖြေရှင်းရန် ဆက်လက် ကြိုးစားအားထုတ်မှုများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် ကျေးဇူးတင်ရှိကြောင်း NUG အနေဖြင့် ပြောကြားလိုပါသည်။ ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများက ဒေသတွင်း လုံခြုံရေးအပေါ် သာမက အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူလူထုအပေါ် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေပါသည်။ ထိပ်သီးအစည်းအဝေးတွင် NUG ၏ ယာယီသမ္မတအဖြစ် ထမ်းဆောင်နေသူ ကျွန်တော် လူကိုယ်တိုင် တက်ရောက်ကာ မိန့်ခွန်း မပြောကြားနိုင်သည့်အတွက် ကျွန်ုပ်တို့ NUG အစိုးရအနေဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းအုပ်စု ကိုယ်စားလှယ်များကို ငြင်းပယ်ရန် ဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်။ သို့သော်လည်း ဤဆုံးဖြတ်ချက်၏ နောက်တွင် ကျွန်ုပ်တို့ NUG အစိုးရကို တက်ရောက်ရန် ဖိတ်ခေါ်သင့် ပါသည်။ “နိုင်ငံရေးအရ ကိုယ်စားမပြုသူ” တစ်ဦးကို ဖိတ်ကြားရန်ဆိုသော ကြားကာလလုပ်ဆောင်ချက်ကို ပြောရလျှင် မြန်မာနိုင်ငံ တစ်ဦးတည်းသာလျှင် မိမိကိုယ်စားလှယ်များကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်ပြီး တရားဝင်ခိုင်မာသော အစိုးရဖြစ်သည့် NUG ကသာလျှင် ဤဆုံးဖြတ်ချက်ကို ချမှတ်ရမည် ဆိုသည့် အချက်ကို NUG က ဆက်လက် ခိုင်မာစွာ ခံယူထားပါသည်။ လွန်ခဲ့သော တစ်နှစ်မပြည့်ခင်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော် ကိုယ်စားလှယ်များနှင့် NUG ကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုကို ရရှိထားပါသည်။ ကျွန်ုပ်တို့၏ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွင် လုပ်ပိုင်ခွင့်အာဏာ ဆက်လက်ရှိနေကြောင်းကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၊ အထွေထွေညီလာခံနှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့က အတည်ပြုထားကြပါသည်။ ထို့အပြင် ကုလသမဂ္ဂအစည်းအဝေးများတွင်  NUG ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်မှ ဆက်လက်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ဒေသတွင်း တည်ငြိမ်မှုပြန်လည်ရရှိရေးအတွက် ကျွန်ုပ်တို့ NUG က အာဆီယံနှင့် မိတ်ဖက်ဖွဲ့လုပ်ဆောင်ရန် အသင့်ရှိပါသည်။ အထူးသံတမန် အာရီဝမ် ယူဆော့ဖ်၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပြီး ၎င်းကြိုးစားမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။ ကျွန်ုပ်တို့သည် သူနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ပူး‌ပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ တူညီဆန္ဒငါးရပ်နှင့်အညီ အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ သေချာစွာ ပေးအပ်နိုင်ရေးအတွက် အာဆီယံနှင့် အလုပ်လုပ်သွားရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချထားပါသည်။ NUG က ထိုကတိကဝတ်များကို အဆွေတော်တို့ထံ ကမ်းလှမ်းနေချိန်တွင် စစ်အာဏာသိမ်းအုပ်စု အနေဖြင့် အာဆီယံကို အားနည်းအောင် လုပ်နိုင်သမျှ အမျိုးမျိုးလုပ်ဆောင်နေပါသည်။ သူတို့ ပေးထားသော ကတိကဝတ်များကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး အထူးသံတမန်၏ ကြိုးပမ်း အားထုတ်မှုများကိုလည်း ထိခိုက်ပျက်စီးစေခဲ့ပါသည်။ စစ်ကောင်စီသည် ဒေသတစ်ခုလုံးကို ခြိမ်းခြောက် နေသည့် အသက်အန္တရာယ်ကို ထိပါးစေလိုသော ရည်ရွယ်ချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကိုလည်း လက်နက် သဖွယ် အသုံးချနေပါသည်။ ယနေ့ အဆွေတော်များကို ယခုကဲ့သို့ မိန့်ခွန်းပြောနေချိန်တွင် စစ်အာဏာသိမ်းအုပ်စုက လူပေါင်းများစွာ ကို ရက်စက်စွာ သတ်ဖြတ်နေမှုကို တိုးမြှင့်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် တပ်ဖွဲ့များကို စုစည်းနေ ပါသည်။ ၎င်းတို့ စစ်ရှုံးနေသောကြောင့် စိတ်ပျက်နေသည့် စစ်တပ်သည် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုစသည့် သူတို့ အကျွမ်းကျင်ဆုံး နည်းလမ်းများကို တစ်ကျော့ပြန် အသုံးပြုလျက် ရှိပါသည်။ အတိတ်၌ ဖြစ်ပျက်ခဲ့သည့် လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူပေါင်းများစွာ ပျောက်ဆုံးမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုများ ခေတ်သစ်မြန်မာပြည်တွင် တစ်ကြိမ်မှ မကြုံဖူးခဲ့သည့် အတိုင်းအတာဖြင့် များပြားစွာ ဖြစ်ပေါ်လာမည့် အလားအလာကို အာဆီယံကလည်း မျက်မြင်သက်သေအဖြစ် မြင်တွေ့ သက်သေခံရပါတော့မည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ အလျှော့ မပေးဘဲ ပြတ်ပြတ်သားသား တုန့်ပြန်မှသာလျှင် ၎င်းတို့ကို တားဆီးနိုင်မည်ဖြစ်သည်။နိုင်ငံ့ခေါင်းဆောင်များခင်ဗျာNUG သည် အမျိုးသားညီညွတ်ရေးအစိုးရဟူသည့် နာမည်နှင့်အညီ ဆက်လက် တာဝန်ထမ်းဆောင် သွားမည် ဖြစ်ပြီး နိုင်ငံတော်ကို စည်းလုံးညီညွတ်ခြင်းအားဖြင့် အုပ်ချုပ်ပါမည်။ အားလုံးပါဝင်မှုရှိသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့်အတူ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အခြေခံပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခု တည်ဆောက်ရေး၊ တူညီသော မျှော်မှန်းချက်ကို ဆောင်ရွက်ရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချမှတ်ထားပါသည်။ ထိုအခြေခံအုတ်မြစ်ပေါ်တွင် NUG က ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက်  ကြားကာလ၊ အသွင်ကူးပြောင်းကာလနှင့် နောက်ဆုံး ဖက်ဒရယ်ဒီမိုကရေစီ အပြည့်အဝ ရရှိအောင်မြင်ပြီးကာလ ဟူ၍ အဆင့်သုံးဆင့်ဖြင့် လမ်းပြမြေပုံကို ရေးဆွဲထားပါသည်။ကျွန်ုပ်တို့သည် လက်ရှိအချိန်တွင် ကြားကာလအတွင်း၌ ရောက်ရှိနေပြီး ဒီမိုကရက်တစ် အရပ်သား အစိုးရ ပြန်လည်ထူထောင်နိုင်သည့်အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။ ထိုသို့ဆိုရာတွင်စစ်ဗိုလ်ချုပ်များ စစ်ဝတ်စုံကို အရပ်သားဝတ်စုံအဖြစ် ပြောင်းဝတ်ပြခြင်းကို မဆိုလိုပါ။ NUG ၏ အုပ်ချုပ်မှုကိုသာ ရည်ညွှန်းခြင်းဖြစ်ပါသည်။ စစ်အာဏာသိမ်းမှု မအောင်မြင်ခဲ့သည့် (၉) လအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်းကာ ကိုယ်စားပြုမှုရှိသော ဒီမိုကရက်တစ် အစိုးရတစ်ရပ်ကို ခန့်အပ်ခဲ့ပါသည်။ အတိတ်က အရှက်ရဖွယ် ကျရှုံးမှုများ - အထူးသဖြင့် ရိုဟင်ဂျာလူမျိုးများနှင့် အခြား လူနည်းစုများအပေါ် ရက်စက်ယုတ်မာမှုများကို ဖြေရှင်းရန် စုပေါင်းအင်အားဖြင့် ကျွန်ုပ်တို့ကြိုးပမ်းလျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် တာဝန်ခံမှုရရှိရေးအတွက် တက်ကြွစွာ ဖော်ဆောင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ စုံစမ်းစစ်ဆေးမှုများကို အားကောင်းလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ စစ်ဆေးသုံးသပ်မှုများကို ပံ့ပိုးကူညီရန် ကတိကဝတ်ပြုထားပါသည်။  နိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံရေးများ တည်ထောင်ထားပါသည်။ ထို့အပြင် စစ်အာဏာသိမ်းအုပ်စု၏ ရက်စက်ယုတ်မာမှုများ ကို ပြည်သူများက ဆန့်ကျင်ပြီး ခုခံကာကွယ်ကြရန် နှိုးဆော်နေချိန်တွင် ခုခံကာကွယ်ရေး လုပ်ဆောင် ချက်များအားလုံးသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ခိုင်ခိုင်မာမာ တိကျရှင်းလင်းစွာ တောင်းဆိုထားပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့် ကျွန်ုပ်တို့အစိုးရ၏ ခြားနားချက်လည်း ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင်များခင်ဗျာအဆွေတော်တို့အတွက် NUG ဟုဆိုရာတွင် မြန်မာပြည်သူလူထုအတွက် သန္နိဋ္ဌာန်ချထားသော၊ အာဆီယံ မိတ်ဖက်များနှင့် အတူ လက်တွဲ လုပ်ဆောင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်ုပ်တို့၏ ဒေသအတွင်း တည်ငြိမ်ရေး၊ ပိုမို တိုးတက်ကောင်းမွန်ရေးနှင့် သာယာဝပြောရေးအတွက် ကတိကဝတ်ပြုထားသော မိတ်ဖက်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ကို တိုးတက်အောင်လုပ်ပြီး စီးပွားရေးကို ပြန်လည် တည်ဆောက်ကာ လုံခြုံရေးဝန်ဆောင်မှုများကို ပြန်လည်ဖွဲ့စည်းတည်ထောင်ပြီး အရပ်ဘက် ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ခေါ်ဆောင်သွားမည်ဖြစ်ကာ ထိုကြိုးစား အားထုတ်မှုများ အားလုံး၏ အနှစ်သာရအနေဖြင့် အားလုံးပါဝင်မှု၊ လက်ခံမှု ၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ကို ထားရှိမည်ဖြစ်ပါသည်။ စစ်အာဏာသိမ်းအုပ်စုအနေဖြင့်မူ အဆွေတော်များထံသို့ နယ်စပ်များနှင့် ပင်လယ်များကို ဖြတ်ကျော်ယိုဖိတ် လာမည့် စစ်မက်ရန်ပွဲနှင့် ကပ်ရောဂါဆိုးများကို ဆက်လက် သယ်ဆောင်လာမည် ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်လျော့ပါးစေမည် ဖြစ်ပါသည်။ သူတို့သည် အနှစ်သာရမဲ့သည့် အတုအယောင် ကတိကဝတ်များပေးပြီး ကျွန်ုပ်တို့၏ ဒေသအတွင်းသို့ အရှက်တရားနှင့် စစ်မက်ရန်ပွဲကိုသာ ဆက်လက် ယူဆောင်လာမည်ဖြစ်ပါသည်။  ထို့ကြောင့် NUG က မိမိတို့၏ အာဆီယံ မိတ်ဖက်များအား အောက်ပါအချက်များကို တောင်းဆိုလို ပါသည် -  ၁။ ကျွန်ုပ်တို့အား မြန်မာပြည်သူများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုပေးရန်။၂။ အရေအတွက်တိုးလာသော အကူအညီ အလွန်အမင်းလိုအပ်နေသည့် ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး နှင့် ဆေးဝါးအကူအညီပေးနိုင်ရေးအတွက် ကျွန်ုပ်တို့နှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်ပေးရန်။၃။ စစ်အာဏာသိမ်း အုပ်စုကို ၎င်းတို့၏လက်နက်များ၊ ငွေကြေးများနှင့် ပြစ်ဒဏ်မဲ့ ကင်းလွတ်နေမှု များကို ခမ်းခြောက်သွားအောင် အကူအညီပေးရန်။ မြန်မာပြည်သူလူထု အပေါ် ကျူးလွန်သည့် ထိခိုက် ပျက်စီးမှုများသည် အာဆီယံ ပြည်သူအားလုံးအပေါ် သက်ရောက်သည့် ဒုက္ခဖြစ်ပါသည်။ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လိုက်နာရမည့် တာဝန်များနှင့် နိုင်ငံများ၏ ဘုံအကျိုးစီးပွားဖြစ်သည် တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် NUG အနေဖြင့် အပြည့်အဝရပ်တည်သည်။ ယခုကျင်းပ ပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးသည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းသစ်၏ တာထွက်ဖြစ်လာစေရန်လည်းမျှော်လင့်ပါသည်။ ကဏ္ဍပေါင်းစုံမှ စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာသည့် ကျွန်ုပ်တို့ပြည်သူများနှင့်ဒေသ၏ ပဋိပက္ခများကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။ (ဒူဝါလရှီးလ)ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုမြန်မာနိုင်ငံတော်

ကပ်ရောဂါ၊ အာဏာသိမ်းမှုတို့နှင့် ယှဥ်တွဲနေထိုင်ခြင်း

ကပ်ရောဂါ၊ အာဏာသိမ်းမှုတို့နှင့် ယှဥ်တွဲနေထိုင်ခြင်း

မြန်မာနိုင်ငံအရေးဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲ- ၂၀၂၁ ဩစတေးလျအမျိုးသားတက္ကသိုလ် ကပ်ရောဂါ၊ အာဏာသိမ်းမှုတို့နှင့် ယှဥ်တွဲနေထိုင်ခြင်း ဒေါက်တာလျန်းမှုန်းဆာခေါင်းပြောကြားသည့် မိန့်ခွန်း (၁၆-၇-၂၀၂၁) ပထမဦးဆုံးအနေနဲ့ ယခုလိုအရေးပါလှတဲ့ ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ဒီဆွေးနွေးပွဲဟာ ဩစတေးလျနိုင်ငံရောက် မြန်မာ့အရေးစိတ်ပါဝင်စားသူများက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိတဲ့သတင်းနဲ့ ပြည်တွင်းအခြေအနေများကိုဆွေးနွေးရာမှာ အရေးပါလှတဲ့ ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်းနဲ့ ဒီဆွေးနွေးပွဲကို ဩစတေးလျအမျိုးသားတက္ကသိုလ် (ANU) က နိုင်ငံတွင်း သုတေသီများအား အထောက်အကူပြုစေရန် စီစဉ်ပြီး သုတေသီများကို နိုင်ငံတကာ အသိုင်းအဝိုင်းများထံသို့ ၎င်းတို့ရဲ့ သုတေသနတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးမျှဝေ နိုင်တဲ့ ဖိုရမ်တခုဖြစ်ကြောင်းကိုလည်း သိရှိထားပါတယ်။ ယနေ့ ဒီဖိုရမ်ကို တက်ရောက်လာသူ များအနေနဲ့ ယခင်ကလိုမဟုတ်ဘဲ မြန်မာပြည်တွင်းအခြေအနေ/ပြဿနာများကို လွတ်လွတ် လပ်လပ် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြတဲ့ပုံစံမျိုးနဲ့ အနည်းငယ်ပြောင်းလဲပြီး ပြုလုပ်သွားနိုင် မယ်လို့ ယုံကြည်ပါတယ်။ အားလုံးသိရှိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁-၂-၂၀၂၁ ရက်နေ့ စစ်တပ်အာဏာသိမ်းတဲ့ နေ့ကစလို့ ဖိနှိပ်အကြမ်းဖက်မှုပြုများဖြင့် အကြမ်းဖက်ဆောင်ရွက်နေတဲ့စစ်တပ်နဲ့ ပြည်သူလူထု အကြား ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သလင်းသဖွယ်ပြန်လည်ဖြစ်ခဲ့ရပါတယ်။ ဒီလို စစ်တပ် အာဏာသိမ်းယူခဲ့မှုဟာ တိုင်းပြည်ရဲ့ တိုးတက်ဖြစ်ပေါ်ကာစ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးလိုက်ရုံမျှမက ဒေသတွင်းမတည်ငြိမ်မှု၊ လူသားမျိုးနွယ် လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် လူ့အခွင့်အ‌ရေးကာကွယ်မှုစတဲ့ နယ်ပယ် တွေမှာ ဆိုးရွားတဲ့ ဒေသတွင်းရိုက်ခတ်မှုများစွာကိုပါ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး သိကြတဲ့အတိုင်း မင်းအောင်လှိုင်ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေဆဲအချိန်မှာ ဒီလို အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တဲ့အတွက် တိုင်းပြည်မှာ စိန်ခေါ်မှုကြီးတရပ်ဖြစ်စေခဲ့ပြီး အာဏာ သိမ်းမှုဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာများကို ဆတိုးပွားများစေခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်ပွားနေဆဲကာလ ဖြစ်သဖြင့် ကိုဗစ်ရောဂါနှင့် မင်းအောင်လှိုင် စတဲ့ စစ်ပွဲ ၂ ခုနဲ့ရင်ဆိုင်တိုက်ပွဲဝင်နေရပါတယ်။ ကပ်ရောဂါနဲ့ အာဏာသိမ်းမှု ၂ ခုလုံးဟာ တိုင်းပြည်အတွက် ဆိုးရွှားလှတဲ့ ဘေးအန္တရာယ်များဖြစ်ကြပြီး ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုကြောင့် တစ်ရက်လျှင် အနည်းဆုံး လူပေါင်း ၅,၀၀၀ ခန့် ရောဂါကူးစက်ခံနေရပြီး တစ်နေ့တာအတွင်း ကပ်ရောဂါကြောင့် လူသေဆုံးမှုမှာလည်း အနည်းဆုံး ၁၀၀ ခန့်ရှိပါတယ်။ ဒီညွှန်းကိန်းတွေဟာ စစ်ကောင်စီက ဖော်ပြတဲ့ ပမာဏသာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ခန့်မှန်းချက်များအရ တစ်ရက်လျှင်ကူးစက်မှုနှုန်း ၂၀,၀၀၀ ခန့်နဲ့ သေဆုံးသူ ၄၀၀ ခန့် ရှိနိုင် ပါတယ်။ လက်ရှိအချိန်တွင် မင်းအောင်လှိုင်သည် လူပေါင်း ၉၁၁ ကျော်အား သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၆,၆၉၄ ခန့်အား အကျဉ်းချထားကာ လူပေါင်း ၁,၉၆၃ ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ အကြမ်းဖက်မှု တိုးမြှင့်လာသည်နှင့်အမျှ လူ‌ထောင်ပေါင်းများစွာတို့သည်လည်း ၎င်းတို့၏ အသက်‌ရှင်သန်လွတ်မြောက်ရေးအတွက် ၎င်းတို့၏နေရပ်များကိုစွန့်ခွာ၍ တောတောင်ထဲရှိ စခန်းများတွင် ပြောင်းရွှေ့နေထိုင်ရပါတယ်။ စစ်အာဏာမသိမ်းမီကတည်းက မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ပြည်သူမှာ သန်းဝက်ခန့်ရှိပြီး စစ်အာဏာပြီးနောက် လူပေါင်း ၂ သိန်းနီးပါး ထပ်မံ တိုးပွားလာခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် မြန်မာပြည်ရှိ လူပေါင်း ၆.၆ သန်းခန့်ဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထုတ်ဖော်ပြော ကြားချက်များရှိပါတယ်။ ဒါတွေသည်ပင်လျှင် ကျွန်တော်တို့လက်ရှိ မြန်မာပြည်တွင်းအခြေအနေ များကို ထင်ထင်ရှားရှား ဖော်ကျူးပြနေပါတယ်။ စစ်အာဏာရှင်များက ပြည်သူလူထုအပေါ်ကျူးလွန်လျက်ရှိတဲ့ မတရားမှုများကို စိန်ခေါ် ဖြေရှင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ကို ဖွဲ့စည်းခဲ့ပါတယ်။ CRPH သည် အကြမ်းမဖက်အာဏာရှင်ဖီဆန်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ကြသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ခံလွှတ်တော်အမတ်များ စသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်၍ အမျိုးသားညွီညွတ်ရေးအစိုးရ (National Unity Government-NUG) ကို ဖွဲ့စည်းခဲ့ပါတယ်။ CRPHနှင့် NUG တို့အပြင် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင် သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညီညွတ်စွာ ပါဝင်ဆွေးနွေးဆောင်ရွက်ကြတဲ့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council-NUCC) ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ အထူးသဖြင့် မြန်မာပြည်သူလူထုရဲ့ စစ်အာဏာသိမ်းမှု တစ်ပြိုင်တည်း စုပေါင်း တော်လှန်မှုနှင့် ၎င်းတို့၏ ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုချက်များကို တုံ့ပြန်ဆောင်ရွက် ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်သာလျှင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှုဟာ NUG အစိုးရအတွက် အဖိုးအထိုက်တန်ဆုံး ပိုင်ဆိုင်မှုပြယုဂ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ဟာ တရားဝင်အစိုးရ၊ တရားဝင်ကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံသူနိုင်ငံသားများက တိုင်းပြည်အား စီမံအုပ်ချုပ်ရန် ရွေးကောက် တင်မြှောက်ထားတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ မှန်ကန်စွာ ထုတ်ပြောနိုင်ပါတယ်။ ကျွန်တော် တို့ဟာ တရားဝင်အစိုးရဖြစ်သဖြင့် ပြည်တွင်းတော်လှန်မှုများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်ပ နိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်နိုင်တာပဲဖြစ်ပါတယ်။ ထို့အတွက်ကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ တရားဝင်အစိုးရဖြစ်မှုကို ကာကွယ်ရမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုအား ထိရောက်စွာ တော်လှန်ရေး၊ ဒီမိုကရေစီအင်အားစုအားလုံးပူပေါင်းဆောင်ရွက်နိုင်ရန် နိုင်ငံရေးပေါင်းစည်းရေး၊ နှင့် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရေးစသော ပေါင်းစည်းခိုင်မာတဲ့ လမ်းစဉ်အား အလေးထားထားရေးဆိုတဲ့ အချက်(၃)ချက်ကို လက်ကိုင်စွဲကာ ပြည်သူတွေ အတွက် မဆုစ်မနစ်သော ဇွဲလုံ့လနဲ့ ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိရောက်သော တော်လှန်မှုဖြစ်ပေါ်လာစေရန် ကျွန်တော်တို့ ပြည်တွင်းပြည်ပ ဖိအားများကို အသုံးပြုသွားမှာဖြစ်ပါတယ်။ တပ်မတော်အပေါ် ပြည်တွင်းဖိအားများ ရှိစေရေး အတွက် တပ်မတော်အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကိုဖော်ဆောင်နိုင်ပြီဟု ကြေညာနိုင်ခြင်းမရှိ စေရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမှုများနှင့် အကြမ်းမဖက်အာဏာဖီဆန်သည့် လှုပ်ရှား မှုများ (CDM) ကို ဆက်လက်ထိန်းသိမ်းကာ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သွားဖို့ လိုအပ် ပါတယ်။ ထိုသို့ပြုလုပ်ရာမှာ (က) အရပ်သား ပြည်သူများအပေါ် ထိခိုက်မှုများမဖြစ်စေဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက ဆောင်ရွက်သည့် စစ်ရေးဖိအား၊ (ခ) ပြည်သူလူထု၏ အသက်မွေးမှုလုပ်ငန်းများအပေါ် ထိခိုက်မှုမဖြစ်စေဘဲ တပ်မတော်၏ ယန္တရားကို ဆက်လက်ဟန့်တားခြင်းဖြင့် စီးပွားရေးကဏ္ဍ အပေါ် ဖိအားပေးရေးနှင့်၊ (ဂ) တပ်မတော်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး မင်းအောင်လှိုင်၏ ဦးဆောင်မှုအမှားအနောက်မှလိုက်နေရသော အခြားစစ်ခေါင်းဆောင်များအား သွေးဆောင်စည်းရုံးကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား ပြိုကွဲစေရေးနှင့် တပ်မတော်၏ လုပ်ငန်းများအား တားဆီးပိတ်ပင်ရေးနှင့် ဆန္ဒဆက်လက်ဖော်ထုတ်ရေး စသည်တို့အားဖြင့် နိုင်ငံရေးဖိအားများ စသည်တို့ပါဝင်မည် ဖြစ်ပါတယ်။ တပ်မတော်အပေါ် ပြည်ပဖိအားများသက်ရောက်ရေးအပိုင်းမှာ နိုင်ငံတကာနှင့် ဒေသတွင်းအစိုးရများအား ၎င်းတို့အနေဖြင့် စစ်အာဏာရှင်များအား ဖယ်ကျဉ်ပြီး အာဏာရှင် များ၏ အရင်းအမြစ်နှင့် ရန်ပုံငွေများကို ဖြတ်တောက်ကာ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေချိုးဖောက်မှုအတွက် အရေးယူမှုများပြုရန် စည်းရုံးတိုက်တွန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တားမြစ်ပိတ်ဆို့ကန့်သတ်သည့် နည်းလမ်းများအပါအဝင် ICC နှင့် ICJ တို့တွင် တရားစွဲဆိုသည့်နည်းလမ်းများနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြတောင်းဆိုခြင်းစသဖြင့် သံတမန်မဟာဗျူဟာနည်းလမ်းများ ကိုလည်း အသုံးပြုသွားပါမယ်။ ထိုရည်မှန်းချက်များအား ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက် ပေးကြဖို့ ပြည်ပရောက်မြန်မာများ၏ ကူညီပံ့ပိုးမှုများကိုလည်း ရယူသွားပါမယ်။ ထို့အပြင် ကျွန်တော်တို့သည် မိတ်ဆွေတို့နှင့် ကမ္ဘာ့တဝှမ်းရှိ ပြည်သူပြည်သားမိတ်ဆွေအပေါင်းရဲ့ ထောက်ခံအားပေးမှုကိုလည်း လိုအပ်ပါတယ်။ မင်းအောင်လှိုင်နဲ့ ၎င်း၏ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကျွန်တော်တို့ အများဆုံး လုပ်ဖို့လိုတာက ကျွန်တော်တို့အချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းမှာ နှစ်ပေါင်းရှည်ကြာစွာဖြစတည်ခဲ့တဲ့ ပြည်တွင်း ပဋိပက္ခနဲ့ စိတ်ဝမ်းကွဲပြားမှုတွေကိုအခြေခံပြီး ဒီမိုကရေစီအင်အားစုများ၏ ညီညွတ်မှုကို စနစ် တကျ ခိုင်ခိုင်မာမာ တည်ဆောက်မြှင့်တင်ဖို့လိုပါလိမ့်မယ်။ တပ်မတော်ဟာ နည်းလမ်းဟောင်း တခုဖြစ်တဲ့ သွေးခွဲအုပ်ချုပ်ခြင်း မူဝါဒကို တဖန်ပြန်လည်အသုံးပြုနေကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဗမာလူမျိုးအုပ်စုများအပါအဝင် တိုင်းရင်းသား ပါတီများကို ပြိုကွဲစေဖို့ ကြိုးပမ်းနေကြောင်း ကျွန်တော်တို့အားလုံး ကောင်းစွာ သိရှိထားကြ ပါတယ်။ ဒီလိုမဖြစ်စေဖို့ အားသွန်ခွန်စိုက်တောင့်ခံတွန်လှန်းရပါမယ်။ ဒါကြောင့်သာလျှင် ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးအကြံပေးကောင်စီ (NUCC) လို့ ခေါ်တဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါတယ်။ အခုချိန်မှာတော့ NUCC မှာ အကြမ်းမဖက်အာဏာရှင်ဖီဆန်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ကြသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံ လွှတ်တော်အမတ်များစသဖြင့် သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်များအားလုံးပါဝင် ဆောင်ရွက်နေ ကြပြီးဖြစ်ပါတယ်။ NUCC အနေဖြင့် ဒီမိုကရက်တစ်ညွှန်ပေါင်းအဖွဲ့အတွင်းရှိ အဖွဲ့ငယ် အသီးသီးကြား၌ ဆွေးနွေးမှုပြုလုပ်နိုင်ဖို့ လုံခြုံစိတ်ချရပြီး အပြုသ‌ဘောဆောင်တဲ့ ရပ်ဝန်းတစ်ရပ်ကိုလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် မြန်မာပြည်သူ ပြည်သားအားလုံးအတွက် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်း စဉ်အသစ်ကို တညီတညွှတ်တည်းစုပေါင်းပါဝင်သော အင်အားစုတစ်ရပ်အဖြစ် အသုံးချသင့်တယ် လို့ ကျွန်တော်ပြောကြားလိုပါတယ်။ ဒါ့ကြောင့် မတူညီသော တိုင်းရင်းသားလူမျိုးများ၊ ဘာသာရေးအုပ်စုများနှင့် လူနည်းစုလူမျိုးများစသဖြင့် မြန်မာပြည်သူပြည်သားအားလုံး၏ ထင်မြင်ချက်များကို ပေါင်းစပ်ထင်ဟပ်စေနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရန် အားထုတ်ကြဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးတွင် အားလုံးပါဝင်လုပ်ဆောင်ခြင်း၊ စုပေါင်းခေါင်းဆောင်မှုနှင့် ဒီမိုကရေစီနဲ့အညီ အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်းစတဲ့ စနစ်များနှင့် ကိုက်ညီမှုရှိစေရန် ကျွန်တော်တို့ရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ဟာ အားလုံးပါဝင်မှု၊ ပြုပြင် ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုစတဲ့ အင်္ဂါရပ်များနှင့်ပြည့်စုံသွားမှာဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ နိုင်ငံရေးအနာဂါတ်ကို အခိုင်အမာ အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားကြပါတယ်။ နောက်ဆုံးအနေဖြင့် ကျွန်တော် အထူးပြောလိုတာက အမျိုးသားညီညွတ်ရေးအစိုးရ သည် ပြည်သူများက ရွေးချယ်ထားပြီး ပြည်သူလူထု၏ (သို့) ပြည်သူ့အကျိုးထမ်းဆောင်တဲ့ အစိုးရတစ်ရပ်ဖြစ်သည်နှင့်အညီ မြန်မာပြည်သူများအား ကာကွယ်ခြင်း၊ CDM လှုပ်ရှားမှု တည်မြဲ စေရန် အသက်အိုးအိမ်စွန့်လွှတ်အနစ်နာခံ ပါဝင်ကြသူများအား ငွေကြေးဖြင့် ထောက်ပံ့ပေးခြင်း၊ စစ်တပ်၏ လွဲမှားသောစီမံခန့်ခွဲမှုများကြောင့် ပြိုလဲကျနေသောကျန်းမာရေးစနစ်တွင် ပိုမိုဆိုးရွား လျက်ရှိသည့် ကိုဗစ်ကပ်ရောဂါဆိုးမှ ပြည်သူများကို ကယ်တင်ခြင်းနှင့် အကြမ်းဖက် စစ်တပ် ကြောင့် နေရပ်ရှောင်ခွာထွက်ပြေးနေရသည့် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း စတာတွေကို လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ သို့သော် လည်း ကျွန်တော်တို့ရဲ့ ပင်မ ဦးတည်ရာကတော့ မလိုအပ်တဲ့ ဗျူရိုကရေစီယန္တရားများ ဖန်တီးရန်မဟုတ်ဘဲ စစ်ကောင်စီပြုတ်ကျရေးသာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ ၎င်း၏ အာဏာရှင်စနစ်ကို အမြန်ဆုံးဖြုတ်ချခြင်းဖြင့် ကျွန်တော်တို့ ပြည်သူလူထုက ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပါတယ်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ အရေးကြီးဆုံး လုပ်ငန်း ၂ ရပ်မှာ မင်းအောင်လှိုင်နဲ့ ၎င်း၏ အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းတို့ပင်ဖြစ်ကြောင်း ပြောကြားရင်း ကျွန်တော်ရဲ့မိန့်ခွန်းကို နိဂုံးချုပ်ပါရစေ။ ယခုလို ကြိုးပမ်းအားထုတ်မှုမှာ လွတ်လပ်မှုကို ချစ်မြတ်နိုးကြပြီး လူသားဂုဏ်သိက္ခာကို လေးစားကြတဲ့ ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေများကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲညီညီ ပါဝင်ထောက်ခံအားပေးကြမယ်လို့ အထူးမျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။