အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့https://mohai.nugmyanmar.org/အမိန့်ကြော်ငြာစာအမှတ် ၀၃/၂၀၂၃၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆။ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂။ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမျိုးသားညီညွတ်ရေး အစိုးရ၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။၁။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်း ခံရသည့်  တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ယနေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း ၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ စစ်မြေပြင်သုံးတိုက်လေယာဉ်များအား အသုံးပြု၍ စာသင်ကျောင်းများ၊ ကျေးရွာများ၊ ကလေးသူငယ်များ၊ အရပ်သားလူစုလူဝေးများအား ဗုံးကြဲ တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများနှင့် တိုက်ခိုက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ် များနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် စစ်ရာဇဝတ်မှုမြောက်သည့် ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ဆက်လက်၍လည်း ကျူးလွန်လျက်ရှိသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန နှင့် Assistance Association for Political Prisoners (Burma) – AAPP တို့၏ စာရင်းဇယားများအရ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏အမိန့်နာခံသူများ၏ လက်ချက်ဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် အရပ်သားပြည်သူ (၄,၀၅၆) ဦး အသက်ဆုံးရှုံးခဲ့ပြီး (၂၄,၇၄၀) ဦး အဖမ်းဆီး ခံခဲ့ရကာ ယင်းတို့အနက် (၁၉၄၄၇) ဦးမှာ ထောင်သွင်း အကျဉ်းချခံရဆဲဖြစ်ပြီး (၇,၂၉၉) ဦးမှာ မတရား ပြစ်ဒဏ်ချမှတ်ခံထားရပါသည်။ ကျေးရွာ (၂၀၂၉) ရွာ၊ ရပ်ကွက် (၇၃) ခု၊ အိမ်ခြေပေါင်း (၇၅၉၂၀) ခု၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ အပါအဝင်အဆောက် အဦးပေါင်း (၁၃၅) ခု တို့မှာ  စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခြင်းခံထားရပြီး မီးရှို့သတ်ဖြတ်ခံရသူဦးရေ (၃၃၄) ဦးထိရှိလာသည့်အပြင် ( ၁.၉ သန်းကျော် ) ဦးမှာ စစ်ဘေး ရှောင်ဘဝဖြင့် နေရပ်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါသည်။၃။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အထက်အပိုဒ် (၁) နှင့် (၂) ပါ အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု ၊ နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြားသေကြေပျက်စီးနိုင်သည့် လက်နက်များဝယ်ယူခြင်း အစရှိသည်တို့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများသည် အဓိကကြံရာပါများအဖြစ် ပါဝင်လျက်ရှိသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဥက္ကဌဆိုသူမှစ၍ အောက်အဆင့်ဆင့် ဝန်ထမ်းကြီး၊ အလတ်၊ အငယ်များသည် အောက်ပါလုပ်ငန်းများကို ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားများနှင့်သွေဖည်ပြီး မလျော်ဩဇာသုံး၍ ကျူးလွန်နေသောကြောင့် ပြည်သူလူထုအပေါ် ကြီးမားပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ပါသည်။ (က) ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီပြီး ပြည်တွင်း ဈေးနှုန်းတည်ငြိမ်ရေးကိုရရှိစေမည့်ငွေကြေးမူဝါဒကိုချမှတ်၍ အကောင်အထည်ဖော်မှု မရှိခြင်း၊ ယင်းအစား ပြည်တွင်းသုံးငွေကြေး (မြန်မာကျပ်) အား အမြောက်အများ ရိုက်ထုတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုအတွက် အဓိကငွေကြေးထောက်တိုင်များအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားကြရခြင်း၊(ခ) မိမိကိုင်တွယ်ကျင့်သုံးရမည့် ဥပဒေများအား ဥပက္ခာပြု၍ နိုင်ငံခြားငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ချယ်လှယ်၊ ဆောင်ရွက်ခွင့်ပြုသဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း    မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဘိုး အဆမတန် ကျဆင်းခြင်း၊ နောက်ဆက်တွဲအနေဖြင့် အခြေခံလူသုံးကုန်၊ ဆေးဝါး အပါအဝင် လူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာခြင်း၊ (ဂ) ဗဟိုဘဏ်တစ်ခုအနေဖြင့် ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမည့် နိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့်ငွေများအား အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြား သေကြေပျက်စီးနိုင်သည့် လက်နက်များ ဝယ်ယူရာတွင်အသုံးပြုခြင်း၊ ပြည်သူပိုင်ငွေကို တလွဲ အသုံးပြုခြင်း။  ၄။ အထက်ပါ လုပ်ရပ်များကို ကျူးလွန်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃။ ပုဒ်မခွဲ(ပ) ပါ အကြမ်းဖက်သမား ဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့်ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန်အားထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအားညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်း ကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင် ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုသည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီလျက် ရှိကြောင်း တွေ့ရှိရသည်။၅။ သို့ပါ၍ အောက်ဖော်ပြပါ လူပုဂ္ဂိုလ်များအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။၆။ ဤအမိန့်ကြော်ငြာစာဖြင့် အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄) ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ဥက္ကဌအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

ကြေညာချက် (၈/၂၀၂၃)

ကြေညာချက် (၈/၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက် (၈/၂၀၂၃)၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၁။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူ သိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ် ဆောင်ရောင်းဝယ်မှုများသည် ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအဖြစ် အိမ်နီးချင်းနိုင်ငံများအထိပါ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများ၏အန္တရာယ် ကြီးမားကျယ်ပြန့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် လူသားတို့အား အညွန့်တုံးစေနိုင်သည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ဘေးအန္တရာယ် တားဆီးကာကွယ် ရေးကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထား သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ တရားမဝင် သယ် ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများပါ ပြ ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများဆိုင်ရာဥပဒေ (၁၉၉၃)နှင့် ယင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) ပါ ပြဌာန်းချက်များနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တ ရာယ်တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို လိုအပ်သည့်ယန္တရားများ ဖွဲ့စည်း၍ ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီး ချင်းနိုင်ငံများ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွား မည်။၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာ ကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထု၏ပါဝင်မှု သည် များစွာအရေးကြီးသဖြင့် ပြည်သူများအနေဖြင့် မိမိတို့အစိုးရနှင့်အတူ ပူးပေါင်းပါဝင်နိုင် ကြပါရန် ပန်ကြားအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အညာဒေသရှိ မီးရှို့ခံရစစ်ဘေးရှောင် အိမ်ထောင်စုများထံသို့ အမိုးအကာများထောက်ပံ့ပေးအပ်

အညာဒေသရှိ မီးရှို့ခံရစစ်ဘေးရှောင် အိမ်ထောင်စုများထံသို့ အမိုးအကာများထောက်ပံ့ပေးအပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ The End of Dictatorship (EOD) အစီအစဉ်ဖြင့် "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့" Campaign မှရရှိထားသောရန်ပုံငွေဖြင့် အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်စာနာထောက်ထားရေး အကူအညီများဖြစ်တဲ့ အမိုးအကာနှင့်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ယခုအခါ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသရှိ စစ်ဘေးရှောင်အိမ်ထောင်စု (၁၄၆)စုအတွက် အရေးပေါ်အမိုးအကာချပ်များကို လူသားစာနာတာဝန်ခံများကတဆင့် အဆိုပါပြည်သူများလက်ဝယ် ဆက်လက်ပံ့ပိုးပေးလျက်ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါတယ်။

Announcement No. (12/ 2023)

Announcement No. (12/ 2023)

Statement on the G20 Summit in New Delhi9 September 2023I welcome the opening of the G20 Summit in New Delhi, India today and congratulate Prime Minister Modi as G20 President and host.ASEAN Leaders this week issued a new call for international support in addressing the dire situation in Myanmar and its adverse impact on regional stability. They condemned the Myanmar military for its deliberate acts of violence and destruction, for the prolonged human suffering it has inflicted, and for the humanitarian crisis and transnational crime it has triggered. I implore G20 Leaders to take up ASEAN’s call. The military junta’s atrocities and its weaponization of humanitarian need have destroyed countless lives and forcibly displaced millions of people, threatening regional stability. They have also generated an economic disaster with mounting consequences for the global economy. The G20 Summit is a crucial opportunity for world leaders to put Myanmar on their agenda and to address its spiralling crises in their Leaders’ Declaration.I wish G20 Leaders a fruitful Summit and extend to them my full support.***

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၁၄ / ၂၀၂၃)၁၃၈၅ ခုနှစ်၊ ပထမဝါဆို လဆန်း ၅ ရက်နေ့(၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်)အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏ထိန်းချုပ်မှုအောက်ရှိမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်================ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏ ထိန်းချုပ်မှု အောက်တွင်ရှိနေသော အကြီးမားဆုံးဘဏ်နှစ်ခု ဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့အား အရေးယူပိတ်ဆို့ခဲ့သည့်အတွက် ကြိုဆိုပါသည်။၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအရေးယူပိတ်ဆို့မှု၏ အဓိက အချက်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက် နှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယင်းအကြမ်းဖက်မှုများအတွက် ငွေကြေးအရင်းအမြစ်များကို ပံ့ပိုးပေး နေသည့် အခရာကျသည့် အဖွဲ့အစည်းများ ဖြစ်သည့် ဘဏ်များကို ရည်ရွယ်ပစ်မှတ်ထား၍ အရေးယူ ပိတ်ဆို့ခဲ့ခြင်း ဖြစ်ပါသည်။ စစ်အုပ်စု၏ထိန်းချုပ်မှုအောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ကို နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်ရာ၌လည်းကောင်း၊ မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်မှုများ ပိုမို ကျူးလွန်နိုင်ရန်အတွက် အရေးယူပိတ်ဆို့ထားသည့် ရုရှားအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာမှ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူ တင်သွင်းရေးနှင့် ငွေပေးချေရေးတို့တွင် လည်းကောင်း ယင်းဘဏ် များက အဓိကပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။မြန်မာပြည်သူလူထု၏ ဒီမိုကရေစီတန်ဖိုးများကို ယုံကြည်လိုလားမှု၊ ကြံ့ကြံ့ ခိုင်နိုင်မှု၊ ပြည်သူ့ တော်လှန်ရေးအပေါ် ယုံကြည်ခိုင်မာမှု၊ ထောက်ခံပါဝင်မှုများ ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အာဏာထိန်းထားနိုင်ခြင်းမရှိဘဲ၊ အကြမ်းဖက်သည့် နည်းလမ်းများကိုသာ ပို၍ အရှိန်မြှင့်တင် လုပ်ဆောင် လာခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာမှ လက်နက်များဝယ်ယူအသုံးပြု၍ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သား နေရာများနှင့် အပြစ်မဲ့ ပြည်သူ များ ကို ပိုမိုပစ်မှတ်ထား ဖျက်ဆီး သတ်ဖြတ်လျက်ရှိပါသည်။အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က အကြမ်းဖက်စစ်တပ် ထံသို့ ဂျက်လေယာဉ်ဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ လုပ်ဆောင် ပေးနေသည့် လူပုဂ္ဂိုလ်(၂)ဦးနှင့် အဖွဲ့အစည်း(၆)ခု တို့ကိုလည်း အရေးပိတ်ဆို့ခဲ့ပါသည်။ ဥရောပသမဂ္ဂကလည်း ဖေဖော်ဝါရီလအတွင်းက အကြမ်းဖက်စစ်တပ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ရငွေများအပေါ် ပစ်မှတ်ထားသည့် အရေးယူ  ပိတ်ဆိုမှုများကို ဆဌမအကြိမ်မြောက်ချမှတ်ခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များနှင့် စစ်ဘက်နည်းပညာများ မရရှိနိုင် စေရန် လုပ်ဆောင်ခဲ့ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိကန်အစိုးရနှင့် ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ  ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အနာဂတ်ခရီးလမ်းအတွက် ကြိုးပမ်း နေမှုများအပေါ် အစဉ်တစိုက်အားပေးထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိပါသည်။ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုသည် ပြည်သူလူထု၏ လွတ်လပ်သောဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို ပံ့ပိုးပေးရုံ သာမက ဒေသတွင်း တည်ငြိမ်မှုကိုပါ အထောက်အကူဖြစ်စေပါသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံများနှင့် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ပြီး၊ ငြိမ်းချမ်းသာယာဝပြောသည့် မြန်မာနိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းထံသို့လည်း အလားတူ အရေးယူပိတ်ဆို့မှုများ ဆောင်ရွက် ပေးပါရန် တိုက်တွန်း အပ်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန=======================သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်=======================အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပါသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့တော်လှန်ရေး၏ အခြေခံမူများ လုံးဝဆန့်ကျင်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာ ဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိပြီဖြစ်ပါသည်။ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိပါသည်။ ဥပဒေရေးရာနှင့် အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ်များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် နံနက် ၇:၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကလေးများအပါအဝင် ရွာသူရွာသားများအား အကြမ်းဖက်စစ်တပ်၏ တံတားဦး လေဆိပ်မှ ဂျက်ဖိုက်တာ တစ်စီးက ဗုံးနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး၊ နောက်ထပ် ငါးမိနစ်ခန့်အကြာ ၇:၅၀ အချိန်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် ဒုံးကျည် နှစ်လုံးအပြင် စက်သေနတ်များဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်။၂။ အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။၃။ ယခင်ကလဲ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခု ဧပြီလ ၁၁ ရက် နံနက်တွင်လည်း ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အား အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးသေဆုံးကာ ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ကချင်၊ ကရင်နီ နှင့် ကရင်ပြည်နယ် များတွင်လည်း အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ တနိုင်ငံလုံးရှိ အရပ်သားပြည်သူများအား လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေ သည်မှာ အသေအချာပင်ဖြစ်ပါသည်။ ၄။ ဤလုပ်ရပ်များသည် စစ်ပွဲဆိုင်ရာဥပဒေ (1907 Hague Convention) အပိုဒ် (၂၅)၊ (၂၆)၊ (၂၇) နှင့် ဂျီနီဗာကွန်ဗင်းရှင်း၊ ပရိုတိုကောလ်အပိုဒ် (၁) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရုံ သာမက၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ထပ်မံ ကျူးလွန်ခြင်း လည်း ဖြစ်သည်။၅။ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ယုတ်မာရက်စက်မှုကြောင့် သေဆုံးသွားရသူများ အတွက် လွန်စွာဝမ်းနည်းကြေကွဲရပါသည်။၆။ ဤသို့သော သတ်ဖြတ်မှုများကို အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံ နေရာအနှံအပြား၊ ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျကျူးလွန်နေခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။၇။ ယခုကဲ့သို့ ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပြီး မိမိတို့တိုင်းရင်းသားပြည်သူတရပ်လုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ မလွဲမသွေရောက်ရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း အလေးအနက် ကတိပြုပါသည်။၈။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤသို့သောလူမဆန်သည့် လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်လည်း ထပ်မံတိုက်တွန်းအပ်ပါသည်။တော်လှန်ရေးသစ္စာဖြင့်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့၁။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည်။၂။ အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသားတည်း အတူတကွရှိနေပါကြောင်း အထူး ဖော်ပြလိုသည်။၃။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်သည်။၄။ ဤအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည်  စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်သည်။ ၅။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မိမိတို့မှတ်ယူသည်။ ထိခိုက် ဆုံးရှုံးရသည့် လူထုဘဝများအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့် အကြောင်း အခိုင်အမာ ကတိပြုလိုက်သည်။ ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ။