ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနhttps://mohr.nugmyanmar.org/ထုတ်ပြန်ကြေညာချက်အမှတ် (၈ /၂၀၂၄)၁၃၈၆ ခုနှစ်၊ သီတင်းကျွတ် လဆုတ် ၅ ရက်(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက် ====================================၁။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အနီး တိုက်ပွဲတခုတွင် အကြမ်းဖက်စစ်အုပ်စု၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း သည် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ကြီးမားသည့် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ကြရသဖြင့် ၎င်းတို့ ယခင်ကျင့်သုံးလေ့ရှိသည့် နည်းဗျူဟာများအတိုင်း အနီး ပတ်ဝန်းကျင်မှ ကျေးရွာများကို ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ အရပ်သား အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများကို ဆက်တိုက် ပြုလုပ်ခဲ့ သည်။ ၂။ အောက်တိုဘာလ (၁၁) ရက်နေ့မှ (၂၀ ) ရက်နေ့အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အင်အား (၁၀၀) ကျော် ပါဝင်သော စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက် (၁၇) ခုကို  ဝင်ရောက် စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အတွင်း အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ထို သတ်ဖြတ်ခံရသူများ တွင် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦးတို့ ပါဝင်သည်။ ထင်ရှားသည့် သတ်ဖြတ်မှု ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၇) ရက်နေ့၊ စီပါကျေးရွာတွင် အရပ်သားပြည်သူ (၆) ဦးကို သတ်ဖြတ်မှုဖြစ်ပြီး၊ ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းဖြတ်လျက် အစိတ်အပိုင်းများကို နေအိမ်ခြံစည်းရုံးတွင် ချိတ်ဆွဲထား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရပ်သားပြည်သူ (၆၀) ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလျက် စစ်ကြောင်းတလျောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။၃။ အကြမ်းဖက်စစ်အုပ်စုသည် မြေပြင်တပ်ဖွဲ့များ၏ လူမဆန်သည့် သတ်ဖြတ်မှုများ အားဖြည့်ရန် အတွက် ကျေးရွာ (၅) ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။၄။ အထက်ပါတိုက်ခိုက်မှုသည် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ရှမ်းပြည်၊ တောင်ကြီးမြို့၌ ၎င်း၏ လက်အောက်ခံ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် “သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင် ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ (တော်လှန်ရေး အင်အားစုများ) အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်” သတိပေးခဲ့ပြီးနောက် အရပ်သား ပြည်သူများအပေါ် ပိုမိုအတင့်ရဲစွာ ပေါ်ပေါ်ထင်ထင် အကြမ်းဖက်လာခဲ့ခြင်းလည်း ဖြစ်သည်။၅။ လက်နက်ကိုင် ထိတွေ့တိုက်ပွဲများအတွင်း ဆုံးရှုံးမှုများအတွက် လက်စားချေသည့် အနေဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမျိုးအသီးသီး၏ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ အကြမ်းဖက် စစ်အုပ်စုက ကျင့်သုံးခဲ့သော နည်းဗျူဟာတရပ်ဖြစ်ပြီး ယခင်ကတည်းကပင် နိုင်ငံ အနှံ့အပြားမှ ဖြစ်စဉ်များတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားလျက် ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို ထိုသို့ တိုက်ခိုက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများသည် နည်းဗျူဟာကို ကျင့်သုံးခြင်းသာဖြစ်သည်။၆။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုနေမည်ဆိုပါက ထိုမျှ ဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်ဆွဲထားသော ယန္တရားတရပ်သည် ဆက်လက်သက်ဆိုးရှည်ယုံမျှမက၊ ပိုမိုအတင့်ရဲ လာမည်သာ ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်း၏ ဆိုးရွားသည့် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်

မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက် (၇/ ၂၀၂၄)(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်၁။ မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ထိုကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက် သည့်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပါသည်။ ၂။ ထိုဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း မိမိတို့အနေဖြင့် အထူးပင်စိုးရိမ်မိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမည်ဖြစ်ပါသည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ မိမိတို့ အနေဖြင့် ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါ သည်။  အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုပါသည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ ၏ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် ယနေ့ကျရောက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ (၃၆) နှစ် ပြည့်မြောက်သည့်နေ့ အခါသမယတွင် ပါတီခေါင်းဆောင်ကြီးများနှင့်တကွ ပါတီဝင်များအားလုံး လုံခြုံဘေးကင်းကြပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာရှိကြပါစေကြောင်း အလေးအနက်ဖော်ပြလိုပါသည်။ ယနေ့ပါတီထူထောင်ခြင်း (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီသည် မြန်မာ့နိုင်ငံရေးအချိုးအကွေ့များထဲမှ တစ်ခုဖြစ်သော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး မှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်ရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပြည်သူများနှင့်အတူတကွ ရပ်တည်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာကြီးမားသော နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါသည်။  ခေတ်အဆက်ဆက် လူထုအရေးတော်ပုံလှုပ်ရှားမှုများတွင် ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်ခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးကာလတွင်လည်း ပြည်သူ့ဆန္ဒနှင့်အညီ ရပ်တည်ရုန်းကန် လှုပ်ရှားနေသော ပါတီဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျှောက် အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့မှုများကိုလည်း လေးစားဂုဏ်ယူပါ ကြောင်း ဖော်ပြအပ်ပါသည်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်သူ့နွေဦးတော်လှန်ရေး အောင်မြင်စွာ ပြီး မြောက်သည်အထိ ပြည်သူနှင့်အတူ၊ တော်လှန်ရေးအင်အားစုအသီးသီးနှင့်အတူ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး လုပ်ငန်းစဉ်များကို အတူ တကွ လက်တွဲညီညီ ဆက်လက် ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာအား လေးစားစွာဖြင့် ပေးပို့အပ်ပါသည်။  အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် UN Secretary General မှ ပေးပို့သော သဝဏ်လွှာ◾ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေဟာ နိုင်ငံတွေနဲ့ ၎င်းနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေတွေကို မည်သည့်အခါနှင့်မျှမတူအောင် ထိခိုက် သက်ရောက်မှု ရှိစေပါတယ်။◾ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာခြင်းက တစ်ကမ္ဘာလုံးမှာ ပြင်းထန် ဆိုးရွားလှတဲ့ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်လာစေရေးကို ပိုမိုအားဖြည့်ပေးလျက် ရှိနေပါတယ်။◾ မိမိအနေနဲ့ မကြာသေးမီက ပါကစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ ပါတယ်။◾ ဒီလို ဘေးဒုက္ခ ကပ်ဆိုးတွေ တနေ့တခြား တိုးပွားဖြစ်ပေါ်လာမှုကြောင့် အသက်ဆုံးရှုံး ရမှုများနဲ့ ဒေါ်လာဘီလီယံ ရာနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေကို ဖြစ်စေတာ တွေ့ရပါတယ်။◾ ရာသီဥတုဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူအရေအတွက်ဟာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများထက် သုံးဆ ပိုမိုများပြားနေတာကို သိရပါတယ်။◾ လူသားတွေရဲ့ အရေအတွက်ထက်ဝက်ဟာ အန္တရာယ်ဇုန်အတွင်းမှာ ကျရောက်နေပြီး ဖြစ်ပါတယ်။◾ ကမ္ဘာကြီးဟာ အမှန်တကယ်ဘေးဒုက္ခရင်ဆိုင်တွေ့ကြုံနေရသူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကာကွယ်မှုပေးတဲ့ လုပ်ငန်းစဉ်များမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဖို့ရန် ပျက်ကွက်လျက်ရှိပါတယ်။◾ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေသူတွေက အမြင့်ဆုံးသော တန်ကြေးတွေကို ပေးဆောင်နေရပါတယ်။◾ ကမ္ဘာ့လူဦးရေ တစ်ခုလုံးဟာ ကြိုတင်သတိပေးချက် တစ်စုံတစ်ရာမရရှိဘဲ စဉ်ဆက် မပြတ်ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတာကို မျက်ကွယ်ပြုခြင်း ခံနေရပါတယ်။◾ လူသားတွေအနေနဲ့ ပြင်းထန်ဆိုးရွားလှတဲ့ရာသီဥတုဖြစ်စဉ်များအတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ဖို့ရာ လုံလောက်တဲ့ သတိပေးချက်များရရှိရေး လိုအပ်ပါတယ်။◾ ဒါ့ကြောင့် လာမည့်ငါးနှစ်အတွင်း ကြိုတင်သတိပေးစနစ်ကို ကမ္ဘာနှင့်အဝှမ်း လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်ကြဖို့ရာ မိမိအနေနဲ့ တိုက်တွန်းတောင်းဆိုလိုပါတယ်။◾ ကြိုတင်သတိပေးစနစ်များနဲ့ ၎င်းတို့ကို အသုံးချနိုင်တဲ့ စွမ်းဆောင်ရည်က သေကြေပျက်စီး ဆုံးရှုံးမှုများကိုကာကွယ်ပေးနိုင်တဲ့ သက်သေသာဓကများအဖြစ် ရှိနေပါတယ်။◾ အဆိုပါ အကြောင်းအရာနဲ့စပ်လျဉ်းပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးရုံးတို့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအသစ်မှာ ရှင်းလင်းစွာဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။◾ အဆိုပါ ကြိုတင်သတိပေးချက်ရရှိရေးဆိုင်ရာ ဝန်ဆောင်မှုစနစ်များဟာ ၎င်းတို့ကို အလိုအပ်ဆုံးသော သူတွေအတွက် မရရှိသလောက်ဖြစ်နေကြောင်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။◾ မိမိအနေနဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် COP27 ရာသီဥတုညီလာခံတွင် ငါးနှစ်တာကာလအတွင်း အားလုံးအတွက် ကြိုတင်သတိပေးစနစ်များ ပံ့ပိုးပေးနိုင်မည့် လုပ်ဆောင်ချက် အစီအစဉ်တစ်ခုကို ကြေညာဖို့ ရှိပါတယ်။◾ မိမိအနေနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအားလုံးက ပံ့ပိုးမှုများပေးကြဖို့ရာလည်း တိုက်တွန်းလိုပါတယ်။◾ ယခုအစီရင်ခံစာအသစ်က ထိခိုက်ဆုံးရှုံးမှုများနှင့်စပ်လျည်းပြီး လက်တွေ့ကျ၍ ခိုင်လုံ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ခြင်းများကို ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးအဆင့် လုပ်ဆောင်ရမည်ဟူသော နောက်ထပ် သတိပေးချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။◾ COP27 ညီလာခံတွင် ပျက်စီးဆုံးရှုံးမှုအချက်အလက်များကို ပေးပို့ခြင်းက ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။◾ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့တွင် ကြိုတင်သတိပေးစနစ်များကို လုပ်ဆောင်သည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံကြရန်နှင့် စွမ်းဆောင်ရည်လိုအပ်သူများကို ကူညီပံ့ပိုးပေးကြရန် နိုင်ငံတိုင်းကို တိုက်တွန်းအပ်ပါတယ်။◾ ပြင်းထန်ဆိုးရွားလှတဲ့ ရာသီဥတုဖောက်ပြန်မှုဖြစ်ရပ်တွေက ဆက်လက်ဖြစ်ပွားနေမှာ အသေအချာပါပဲ။◾ ဒါပေမယ့် အဲ့ဒီအရာတွေက သေကြေပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတဲ့ ဘေးအန္တရာယ်တွေ ဖြစ်မလာစေဖို့ လိုအပ်ပါတယ်။

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်း

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်း

အမိန့်ကြော်ငြာစာအမှတ် (၃/ ၂၀၂၄)၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်း၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။၂။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ ရွေးကောက်ခံအရပ်သားအစိုးရအား အဓမ္မအာဏာသိမ်းရန် ကြိုးစားမှုကျူးလွန် ခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အပြင် အာဏာရှင်စနစ် ပြန်လည် အသက်သွင်းရန် ကြိုးစားအားထုတ်ရာတွင် နိုင်ငံတော်ယန္တရားများကို အသုံးချ၍ ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံ့ထိတ်လန့်စေမှု စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အမည်ရှိသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။ ထပ်မံ၍ တရားရေးဝန်ကြီးဌာနက “အိမ်စောင့် အစိုးရအဖွဲ့”   ဟု အမည် ရှိသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့် မတရားအသင်းအဖြစ် ကြေညာခဲ့သည်။၃။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့” ဟုအမည်ရှိသည့် ယင်းအဖွဲ့သည်   အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည့် United League of Arakan (ULA)/ Arakan Army (AA)၊ The Myanmar National Democratic Alliance Army (MNDAA) နှင့် Ta’ang National Liberation Army (TNLA) တို့အား အကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် ကြေညာခဲ့ကြောင်း တွေ့ရှိရသည်။၄။ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသည့် ယင်းအဖွဲ့၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄) တို့သည် တရားမဝင်ကြောင်း ကြေညာလိုက်သည်။၅။ ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသော ယင်းအဖွဲ့သည် အကြမ်းဖက်အုပ်စု ဖြစ်သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိသဖြင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။         ဥက္ကဌအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

Statement On Military Council's Attempt to Exploit The Population As Human Shields

Statement On Military Council's Attempt to Exploit The Population As Human Shields

The Republic of the Union of Myanmar National Unity Governmenthttp://nugmyanmar.orgStatement On Military Council's Attempt to Exploit The Population As Human Shields3 September 2024On February 10, 2024, the terrorist military council forcibly enforced the mandatory conscription law, coercing young people between the ages of 18 and 35 to serve as human shields. Following this, on August 16, 2024, they established a subordinate terrorist group named the “Central Command for Public Security and Counter-Terrorism”, attempting to forcibly mobilize elderly citizens, aged 35 to 65, for combat.Due to the unified strength of the entire public and the revolutionary forces, the terrorist military council, which is facing failures in political, military, foreign, and financial arenas, is desperately looking to use the entire country and its people as hostages and human shields for the sole purpose of prolonging its own survival.The threat of military dictatorship has now fallen upon every individual, regardless of age, ethnicity, or religion, and it is becoming increasingly evident that no one can escape from it. Therefore, it is a solemn call to decisively resist and oppose the terrorist military council, which underestimated the power of the people’s Spring Revolution, by using all possible means to clearly demonstrate that “the entire population will never bow down to the military dictators”.It is imperative for countries around the world to understand that the root cause of all the suffering faced by Myanmar and its people is the military dictators and the battalions, units, and soldiers who carry out their unjust orders. We urge them to take effective actions to stop the military council from using all civilians as human shields and to support, the People's Spring Revolution, which strives to end dictatorship, including the military dictatorship, and to establish a federal democratic system.National Unity Government

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊  သြဂုတ်လ (၁၅) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တော်လှန်စစ်ကာလမှာ စစ်တိုက်ကြတဲ့ အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ ရိက္ခာတွေက အရေးအကြီးဆုံးဖြစ်သလို၊ စစ်ရှောင်ကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကလည်း ဦးစားပေးအဆင့်မှာရှိရမှာဖြစ်ပါကြောင်း။ နယ်မြေထိန်းသိမ်းနိုင်မှု လုပ်ငန်းတွေအတွက်ဆိုရင်လည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အခရာကျတာ ကြောင့် ဒီကဏ္ဍတွေမှာ တာဝန်ယူကြမယ့် ဝန်ထမ်းအရင်းအမြစ်တွေကို ကြိုတင်လေ့ကျင့် သင်ကြား ပေးကြဖို့နဲ့ လိုအပ်တဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကလည်း ရှိနေရမှာဖြစ်ပါကြောင်း။တဆက်တည်း  သိမ်းပြီးတဲ့မြို့နယ်တွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းနိုင်ဖို့ ရုံးပိုင်းဆိုင်ရာ အရေးကြီးပစ္စည်းတွေ ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း ဝန်ကြီးဌာနအလိုက် လိုအပ်တဲ့ညွှန်ကြားချက်တွေ စီမံပေးကြဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျဆုံးချိန်လည်း တဖြေးဖြေးနီးကပ်လာတာ နဲ့အမျှ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုလည်း တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်းချက် မပျောက်ပျက်စေဖို့၊ မတွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း။ အကြမ်းဖက်စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သူတို့ဘက်က ထုတ် လွှင့်တဲ့ သတင်းအတုအယောင်တွေမှာ လိုက်ပါ စီးမျောမသွားမိစေဖို့ ဂရုပြုဆောင်ရွက်ကြပါလို့ မှာကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၉/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၃၀)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀  ရက်)ယနေ့ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့အခါသမယတွင် ကချင်တိုင်းရင်း သားခေါင်းဆောင်ကြီးများနှင့် ကချင်အမျိုးသားများအားလုံး ကိုယ်၊ စိတ် နှစ်ပါး ဘေးကင်းလုံခြုံမှုရှိကြ ပါစေကြောင်းနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်နိုင်ရေး ပန်းတိုင်သို့ တိုင်းရင်းသားအားလုံးနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေကြောင်း ဦးစွာ ဆန္ဒပြုအပ်ပါသည်။အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး တို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်  (GOC – Lahtaw Zau Seng) ၊ ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ၁၉၇၅ သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ကြရသည်။ KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်  (GOC – Lahtaw Zau Seng)လုပ်ကြံခံရသောနေ့ သြဂုတ်လ(၁၀)ရက်နေ့ကို  ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကချင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ဤသို့ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီး တွေ့ကြုံခဲ့ရသော်လည်း ကချင်အမျိုးသားများ လက်ဆင့်ကမ်း ကာ သယ်ဆောင်ခဲ့သည့် ကချင်တော်လှန်ရေးသည် ယခု(၄၉)နှစ်တိုင်တိုင်  ကချင်တော်လှန်ရေးတပ်ဦး ဖြစ်သည့် KIO/KIAကို ညီညီညွတ်ညွတ်ဖြင့် စုစည်း၍ ဆက်လက်ချီတက် နိုင်ခဲ့ကြသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ယူလေးစားမိပါသည်။၂၀၂၄ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက် သည့် (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ကချင်တိုင်းရင်းသားပြည်သူများနှင့် အတူဝမ်းနည်းကြေကွဲရပြီး ကချင်လူမျိုးများ၏လွတ်လပ်ခွင့်၊တန်းတူညီမျှခွင့်နှင့် ကိုယ်ပြဋ္ဌာန်းခွင့်တို့အတွက် နွေဦးတော်လှန်ရေး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် အသက်သွေးချွေးများစွာ စတေးပေးဆပ် ခဲ့ကြသည့်ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ကချင်ပြည်သူလူထုအပါအဝင် KIO/KIAရဲဘော်ရဲဘက် များ၏ စွန့်လွတ်အနစ်နာခံမှု၊ သစ္စာစောင့်သိမှုတို့ကို လေးစားဖွယ် အောက်မေ့ သတိတရဖြစ်မိပါသည်။ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုရင်း ဤအောက်မေ့ဖွယ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ