သတင်းထုတ်ပြန်ချက် (၁၃/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၃/၂၀၂၁)

၁။  အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ထီစနစ်ဖြစ်တဲ့ "အောင်လံလွှင့်ချီ နွေဦးထီ" ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ရောင်းချခဲ့သည်။ “အောင်လံလွှင့်ချီ နွေဦးထီ” ကို တရားဝင်လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/nuglottery  မှတဆင့် ဝယ်ယူနိုင်ပါသည်။ ထီထိုးသော ငွေများထဲမှ ၇၀ ရာခိုင်နှုန်းကို CDM များအား ထောက်ပံ့ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းအား ဆုကြေးငွေတွေအဖြစ် ထီဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ထီပေါက်သူများက ဆုကြေးငွေကို ပြန်လည်လှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်ကဏ္ဍ၏ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်းနှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂ လစာ ချေးငွေများ ပြန်လည်တောင်းခံခြင်းတို့ကို ကျူးလွန်နေသည့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ (၆၉) ဦးအားအမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး ၄င်းတို့အားလုံးကို နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (dismiss) ပြီး ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၁)၁ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အမျိုးသားကျန်းမာရေးညီလာခံ၏ ရလဒ်အဖြစ် အမျိုးသားကျန်းမာရေး ကော်မတီ (National Health Committee) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် ဖွဲ့စည်းပြီး အမျိုးသားကျန်းမာရေးကော်မတီက ကြေညာချက်အမှတ် (၁/ လိုက်သည်။ အဆိုပါ အမျိုးသားကျန်းမာရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဖဒိုမန်းမန်း၊ ဒုဥက္ကဋ္ဌ ၁ အဖြစ် ဒေါက်တာဇော်ဝေစိုး၊ ဒုဥက္ကဋ္ဌ ၂ အဖြစ် ခူးပလူးရယ်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး ၁ အဖြစ်စောနေထူး၊ တွဲဘက်အတွင်းရေးမှူး ၂ အဖြစ် နန်းစနိုး တို့ပါဝင်ပြီး အဖွဲ့ဝင် (၁၇) ဦးပါဝင်ပါဝင်ပါသည်။ အတိုင်ပင်ခံ ၁၀ ဦး ပါဝင်သည်။ အမျိုးသားကျန်းမာရေးကော်မတီ(NHC) ၏ ရည်ရွယ်ချက်များမှာ (က) ဖက်ဒရယ် ပြည်ထောင်စု ကျန်းမာရေး မူဝါဒ (National Health Policy) ရေးဆွဲချမှတ်သွားရန်၊ (ခ) တိုင်းရင်းသားနယ်မြေ/ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်စပ်ဆောင်ရွက်ပေးရန်၊(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်၊(ဃ) ဘေးဒဏ်ကပ်ဆိုး အန္တရာယ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို အသင့်ပြင်ဆင်မှု ရှိရန်၊ လျင်မြန်စွာ တုန့်ပြန်နိုင်ရန် တို့ဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးကော်မတီ(NHC) ၏ လုပ်ငန်းစဉ်များမှာ (က)ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒအပေါ် အခြေခံပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်၊ (ခ) ကျန်းမာရေးသတင်းအချက်အလက် ပြုစုရေးစနစ်ကို ပိုမိုကောင်းမွန်လာရေး အဆင့်မြင်တင်ရန်၊  (ဂ) နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး နည်းဗျုဟာများ ချမှတ်ကျင့်သုံးရန်၊(ဃ) ဆေးပညာသင်တန်းများ ပို့ချနိုင်ရေးနှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊(င) Covid 19 ရောဂါထိန်းချုပ်ရေး လျှော့ချရေးတို့နှင့် စပ်လျဉ်း၍ နည်းဗျုဟာများ ချမှတ်ဆောင်ရွက်သွားရန် ၄။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် တွင် ဖြစ်ပွားခဲ့သော မြေပြို၊ ရေဘေး ကြောင့် ထိခိုက်ခံခဲ့ရပြီး ထောက်ပံ့မှုလိုအပ်နေသော ပြည်သူများအတွက် ငွေကျပ် ၁၀သိန်း ကို ၁၃.၀၈.၂၀၂၁တွင် ပေးပို့ထောက်ပံ့ခဲ့ပါသည်။ ထို့အတူ ရေဘေးသင့်ခဲ့ရသော ကချင်ပြည်နယ် မဂါ့ယန် စစ်ရှောင်စခန်းအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်၁၈သိန်း၊ မြေပြိုမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသောမိသားစုအတွက် ငွေကျပ် ၁သိန်း နှင့် ဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့ခြင်းများအတွက် ငွေကျပ် ၅သိန်း စုစုပေါင်း ငွေကျပ်၂၄သိန်းကို ၁၅.၀၈.၂၀၂၁တွင် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အကျဉ်းသားများနှင့် ၄င်းတို့မိသားစုများအတွက်လိုအပ်ချက်များကို လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးနိုင်ရန် ငွေကျပ် ၁၅သိန်း ကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။၅။ ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက် Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သည်။ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/170686425151997၂။ https://www.facebook.com/NUGmyanmar/posts/171327885087851

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှာ ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတက အမှာစကားပြောကြားရာ လာမယ့် စက်တင်ဘာလမှာ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားနိုင်ရေး Credential ကိစ္စဟာ နိုင်ငံတကာအသိအမှတ်ပြုရေးမှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့အတွက် ပြင်ဆင်ရေးအဖွဲ့၊ အကြံပေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အချိန်တွင်လည်း NUG အနေဖြင့် တွေ့ဆုံဆွေးနွေးဖို့ရန် မူဝါဒများချမှတ်ထားရန်လိုအပ်ကြောင်း၊ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပါတ်သတ်ပြီး covid-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မရှင်မှ Dr ဇော်ဝေစိုး ဦးဆောင်၍ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြောင်း၊ Covid -19 ကာကွယ်ရေးမှာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊လူထုကိုကာကွယ်ရမယ့်အစား ၎င်းတို့ရဲ့အာဏာကိုသာ ကာကွယ်လိုမှုတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျက်သုန်းစေဖို့ဖြစ်နေတာကြောင့် Covid – 19 ကာကွယ်ရေးကိစ္စတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးရော ပြည်သူများပါ အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း၊ NUG အစိုးရအနေနဲ့ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန်၊မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက မရပ်မနားဆောင်ရွက်နေကြကြောင်း၊ စတင်မယ့်ရက်ညှိနှိုင်းသတ်မှတ်ပြီးတဲ့အခါ cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ဝန်ကြီးဌာနတွေက သက်ဆိုင်ရာ ကဏ္ဍများအလိုက်တင်ပြကြရာ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဘေးအန္တရယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ် တုန့်ပြန်ရေးကော်မရှင်ရဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Coordination Committee) ဖွဲ့စည်းရန်ကိစ္စ နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ Covid – 19 ကာကွယ်ဆေးရရှိနိုင်ရေးကိစ္စများနှင့်ပါတ်သတ်၍ ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် ၁၂နာရီခွဲအချိန်မှာ ရုပ်သိမ်းခဲ့ကြပါတယ်။၁၇ ဩဂုတ် ၂၀၂၁

သတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)၁၃ ဩဂုတ် ၂၀၂၁ခုနှစ်၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ၁) ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်၊ ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ “ အောင်ဘာလေထီ “ သည် လုံးဝချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူနိုင်ရန်။၂) ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရရှိနိုင်ဆိုသည့်အချက်ကို စစ်အာဏာရှင်များအား “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် အကောင်းဆုံးသက်သေပြရန်။၃) မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန် နေသည့် CDM ဝန်ထမ်းများအတွက် ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်။၄) အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းခြင်းခံထားရသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ “အောင်လံလွှင့်ချီ နွေဦးထီ” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် “ လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေ”၁ ကို  ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်။၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က ကြေညာချက် (၇/၂၀၂၁)၂ “CDM ပြုလုပ်လျက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့်အတူ တသားတည်းရပ်တည်လျှက်ရှိကြောင်း နှင့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် အသိပေးတိုက်တွန်းခြင်း” ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ က “(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”၃ တစ်စောင်ထုတ်ပြန်ခဲ့ပြီး သဝဏ်လွှာ တွင်  “၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့်စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန်ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန်ချီတက် နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက် ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှ မိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ် သွားမည်ဟု ၈လေးလုံးအရေးတော်ပုံကြီးနှင့် အာဏာရှင် တော်လှန်ရေး အရေးတော်ပုံအဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြု ကြောင်းပါရှိပါသည်။ ၄။ မြန်မာနိုင်ငံအတွင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံး နီးပါး ကမောက်ကမ ဖြစ်နေပြီး၊ ပြည်သူပြည်သားများသည် မိမိတို့တတ်အားသမျှအင်အားဖြင့်သာ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရပါသည်။ ပြည်သူများကျန်းမာရေးစောင့်ရှောက်ရာတွင် အထောက်အကူပြုစေရန် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် CDM သူနာပြု နှင့် သားဖွားဆရာမများဦးဆောင်၍ ၊ နိုင်ငံတကာ၏အကူအညီအထောက်အပံများဖြင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖွင့်လှစ်သင်ကြားရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသင်တန်းတွင် လူတိုင်း သိရှိနားလည်သင့်သော (၁) အရေးပေါ်အခြေအနေတွင် လူနာကိုပြုစုစောင့်ရှောက်မှု(၂) ကိုဗစ်-၁၉ရောဂါဝေဒနာရှင်များကို ပြုစုကိုင်တွယ် စောင့်ရှောက်မှုနှင့် မိမိကိုယ်ကိုနှင့် အခြားသူ များကို ရောဂါမကူးစက်အောင် ကာကွယ်လုပ်ဆောင်မှုများ(၃) ထိခိုက်ဒဏ်ရာရသော လူနာများကို အရေးပေါ်ပြုစုကုသမှုများစသည့် အရေးပေါ်လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဗဟုသုတ နှင့် လက်တွေ့ လုပ်ဆောင်မှုများကို အွန်လိုင်း (online/zoom) မှတဆင့် ဝေမျှသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ၅။ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ မြန်မာပြည်တွင် COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားရန် လိုအပ်ပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ရောဂါ ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်း၅ တစ်ခုကို ကောက်ယူလျက်ရှိပါသည်။ ယခုစစ်တမ်းက ရရှိသော အချက်အလက် များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် "၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း" မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း "ဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း" ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးကြရန်ဖြစ်ပါသည်။ ၆။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ စပ်လျဉ်းပြီး ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးထံသို့ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် (၅၄) ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဆွေးနွေးကြသည့် အကြောင်းအရာများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်းကို NUG အနေနှင့် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် လက်တွေ့ကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းကို အားလုံးပါဝင်နိုင်မည့် အသွင်သဏ္ဍာန်နှင့် ဖြေရှင်းရန် အသင့်ရှိပါကြောင်း၊ အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်နေခြင်းကို အထူးစိုးရိမ် မိကြောင်း၊ စစ်ကောင်စီသည် အာဆီယံပဌိဉာဉ် အပိုဒ် (၁) နှင့် အပိုဒ် (၂) ပါ ပြဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး မြန်မာပြည်သူများနှင့် ဒေသတွင်းပြည်သူများကို ခြိမ်းခြောက်လျက် ရှိကြောင်း၊ အာဆီယံအနေနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကြိုးပမ်းနေသော်လည်း ကြိုတင်သတ်မှတ်ချက်များ ထားရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်း COVID 19 ကပ်ရောဂါ အရှိန်အဟုန်နှင့် ပြန့်နှံ့နေသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းစဉ်နှင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် NUG နှင့် ပူပေါင်းဆောင်ရွက်ရန် ထိပ်တန်းဦးစားပေးအဖြစ် တိုက်တွန်းတောင်းဆိုလိုကြောင်း၊ အာဆီယံမိသားစု၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနှင့် အပြည့်အဝေပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် COVID 19 ကပ်ရောဂါ တိုက်ဖျက်ရေးကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။အသေးစိတ်သိရှိလိုပါကလေ့လာရန်လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/164074349146538၂။ https://www.facebook.com/NUGmyanmar/posts/164646419089331၃။ https://www.facebook.com/NUGmyanmar/posts/165113445709295၄။ https://docs.google.com/forms/d/12icJk_HTqlp7icQXW-fadFTl mTVQYLeloelTaHVEH8/viewform?fbclid=IwAR1gWiqyzOIDVu8Dpy0vxBkKzGjFdWeTXo57FQw9KL37v-XOq49derkR2V0&edit_requested=true

ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင်ကျရောက်သည့် (၇၁ )နှစ်မြောက်“ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ”၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂)ရက်၁။ မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်း‌ရေး၊ တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြားရှိကြပါသည်။၂။ ကရင်အမျိုးသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ကြသော ဥက္ကဋ္ဌကြီး                စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန် ဩဂုတ်လ (၁၂)နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် ကျင်းပခဲ့ကြသည်မှာ (၇၁) နှစ် မြောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကရင့်အမျိုးသားအာဇာနည်နေ့သည် ကရင်အမျိုးသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်သကဲ့သို့ မိမိတို့ယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် အသက်ခန္ဓာများကို ပေးဆပ်ခဲ့ကြသော မျိုးချစ် ခေါင်းဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုများရှိနေခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်ရသည့် နေ့တစ်နေ့ဖြစ်မည်ဟုယုံကြည်ပါသည်။ ၃။ (၁၂-၈-၂၀၂၁) ရက်နေ့တွင်ကျရောက်သည့် (၇၁) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့တွင် အမျိုးသား ညီညွတ် ရေးအစိုးရအနေဖြင့်ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ ကြောင်းနှင့် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိနေသော ကရင်လူမျိုးများ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၀) ရက်၁။  မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တန်းတူ အခွင့်အရေးရရှိရေးတို့အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြား ရှိကြပါသည်။ ၂။ ကချင်အမျိုးသားများ၏ အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ကချင်လွတ်လပ်​းေအဖွဲ့ (KIO)၊ ကချင် လွတ်လပ်​ေရးတပ်မတော် (KIA) ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင် အမျိုးသား ခေါင်းဆောင်များဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC – Lahtaw Zau Seng ၊ ဒုတိယ စစ်ဦးစီးချုပ် VCS – Lahtaw Zau Tu နှင့် အထွေထွေအတွင်းရေးမှူး Salang Kaba Pungshwi Zau Seng တို့ ကျဆုံးခဲ့ကြသည့်နေ့ကို ဂုဏ်ပြု၍ ကချင်အာဇာနည်နေ့အဖြစ် ကျင်းပခဲ့ကြပါသည်။၃။ (၁၀-၈-၂၀၂၁) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ် မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်းနှင့် ခေါင်းဆောင်ကြီးများနှင့်အတူ မွေးဖွားလာသည့် ကချင်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ယနေ့သည်အာဏာရှင်စနစ်ကိုအလိုမရှိသဖြင့် “ဒီမိုကရေစီရရှိရေးဒို့အရေး” ဟူသောကြွေးကြော်သံများဖြင့် ရဟန်း သံဃာများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ တတ်သိပညာရှင်များ၊ အလုပ်သမားများ၊ လယ်သမားများနှင့် နိုင်ငံ အဝန်းမှာရှိသော တိုင်းရင်းသားလူမျိုးစုများအားလုံး ပါဝင်ခဲ့သော ၈ လေးလုံး လူထုအရေးတော်ပုံကြီး၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၈ လေးလုံးလူထုအရေးတော်ပုံကြီးသည် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်များ၏ ပစ်ခတ်သတ်ဖြတ်ညှင်းပမ်း နှိပ်စက်ဖမ်းဆီးထောင်ချမှုများကို အံတုကာ ဒီမိုကရေစီရေးအတွက် လူထုတရပ်လုံး ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်း ဖြစ်စဉ်၏ ကြီးမြတ်သော သမိုင်းစာမျက်နှာ တစ်ခုလည်းဖြစ်ပေသည်။ ဤအရေးတော်ပုံကြီးသည် လူထုမျှော်မှန်းခဲ့သော အောင်မြင်မှုပန်းတိုင်အထိ ပြီးဆုံးအောင် မရောက်ခဲ့သော် လည်းမြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ခြေကုတ်မြဲစေနိုင်ခဲ့သော အရေးတော်ပုံကြီး လည်းဖြစ်ပါသည်။ မြန်မာပြည်သူလူထုသည် တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စသည့်အာဏာရှင်စနစ်များကို ခေတ် အဆက်ဆက် တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့ကြရာ ၁၉၆၂ ဆဲဗင်းဇူလိုင်တိုက်ပွဲ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်  တိုက်ပွဲ၊ ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊၂၀၀၇ရွှေဝါရောင် တော်လှန်ရေးစသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးများ အဆင့်ဆင့်ဆင်နွှဲ၍အာဏာရှင်ကိုမည် သို့မှလက်မခံ နိုင်ကြောင်း ပြသခဲ့ကြပါသည်။ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရရှိနိုင်ရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိနိုင်ရေးအတွက်အာဏာရှင်များကို နည်းလမ်းမျိုးစုံဖြင့်ဆန့်ကျင်တော်လှန် ခဲ့ကြသော မြန်မာပြည်သူလူထုသည် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက်၃၃နှစ်အကြာ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၌အမြစ်တွယ် နေသော စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် ချေမှုန်းမည့်နွေဦးတော်လှန်ရေး ကိုဆင်နွှဲလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်၁၉၅၈မှစတင်ခဲ့သော စစ်အာဏာရှင်၊တစ်ပါတီအာဏာရှင်စသည့် အာဏာရှင်များသည် ခေတ်အဆက်ဆက် မြန်မာပြည်သူလူထုအား ဖိစီးနှိပ်စက်သည့်အပြင် တိုင်းပြည်ကိုလည်း ကမ္ဘာ့အလည်၌ ဆင်းရဲနုံချာ သော တိုင်းပြည်တစ်ခု ဖြစ်စေခဲ့ပါသည်။ ၂၀၁၅မှစတင်၍  အရပ်သားအစိုးရ ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကိုစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားနေစဉ် ၂၀၂၁ ဖေဖေါ်ဝါရီလ ၌ စစ်အာဏာရူး တစ်စု၏အဆင်ခြင်မဲ့ရူးမိုက် အတ္တကြီးစွာ အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်တွင် မြန်မာ ပြည်သူပြည်သားများ အားလုံးသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ ၆ လတာကာလအတွင်း စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည်ဖော်ပြ၍ မရနိုင်လောက်အောင်ဆိုးဝါးလွန်းလှသည်ကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး ကပင် သိရှိပြီးဖြစ်ပါသည်။ယခုအချိန်တွင် မြန်မာပြည်သူလူထုသည် (၈)လေးလုံးလူထုအရေးတော်ပုံကြီးက ထုဆစ်ပေးလိုက်သော ဒီမိုကရေစီအပေါ်ယုံကြည်မှုနှင့် အာဏာရှင်စနစ်ကိုအလိုမရှိမှုတို့နှင့်အတူ ဆိုးရွားလွန်း သောရာဇဝတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ အကြိမ်ကြိမ်ကျူးလွန်ခဲ့စစ်အာဏာရှင်စနစ် ကိုမြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ချေမှုန်းမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျောက် အကြီးကျယ် ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ပွဲကို ဆင်နွှဲနေကြသည်။၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့် စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန် ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန် ချီတက်နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှမိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ် သွားမည်ဟု ၈လေးလုံး အရေးတော်ပုံကြီးနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံ အဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ အားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြုပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ၈ ဩဂုတ်လ ၂၀၂၁ ခုနှစ်

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)၆ ဩဂုတ် ၂၀၂၁ခုနှစ်၁။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ရက် (၁၀၀) နေ့ဖြစ်သောကြောင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကအမျိုးသားညီညွတ်ရေးအစိုးရ၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်း ပြည်သူသို အစီရင်ခံတင်ပြခဲ့ပြီး ဝန်ကြီးဌာနအသီးသီးကလည်း ရက်(၁၀၀) ပြည့်အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများပူးပေါင်းပြီး အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ညီလာခံပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ(က) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊(ခ) တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊(ဂ) လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါဆိုးကြီးကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်ချမှတ် တုံ့ပြန်ဆောင်ရွက်ရန်၊(ဃ) Universal Health Coverage ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တို့ဖြစ်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၃/၂၀၂၁)ကိုထုတ်ပြန်၍ စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့အား မတရားအသင်းအဖြစ်ကြေညာလိုက်သည်။၄။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော  ရေကြီးရေလျှံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက  မွန်ပြည်နယ်တွင် မြေပြိုခြင်းကြောင့် နေအိမ်ထိခိုက်သွားသော မိသားစု ၉ စုအား တစ်စုလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ကိုးသိန်း (၉၀၀,၀၀၀)ကို လည်းကောင်း၊  မြေပြိုခြင်းကြောင့် လူပိ ထိခိုက်ခဲ့သော မိသားစုအတွက် ငွေကျပ် တစ်သိန်း(၁၀၀,၀၀၀)ကို လည်းကောင်း၊ မွန်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်အိတ် တစ်အိတ်နှုန်း ဖြင့် ဆန်အိတ် ၃၉၀ အိတ်အတွက် ကျသင့်ငွေ ကျပ် နှစ်ဆယ့်ခုနစ်သိန်း (၂,၇၀၀,၀၀၀)ကို လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူ ၂၈၀၀ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် နှစ်ဆယ့်ငါးသိန်း နှစ်သောင်း (၂,၅၂၀,၀၀၀)ကို လည်းကောင်း ပေးပို့ထောက်ပံ့ခဲ့သည်။ ဤ လူသားချင်းစာနာမှု အကူအညီများအတွက် ပူးပေါင်း ကူညီပေးကြသော ပြည်သူများကို အထူး ကျေးဇူး တင် ဂုဏ်ပြု အပ်ပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနသည် အခက်အခဲများကြားမှ ဘေးဖြစ်ပွားရာ နေရာများသို့ ကူညီထောက်ပံ့မှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ပါသည်။၅။ ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့်ခံစားနေရသော စိတ်ဖိစီးမှုသောကများ ပြေပျောက်လျော့ပါးစေရန် အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ Mind Healers -စိတ်ခွန်အားပေးသူများ စာမျက်နှာ (https://www.facebook.com/MindHealersMM/) က စိတ်လူမှုအထောက်အကူပြု နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။