Public Lecture (Series - 1, Session - III)

Public Lecture (Series - 1, Session - III)

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် Burmese American Community Institute (BACI) တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်သော Public Lecture Series-I (Session-III)Title: Federalism and Ethnicity – Part IISpeaker:         David WilliamsJohn S. Hastings Professor of LawExecutive Director, Center for Constitutional Democracy,Indiana University BloomingtonDate&Time: 7th August 2021 (Saturday) at Yangon Time (6:30)PM7th August 2021 (Saturday) at 8:00 AM EST ဩဂုတ်လ ၇၊ ၂၀၂၁ ခုနှစ် - စနေနေ့ မြန်မာစံတော်ချိန် ညနေ (၆:၃၀) နာရီ၊ Zoom Video Webinarအောက်ဖော်ပြပါ Link သို့ ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။https://us02web.zoom.us/webinar/register/WN_QaPOwkwYQWWgvVEEfQMQjQ?fbclid=IwAR1YX_vc1CCz6ETqpMTBKTWeQIbGZplRBdOC0j_LrjjjCHDU34TCuCIASBULive လွှင့်မည် Facebook Page နှင့် YouTube ChannelFacebook Page: https://www.facebook.com/moeNUGMyanmar/YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQမြန်မာဘာသာသို့ ပြန်ဆိုပေးမည့် Translator/ Interpreter စီစဉ်ထားရှိပါသည်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁)

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁)

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေးအကြပ်အတည်းအားလုံး ၏ အရင်းအမြစ်သည် ပင်လုံစာချုပ်တွင် ပါရှိသော အချက်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် အကောင်အထည်ဖော်နိုင်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်း (Constitutional Crisis) ပင်ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး အကြပ်အတည်းကြောင့် နှစ်ပေါင်း (၇၀) ကျော်ပြီဖြစ်သည့် ပြည်တွင်းစစ်နှင့် စစ်အာဏာသိမ်းမှု သုံးကြိမ်သုံးခါ ဖြစ်သွားခဲ့ရသည်။၂။         တစ်ပါတီအာဏာရှင်စနစ်ကို ကျားကန်ပေးခဲ့သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့် ဖျက်သိမ်းနိုင်ခဲ့သလို စစ်အာဏာရှင်သက်ဆိုးရှည်ရေးတွက် ရေးဆွဲ ပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဖြင့် ဖျက်သိမ်း နိုင်ခဲ့ပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို တရားဝင်အပြီးသတ် ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။၃။        ယနေ့တိုင်းပြည်၏ အရေးပေါ်လိုအပ်ချက်အရ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဘဝလုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့သာမက လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပြည်ထောင်စုကြီးအတွင်း ဒီမိုကရေစီရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ရေးဆွဲပြဌာန်းရန် လိုအပ်နေပါသည်။ ၄။        ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရေးလုပ်ငန်းစဉ်တွင် ပြည် သူလူထုတစ်ရပ်လုံးပါဝင်ပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် မှီတင်းနေထိုင်ကုန်သော တိုင်းရင်းသား လူမျိုးအားလုံး၊ ဘာသာရေးနှင့် လူမျိုးရေးအရ လူနည်းစုအားလုံး၊ လူ့အလွှာပေါင်းစုံ၊ ဒေသစုံ ပူးပေါင်း ပါဝင်ရေးသည် အထူအရေးကြီးနေပါသည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပ ဒေ ရေးဆွဲရေးလုပ်ငန်းစဉ်ကြီးကို စုပေါင်းပါဝင်ပူးပေါင်းရေး အခြေခံမူဖြင့် စုပေါင်းတာဝန်ယူခြင်း၊ တာဝန်ခံခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် အောက်ပါအတိုင်း အဆင့်ဆင့် တာဝန်ယူဆောင်ရွက်နိုင် ရေးအတွက် ပြင်ဆင်ထားပါသည်။(က)     အမျိုးသားညီညွတ်ရေးအစိုးရအတွင်း အစိုးရတစ်ရပ်လုံးက စုပေါင်းတာဝန်ခံခြင်း၊ တာဝန်ယူ ခြင်း ရှိစေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထားပါသည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းနိုင်ရေးလုပ်ငန်းကို အချိန်ပြည့် တာဝန်ယူဆောင်ရွက်မည့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းတာ ဝန်ပေးအပ်ထားပါသည်။(ခ)       ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်ကို ပိုမို ကျယ်ပြန့်စွာ ဦးဆောင်လမ်းညွှန်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်ကြသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေကြသော အထွေထွေသပိတ်ကော်မတီများ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသား သမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ အပါအဝင် အခြားအခြားသော အဖွဲ့အစည်း များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို အခြေခံ၍ ကျယ်ပြန့် သော ဖက်ဒရယ်ပြည်ထာင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ကြီးကို ဆောင် ရွက်သွားမည်ဖြစ်ပါသည်။ (ဂ)       NUG နှင့် NUCC တွင် ပါဝင်နေကြသော အစုအဖွဲ့များသာမက၊ ထိုအစုအဖွဲ့များတွင် တိုက် ရိုက်ပါဝင်နိုင်ခြင်း မရှိသေးသော အစုအဖွဲ့များနှင့် နယ်မြေများမှ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်နိုင်ရေးကို ထပ်ဆင့်ဆောင်ရွက်၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပါရှိသော နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တိုင်းပြုပြည်ပြုညီလာခံကို ခေါ်ယူကျင်းပပြီး ပြည်ထောင်စု သားအားလုံး ကျယ်ပြန့်စွာ ပါဝင်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။၅။        ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးက ဖွဲ့စည်းထားသော ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကော်မရှင်သည် မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရ အတွင်း စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ဖွဲ့စည်းထားသော ကော်မရှင် တစ်ရပ်ဖြစ်၍ ပြည်ထောင်စုအတိုင်းအတာဖြင့် ဆောင်ရွက်မည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးကြေညာအပ်ပါသည်။             (ပုံ)ဒေါက်တာလျန်မှုန်းဆာခေါင်းပြည်ထောင်စုဝန်ကြီးဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ