ဖက်ဒရယ်စနစ်၏အင်္ဂါရပ်များ

ဆလိုင်းလျန်မှုန်းရေးသားခဲ့သော စာတမ်း (၅) စောင်ကို စုစည်းထုတ်ဝေလိုက်သောစာအုပ်ဖြစ်သည်။ (၁) စစ်မှန်သော ဖက်ဒရယ်စနစ် ၏ အင်္ဂါရပ်များ၊ (၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုင်းရင်းသားလူမျိုးများ၏အနာဂတ်အရေး (၃) ပြည်ထောင်စုစစ်စစ်မူ (၄) စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ထူထောင်ရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများ (၅) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သုံးသပ်ခြင်းစာတမ်း များ ပါဝင်သည်။ နောက်ဆက်တွဲအဖြစ် FCDCC မှ ရေးသားပြုစုသော ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကိုပါ ဖော်ပြထားသည်။ စာအုပ်၏ စာမျက်နှာ- ၇၆ တွင် ဤသို့တွေ့ရသည်။

         ''ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အခြားသော ဗမာခေါင်းဆောင်များကလည်း တိုင်းရင်းသားလူမျိုးများ ပြည်ထောင်စုထဲတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့ရာ၌ 'ဗမာလူမျိုးများ ခံစားရရှိသောအခွင့်အရေးအားလုံးကို တိုင်းရင်းသားလူမျိုးများကိုလည်း ခံစား ခွင့်ရရှိစေရမည်' ဟု ကတိပြုပြောကြားခဲ့သည်။''