ဒီမိုကရေစီကျင့်စဉ်တရားများ

‘ဒီမိုကရေစီ’ ဆိုသည့်စကားလုံးကို ‘လူထုအုပ်ချုပ်ခြင်းစနစ်’ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှ ‘လူထုထံတွင်အာဏာရှိခြင်း’ ဟူ၍ ရှင်းပြခြင်းအထိ အကျုံးဝင်ဆက်စပ်နေသော ‘ဒီမိုကရေစီဆိုတာဘာလဲ’ ဆိုသည့်အခန်းတွင် နိုင်ငံရေးအာဏာကျင့်သုံးပုံကျင့်သုံးနည်း၊ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်တွင် အာဏာခွဲဝေသုံးစွဲခြင်း၊ ဒီမိုကရေစီစနစ်အတွင်းရှိ အစိုးရ၊ ွှန့်ပေါင်းအစိုးရနျင့် အတိုက်အခံပါတီများအကြောင်း၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမှု၊ မရှိမဖြစ်လိုအပ်သည့် လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဒီမိုကရေစီစနစ်တွင်ထားရှိအပ်သော တပ်မတော်၏ အခန်းကဏ္ဍ … စသည့် အကြောင်းတွေကို ရေးသားထားသည်။

          အပိုင်း(၂)တွင် ဒီမိုကရေစီစနစ်နှင့် အခြေခံသော လွတ်လပ်ခွင့်များ အကြောင်းကို ရေးသားရာတွင် အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လူတည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်း၊ အမျိုးသမီးများအခွင့်အရေး၊ ပညာရေးလွတ်လပ်ခွင့် … စသည့် ကဏ္ဍများပါဝင်သည်။

          စာအရေးသူ၏ အမှာစာတွင် “ဒီမိုကရေစီကျင့်စဉ်တရားကြောင့်လူ့ဘောင်အဖွဲ့အစည်းတွင် လွတ်လပ်မှု ပွင့်လန်းရှင်းသန်ပြီး၊ လွတ်လပ်မှုကြောင့် လူသားတဦးချင်းစီ၏ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုများလည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းနေဆဲဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်စည် လူသားတို့၏ အသိဉာဏ်ပွင့်လန်းရှင်သန်မှုအတွက် အခြေခံအကျဆုံးသော ‘သော့ချက်’ ဖြစ်သည်။ လူ့သမိုင်းတိုးတက်မှုအတွက် အထက်မြက်ဆုံးစွမ်းအားတရပ်လည်းဖြစ်သည်” ဟူ၍ ရေးသားထားသည်။