ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့

၂၀၂၃ ခုနှစ်၊ မတ်လ (၂၆) ရက်

၂၀၂၃ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်(USA)ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလမှ မိန့်ခွန်းဗီဒီယိုပေးပို့ခဲ့ပါသည်။ ထို့အတူ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ လူထုတွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ယာယီသမ္မတကြီး၏ ပြောကြားချက်တချို့အရ “ကျွန်တော့်အနေနဲ့ နိုင်ငံတကာရောက် တိုင်းရင်းသားပြည်သူလူထုများ ယနေ့လို စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ နွေဦးတော်လှန်ရေးအတွက် အားပေး ထောက်ပံ့မှုတွေ လုပ်နေတာတွေကို ကြားသိ မြင်တွေ့ရတဲ့အတွက် အထူးဝမ်းမြောက် ခွန်းအားရမိပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ခြားနားနေပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ခြားနားမနေပါဘူးဆိုတာ အထင်အရှားတွေ့ရပြီး ကျနော်တို့ အကြား ညီညွတ်မှုကို တွေ့မြင်နေရတာဟာ တော်လှန်ရေးအတွက် အားတရပ်ဖြစ်ပါတယ်”ဟု ပြောကြားချက်များအပေါ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆက်လက်၍ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အနေဖြင့်လည်း တက်ရောက်လာကြသည့် လူထုများ၏ မေးခွန်းများအား ဖြေကြားသည့်ကဏ္ဍကိုလည်း လုပ်ဆောင်ပြီးနောက် မြန်မာလူထု တွေ့ဆုံပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။