အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် တစ်နှစ်တာစီမံချက် (One Year Plan) အရ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် အရပ်သားထိခိုက်မှု လျှော့ချရေးလုပ်ငန်းနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်ခြင်း သင်တန်းများ၊ အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် ဘေးအန္တရာယ်အရေးပေါ် တုံ့ပြန်ရေးသင်တန်း၊ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်း၊ စိတ်လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်တန်းများကို  သက်ဆိုင်ရာပညာရှင်များက ကြားကာလပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည့် မြို့နယ်အတွင်းရှိ လူသားစာနာတာဝန်ခံများကို နည်းပညာ မျှဝေ ပံ့ပိုးပေးလျက်ရှိပါတယ်။

ယခုအခါ ဒေသအသီးသီးမှ လူသားစာနာတာဝန်ခံများက အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်ဒေသခံ ပြည်သူလူထုကို  လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ်များဆိုင်ရာ လူတွေ့ ဆင့်ပွား အသိပညာပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း အစီရင်ခံ တင်ပြအပ်ပါတယ်။