ဖက်ဒရယ် ဘဏ္ဍာရေးစနစ် - အခြေခံမူများနှင့် ကျင့်သုံးပုံများ ဖက်ဒရယ်မှတ်စုများ အပိုင်း (၁)


ဖက်ဒရယ်စနစ်တွင် ငွေကြေးမှာ အရေးပါသည့် ကဏ္ဍက ပါဝင်သည်။ အထူးသဖြင့် အလွှာမတူသော အစိုးရများကြား ဘဏ္ဍာငွေခွဲဝေခြင်း၊ လွှဲပြောင်းခြင်း၊ အရင်းအမြစ်ပိုင်ဆိုင်မှု၊ ခွဲဝေရေးနှင့် စီမံခန့်ခွဲရေးဆိုသည့် ကိစ္စရပ်များမှာ နိုင်ငံရေးအရသာမက စီမံခန့်ခွဲရေးအမြင်ဖြင့်ပါ ကြည့်နိုင်ရန် အလွန်အရေးကြီးသည်။ 

ဤစာတမ်းတွင် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်၏ အခြေခံမူများနှင့် ကျင့်သုံးပုံများကို သဘောတရားအားဖြင့် ခြုံငုံမိစေရန် ပြုစုထားပါသည်။ စာတမ်းပါ အချက်အလက်များသည် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနှင့် နိုင်ငံတကာပညာရှင်များ ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများမှ ဆွေးနွေးချက်များကို အခြေခံ၍ စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ သီအိုရီများ၊ သီအိုရီများဆိုင်ရာမူဘောင်များ မဟုတ်သလို ပညာရပ်ဆိုင်ရာ စာတမ်းလည်း မဟုတ်ပါ။ 

ဆွေးနွေးပွဲများဖြစ်မြောက်ရန်နှင့် ယခုကဲ့သို့ အနှစ်ချုပ်မှတ်စုများပြုစုနိုင်ရန် ကူညီထောက်ပံ့သော S.F.I.G ကိုလည်း ကျေးဇူးတင်ပါသည်။ ဤစာတမ်းပါအချက်အလက်များသည် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် S.F.I.G ၏ သဘောထားမဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်။